စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Goh Bee Lee

မျှဝေလိုက်သော နှစ်သိမ့်သက်သာမှု

ကျွန်မထံသို့ သမီး ဟေလီ လာရောက်လည်ပတ်စဥ် သုံးနှစ်အရွယ် သူ့သားလေး ခဲလမ်က ထူးဆန်းသော ScratchMeNot (ကျွန်ုပ်ကို မကုန်ခြစ်ပါနှင့်) အင်္ကျီလက်တွင် တွယ်ချုပ်ထားသော လက်အိတ်ရှည်ကို ဝတ်ထားသည်။ မြေးလေး ခဲလမ်သည် မွေးရာပါ အရေပြားယားယံသည့် ရောဂါကို ခံစားနေရသူဖြစ်ပြီး အရေပြားယားလာလျှင် အသားအရေ ကြမ်းထော် ရောင်ရမ်းလာသည်။ ထို့ကြောင့် ထိုလက်အိတ်က ခဲလမ် သူ့အသားအရေကို မကုပ်ဖဲ့အောင်၊ မထိခိုက်မိအောင် ကာကွယ်ပေးသည်ဟု သမီးက ရှင်းပြသည်။

၇ လအကြာတွင် ဟေလီ၏အရေပြား နေလောင်၍ယားယံကာ မကုပ်ဘဲ မနေနိုင်ဖြစ်ရသည်။ "အခုတော့ ခဲလမ် ခံစားရတာကို နားလည်ပါပြီ အမေရေ၊ သမီးလည်း လက်အိတ်ရှည်နဲ့အင်္ကျီ ဝတ်သင့်တယ်ထင်တယ်"ဟု ကျွန်မကို ပြောခဲ့သည်။

ဟေလီ၏အဖြစ်ကြောင့် ကောရိန္သုသြဝါဒစာဒုတိယစောင် ၁:၃-၅ တွင် ရှင်ပေါလုပြောထားသည့် "... ဆင်းရဲခြင်းအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့၌…