စာရေးသူ

အားလုံးမြင်နိုင်ရန်
David C. Egner

ဒေးဗစ် စီ အဂ္ဂနာ

ဒေးဗစ် စီ အဂ္ဂနာ (David C. Egner)သည် ယခုတွင် Our Daily Bread Ministries မှ အငြိမ်းစား ယူခဲ့ပါပြီ။ ဆရာကြီးသည် အမှုတော်ဆောင်ခဲ့စဥ်က Discovery Digest နှင့် Campus Journal (ယခုတွင် Our Daily Journey ဟု ခေါ်သည့်) စာစဥ်များအတွက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် 'လေ့လာမှတ်သားဖွယ်စာစဥ်' (Discovery Series) စာအုပ်ငယ်များစွာကို ရေးသားခဲ့ပြီး၊ အခြားသော Our Daily Bread Ministries မှ ထုတ်ဝေသော စာအုပ်များ၌ ဆရာကြီး၏လက်ရာကို တွေ့ရသည်။ သူသည် စာပေရေးသားခြင်း သာသာရပ်၏ ကောလိပ် ပါမောက္ခ အဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ရုရှားနိုင်ငံရှိ ကျမ်းစာကျောင်းများတွင် ဧည့်သည် ပါမောက္ခအဖြစ် အခါအားလျော်စွာ လုပ်ဆောင်ခြင်းကို မွေ့လျော်နှစ်သက်ခဲ့သည်။ ဆရာကြီးနှင့်ဇနီး ဆရာမ ရှယ်လီ (Shirley) တို့သည် Grand Rapids ၌နေထိုင်ကြပါသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ် စီ အဂ္ဂနာ

နာမတော်ကို မြွက်ဆိုခြင်း

တနင်္ဂနွေ ၀တ်ပြုအစည်းအဝေးတွင် တစ်ပင်တိုင် သီချင်းသီဆိုသောအခါ အသင်းသား
ပရိတ်သတ်များက သီဆိုသူအပေါ် လုံးဝအာရုံစိုက်သည်။ ကောင်းမွန်သည့် အသံသြဇာနှင့် Gordon Jensen ၏ သီချင်းကိုသီဆိုရာ သီချင်းစာသားများက စိတ်နှလုံးကို ထိတွေ့ လှသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ နာမတော်ကို မြတ်နိုးတန်ဖိုးထားစိတ် တိုးလာစေသည့် သမ္မာတရားကို သီချင်းခေါင်းစဉ်က ဖော်ပြနေသည်။ “He’s as Close as the Mention of His Name - နာမတော်ကို မြွက်ဆိုသည်နှင့်အမျှ ကိုယ်တော် သာ၍ နီးစွာ ရှိနေ”
မိမိချစ်ခင်မြတ်နိုးသူများနှင့် ကွေကွင်းရသည့် အချိန် များကို ကျွန်ုပ်တို့အားလုံး ခံစားဖူးသည်။ သားသမီးတစ်ဦးက အိမ်ထောင်ကျပြီး အဝေးသို့ ပြောင်းရွှေ့သွားသည်။ အလုပ်
အကိုင်နှင့် နယ်ပြောင်းခြင်း (သို့) ကျန်းမာရေး အခြေအနေ ကြောင့် မိဘများနှင့်…

အလွန်အရေးကြီးသောမေးခွန်းများ

အမေရိကန်ဒေသခံများ၏ ရှေးရိုးပုံပြင်တစ်ပုဒ်၌ လူငယ်လေးတစ်ဦးသည် သူ သတ္တိရှိ
ကြောင်း ပြသရန် ဆောင်းတစ်ညတွင် သူ့ကို တောထဲ၌ ညလုံးပေါက် တစ်ယောက်တည်း
နေခိုင်းသည်။ မကြာမီတွင် ကောင်းကင်ကြီး မဲမှောင်လာပြီး သစ်ပင်များ၏ ချွတ်ချွတ်
ချက်ချက် ပွတ်တိုက်မြည်သံများ၊ ဇီးကွက်အော်သံ၊ ၀ံပုလွေ အူသံ စသည့် ညအမှောင် ထု၏ အသံဗလံများက လွှမ်းမိုး လာသည်။ လူငယ်လေးက ကြောက်နေသော်လည်း သတ္တိ ရှိကြောင်းပြရန် တောထဲတွင်
တစ်ညလုံး ရှိနေသည်။ နောက်ဆုံး၌ မနက်မိုးသောက်
လင်းလေပြီ။ ထိုအခါ သူ့အနီးတွင် ထီးထီးတည်းထိုင်နေသူ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူကား သူ့ကို တစ်ညလုံး စောင့်ကြည့်နေသည့် သူ့အဘိုးပင် ဖြစ်သည်။
မောရှေသည် သဲကန္တာရထဲတွင် မီးလောင်သော်လည်း ကျွမ်းမသွားသည့်ချုံကို တွေ့ခဲ့ရသည်။ ထို့နောက်တွင် ထိုမီးလောင်သောချုံမှ ဘုရားရှင်က သူ့အား အဲဂုတ္ထုပြည်သို့…

ငါးမျှားခြင်းမှ ရသော သင်ခန်းစာ

စိမ်းလန်းပြီး ရေမှော်ပေါင်းပင်များ အရိပ်ထင်လျက်ရှိသည့် ကြည်လင်ငြိမ်သက်သော ပိုင်အက် ရေကန်၌ ကျွန်ုပ် ငြိမ်သက်စွာ ငါးမျှားစဉ် ကကတစ်ငါးကြီးတစ်ကောင်က ထူထပ်သော ရေမှော်ပင်များကြားမှ စူးစမ်းရန် တိတ်တဆိတ် ထွက်လာသည်ကို ကျွန်ုပ် ကြည့်နေခဲ့သည်။ ၎င်းသည် ငါးမျှားကြိုးရှိ ဖြားယောင်းထားသည့် အစာဆီသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာပြီး စိုက်ကြည့်သည်။ ထို့နောက်
ရေမှော်ပင်များကြား ပြန်ဝင်သွားသည်။ ဤကဲ့သို့ အကြိမ်ကြိမ်
လုပ်နေပြီး နောက်ဆုံး ငါးမျှားချိတ်ကို မြင်သွားသည်။ ထို့နောက် အမြီးခပ်လျက် ၎င်းပုန်းအောင်းရာနေရာသို့ ၀င်ရောက် ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ဖန် ထွက်မလာတော့ပေ။
ငါးမျှားချိတ် ချထားသကဲ့သို့ပင် စာတန်သည် စုံစမ်း သွေးဆောင်ခြင်းကို ကျွန်ုပ်တို့ရှေ့တွင် တွဲလောင်းချထားသည်။ ၎င်းက ဆွဲဆောင်မှု ရှိသည်။ ကျေနပ် နှစ်သိမ့်စေရမည်ဟု လှည့်စားသည်။ သို့သော် စာတန်၏တန်ခိုးက ဤမျှသာဖြစ်သည်။ ကျွန်ုပ်တို့ ငါးမျှားချိတ်ကို ဟပ်အောင် အတင်းအကြပ်…

လမ်းကြောင်းထွင်

အမေရိကန်၏ပထမဆုံး အဝေးပြေးလမ်းမကို ဖောက်လုပ်သူများမှာ မီချီဂန်ဒေသခံ တိုင်းရင်းသားများဖြစ်သည်။ လူဖြူများ မ၀င်ရောက်လာမီ နှစ်ပေါင်းရာကျော်ကတည်းက ကန္တာရ တောများကိုရှင်းလင်းပြီး ဖောက်လုပ်ခဲ့သည့် လမ်းကြောင်းအတိုင်း လက်ရှိအဝေးပြေးလမ်းမကြီးကို ဖော်လုပ်ထားခြင်းပါ။ မူလက ထိုလမ်းမှာ လူတစ်ယောက်သွားရုံ တစ်ပေခွဲသာသာကျယ်ဝန်းပြီး လုံခြုံရေးအတွက် ထိုတစ်လမ်းကိုသာ သုံးခဲ့ကြသည်။ နောက်ပိုင်း မြင်းနှင့် ၀န်သယ်သော လှည်းများဖြင့် သွားလာကြပြီး ကျယ်ပြန့်ဖုန်ထသောလမ်းဖြစ်လာသည်။ အဆုံးတွင် အဝေးပြေး လမ်းမကြီးဖြစ်လာသည်။

ထိုနည်းတူစွာပင် ရှောလမုန်မင်းကြီးသည် သူ့ဖခင် သွားခဲ့သည့်လမ်းအတိုင်း လိုက်လျှောက်ကာ သူ၏သားမြေးများကိုပါ လိုက်လျှောက်စေခဲ့သည်။ သူ့ဖခမည်းတော် သွန်သင် သမျှကို သူနာခံလိုက်လျှောက်သကဲ့သို့ သူ့စကားများကို နားထောင်ရန် သူ့သားသမီးများကို တိုက်တွန်းခဲ့သည် (သု ၄း၎-၅)။ သူ့သားများအား ကောင်းသောဝိညာဉ်ပိုင်းဆိုင်ရာ လက်တွေ့ အသက်ရှင်မှုကို ပြသခဲ့ခြင်းမှာ သားများ၏အဘိုး (သူ့ဖခင်)ဖြစ်သူထံမှ ရရှိသော သင်ခန်းစာများကို လက်ဆင့်ကမ်းခြင်းဖြစ်သည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်၏စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ…