စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Harold Myra

မျက်မှောက်တော်၌

၁၇ ရာစု ဘုန်းတော်ကြီး ဘရာသာ လောရင့်သည် ထမင်းချက်တစ်ဦးအဖြစ် တစ်နေ့တာ လုပ်ငန်းအစမပြုမီတွင် ‘‘အို ကျွန်ုပ်၏အဘဘုရား၊ ... ကိုယ်တော်၏မျက်မှောက်တော်၌နေရသော အခွင့်ကျေးဇူးကို ကျွန်ုပ်အား ပေးသနားမူပါ။ ကျွန်ုပ်၏ လုပ်ငန်းဆောင်တာ များ၌ ကူညီတော်မူပါ။ ကျွန်ုပ်၏ ချစ်မေတ္တာအားလုံးကို ပေးအပ်ပါ၏’’ ဟု ဆုတောင်းလေ့ ရှိသည်။ အလုပ်လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်နှင့် ဆက်လက်စကားပြောကာ သူ့လုပ်ငန်း၌ ဘုရားသခင်၏ ဦးဆောင်ညွှန်ကြားမှုကို နာခံသည်၊ သူ့အလုပ်ကိုလည်း ဘုရားထံ၌ ဆက်ကပ်အပ်နှံထားသည်။ အလုပ်ရှုပ်လှသည့် အချိန်၌ပင်လျှင် အလုပ်အကူးအပြောင်း လုပ်သည့်အချိန်တွင် ဘုရားသခင်၏ ကျေးဇူးပြုမှုကို တောင်းခံသည်။ မည်သည့် အမှုကိစ္စပင် ဖြစ်ပျက်နေပါစေ၊ သူ့ကို ဖန်ဆင်းသည့် သခင်၏ မေတ္တာတော်ကို ရှာဖွေတွေ့ရှိကာ ခံစားပျော်မွေ့သည်။
၈၉ ခု မြောက်သော ဆာလံမှ ၀န်ခံထားသကဲ့သို့ သမုဒ္ဒရာများကို ပိုင်သအုပ်စိုးလျက် ကောင်းကင်တမန်များ ပြပ်ဝပ်ကိုးကွယ်သော…