စာရေးသူ

အားလုံးမြင်နိုင်ရန်
Albert Lee

အဲလ်ဘတ်လီ

အဲလ်ဘတ်လီ (Albert Lee)သည် စင်္ကာပူနိုင်ငံ၌ နေထိုင်လျက် ရှိပြီး Our Daily Bread Ministries ၏ နိုင်ငံတကာ အမှုတော်လုပ်ငန်းအတွက် ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။ ဆရာ၏ စိတ်ထက်သန်ပြင်းပြမှု၊ အမြော်အမြင်နှင့် အားထုတ်မှုတို့အားဖြင့် သာသနာလုပ်ငန်းကို ကမ္ဘာအနှံ့တိုးချဲ့နိုင်ခဲ့သည်။ ဆရာသည် သာသနာလုပ်ငန်း၏ ပရောဂျက်များစွာကို ကြပ်မတ်လမ်းညွှန်ပေးသူ အဖြစ် ဆက်လက် ဆက်ကပ်လုပ်ဆောင်နေသည်။ ဆရာသည် စင်္ကာပူနိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး စင်္ကာပူဓမ္မကောလိပ်မှ သင်ခန်းစာအမျိုးမျိုးကို ဖြေဆိုအောင်မြင်ခဲ့သည်။ 'စင်္ကာပူ ခရစ်တော်အတွက် လူငယ်' ဌာန၌လည်း ၁၉၇၁ မှ ၁၉၉၉ အထိ လုပ်ဆောင်ခဲ့သည်။ အမေရိကနိုင်ငံ၊ Indiana ပြည်နယ်ရှိ Taylor University တွင်လည်း 'လူငယ်များ ဧဝံဂေလိလုပ်ခြင်း' ဘာသာရပ်ကို သင်ကြားပို့ချပေးခဲ့သည်။ ဆရာက အနုပညာကို ခံစားမွေ့လျှော်သူ ဖြစ်ပြီး ပန်းချီကားများစုဆောင်းသည်။ သူနှင့် ဇနီး ကက်သရင်း တို့၌ သားသမီးနှစ်ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ အဲလ်ဘတ်လီ

အဘမဲ့ မဟုတ်ပါ

John Sowers (ဂျွန်စိုးဝါးစ်)က "Fatherless Generation" (အဘမဲ့ မျိုးဆက်) စာအုပ်တွင် ၂၅ သန်းသော ကလေးသူငယ်များသည် ဖခင်မရှိသောအိမ်ထောင်များမှ ကြီးပြင်းလာကြသူများဖြစ်ပြီး မည်သည့်မျိုးဆက်တွင်မှ မတွေ့ရှိခဲ့ဖူးပါ" ဟုရေးသားခဲ့သည်။ ကျွန်တော်၏ ကိုယ်တိုင်အတွေ့အကြုံအရ ကျွန်တော့်ဖခင်နှင့်လမ်းတွင် တိုက်မိသည့်တိုင် ကိုယ့်အဖေဖြစ်မှန်း ကိုယ်သိမည်မဟုတ်ပါ။ ကျွန်တော့်မိဘများသည် ကျွန်တော်ငယ်စဉ်ကပင် ကွာရှင်းခဲ့ကြပြီး ဖခင်၏ဓာတ်ပုံအားလုံး မီးရှို့ခံလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်သည် နှစ်ပေါင်းများစွာ ဖခင်မဲ့ဖြစ်ခဲ့ရသည်။ ထို့နောက် အသက် ၁၃ နှစ်အရွယ်တွင် သခင်ဘုရား၏ပတ္ထနာတော် (မ ၆:၉-၁၃)ကို ကြားဖူးခဲ့ပြီး "ကျွန်တော်၌ လောကဖခင်မရှိသော်လည်း ယခုအခါ ထာဝရဘုရားသည် ကျွန်တော်၏ ကောင်းကင်ဖခင်ပါလား"ဟု ရေရွတ်မိသည်။

ရှင်မဿဲခရစ်ဝင် ၆:၉ တွင် "ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော ..."ဟု ဆုတောင်းရန် သွန်သင်ထားသည်။ အခန်းငယ် ၇…

ကြောက်ရွံ့မှုကို ကျော်လွှားခြင်း

ကြောက်ရွံ့ခြင်းက လူတစ်ယောက်၏အသက်တာကို ၃၂ နှစ်ခန့်မျှ လွှမ်းမိုးခဲ့သည်။ သူကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကြောင့် အဖမ်းခံရမှာကြောက်ပြီး သူ့အမ၏လယ်တဲ၌ ပုန်းအောင်းနေပြီး မည်သည့်နေရာသို့မျှ မသွားရဲ၊ မည်သူ့ထံသို့မျှလည်း မလည်မပတ်ရဲ၊ မိခင်ကြီး၏အသုဘသို့ပင် မသွားရဲလောက်အောင် ကြောက်စိတ်က ဖိစီးခဲ့သည်။ သူ့အသက် ၆၄ နှစ် ပြည့်သည့်တိုင်အောင် သူ့အား မည်သူမျှ တရားစွဲဆိုခြင်းမပြုသည်ကို သူသိရှိပြီး​နောက် သူသည် ပုံမှန် အတိုင်းပင် အသက်ရှင်နေထိုင်သွားခဲ့သည်။ အပြစ်ဒဏ် ခံရမည့်အတွေးက သူ့အား အမှန်ခြောက်လှန့်ခဲ့သော်လည်း ကြောက်စိတ်များ သူ့အား လွှမ်းမိုးစေရန် သူကိုယ်တိုင်က ခွင့်ပြုထားခြင်းဖြစ်သည်။

ထိုနည်းတူ ဧလာချိုင့်တွင် ဖိလိတ္တိလူတို့၏ စိန်ခေါ်မှုကြောင့် ဣသရေလလူတို့အပေါ် ကြောက်စိတ်က လွှမ်းမိုးခဲ့သည်။ ခြိမ်းခြောက်မှုက အမှန်အကန်ပါ။ နောက်ပြောင် နေခြင်း မဟုတ်ပါ။ သူတို့၏ရန်သူ ဂေါလျတ်သည် အရပ် ၉ပေ ၉ လက်မ ရှိပြီး သူ၏စစ်ဝတ်တန်ဆာချည်းပင်လျှင် အလေးချိန်…

မစုံလင်သော်လည်း ချစ်ပါသည်။

ဂျပန်နိုင်ငံ၌ စားသောက်ကုန်များကို အလွန်သန့်ရှင်းသေသပ်စွာ ပြင်ဆင်ထုတ်ပိုးသည်။ အစားအသောက်များသည် အရသာကောင်းရုံသာမက စားချင်စဖွယ်လည်းဖြစ်ရမည်။ ရံဖန်ရံခါ အစားအစာဝယ်နေတာလား၊ အပြင်အဆင်အလှအပကို ၀ယ်နေတာလားဟုပင် ကျွန်တော် တွေးမိသည်။ ဂျပန်လူမျိုးများသည် အရည်အသွေးကောင်းမွန်မှုကို အထူး အလေးထားပေရာ ပစ္စည်းအချို့၌ ချို့ယွင်းချက် အနည်းငယ် မျှပင် ရှိပါစေ ၎င်းတို့ကို ပယ်လိုက်သည်။ သို့သော် မကြာမီ နှစ်များအတွင်းက ၀ါကဲရီစားသောက်ကုန်သည် နာမည်ကြီး
လာသည်။ ၀ါကဲရီ ဆိုသည့်စကားမှာ ‘‘အကြောင်းတစ်စုံတစ်ရာ ရှိခြင်း’’ ဟု အဓိပ္ပာယ်သက်ရောက်သည်။ ၎င်းတို့၏ စားသောက်ကုန်ကို မပယ်၊ မပစ်လိုက်ဘဲ အကြောင်း တစ်ခုခု ကြောင့် အလွန်ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည်။ ဥပမာအားဖြင့် ဆန်မုန့်ကြွပ်ပြား၌ အက်ကြောင်း ထင်သွား ခြင်းကြောင့် ဈေးချိုစွာ ရောင်းချခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၌ နေထိုင်သည့် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး ကလည်း ၀ါကဲရီသည်…

သခင်၌တည်လျက် စွဲကိုင်ထား

တရုတ်ပြည် Zhangjiajie ဒေသရှိ Tianmen တောင်သည် ကမ္ဘာ့အလှဆုံးတောင် တစ်ခုဖြစ်သည်။ ခန့်ငြားထည်ဝါလှသော တောင်စွယ်တောင်တန်း၏အလှကို ရှုမြင်နိုင်ရန် အဝေးပြေး မိုးပျံကား Tianmen Shan ကို စီးပြီး ၇၄၅၅ မီတာ (၄.၅ မိုင်)ခရီးကို သွားရမည်။ ထိုမိုးပျံကားလေးတွင် မည်သည့်မော်တာမှမပါဘဲ မြင့်မားလှသော တောင်တန်းများ ပေါ်တွင် စနစ်တကျနှင့် ခရီးဝေးနှင်နိုင်ခြင်းက အံ့သြဖွယ်ကောင်းလှ သည်။ ထိုအမြင့်တွင် မိုးပျံကားလေးသည် အားကောင်းသည့် စက်ယန္တရားများဖြင့် ရွေ့လျားနေသောကြိုးပေါ်တွင် မြဲမြံစွာ ချိတ်ဆက်လျက်  ဘေးကင်းလုံခြုံစွာဖြင့်   ရွေ့လျားနေပါသည်။
ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ခရီးလမ်းတွင် ပန်းတုံးတိုင်သို့ အောင်မြင်စွာ မည်သို့ပြေးမည်နည်း။ အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှာ မည်သို့ ဇွဲနဲ့ဆက်ပြေးကြမည်နည်း (ဖိ ၂း၁၄)။  ‘‘ဘုရားသခင်၌ တည်နေကြလော့ (၄း၁)’’ဟု ရှင်ပေါလုရည်ညွှန်းသည့်အတိုင်း ကျွန်ုပ်တို့သည် အထက်ပါ မိုးပျံကားကဲ့သို့ပင် သခင်ခရစ်တော်၌…

ခရစ်စမတ် မွေးဖွားလာခြင်း

ကောင်းကင်တမန်မင်း ဂါဗြေလသည် လောကအတွက် သတင်းကောင်းဆောင်ယူလျက် မာရိ၊ ထို့နောက် သိုးထိန်းများအား ကိုယ်ထင်ရှားပြသောအခါ (လု ၁း၂၆-၂၇၊ ၂း၁၀)၊
ဆယ်ကျော်သက် မိန်းမပျိုလေးအတွက် ၎င်းသည် သတင်းကောင်းဖြစ်ပါမည်လား။  ‘‘ငါ့ကိုယ်ဝန်အကြောင်း မိသားစုတွေကို ဘယ်လိုပြောပြရမလဲ၊ ငါ့ခင်ပွန်းလောင်း ယောသပ်ရော စေ့စပ်ထားတာကို ဖျက်ပစ်မှာလား၊ မြို့ထဲမှာ လူတွေဘာပြောမလဲ၊ ကျောက်ခဲနဲ့ပစ်သတ်မခံရရင်တောင် ရပ်တည်ရမယ့် မိခင်ဘ၀ကို ဘယ်လိုရှင်သန်ရမလဲ’’ စသည့်ဖြင့် သူတွေးကောင်းတွေးလိမ့်မည်။
ယောသပ်သည် မာရိ၏ကိုယ်ဝန်သတင်းကို ကြားသောအခါ အခက်တွေ့ပြီ။ သူ၌ ရွေးစရာလမ်း ၃ ခု ရှိသည်။ စီစဉ်ထားသည့်အတိုင်း လက်ထပ်မလား၊ တရားဝင် ကွာရှင်းကာ လူရှေ့ကဲ့ရဲ့စရာဖြစ်အောင် လုပ်နိုင်မလား၊ စေ့စပ်ကြောင်လမ်းထားမှုကို တိတ်တဆိတ်ဖျက်သိမ်းမလား။ ယောသပ်က တတိယအချက်ကို ရွေးချယ်လိုက်သည်။ သို့သော် ဘုရားသခင် ၀င်ရောက်ကာ အိမ်မက်၌ သူ့အား ‘‘ဒါဝိဒ်အမျိုး ယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည့်အခွင့်ကို…

ကျွန်ုပ်တို့သည် ...

သူမ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ကောရီ တင်း ဘူးမ် က သူနှင့် သူ့ညီမ ဘက်စီတို့ ၁၉၄၀ ခုနှစ် အစောပိုင်းက နာဇီအကျဉ်းစခန်းတွင် နေခဲ့ရသော ကြောက်ခမန်းလိလိ အချိန်များကို ရေးသားခဲ့သည်။ တစ်ကြိမ်တွင် စစ်ဆေးရေးမှ သူတို့ကို အတင်းအကြပ် အ၀တ်အစားများ ချွတ်ခိုင်းသည်။ ကော်ရီ က တန်းစီနေရင်း သိက္ခာချခံရသည်၊ စွန့်ပစ်ခံရ သည် ဟုခံစားခဲ့ရသည်။ ထိုအခိုက် သခင်ယေရှုသည်လည်း ကားတိုင်ပေါ်တွင် အ၀တ်အစား မပါဘဲ ချိတ်ဆွဲခံခဲ့ရကြောင်း သူပြန်သတိရမိသည်။ သို့နှင့် အံ့ဩကြည်ညိုစိတ်အပြည့်နှင့် ညီမဖြစ်သူအား ‘‘ဘက်စီရေ၊ ကိုယ်တော်ရဲ့အ၀တ်ကိုလည်း သူတို့ ယူပစ်လိုက်တာဘဲ’’ ဟု တီးတိုးပြောလိုက်သည်။ ဘက်စီ က သက်ပြင်းရှိုက်၍ ‘‘အိုး...ကော်ရီရယ်...ဒါတောင် ကျွန်မ သူ့ကို တစ်ခါလေးတောင် ကျေးဇူးမတင်ခဲ့မိဘူး’’ ဟု ပြန်ပြောခဲ့သည်။
ဒုက္ခအခက်အခဲများ၊ ရုန်းကန်လှုပ်ရှားမှုများ၊ ဗျာပါဒ…

ဘ၀မုန်တိုင်းများ

ရှင်မာကု ခရစ်ဝင်ကျမ်း၌ ပြင်းထန်သော မုန်တိုင်းအကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရသည်။ တပည့်တော်များသည် သခင်ယေရှုနှင့်အတူ ဂါလိလဲအိုင်ကို ဖြတ်ကူးနေကြသည်။ ‘‘ပြင်းထန်သော မိုးသက်မုန်တိုင်း’’ ကျသောအခါ ၀ါရင့်တံငါသည်များလည်း ပါဝင်သည့် တပည့်တော်များမှာ ၎င်းတို့ အသက်ဘေးကို စိုးရိမ်လျက် ကြောက်လန့်ကြသည် (မာ ၄း၃၇-၃၈)။ ဘုရားသခင် ဂရုမစိုက်ဘူးလား။ သခင်ယေရှုက ၎င်းတို့ကို လက်တော်နှင့် သူ့အနီးအပါးသို့ ဆွဲမခေါ်ဘူးလား။ “ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့’’ဟု မိန့်ကြားသည့် သခင့်စကားကို ၎င်းတို့နာခံခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင်
အဘယ်ကြောင့် ဤသို့ပြင်းထန်ကြမ်းတမ်းသောအချိန်ကို ရင်ဆိုင် ဖြတ်သန်းနေရပါသနည်း။
ဘ၀မုန်တိုင်းဒဏ်မှ မည်သူမျှ မလွတ်မြောက်နိုင်ပါ။ သို့သော် အစပိုင်း၌ တပည့်တော်တို့သည် မုန်တိုင်းကို ကြောက်ရွံ့သော်လည်း နောက်ပိုင်းတွင် ခရစ်တော်ကို တိုး၍ ကြည်ညိုလာသကဲ့သို့ ကျွန်ုပ်တို့ကြုံရသော ဘ၀မုန်တိုင်း များက ဘုရားသခင်ကို တိုး၍ နက်နဲစွာ သိကျွမ်းစေနိုင် ပါသည်။…

ငါအရေးကြီးဆုံး

တစ်ခါက လူတစ်ဦးက “ခင်ဗျားရဲ့အရေးကြီးဆုံးပြဿနာက ဘာလဲ”ဟု မေးလာရာ ကျွန်တော်က “မှန်ထဲမှာ ကျုပ်ရဲ့အကြီးဆုံးပြဿနာကို နေ့တိုင်းတွေ့နေရပါတယ်”ဟု ပြန်ဖြေခဲ့သည်။ စိတ်ထဲ၌ မသိ မသာ ပေါ်ထွက်လာသော “ငါသာလျှင် အရေးကြီးဆုံး”ဟူသော စိတ်အလိုဆန္ဒများကို ဆိုလိုပါသည်။

သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာကာမစိတ်ကြောင့်ဖြစ်သည် မဟုတ်လော”ဟု ယာ ၄း၁ တွင် ရေးသား ထား၏။ “ကိလေသာကာမစိတ်”ဟူသည် အတ္တအကျိုးဖက်သော စိတ်ဆန္ဒများကို ရည်ညွှန်းသည်။ ထို့ကြောင့်လည်း “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ် သွေးဆောင်ခြင်းသို့ရောက်တတ်၏” (ယာ ၁း၁၄)။ ထိုသို့သော “ငါ ပထမ၊ မိမိသာအရေးကြီးဆုံး”ဟူသည့် စိတ်အလိုများသည် ဘုရားသခင်နှင့် မိတ်သဟာယကို ပျက်ပြားစေပြီး (၄း၎)၊ စိတ်ဝမ်းကွဲပြားမှုများ၊ စစ်မက်နှင့် ခိုက်ရန်ဖြစ်ခြင်းများကို ဖြစ်ပေါ်စေကြောင်း (း၁-) ရှင်ယာကုပ် သတိပေး၏။

ထို့ကြောင့်…