ရာထူးအဆင့်အတန်း
ဘီဘီစီ အသံလွှင့်ဌာနမှ အရေးကြီး သောအလုပ်၊ မထင်ရှားသောအလုပ်နှင့် ထူးခြား သောအလုပ်များကို ရာထူးတပ်ဖော်ပြပေးရန် တောင်းဆိုရာ၊ အမျိုးသမီးတစ်ဦးက သူ့အလုပ်ကို “ရေအောက် ကြွေထည်မြေထည်ကျွမ်းကျင်သူ ပညာရှင်” ဟု ရာထူးတပ်ခဲ့သည်။ စင်စစ် သူမသည် စားသောက်ဆိုင်မှ ပန်းကန်ဆေးသူသာ ဖြစ်သည်။ အလုပ်တစ်ခုခုသည် ပိုအရေးပါကြောင်းပြသရန် တစ်ခါတစ်ရံ ခေါင်းစဉ်တပ်ပေးရသည်။
ဧဖက် ၄း၁၁ တွင် တမန်တော်ကြီး ရှင်ပေါလုက ဧဖက်အသင်းတော်သို့ ဘုရားသခင်၏ ဆုကျေးဇူးများအကြောင်း ရေးသားပေးပို့ခဲရာ၌ ၎င်းဆုကျေးဇူးများသည် အလွန်အရေးပါ မြင့်မြတ်သည်ဟု နားလည်ယူဆကြရန် မရည်ရွယ်ခဲ့ပါ။ အင်္ဂါ အသီးသီးသည် ခန္ဓာကိုယ်တစ်ခုလုံး ပုံမှန်လှုပ်ရှား ရန်အတွက် လိုအပ်သည်။ မည်သည့်အင်္ဂါ အစိတ် အပိုင်းက ပို၍မြင့်မြတ်သည်ဟု၍ မရှိပါ။
ဤဆုကျေးဇူးများ ခံယူရရှိထားသည့်အကြောင်းရင်းကသာ ပို၍ အရေးကြီး ပါ၏။ “ခရစ်တော်၏ ကိုယ်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည့်အကြောင်း သန့်ရှင်းသူတို့ကို…
လမ်းလွှဲမှားမိလွန်းလို့
ကျွန်ုပ်ကြိုက်သော ဓမ္မသီချင်းများ အနက် ၁၇၅၇ ခုနှစ်က အသက် ၂၂ နှစ်သာရှိသေး သည့် “ရောဘတ် ရော်ဘင်ဆန်” ရေးသားသော “မင်္ဂလာဆုပေါင်းဖြစ်ပွားရာကျူး”ဓမ္မသီချင်းက အပါ အဝင်ဖြစ်သည်။ “ကျေးဇူးတော်သည် ထူးမြတ်လွန်း လေ၊ ကျေးဇူးတော်အောက်မေ့လိုပေ … (ချစ်သော သခင်ကိုလည်း ကျောခိုင်းလိုပြီ) မှားမိလွန်းလို့ စိတ်ပျက်လုပါ”ဟူသည့် သီချင်းစာသားက ကျွန်ုပ်၏ စိတ်အာရုံကို အမြဲဖမ်းစားခဲ့ပြီး မိမိကိုယ်ကို ပြန်သုံး သပ်ရန် တွန်းအားပေးသည်။ မကြာခဏဆိုသလို ထိုစာသားအတိုင်း ကျွန်တော်ခံစားရသည်။ အမြဲတစေ ကျွန်ုပ်ကိုချစ်ပြီး ကျွန်ုပ်ကို ရွေးနုတ်ကယ်တင် ပေးခဲ့သော ကယ်တင်ရှင်ကို မျက်မှောက်ပြု မျှော်ကြည့်ရမည့်အစား အာရုံလွှဲပြီး လေလွှင့်နေသည်။ ဤအခြေအနေမျိုးတွင် ရော်ဘင်ဆန် ရော၊ ကျွန်တော်ပါ ခိုကိုးရာမဲ့ ဖြစ်မနေခဲ့ပါ။
ထိုသို့လွှင့်မျောပြီး စိတ်ပြန့်လွှင့်နေချိန်တွင် ကျွန်ုပ်တို့၏စိတ်က ဘုရားသခင်ထံမှ မဝေးချင်ဘဲ ဝေးနေတတ်သည်။ ရှင်ပေါလုကဲ့သို့ပင် ကျွန်ုပ်တို့လည်း…
စွမ်းအားမရှိတော့ပါ
၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်ခါ နီးတွင် လူဦးရေအလွန်ထူထပ်သော အမေရိကန် နိုင်ငံမြောက်ပိုင်းဒေသသို့ ပြင်းထန်သောဟာရီကိန်း မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေလွှမ်းမိုးကာ ပျက်စီးမှုများကြီးမားခဲ့သည်။ မုန်တိုင်းကျစဉ်အတွင်း ပြည်သူလူထု ၈ သန်း ကျော်မှာ လျှပ်စစ်ဓာတ်အား မရရှိခဲ့ပါ။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြောင့် အစာရေစာလည်း ပြတ်လပ်ကာ ပို့ဆောင် ဆက်သွယ်ရေးများလည်း ကမောက်ကမဖြစ်ခဲ့ သည်။ တဝုန်းဝုန်းတိုက်ခတ်နေသည့်လှိုင်းလေများက အိမ်ရာများစွာကို လွှမ်းမိုးဖျက်ဆီးခဲ့ပြီး ရေစီးနှင့်ပါလာသည့် သဲများလည်း တောင်ပုံရာပုံ ဖုံးလွှမ်း သွားသည်။ မီဒီယာများ၏သတင်းပို့ချက် တွင် “လူထောင်ပေါင်းများစွာတို့၌ စွမ်းအားမရှိ တော့ပါ” ဟု ဖော်ပြထားသည်။
သဘာဝဘေးမုန်တိုင်းများကဲ့သို့ပင် မိမိ၏ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ် အပျက်များက အမှောင်ထဲလမ်းပျောက်ကာ ခွန်အားမဲ့သကဲ့သို့ ခံစားရစေသည်။ ထိုကဲ့သို့ သောအချိန်များတွင် “ထိုဘုရားသည် မောသောသူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏” (ဟေရှာ ၄၀း၁၂)…
ရွှေပညတ်တော်
ကိုယ်၌သူတစ်ပါး ပြုစေလိုသမျှ အတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူသော ပညတ် တော်ကို ဘာသာတရားတိုင်းလိုလို၌ တွေ့ရသည်။ သို့သော် သခင်ယေရှုက မိန့်ကြားသောအခါ ထို အဆိုသည် ဘာကြောင့် ထူးခြားနေသနည်း။
ကောင်းကင်ဘုံရှင်အဖ၏ ရက်ရောမှုကို ဖော်ညွှန်းပြသည့် “ထို့ကြောင့်” ဆိုသောစာကားလုံးက ထူးခြားချက်ဖြစ်သည်။ သခင်ယေရှု က ဤသို့ မိန့်မှာထားပါသည်။ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ့်သားတို့အား ကောင်း သောအရာကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည်မဟုတ်လော။ (ထို့ကြောင့်) သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေ လိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” (မ ၇း၁၁-၁၂)။
“ဘုရားသခင် ကျွန်ုပ်တို့ချစ်သလို ကျွန်ုပ်တို့ သူတစ်ပါးကို မချစ်ကြောင်း ကျွန်ုပ်တို့ အသိဆုံးပါ။ သခင်ယေရှုသည် လူလောကကြီး၌ စုံလင်သောချစ်ခြင်းမေတ္တာနှင့် ရှင်သန်နေထိုင်ခဲ့ပြီး…
အသံတိတ်ကလောင်
အမေရိကန်သမ္မတဟောင်း ဟယ်ရီ ထြူးမင်း တွင် စည်းမျဉ်းတစ်ခုရှိခဲ့သည်။ ဒေါသ စိတ်နှင့်ရေးခဲ့သောစာများကို မပို့မီ သူ့စားပွဲပေါ် တွင် ၂၄ နာရီ တင်ထားရသည်။ “အချိန်ဆွဲထား သောကာလလေး” ပြီးဆုံးသွားချိန်တွင် သူစိတ်ဆိုး နေဆဲဆိုပါက ထိုစာကို သူပို့လိုက်သည်။ သမ္မတ ကြီး ကွယ်လွန်ချိန်၌ သူမပို့လိုက်ရသော စာများ သည် အံဆွဲကြီးအပြည့်ရှိနေခဲ့သည်။
ဆက်သွယ်ရေး လွယ်ကူလျင်မြန်နေ သောခေတ်ကြီးထဲတွင် ၂၄ နာရီမျှ အမြော်အမြင် နှင့်ထိန်းချုပ်လိုက်ခြင်းဖြင့် အရှက်ကွဲရမည့်အဖြစ်မှ ကျွန်ုပ်တို့ ဘယ်နှစ်ကြိမ်မျှ လွှတ်မြှောက်ခဲ့ သနည်း။ ထိန်းချုပ်မှုမရှိသော နှုတ်လျှာသည် မည်မျှ ပျက်စီး ဆုံးရှုံးစေကြောင်း တစ်လောကလုံး လက်ခံသည့် အမှန်တရားကို ရှင်ယာကုပ် ရေးသားခဲ့သည်။ “လျှာကိုကား အဘယ်သူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော ……. အဆိပ်အတောက်နှင့် ပြည့်စုံ၏” (၃း၈)။
အတင်းပြောသည်ဖြစ်စေ၊ ဒေါသနှင့်စကားပြောသည်ဖြစ်စေ…
ကိုယ်ပိုင်အဖြစ်ဖြစ်စေပါ
ခရစ်ယာန်အထက်တန်းကျောင်းတွင် ဆရာနှင့်နည်းပြအဖြစ် ကျွန်တော်လုပ်ကိုင်စဉ်က ဆယ်ကျော်သက် လူငယ်လေးများနှင့် အပြန်အလှန် ကူညီစောင်မရင်း၊ ခရစ်တော်နှင့်သဏ္ဌာန်တူရန် ဘ၀ ရည်မှန်းချက်ထားပြီး ဘုရားကိုချစ်ခြင်း၊ သူတစ်ပါး ကို ချစ်ခြင်းအားဖြင့် ထိုရည်မှန်းချက်ကို ပေါ်လွင်စေရန် လမ်းပြသွန်သင်ပေးရသည်။ ထို နေ့ရက်များတစ်လျှောက် ကျွန်တော်ပျော်ရွှင်ခဲ့ သည်။ ကျွန်ုပ်၏ပန်းတိုင်မှာ ဘဝတစ်လျှောက်လုံး ဘုရားအတွက် အသက်ရှင်သန်အောင် သူတို့ကို ပြင်ဆင်ပေးရန်ဖြစ်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ မစမှုအားဖြင့် ယုံကြည်ခြင်းကို ဘဝ၏ အရေးကြီးသောအစိတ်အပိုင်းအဖြစ် သူတို့ တည် ဆောက်နိုင်မှသာ ထိုသို့ဖြစ်လာလိမ့်မည်။ ခရစ်တော် နောက်မလိုက်သူများအနေဖြင့် ခရစ်ယာန်ဆရာ၊ဆရာမနှင့် မိဘအရိပ်အောက်မှထွက်ခွာသွားချိန်တွင် ယက်ကန် ယက်ကန်နှင့် စမ်းတဝါးဝါးဖြစ်ပြီ။
ထိုအချက်ကို ယုဒဘုရင်ယောရှနှင့် သူ့ဦးလေးယောယဒအကြောင်းက လက်တွေ့ပြနေသည်။ ယောယဒသည် ပညာရှိအမတ်တစ်ဦးဖြစ်ပြီး ဘုရားဘုန်းတော် ထင်ရှားစေသောအသက်တာဖြင့် ယောရှမင်းအသက်ရှင်နိုင်အောင် လွှမ်းမိုးပုံသွင်းခဲ့သည် (၆ ရာ ၂၄း၁၁-၁၄)။ အဓိကပြဿနာမှာ ယောရှမင်းသည်…
လှည့်ဖျားရန် ရုပ်ဖျက်ထားသည်
ကိုတီ ခရေ့တန် သည် အူတာ တောင် တန်းတွင် ခြေလျင်ခရီးကြမ်းသွားနေစဉ် အခြားဆိတ် များနှင့်မတူဘဲ ထူးခြားသည့် ဆိတ်တစ်ကောင်ကို တွေ့ရှိခဲ့သည်။ အနီးကပ်လေ့လာကြည့်မှ လူ တစ်ယောက်က ဆိတ်ကဲ့သို့ ဝတ်စားထားကြောင်း တွေ့ရသည်။ ရဲအရာရှိများက ဘာကြောင့် ဤသို့ လုပ်ရသနည်းဟု မေးမြန်းရာ၊ ထိုသူက အမွေး အမျှင်များနှင့်ပြုလုပ်ထားသောဝတ်စုံကို ဝတ်၍ ရုပ်ဖျက်ကာ အမဲလိုက်ရန် စမ်းသပ်နေကြောင်း ဖြေကြားခဲ့သည်။
ထိုအမဲလိုက်သမား၏ လှည့်စားခြင်းက မဿဲ ၇း၁၅ ၌ သခင်ယေရှုပြောခဲ့သည့် “အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့”ဟူသော စကားကို အမှတ်ရစေပါသည်။ မှားယွင်းသောသွန်သင်သူဆရာများသည် ဝိညာဉ်ပကတိသဘောကို ဆောင်ယူဝတ်တင်နိုင်ခြင်းမရှိ (ဂလာ ၅း၂၂-၂၃)။ သူတို့သည် ညစ်ညူးသော တပ်မက်ခြင်း ကိလေသနှင့်တကွ ကာမဂုဏ်အလိုသို့လိုက်၍ … အာဏာစက်ကို မထီမဲ့မြင်ပြုကြသည် (၂…
ပြောင်းလဲပေးနိုင်သော တန်ခိုး
ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းကို လူ များစွာတို့ နှစ်သက်ကြသည်။ မကြာသေးမီက ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ ကျမ်းစာ ဗဟုသုတ ပဟေဠိ ဖြေကြသည်။ ရုံးခန်းအတွင်း နေရာလွတ်၌ ထိုင်ကာပြောကြ ဖြေကြခြင်းဖြစ်သော ကြောင့် ရုံးခန်းအတွင်းရှိ လူများပါကြားပြီး ဝင်ဖြေ ကြသည်။ နောဧသင်္ဘောအကြောင်းမှစ ရှမာရိ အမျိုးသမီးအကြောင်းအဆုံး ဝန်ထမ်းအသီးသီးက ဝင်ဖြေကြသဖြင့် ပျော်စရာ၊ ဝမ်းသာစရာပါ။
ကျမ်းစာဗဟုသုတ ကြွယ်ဝခြင်းက ကောင်းပါသည်။ သို့ငြားလည်း နှုတ်ကပတ်တော်၌ မွေ့လျော်ကာ၊ စကားတော်ကို အတွင်းကျကျ သိနားလည်ခြင်းဖြင့် ကျွန်ုပ်တို့နှင့် ဘုရား၏ မိတ်သဟာယဆက်ဆံရေး ကောင်းမွန်တိုးတက်စေရန် ကိုယ်တော်လိုလားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို ခရစ်တော် နှင့်တိုး၍ တူစေပါသည် (ဧ ၄း၂၀-၂၄)။ သမ္မာကျမ်းစာကို နက်ရှိုင်းစွာသိခြင်း၏အကျိုး ကျေးဇူးများကို ဆင်ခြင်မည်ဆိုပါက (၁) ဝမ်းမြောက်ရွှင်လန်းစေသည် (ယေ ၁၅း၁၆)။ ဝိညာဉ်ရေးရာအောင်မြင်စေသည်…
အခြားတစ်နည်းဖြင့်ပြောလည်း အဓိပ္ပာယ်မမှားနိုင်
လွန်ခဲ့သော နှစ်များစွာ တစ်လျှောက် ကမ္ဘာတစ်ဝှမ်း၌ ကျမ်းစာသင်ကြားပို့ချပေးရန် အခွင့်အရေးရခဲ့သည်။ ကျွန်တော်က အင်္ဂလိပ် စကားသာ ပြောတတ်သောကြောင့် ကျွန်တော့် နှလုံးသားမှ ထွက်လာသည့် စကားလုံးများကို ပြန်ဆိုပေးမည့် စကားပြန်များနှင့်ပူးပေါင်းဆောင် ရွက်ရသည်။ ထိရောက်မှုရှိသော ဆက်သွယ်မှု သည် ထိုစကားပြန်၏ကျွမ်းကျင်မှုပေါ်တွင် များစွာ မူတည်သည်။ အင်ဒိုနီးရှား၌ဖြစ်စေ၊ မလေးရှား၌ ဖြစ်စေ၊ စကားပြန်များသည် ကျွန်ုပ်ပြောသော စကားကို ရှင်းလင်းစွာ ပြန်ဆိုနိုင်အောင် သေချာ စွာ လုပ်ဆောင်ရသည်။
ဘာသာပြန်ခြင်းသည် ယုံကြည်သူ များ၏အသက်တာ၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်မှုနှင့် သဘောချင်းတူ သည်။ ဆုတောင်းရာ၌ မည်သို့ဆုတောင်းသင့်သည်ကို ကျွန်ုပ်တို့မသိကြကြောင်း၊ `စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော် မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရား သခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏´ (ရော ၂၈း၁၈-၂၇) ဟု တိုက်တွန်း နှိုးဆော်ထားသည်။…
ဝါး !
ဟန်ဆောင် ခြောက်လှန့်သော ကစားနည်းကို မိဘနှင့်သားသမီးများ ကစားကြသည်။ ဖခင်က မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ရုတ်တရက် လက်ကိုဖယ်ကာ`ဝါး´ဟုခြောက်လျှင် ကလေးက တခစ်ခစ် ရယ်တော့သည်။
တကယ့် ကြောက်စရာကိစ္စနှင့်မတွေ့မီ အချိန်အထိ အခြောက်ခံရခြင်းသည် ပျော်စရာ ဖြစ်လိမ့်မည်။ သို့သော် တကယ့်ကြောက်စရာကိစ္စ ကြုံရပြီ ဆိုလျှင် ရယ်စရာမကောင်းတော့ပါ။ မိဘများနှင့်ကွဲသွားခြင်းက ကလေးများအတွက် ပထမဆုံး ကြောက်စရာအတွေ့အကြုံဖြစ်မည်။ ကလေးငယ်သည် အပြစ်ကင်းစွာ တစ်နေရာမှ တစ်နေရာလျှောက်သွားကစားရင်း သူတစ်ယောက်တည်းရှိနေကြောင်း သိလိုက်ရချိန်တွင် အလွန်ကြောက်သွားပြီး ကျယ်လောင်စွာ အော်ငိုသည်။ ထိုအခါ သူတစ်ယောက်တည်း မဟုတ်ကြောင်းသိအောင် မိဘများက သူ့အနီးသို့ချက်ခြင်းအပြေးသွားလိုက်သည်။
ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ကြောက်စရာကောင်းသည့်စာပေများ၊ ရုပ်ရှင်ဇာတ်လမ်းများ၊ ကစားကွင်းထဲမှတိုက်ကားများစသည်ဖြင့် ကြောက်စရာများက ခေတ်မီတိုးတက်လာသည်။ ကြောက်အောင်အခြောက်ခံရခြင်းက စိတ်ကိုပို၍တက်ကြွစေ သောကြောင့် ပိုစိတ်လှုပ်ရှားအောင် (အသည်းယားစရာ) ပိုကြောက်စရာကောင်းသည့် အရာများကို ကျွန်ုပ်တို့ လုပ်လာကြသည်။
သို့သော် အမှန်တကယ်ကြောက်လန့်ချိန်တွင် ကျွန်ုပ်တို့သည်…