စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Francis Neil G. Jalando-on

အကျွန်ုပ်ကို စေလွှတ်ပါ

၁၈၉၀ နှစ်များ နောက်ပိုင်းတွင် ဆွီဒင်သာသနာပြုဆရာ Eric Lund (အဲရစ်လန်ဒ်)က သူ့အား စပိန်နိုင်ငံ၌သာသနာပြုရန်အတွက် ခေါ်ယူစေစားကြောင်း ခံစားရသောအခါ သူချက်ချင်းပင် နာခံခဲ့သည်။ ထိုနေရာတွင် အောင်မြင်မှု အနည်းငယ်သာ မြင်ရသော်လည်း ဘုရားရှင်၏စေစားချက်အပေါ်ခိုင်မာသေချာမှုဖြင့် သည်းခံ ကြိုးစားခဲ့သည်။ တစ်နေ့တွင် ဖိလစ်ပိုင်လူမျိုး Braulio Manikan (ဘရူလီယို မန်နီကန်)နှင့် တွေ့ဆုံခဲ့ပြီး သူ့အား ဧဝံဂေလိတရားကို ဝေငှခဲ့သည်။ သူတို့နှစ်ဦးသည် ဒေသခံဖိလစ်ပိုင်ဘာသာစကားသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခဲ့ကြပြီး နောက်ပိုင်းတွင် ဖိလစ်ပိုင်၌ ပထမဦးဆုံး နှစ်ခြင်းသာသနာဌာနကို စတင် ခဲ့ကြသည်။ Lund သည် ပရောဖက်ဟေရှာယကဲ့သို့ ဘုရားသခင်၏ခေါ်ယူစေစားမှုကို နာခံ တုံ့ပြန်ခဲ့သောကြောင့် လူများစွာတို့ သခင်ယေရှုထံသို့ ပြောင်းလဲလာခဲ့သည်။

ဟေရှာယအနာဂတ္တိကျမ်း ၆:၈ တွင် ဘုရားသခင်သည် သူ၏ မျက်မှောက်စီရင်ခြင်းနှင့် အနာဂတ်အတွက် မျှော်လင့်ခြင်းကို ပြောကြားရန်အတွက် ဣသရေလပြည်သို့ သွားရန်…