စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

လူမဲ့ခံတပ္ဗ်ဴဟာ

Romance of the Three Kingdoms တရုတ်ရာဇဝင်ဝတ္ထုတွင် စာရေးဆရာ Luo Guanzhong က ရန်သူကို လှည့်စားရန် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် “လူမဲ့ခံတပ်ဗျူဟာ” အကြောင်းကို သရုပ်ဖော် ရေးသားခဲ့သည်။ Wei နိုင်ငံတော်မှ စစ်သည် တစ်သိန်းခွဲသည် စစ်သည် ၂၅၀၀ သာရှိသည့် Xicheng သို့ ရောက်လာရာ၊ မြို့တံခါးကြီးက ပွင့်လျက်သားတွေ့ရပြီး နံမည်ကျော် စစ်ရေးကျွမ်းကျင်သူ ဗျူဟာမှူး Zhuge Liang က ကလေးနှစ်ဦးနှင့်အတူ အေးအေးလူလူ ဒုံမင်းတီးခတ်နေသည်။ Wei စစ်ဗိုလ်ချုပ်က ခေါင်းခြောက်သွားပြီး ချုံခိုတိုက်ခိုက်ခံရသည်ဟု ယူဆကာ သူ့ တပ်ကို လုံးဝဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ကျမ်းစာ၌လည်း ဦးနှောက်စားရသည့် စစ်ပွဲနည်းဗျူဟာတစ်ခုကို ဖော်ပြထား သည်။ (သူကြီး ၇)တွင် ဘုရားသခင်၌ ဂိဒေါင်နှင့် လူ ၃၀၀၊ တံပိုးခရာ၊ မြေအိုး၊…

အနှိုင်းမဲ့ အချစ်

ကျွန်တော်ငယ်စဉ် ကလေးဘဝက အသင်းတော်၌ မကြာခဏကြားဖူးသည့် ဓမ္မသီချင်း တစ်ပုဒ်၏ရာဇဝင်ကို မကြာမီက မိတ်ဆွေတစ်ဦးမှ ပေးပို့လာသည်။ “သမုဒ္ဒရာနှင့်အမျှများသော မှင်ရည်ဖြင့် ကောင်းကင်ပြင်တမျှ ကျယ်ပြန့်သည့် စာလိပ်၌ ပညာရှင်လူသားတိုင်းတို့က ဘုရား မေတ္တာတော်အကြောင်း ရေးသားကြလျှင် မှင်ရည် ကုန်ပြီး စာလိပ်ကုန်သွားလည်း မေတ္တာတော်ကား မဆုံးနိုင်ပါ၊ မကုန်နိုင်ပါ။” အထက်ပါ စာသားများက ရှေးယုဒကဗျာတစ်ပုဒ်မှ ကောက်နုတ်ထားပြီး တစ်ချိန်က စိတ္တဇဆေးရုံလူနာခန်း၌ ချိတ်ဆွဲထား သည်ကို မြင်ခဲ့ဖူးသည်။
ထိုနည်းတူ ဓမ္မတေးရေးဆရာ ဖရက်ဒရစ် အမ် လယ်မန်သည်လည်း ထိုစာသားကိုစိတ်၌ ထိတွေ့ခံစားရလျက် ဓမ္မတေး အဖြစ် အသက်သွင်းခဲ့သည်။ ၁၉၁၇ ခုနှစ်က သူသည် အလုပ်ကြမ်းသမားသာဖြစ်ပြီး၊ တစ်နေ့တွင် သစ်သီးသေတ္တာပေါ်ထိုင်ပြီး နေ့လည်စာစားရင်း သီချင်း၏ပထမအပိုဒ်နှင့် ထပ်ဆိုရန်အပိုဒ်ကို ဖြည့်စွက်ပြီး ‘The Love of God’ ဘုရားမေတ္တာ ဟူသည့် ဓမ္မတေး…

ဘော့ထ်နှင့် ဘလိတ်

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲ အမျိုးသားမီတာ ၁၀၀နှင့် မီတာ ၂၀၀ ပြေးပွဲနှစ်ပွဲ စလုံးတွင် ဂျမေးကားနိုင်ငံမှ အူစိန်ဘော့ထ်နှင့် ယိုဟန် ဘလိတ်တို့ ပထမနှင့် ဒုတိယ အသီးသီး ဆွတ်ခူးခဲ့ကြသည်။ ၎င်းသည် သမိုင်းတွင်သည့်  အဖြစ်ပါ။ ၎င်းတို့နှစ်ဦးသည် ပြေးလမ်းပေါ်၌ ပြိုင်ဖက်များဖြစ်ကြသော်လည်း ဘော့ထ်က ဘလိတ်ကို လေ့ကျင့်ဖက် ပါတနာအဖြစ် လေးစား သည်။ “တစ်နှစ်တာလုံးမှာ ဘလိတ်ကြောင့် ကျွန်တော်ဟာ ပိုကောင်းတဲ့ အပြေးသမားဖြစ်လာ ခဲ့တယ်။ သူက ကျွန်တော့်ကို ဖိတယ်၊ တွန်းတယ်၊ မပေါ့အောင် သတိဝီရိယရှိအောင်လို့ပေါ့” ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် ပြေးလမ်းပေါ်တွင် တစ်ယောက်ကို တစ်ယောက် အားပေးရင်း၊ လှုံ့ဆော်ရင်း အောင်မြင်မှုသို့ ရောက်စေခဲ့သည်မှာ ထင်ရှားသည်။
ခရစ်တော်၌ ယုံကြည်သူချင်းသည်လည်း ယုံကြည်ခြင်းအရာ၌ အချင်းချင်းကို အားပေးမစရန် အခွင့်အရေးရှိသည်။ တာဝန်တစ်ရပ်လည်း ဖြစ်သည်။…

တောင်ပေါ်မှာ ကြွေးကြော်

ကိုလိုရာဒိုပြည်နယ် ဆင်ခြေလျှော တောင်ကုန်းတစ်ခု၌ အပတ်စဉ်အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ် သည့် ဆယ်ကျော်သက် နှင်းလျှောစီးလူငယ်လေး တစ်စုအကြောင်းကို နိုင်ငံတစ်ဝှမ်းထုတ်ဝေသည့် သတင်း၌ အမွှမ်းတင်ရေးသားထားသည်။ The Summit Daily News သတင်းစာမှ ကင်ဘာလေ နီကိုလက်၏ နှင်းလျှောစီး ဝါသနာရှင် ဆယ်ကျော်သက်လေးများက ယေရှု ၎င်းတို့၏ အသက်တာကို ပြောင်းလဲပေးခဲ့ပုံ အကြောင်း ဝေငှပြောပြခြင်းသတင်းကို ပရိသတ် များစွာ စိတ်ဝင်စားကြသည်။ ခရစ်ယာန်လူငယ် အဖွဲ့အစည်းတစ်ခုမှ ထိုလူငယ်များကိုပံ့ပိုးလျက် ဘုရား၏မေတ္တာကို ဖော်ထုတ်ပြနိုင်အောင် ၎င်းတို့ကို ပြင်ဆင်သင်ပြပေးခဲ့သည်။
အခြားသူကို လေ့ကျင့်ပြင်ဆင်ပေးခြင်းထက် မိမိဖာသာလုပ်ခြင်းက ပို၍ လွယ်ပါသည်။ သို့သော် သခင်ယေရှုက လောကကြီးသို့ သူ့အမှုတော်ကို ဆောင်ယူ သွားမည့် တပည့်တော် (၁၂) ပါး အပေါ် အိပ်သွန်ဖာမှောက် စိတ်နှစ်သွန်သင်ခဲ့သည်။
လူတို့၏လိုအင်များ ပွက်ပွက်ညံနေသည့်ကြားမှ တောင်ပေါ်သို့တက်၍ “ကိုယ်တော်နှင့်…

ကလိုင်ပေါက်ကို ဖုံးအုပ်ခြင်း

၂၀၁၀ ခုနှစ် မေလနှောင်းပိုင်းတွင် ‘အဂါသာ’ အပူပိုင်းမုန်တိုင်းသည် တောင်အမေရိက အတွင်းပိုင်းသို့ပင် ရောက်ခဲ့ပြီး မိုးအဆက်မပြတ်ရွာ ပြီး မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းအားလျော့ ပြယ်သွားသော် ဂွာတီမာလာမြို့တော်၏ မြို့လယ် ခေါင်တွင် ပေ ၂၀၀ အနက်ရှိသည့် မြေကလိုင် ပေါက်ကြီးပေါ်လာပြီး မြေပြို၊ ဓာတ်တိုင်ပြိုပြီး သုံးထပ်တိုက်တစ်လုံးကိုလည်း မြေမျိုသွားသည်။
မြေကျွံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်သည်မှန်သော်လည်း လူ့စိတ်နှလုံး ကျွံကျ နိမ့်ဆင်းခြင်းက အဆိုးဝါးဆုံးပင်ဖြစ်သည်။ ဥပမာ အနေဖြင့် ဒါဝိဒ်မင်းကို ကြည့်ပါ။
သူ့အပေါ်ယံ အသက်တာက တည်ငြိမ်သယောင်ထင်ရလည်း အတွင်းပိုင်း၌ ပြိုပျက်လွယ်သော အုတ်မြစ်၌ တည်နေသည်။ သူ့မယားကိုပြစ်မှား၊ သူ့လင်ကိုသတ်သည့် ဒုစရိုက်ကျူးလွန်ခဲ့ပြီးနောက် ၎င်း၏ ရွံရှာစက်ဆုတ်ဖွယ်လုပ်ရပ်ကို အောင်မြင်စွာဖုံးနိုင်ပြီဟု သူထင်ခဲ့သည် (၂ရာ ၁၁-၁၂)။ သို့သော် ပရောဖက်နာသန်အား သူနှင့် ထိပ်တိုက်ရင်ဆိုင်စေပြီး သူ့အပြစ်ကို မဝန်ခံငြင်းပယ်ခြင်းက ဝိညာဉ်ရေးအသက်တာ၏ အခြေခံအုတ်မြစ်ကို…

၁၁ နာရီ

ပထမကမ္ဘာစစ်သည် လူ့သမိုင်းတွင် အရက်စက်ဆုံးသော ပဋိပက္ခဟု လူများစွာက သတ်မှတ်ကြသည်။ ထိုစစ်ပွဲ၌ အသက် သန်းပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။ ၁၉၁၈ ခုနှစ် ၁၁လပိုင်း၊ ၁၁ရက်၊ ၁၁နာရီတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြသည်။ ထိုသမိုင်းဝင်အချိန်အတွင်း တစ်ကမ္ဘာလုံးမှ စစ်မက်ကြောင့် ခံစားရသည့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု၊ နာကျင်မှုဝေဒနာ များကို မြင်အောင်သုံးသပ်လျက် ဆွံ့အ နေခဲ့သည်။ မဟာစစ်ပွဲကြီးဟု ခေါ်ဆိုသကဲ့သို့ ၎င်းသည် စစ်ပွဲအားလုံးကို အမှန်တကယ်အဆုံးသတ်ပေးမည့် စစ်ပွဲကြီးဖြစ်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ရက်စက်သောစစ်မှုရေးရာ ပဋိပက္ခများ ဆက်ဖြစ်နေခဲ့သည်။ သည့်တိုင် တည်မြဲသော ငြိမ်းချမ်းရေးမျှော်လင့်ချက်က မှေးမှိန်မသွားပါ။ ဤတွင် သမ္မာကျမ်းမှ တစ်နေ့တွင် စစ်ပွဲများ အဆုံးသတ်လိမ့်မည်အကြောင်း မျှော်လင့်စရာ လက်တွေ့ကျသည့် ကတိတော်ကို ပေးထားသည်။ ခရစ်တော်ပြန်ကြွလာလျှင် ပရောဖက်ဟေရှာယ၏ စကားပြည့်စုံလိမ့်မည်။ “...တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ”…

‘အကူ’ အလိုရှိသည်

အချို့သူများအတွက် အကူဆိုသည့် စကားက အဓိပ္ပာယ်အနက်ပွားရှိသည်။ ကျောင်း စာသင်ခန်း၌ဆိုလျှင် လေ့ကျင့်သင်ကြားပေးထား သည့် အတန်းပိုင်ဆရာများကို အကူ (ဆရာ)များက ပံ့ပိုးပေးရသည်။ သင်တန်းဆင်း လျှပ်စစ်ဆရာ၊ ပိုက်ပြင်ဆရာ၊ ရှေ့နေ စသည်တို့အတွက် သက်ဆိုင်ရာ လုပ်ငန်းခွင်၌ အကူများရှိသည်။ အကူများက ကျွမ်းကျင်ပညာရှင်လောက် အရည်အချင်း မရှိခြင်းကြောင့် တန်ဖိုးနိမ့်သည်ဟု သတ်မှတ်ခံရသည်။ သို့သော် အလုပ်ပြီးမြောက်ရေး အတွက် (ပညာရှင်နှင့်အကူ) လူတိုင်းကို လိုအပ်၏။
ရှင်ပေါလု၏ အမှုတော်သာသနာ လုပ်ငန်းတွင် အကူများစွာရှိသည်။ ရောမမြို့သို့ ရေးသားပေးပို့သောစာ၌ ၎င်းတို့၏ စာရင်းဖော်ပြပါရှိ သည် (ရော ၁၆)။ သူနှင့် လူများစွာကို မစသူ ဖိဗေ (း၁)၊ သူ့အတွက် လည်ပင်းကို ချထားသူ အာကုလနှင့် ပြစ်ကိလ (း၃-၄)၊ သူ့အမှုကို ကြိုးစား၍ဆောင်ရွက်သော မာရိ (း၆) စသည် ဖြင့်…

နားထောင်ခြင်း

ဘုရားက နားနှစ်ဖက်နှင့် ပါးစပ် တစ်ပေါက် ပေးထားခြင်းသည် အကြောင်းရှိသည်။ နားထောင်ခြင်းစွမ်းရည်က ဘဝ၌အရေးကြီးသော၊ လိုအပ်သောစွမ်းရည်ဖြစ်သည်။ အကြံပေးမစသူများ က အချင်းချင်း၏ ပြောစကားကို နားထောင်ပေးရန် ပြောသည်။ ဝိညာဉ်ရေးရာမစသူ ဆရာများကလည်း ဘုရားသခင်စကားကို နားထောင်ခိုင်းသည်။ “ကိုယ့် စကား ကိုယ်ပြန်နားထောင်”ဟူ၍မူ မည်သူမျှမပြော ပါ။ မိမိ၏အတွင်းအသံက  မှန်သောစကား၊ အမြဲ အမှန်ကို သိသည်ဟု မဆိုနိုင်ပါ။ ဘုရားစကား၊ အခြားသူစကားထက် မိမိစကားကိုသာ နာခံရမည် ဟုလည်း မဆိုလိုပါ။ မိမိ၏စကားကို အခြားသူ များက မည်သို့နားလည်သွားမည်ကို သိရအောင် မိမိစကားကို မိမိကိုယ်တိုင် ပြန်နားထောင်ရန် လိုသည်။
မောရှေက ဣသရေလလူတို့အား ကျွန်ခံရာ အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခဲ့စဉ် ဤအကြံပြုချက်ကို နားထောင်ခဲ့လျှင် ကောင်းမည်။ အံ့သြဖွယ်ကယ်နုတ်ခံရသည့် ရက်ပိုင်း အတွင်းမှာပင် သူတို့ မြည်တွန်ညည်းတွားခဲ့သည် (ထွ ၁၆း၂)။…

သူဝမ်းနည်းအောင် ဘာလို့လုပ်

သင်းအုပ်ဟူသည် ဝေဖန်ခံရသည့်  ပစ်မှတ်များပါ။ ၎င်းတို့က ပလ္လင်ပေါ် အပတ်စဉ် တက်ပြီး ဘုရားစကားတော်များကို သေချာစွာ ရှင်းပြကာ ခရစ်တော်နှင့် သဏ္ဌာန်တူသည့်   အသက်တာမျိုးဖြင့် ဘဝရှင်သန်ရန် ကျွန်ုပ်တို့ကို စိန်ခေါ်သည်။ သို့သော် ကျွန်ုပ်တို့က ဝေဖန်စရာကို ရှာဖွေသည်။ သင်းအုပ်၏ လုပ်ရပ်ကောင်းများကို လျစ်လျူပြီး မိမိ၏ အထင်အမြင်ယူဆချက်ကိုသာ အလေးထား အာရုံစိုက်ရန်လွယ်လှသည်။
ကျွန်ုပ်တို့နည်းတူ သင်းအုပ်များသည် လည်း စုံလင်ခြင်းမရှိနိုင်ပါ။ ထို့ကြောင့် သင်းအုပ်ကို မျက်လုံးစုံမှိတ်ယုံရမည်။ နည်းမှန်လမ်းမှန်မဟုတ်ဘဲ သူ့အမှားကို ထိပ်တိုက် မရင်ဆိုင်မဖြေရှင်းရ ဟု ကျွန်ုပ် မပြောလိုပါ။ သို့သော် ဘုရားသခင်၏ သမ္မာတရားကို တင်ပြသူ၊ အစေခံသောခေါင်းဆောင်၏ စံနမူနာကိုပြသူနှင့် စပ်လျဉ်း၍ မှန်ကန်စွာ ရှုမြင်ဆင်ခြင်နိုင်ရေးအတွက် ဟေဗြဲသြဝါဒစာမှ ကျမ်းပိုဒ်အချို့က အထောက်အကူ ပေးနိုင်၏။ သင်တို့ခေါင်းဆောင်များအပေါ် စိတ်ချယုံကြည်မှုရှိပြီး “သူတို့စကားကို နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို…

ကြီးမြတ်သော ဖန်ဆင်းရှင်နှင့် အနာငြိမ်းစေသောအရှင်

လွန်လေသော နှစ်အတန်ကြာက နှင်းလျှောစီးရင်း ပြင်းထန်သော မတော်တဆ ထိခိုက်မှုဖြစ်ခဲ့ပြီး ခြေသလုံးမှ ကြွက်သားများ စုတ်ပြတ်ပြီး ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်။ ဆရာဝန်က ဒဏ်ရာမှ သွေးထွက်လွန်ခဲ့သည်ဟု ပြောသည်။ ကုသမှုခံယူရင်း အနာပျောက်ရန် အချိန်ကြာခဲ့သော်လည်း ထိုအချိန်ကာလအတွင်း ကြီးမြတ်သောဖန်ဆင်းရှင်အပေါ် ကျွန်တော်အလွန် အံ့သြမိန်းမောခံစားခဲ့ရသည်။
ကျွန်တော့်ဘဝတစ်လျှောက်လုံး ကားရွှံ့ကာပြားများကို ပိန်ချိုင့်သွားအောင် လုပ်ခဲ့ဖူး သည်။ ပန်းကန်ပြားများကိုလည်း ခွဲခဲ့ဖူးသည်။ ၎င်းတို့မှာ ထိုအပိန်အလိမ်အကွဲများအတိုင်း ရှိနေခဲ့ သည်။ သို့သော် ကျွန်တော့် ခြေသလုံးက ထိုသို့ မဟုတ်၊ ကြွက်သားများဒဏ်ရာရ စုတ်ပြတ်သွားလျှင် သွားချင်း ခရစ်တော်ဖန်ဆင်းထားသည့် အတွင်းခန္ဓာဖွဲ့စည်းမှုက စတင်လှုပ်ရှားသည်။ မမြင်ရသော်လည်း သွေးထွက်နေသည့် ခြေထောက်ကို အံ့သြစရာ (သွေးတိတ်အောင်) လုပ်ဆောင်ပေးသည်။ နောက်မကြာပါ။ ကျွန်တော် မတ်တတ်ရပ်နိုင်ပြီး နောက်တစ်ဖန် ပြေးလွှားလှုပ်ရှားနိုင်တော့သည်။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့်…