စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ကိုယ်တော်၏စားပွဲ၌ စားသောက်ခြင်း

စားပွဲ၌ စားသောက်ခြင်းဟုဆိုရာ၌ စားပွဲ၊ ကုလားထိုင် အပြင်အဆင်များ၊ မေတ္တာ၊
စေတနာပါပါ ချက်ပြုတ်ထားသော အစားအစာများကို မဆိုလိုဘဲ ၀ိုင်းဖွဲ့စားသောက်
ကြစဉ် ရုပ်မြင်သံကြားနှင့်လက်ကိုင်ဖုန်းများ ပိတ်ထားပြီး အတူစားသောက်နေသူများ
ကိုသာ အာရုံပြုလျက် ရင်းနှီးစွာ စားသောက်ခြင်းကို
ရည်ညွှန်းသည်။
မိသားစု၊ မိတ်ဆွေများနှင့် ဖက်လဲတကင်းရင်းနှီးစွာ
စကားစမြည်ပြောရင်း၊ အကြောင်းအရာများစွာကို အပြန်
အလှန် ပြောဆိုခြင်းဖြင့် စားပွဲ၌ အတူဝိုင်းဖွဲ့စားသောက်
ရခြင်းကို ကျွန်ုပ်အလွန်နှစ်သက်သည်။ သို့သော် ခေတ်မီ
စက်ပစ္စည်းများက ထိုအခြေအနေကို အခက်တွေ့စေသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့နှင့် အတူစားသောက်နေသူ၏စကားထက် စားပွဲဝိုင်း၌
မပါဝင်သော အဝေးရောက်သူများ၏ စကားကို ကျွန်ုပ်တို့ ပို၍ အာရုံစိုက်နေမိတတ်သည်။
သခင်ဘုရား၏ပွဲတော်ကို အောက်မေ့လျက် ပွဲတော်မင်္ဂလာခံယူရန် ကျွန်ုပ်တို့
ဖိတ်ခေါ်ခံရသည်။ ကျွန်ုပ်တို့ တက်ရောက်ပါဝင်မည့် အသင်းတော်သည် မည်သည့်
ဂိုဏ်းဂဏဖြစ်စေ၊ ကြီးကျယ်သည်ဖြစ်စေ၊ သေးနုတ်သည်ဖြစ်စေ၊ မည်သည့်…

ရည်ရွယ်ချက်ရှိသော နာကျင်မှုဝေဒနာ

ဘ၀၌ ခက်ခဲကြမ်းတမ်းသည့် နာကျင်ရဆုံး အတွေ့အကြုံတစ်ခုအကြောင်း ပြောပြရန်
မိတ်ဆွေအချို့ကို ကျွန်တော်မေးမြန်းခဲ့ရာ စစ်မက်များ ကြုံတွေ့ရခြင်း၊ လင်မယား
ကွာရှင်းရခြင်း၊ ခွဲစိတ်ကုသမှုခံယူရခြင်း၊ မိမိချစ်ခင်ရသူဆုံးပါးခြင်း စသည်ဖြင့် ပြောပြ
ကြသည်။ ကျွန်တော့်ဇနီးကမူ ‘‘ ပထမဆုံး သားဦး ကလေးကို
မွေးဖွားခဲ့တဲ့ အတွေ့အကြုံ’’ ဟုဖြေသည်။ စစ်ဆေးရုံ၌
ကလေးမွေးခဲ့ရာ မွေးရခက်ပြီး ဗိုက်နာချိန် ကြာခဲ့သော်လည်း
ထိုအချိန်ကို ပြန်ပြောင်းကြည့်ပါက ‘‘နာကျင်မှုဝေဒနာ ခံစား
ရခြင်းက အလွန်အရေးကြီးသည့် အကြောင်းရင်းရှိပြီး’’
၎င်းကို ၀မ်းမြောက်စရာဟု သူမှတ်ယူကြောင်း ပြောပြသည်။
သခင်ယေရှု ကားတင်သတ်ခြင်းမခံရမီ တပည့်တော်
များအား အလွန်နာကျင်စရာများကို သူတို့ ရင်ဆိုင်ကြုံတွေ့
ရမည်ဟု ပြောခဲ့သည်။ သားမဖွားမီ ခံစားရသော မိခင်၏
နာကျင်မှုဝေဒနာသည် မီးဖွားပြီးနောက် ၀မ်းမြောက်ခြင်းသို့
ပြောင်းသွားသကဲ့သို့ တပည့်တော်များလည်း ထိုနည်းတူ
ကြုံတွေ့ခံစားရမည်ဟု သခင်ဘုရားက…

ငါ့ကိုမှ ဘာလို့ရွေးလဲ

‘‘ယုဒကို တပည့်တော်အဖြစ် သခင်က ဘာကြောင့်ရွေးတာလဲ’’ ဟု အင်္ဂလိပ်လူမျိုး
သင်းအုပ်ဆရာ ဂျိုးဇက် ပါကာ အမေးခံရသည်။ ထိုမေးခွန်းကို နက်နက်နဲနဲ စဉ်းစား
ပါသော်လည်း အဖြေမရပါ။ တွေးရင်းမှ ပို၍စိတ်ရှုတ်ထွေးရသည်။ ‘‘ငါ့ကိုရော
သခင်ဘာလို့ ရွေးခဲ့တာလဲ’’ ဟူသည့် မေးခွန်းကိုပါ တွေးမိသည်။
ထိုမေးခွန်းကို ရာစုနှစ်များတစ်လျှောက် မေးလာကြသည်။ လူသည် မိမိ၏
အပြစ်သဘောကို နာကျင်စွာ သဘောပေါက်ပြီး အပြစ်
ရှိကြောင်းအတွေးက လွှမ်းမိုးခံရစဉ် သခင်ယေရှုထံမှ
ကရုဏာတော်ကို တောင်းလျှောက်ကြသည်။ ထိုအခါ
ဘုရားသခင် သူတို့ကို ချစ်ကြောင်း၊ သခင်ယေရှု သူတို့
အတွက် အသေခံကြောင်း၊ အပြစ်အားလုံး ခွင့်လွှတ်ခံရ
ကြောင်း အလွန်ဝမ်းမြောက်စိတ်ဖြင့် သူတို့ခံစားသိခဲ့ရသည်။
၎င်းကို နားမလည်နိုင်ပါ။
‘‘ကျွန်တော့်ကို ဘာလို့ ရွေးတာလဲ’’ ဟု ကျွန်တော်
လည်း မေးခဲ့ဖူးသည်။ အလွန်မိုက်မဲသော…

ကောင်းသောအမှု၊ လှသောအမှု

တယ်ရီသည် အလုပ်ကိစ္စဖြင့် ခရီးထွက်ခဲ့ပြီး သားသမီးများအတွက် အိမ်အပြန်
လက်ဆောင်ဝယ်လိုသည်။ လေဆိပ်ရှိ ပစ္စည်းဆိုင်မှ စာရေးက တန်ဖိုးကြီးသော
ပစ္စည်းများ ထုတ်ပြသည်။ ‘‘ကျွန်တော့်မှာ ငွေအဲဒီလောက်မရှိပါဘူး၊ ဈေးသက်သာတဲ့
ပစ္စည်းပဲလိုချင်ပါတယ်’’ ဟု တယ်ရီ ပြောရာ၊ အပေါစား
ပေးတယ်ဟု တယ်ရီ့စိတ်၌ ခံစားရအောင် စာရေးက ကြိုးစား
သွေးဆောင်သည်။ သို့သော် သူဘာပဲပေးပေး မေတ္တာစိတ်
အရင်းခံကာ ပေးခြင်းဖြစ်၍ သားသမီးများ ပျော်ရွှင်သဘောကျ
မည်ကို တယ်ရီသိသည်။ သူသိသည့်အတိုင်း သူ့ကလေးများ
က သူဝယ်သွားပေးသည့် လက်ဆောင်ကို နှစ်သက်ကြသည်။
ဗေသနိရွာသို့ သခင်ယေရှု နောက်ဆုံးအကြိမ်
ရောက်ရှိသွားစဉ် မာရိသည် သခင့်အပေါ်ထားရှိသည့်
သူ့မေတ္တာကို ပြသလိုသည် (မာ ၁၄း၃-၉)။ ထို့ကြောင့်
‘‘အဖိုးများစွာထိုက်သော နာဒုဆီမွေးစစ်နှင့်ပြည့်သော
ကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ ... ခေါင်းတော်ပေါ်မှာ သွန်းလောင်းလေ၏။’’ (း၃)။…

သင်ဘယ်သူလဲ

ထိုက်သင့်သောလေးစားမှု နာခံမှု မရ၊ ထိုသို့ ဆက်ဆံခြင်းမခံရဟု မိမိကိုယ်ကို
ထင်နေသူများသည် မကျေမနပ်ဖြစ်နေတတ်ကြောင်း တစ်ခါမဟုတ်တစ်ခါ ကျွန်ုပ်တို့
မြင်ရကြားရသည်။ ‘‘ငါဘယ်သူလဲဆိုတာ သိလား’’ ဟုမခံမရပ်နိုင် အော်တတ်သည်။ ‘‘မိမိ
မည်သူဖြစ်ကြောင်း ပြောပြနေရသည်ဆိုလျှင် သင့်ကိုယ်သင်
ထင်နေမှုများက အမှန်မဟုတ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်
လိမ့်မည်’’ ဟူသည့် အဆိုကို ကျွန်ုပ်သတိရမိသည်။ ထိုသို့
စိတ်ကြီး ၀င်လျက် ငါတကောကော ငါသာပဓာန စိတ်ထားနှင့်
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့် သဘောထားကို သခင်
ယေရှု၌ တွေ့ရသည်။ (လောက၌ ရှင်သန်ရသည့် သခင့်
ဘ၀သက်တမ်းကုန်ဆုံးကာနီးအချိန်ဖြစ်သည်။)
ယေရုရှလင်မြို့သို့ သခင်ယေရှု ၀င်ရောက်လာစဉ်
တစ်မြို့လုံး အုတ်အုတ်သဲသဲ ကြွေးကြော်ချီးမွမ်းနေသည်
(မ ၂၁း၇-၉)။ လူအချို့က ‘‘ဤသူသည် အဘယ်သူနည်းဟု
မေးမြန်းကြလျှင် လူအစုအဝေးတို့က ဤသူသည် ဂါလိလဲပြည်၊ နာဇရက်မြို့၌ ပေါ်ထွန်း
သော…

လမ်းကြောင်းပြသစ်ပင်

ကျွန်မသမီးသည်က မီချီဂန်ပြည်နယ် မြောက်ပိုင်း၌ နေထိုင်သည်မှာ နှစ်အတန်ကြာခဲ့ပြီ
ဖြစ်သည်။ သူက ဒေသခံတိုင်းရင်းသားများ၏ရာဇ၀င်ကို အလွန် စိတ်ဝင်စားသည်။
နွေရာသီ၌ ကျွန်မသူ့ထံ သွားရောက်လည်ပတ်စဉ် ‘‘လမ်းကြောင်းပြသစ်ပင်’’ဟု
သတ်မှတ်ထားသည့်လမ်းကို ပြသည်။ ရှေးပဝေသဏီက
ဒေသခံတိုင်းရင်းသားများသည် လမ်းကြောင်းကို အတိအကျ
ပြရန် သစ်ပင်ပျိုကိုချိုးပြီး အမှတ်အသားပြုသည်ဟု
ယူဆရကြောင်း၊ သို့နှင့် အချိုးခံရသည့်သစ်ပင်မှာ ပုံပျက်
သွားသည့်အတိုင်း ဆက်လက်ရှင်သန်ခဲ့ကြောင်း သမီးက
ရှင်းပြသည်။
ထိုသဘော ရည်ရွယ်ချက်နည်းတူ ဓမ္မဟောင်းကျမ်း
သည်လည်း တည်ရှိနေသည်။ ကျမ်းစာမှ ပညတ်တော်နှင့်
သွန်သင်ချက်များသည် ထာဝရဘုရား အလိုတော်အတိုင်း
အသက်ရှင်ရန် ကျွန်မတို့၏စိတ်နှလုံးကို ပဲ့ပြင်ညွှန်ပြသည်။
ဥပမာပြရလျှင် ပညတ်တော် ၁၀ ပါး ဖြစ်သည်။
ထိုမျှမက ဓမ္မဟောင်းကျမ်းမှ ပရောဖက်များကလည်း မေရှိယ ကြွလာမည့်လမ်းကို
ပြညွှန်သည်။ သခင်ယေရှု မကြွ လာမီ နှစ်ထောင်ပေါင်းများစွာကပင်
ယေရှုမွေးဖွားရာ…

ဖိုလေး အနုပညာရှင်

ဖလင်ရုပ်ရှင် ခေတ်ဆန်းစက ဖိုလေး(FOLEY) အနုပညာရှင်များသည် ဇာတ်လမ်း
သရုပ်ဆောင်ချက်နှင့်လိုက်ဖက်သည့်အသံများကို ဖန်တီးပံ့ပိုးပေးရသည်။ နှင်းကျသံကို
ဖန်တီးရန် ပြောင်းမှုန့်ထည့်ထားသော သားရေအိတ်ကို ညှစ်ပေးရသည်။ လက်အိတ်
အစုံကိုလှုပ်ပြီး ငှက်တောင်ပံခတ်သံ ဖန်တီးသည်။ ကြိမ်ဝါး
သေးသေးလေးကို ဝေ့ယမ်းပြီး ` ဝှီးဝှီး´ အသံကိုဖန်တီးသည်။
ရုပ်ရှင်ကို တတ်နိုင်သမျှ တကယ့်သဘာဝကျအောင်၊
တထေရာတည်းတူသည့် အသံရအောင် ဤအနုပညာရှင်
များက ဆန်းသစ်တီတွင်သော နည်းမျိုးစုံကို သုံးရသည်။
ထိုနည်းတူ သတင်းစကားများကိုလည်း ပုံတူပွား၍
ရသည်။ စာတန် အများဆုံးနှင့် မကြာခဏ သုံးလေ့ရှိသည့်
နည်းမှာ ဝိညာဉ်ရေးအတွက် သတင်းစကားကို အလွန်
အန္တရာယ်ကြီးသည့် နည်းလမ်းများဖြင့် ပုံတူပွားခြင်းဖြစ်သည်။ “အကြောင်းမူကား၊
ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်၊
စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏” ဟု (၂ ကော
၁၁း၁၃-၁၄) တွင် သတင်းစကားမှ အာရုံပြောင်းအောင် လုပ်ဆောင်သည့် မှားယွင်းစွာ
သွန်သင်သည့် ဆရာများနှင့် စပ်လျဉ်း၍ ရှင်ပေါလုက သတိပေးထားသည်။
ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်နေရခြင်းမှာ “သမ္မာ
တရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို
သင်တို့အား…

တိကျသေချာသော ရွေးချယ်မှု

ကျွန်တော့်ဖခင်သည် မိရိုးဖလာနတ်ဘုရားများကို ကိုးကွယ်တန်ဖိုးထားသူအဖြစ်မှ
ပြောင်းလဲလာသူဖြစ်သည်။ အသက်(၉ဝ)အရွယ် သူကွယ်လွန်ခါနီးတွင်
မှာကြားခဲ့သော စကားက မှတ်သားစရာကောင်းလှသည်။ “အဖေသေသွားတဲ့အခါ
အသင်းတော်က လုပ်ပေးတဲ့ ပြုအပ်သောဝတ်ကလွဲလို့ အခြားဘာမှမလုပ်ပါနဲ့။
ရှေ့ဖြစ်နောက်ဖြစ်ဟောတာတွေ၊ ရိုးရာပူဇော်တာတွေ၊
ဓလေ့ထုံးစံ အစီအရင်တွေ မလုပ်ပါနဲ့။ အဖေ့အသက်က
ယေရှုခရစ်ရဲ့လက်ထဲမှာရှိသလို အဖေ့သေခြင်းကလည်း
သခင့်ရဲ့ လက်ထဲမှာပါပဲ” ဟုမှာကြားခဲ့သည်။
ကျွန်တော့်ဖခင်က အသက်ကြီးမှ သခင်ယေရှုကို
ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံကာ ခရစ်တော်၏
လမ်းကို ရွေးချယ်ခဲ့သည်။ သူနှင့်ရွယ်တူလူများက “မင်းလို
သက်ကြားအိုက ဘုရားကျောင်း မသွားသင့်ဘူး” ဟု သူ့ကို
ကဲ့ရဲ့ ဟားတိုက်သည်။ သို့သော် ယောရှုမိန့်ကြားသောစကားကို ခံယူသည့် လူအပေါင်း
တို့၏ရွေးချယ်မှုကဲ့သို့ပင် မှန်သောဘုရားကို ကိုးကွယ်ရန် အဖေ့၏ရွေးချယ်မှုက တိကျ
သေချာသည်။
“အဘယ်မည်သော ဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့”ဟု
ယောရှုက သူတို့ကို စိန်ခေါ်ခဲ့ပြီး၊ “ငါနှင့် ငါ့အိမ်သားဖြစ်လျှင်မူကား ထာဝရဘုရားကိုသာ
ဝတ်ပြုမည်ဟု ဆိုခဲ့သည်”(၂၄း၁၅)။ လူအပေါင်းတို့သည် ထာဝရဘုရား၏ ကယ်တင်မှု၊
စောင့်မကြည့်ရှုကျွေးမွေးမှု၊ ကွယ်ကာမှုတို့ကို (း၁၆-၁၇၊ ၂၁) ပြန်လည်အောက်မေ့ကာ
ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
ခိုင်မာသောရွေးချယ်မှုဖြစ်ငြားလည်း ၎င်းကို ခိုင်မာသော လက်တွေ့လုပ်ရပ်ဖြင့်
သက်သေပြရန် လိုသည်။ “သို့ဖြစ်လျှင်…

ပြီးပြည့်စုံ၍ တိကျသောဘုရား၏အချိန်

ကျွန်မသည် သက်ကြီးအမျိုးသမီးနှစ်ဦးထံသို့ တစ်ခါတစ်ခါ အလည်သွားသည်။
တစ်ဦးမှာ ငွေကြေးအဆင်ပြေ၍ ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်အိမ်တွင် နေထိုင်
သည်။ သို့သော် အနုတ်လက္ခဏာစကားကို ရှာကြံပြောလေ့ရှိသည်။ အခြားတစ်ဦးမှာ
မေ့မေ့ လျော့လျော့ဖြစ်ပြီး အဆစ်ရောင်ရောဂါဖြင့်
မသန်စွမ်းသူ ဖြစ်သည်။ သူမသည် ရိုးရှင်းသော နေရာ
ထိုင်ခင်းနှင့်သာ နေထိုင်ပြီး သူချိန်းဆိုထားသောကိစ္စများကို
မမေ့အောင် ရေးမှတ်ထားသည့် စာအုပ်လေးကို ကိုယ်နှင့်
မကွာ ကိုင်ဆောင်ထားသည်။ သူ့အခန်းသို့ လာရောက်သည့်
ဧည့်သည်များအား သူ ပထမဆုံးနှင့်အမြဲပြောသည့် စကား မှာ
အစဉ်အတူတူပင်ဖြစ်သည်။ ‘‘ဘုရားသခင်သည် ကျွန်မအပေါ်
အလွန်ကောင်းပါသည်’’ ဟူ၍ ဖြစ်သည်။ ကျွန်မ သူ့ထံ
နောက်ဆုံးသွားရောက်စဉ် သူ၏မှတ်စုစာအုပ်တွင် ‘‘မနက်ဖြန်
နေ့လယ်စာကို အပြင်မှာ စားမယ်။ ပျော်စရာပဲ။ နောက်ထပ်
ပျော်စရာနေ့လေးပေါ့’’ ဟု မနေ့က ရေးထားသည်ကို ကျွန်မ
သတိထားမိလိုက်သည်။…

ပြီးပြည့်စုံ၍ တိကျသောဘုရား၏အချိန်

ကျွန်မသည် သက်ကြီးအမျိုးသမီးနှစ်ဦးထံသို့ တစ်ခါတစ်ခါ အလည်သွားသည်။
တစ်ဦးမှာ ငွေကြေးအဆင်ပြေ၍ ကျန်းမာရေးကောင်းပြီး ကိုယ်ပိုင်အိမ်တွင် နေထိုင်
သည်။ သို့သော် အနုတ်လက္ခဏာစကားကို ရှာကြံပြောလေ့ရှိသည်။ အခြားတစ်ဦးမှာ
မေ့မေ့ လျော့လျော့ဖြစ်ပြီး အဆစ်ရောင်ရောဂါဖြင့် မသန်စွမ်းသူ ဖြစ်သည်။ သူမသည် ရိုးရှင်းသော နေရာ
ထိုင်ခင်းနှင့်သာ နေထိုင်ပြီး သူချိန်းဆိုထားသောကိစ္စများကို မမေ့အောင် ရေးမှတ်ထားသည့် စာအုပ်လေးကို ကိုယ်နှင့်
မကွာ ကိုင်ဆောင်ထားသည်။ သူ့အခန်းသို့ လာရောက်သည့် ဧည့်သည်များအား သူ ပထမဆုံးနှင့်အမြဲပြောသည့် စကား မှာ
အစဉ်အတူတူပင်ဖြစ်သည်။ ‘‘ဘုရားသခင်သည် ကျွန်မအပေါ် အလွန်ကောင်းပါသည်’’ ဟူ၍ ဖြစ်သည်။ ကျွန်မ သူ့ထံ
နောက်ဆုံးသွားရောက်စဉ် သူ၏မှတ်စုစာအုပ်တွင် ‘‘မနက်ဖြန် နေ့လယ်စာကို အပြင်မှာ စားမယ်။ ပျော်စရာပဲ။ နောက်ထပ်
ပျော်စရာနေ့လေးပေါ့’’ ဟု မနေ့က ရေးထားသည်ကို ကျွန်မသတိထားမိလိုက်သည်။
ခရစ်တော်မွေးဖွားလာချိန်က…