စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ရိုးရိုးလေး ယုံကြည်လက်ခံခြင်း

ကျွန်တော့်ကလေးများငယ်စဉ်က ၎င်းတို့ကို ဆေးခန်းသွားပြရသည့် အတွေ့အကြုံက
စိတ်ဝင်စားဖွယ် ဖြစ်သည်။ ဆေးခန်း၌အရုပ်များအပြည့်ရှိပြီး သူတို့ ကစားနိုင်သည်။
ကလေးမဂ္ဂဇင်းများကိုလည်း သူတို့အား ဖတ်ပြခဲ့သည်။ ဤအချိန်ထိ ပြဿနာမရှိသေးပါ။
သို့သော် ဆရာဝန်ကို ၀င်တွေ့သည့်နှင့် အခြေအနေက လုံးဝ
ပြောင်းလဲသွားသည်။ ဆေးထိုးအပ် ကိုင်ထားသည့် ဆရာမ
အနားရောက်လာသည်နှင့် ပျော်ရွှင်မှုက ကြောက်ရွံ့ခြင်းသို့
ရုတ်ခြည်းပင် ပြောင်းလဲသွားသည်။ ဆရာမအနား ကပ်လာ
လေလေ ကျွန်တော့်လည်ပင်းကို အတင်းအကြပ် ဖက်ထား
လေလေဖြစ်သည်။ သူတို့ကောင်းဖို့အတွက်မှန်း မသိဘဲ၊
ကျွန်တော်ထံမှ နှစ်သိမ့်မှု၊ အကူအညီကို မျှော်လင့်နေသည်။
တစ်ခါတစ်ရံ၌ ပျက်စီးယိုယွင်းသော ဤကမ္ဘာတွင် ကျွန်ုပ်တို့သည် အေးဆေး
ငြိမ်းချမ်းသောအခြေအနေမှ နာကျင်ရသည့် အခက်အခဲ ပြဿနာထဲသို့
ရောက်သွားသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့ မည်ကဲ့သို့ တုံ့ပြန်ကြ
မည်နည်း။ ဤအရာကို ဘုရားသည် အဘယ်ကြောင့် ကြုံတွေ့ခွင့်ပေးသနည်းဟူ၍…

ရောင်ပြန်ထင်ဟပ်ပြသောသား

ဆောင်းတွင်း အမှောင်ရက်တွင်းမှလွဲ၍ ကျန်ကာလများတွင် အလွန်နေထိုင်၍
ကောင်းသော နှစ်သက်ဖွယ်ဖြစ်သော နော်ဝေနိုင်ငံရှိ Rjukan ရွာကလေးသည်
Gaustatoppen တောင်ခြေရှိ ချိုင့်ဝှမ်းတွင် တည်ရှိပြီး နှစ်ဝက်ခန့်မျှ နေရောင်ခြည်
တိုက်ရိုက် မရရှိသော မြို့ကလေးဖြစ်သည်။ ထိုဒေသတွင်
နေထိုင်သူများသည် နေအလင်းရောင်ရရှိရန် တောင်ထိပ်၌
မှန်များတပ်ဆင်ရန် စဉ်းစားခဲ့ကြသည်။ သို့သော် ထို
အယူအဆကို နှစ်အတန်ကြာသည်အထိ အကောင်အထည်
မဖော်နိုင်ခဲ့ပေ။ ၂၀၀၅ ခုနှစ်တွင် ထိုအရပ်သား အနုပညာရှင်
တစ်ဦးက ဤအစီအစဉ်ကို အကောင်အထည်ဖော်မည့်
လူများကို ခေါ်ယူစုစည်းကာ ‘‘The Mirror Project’’ ကို
စတင်ခဲ့သည်။ ၈ နှစ်ခန့် ကြာပြီးနောက် ၂၀၁၃ ခုနှစ်
အောက်တိုဘာလတွင် မှန်များကို တပ်ဆင်နိုင်ခဲ့၍ မြို့
ရင်ပြင်၌ လူတို့စုရုံးကာ အလင်းပြန်နေရောင်ကို ခံစားခဲ့ရသည်။
ဝိညာဉ်ရေးရာအရ ဤလောကကြီးသည် Rjukan…

ယုံကြည်ခြင်း မိသားစု

၁၉၈၀ ခုနှစ်များ အတောအတွင်းက ကျွန်ုပ်တို့၏အသင်းတော်၌ အိမ်ထောင်ဖက်
သေဆုံးသူများနှင့် အိမ်ထောင်ကွဲသူများပါဝင်သော Single အုပ်စုသည် ရင်းနှီးသော
မိသားစုတစ်စု ဖြစ်လာခဲ့သည်။ တစ်ယောက်ယောက်က ရွှေ့ပြောင်းရတော့မည်ဆိုလျှင်
အဖွဲ့ဝင်များက ပစ္စည်းနှင့်ပရိဘောဂများ ထုတ်ပိုးသယ်ပို့ပေး
သည်။ အစားအသောက်များ ထောက်ပံ့ပေးသည်။
ယုံကြည်ခြင်း၊ မိတ်ဆွေဖြစ်ခြင်းသဘောတို့ ပေါင်းစပ်လျှက်
ခွန်အားပေးမစကာ ရင်းနှီးပေါင်းသင်းဆက်ဆံကြသဖြင့်
မွေးနေ့ပွဲနှင့် အားလပ်ရက်များသည် ၎င်းတို့ အထီးကျန်စွာ
ဖြတ်သန်းရသည့် အချိန်များ မဟုတ်တော့ပါ။ ဤကဲ့သို့
ပေါင်းစည်းမှုသည် လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက
အရှိန်အဟုန်ဖြင့် ဖြတ်သန်း ခဲ့ရာ ယနေ့တွင် မိသားစုများနှင့်
လူတစ်ဦးခြင်းစီတို့အတွက် ဆက်လက်တည်ရှိဖေးမလျက် ရှိသည်။
သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများထံသို့ပေးပို့သော ရှင်ပေါလု၏စာသည်
ဘုရား၏မိသားစုဝင်များကြား ရှင်သန်မှုကိုဖြစ်စေသည့် ဆက်ဆံရေးသရုပ်ကို ဖော်ကျူး
ထားသည်။ ငါတို့သည် ‘‘သားသမီးများအား ယုယစွာပြုစုသည့် မိခင်ကဲ့သို့ သင်တို့အား
ပြုစုခဲ့ကြ၏’’…

ခိုလှုံရာ၊ တရားသူကြီး

တရားသူကြီးရှေ့မှောက်၌ ရပ်နေသော တရားခံသည် တရားခွင်၌ ပြုသမျှနုရမည့်
အခြေအနေ၌ ရှိသည်။ တရားခံက ရိုးသားလျှင် တရားခွင်သည် သူ့အတွက် ခိုလှုံရာ
ဖြစ်သော်လည်း အပြစ်ရှိလျှင် အပြစ်ဒဏ်ပေးရန် ကျွန်ုပ်တို့ မျှော်လင့်ကြပါသည်။
နာဟုံအနာဂတ္တိကျမ်းတွင် ထာဝရဘုရားကို ခိုလှုံရာ
အဖြစ်နှင့် တရားစီရင်သူအဖြစ်ပါ တွေ့ရသည်။ နာဟုံ ၁း၇
တွင် ‘‘ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်
သောအခါ ရဲတိုက်ဖြစ်တော်မူ၏’’ ဟုပြောထားပြီး အပိုဒ်ငယ်
၈ တွင် ‘‘နိနဝေမြို့၏အဆုံးကို ထာဝရဘုရား ပြုတော်မူမည်။
သူ၏ရန်သူများကို မှောင်မိုက်သို့ ဆွဲခေါ်တော်မူမည်’’ ဟု
ပြောထားသည်။ ရှေးနှစ်ပေါင်း ၁၀၀ မက အစောပိုင်းတွင်
ယောနသည် ဘုရားသခင်၏ခွင့်လွှတ်ခြင်းအကြောင်း
ဟောပြောပြီးနောက် နိနဝေမြို့သားများ နောင်တရသဖြင့်
ထိုပြည်သည် စီရင်ခြင်းနှင့် လွတ်ကင်းခဲ့ရသည် (ယောန ၃း၁၀)။ သို့သော်
နာဟုံခေတ်တွင် နိနဝေမြို့သည်…

မျှော်လင့်ခြင်းလက်ဆောင်

၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံရှိ တာကလိုဘန် မြို့သို့ အင်အားပြင်းတိုင်ဖုန်း
မုန်တိုင်း ၀င်ရောက် တိုက်ခိုက်ပြီးနောက် လူပေါင်း ၁၀၀၀၀ သေဆုံးပြီး အသက်ရှင်
ကျန်ရစ်ခဲ့သူများမှာလည်း အိမ်ယာမဲ့လျက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ လိုအပ်မှုများ
ကိုလည်း မဖြည့်ဆည်းနိုင်၍ ရှားပါးပြတ်လပ်မှုများ ကြုံလာ
ရသည်။ သုံးလကြာပြီးနောက် အပျက်အစီးများကြား
ရုန်းကန်နေရချိန်၊ လေပြင်းမိုးသည်းသည့်နေ့ တစ်နေ့တွင်
တာကလိုဘန် မြို့အနီး လမ်းဘေးတစ်နေရာ၌် ကလေး
တစ်ယောက် မွေးလာခဲ့သည်။ ရာသီဥတုအခြေအနေက
နာကျင်စရာ အမှတ်တရများကို ပြန်ပြောင်း သတိရစေ
သော်လည်း မြို့ခံများက ၀မ်းဆွဲဆရာမ ရှာပေးခဲ့ရုံမက
မိခင်ရော ကလေးကိုပါ ဆေးခန်းအရောက် ပို့ပေးခဲ့သည်။
ကလေးလေးက မတိမ်းမပါး အသက်ရှင် ခဲ့သည်။ ၎င်းသည်
စိတ်ဓာတ်ကျ နေချိန်အတွင်း မျှော်လင့်ခြင်းသင်္ကေတ ဖြစ်လာခဲ့သည်။
ဖိလိတ္တိလူတို့၏ အနှစ် ၄၀ ဖိနှိပ်အုပ်ချုပ်မှုသည် အစ္စရေးလူမျိုးတို့၏သမိုင်းတွင်…

ရှိသင့်သောနေရာ

ထောင်ပေါင်းများစွာသောအချိန်၊ အဖြစ်အပျက်နှင့်လူများ ရောယှက်ဖြစ်တည်
ပေါင်းဆုံရာကို ‘နေရာ’ ဟုခေါ်သည်။ နေရာသည် ‘အိမ်’အပြင် အဓိပ္ပာယ်ရှိသော၊
သက်ဆိုင်ပတ်သက်မှုရှိသော၊ အခြေအနေပေါ်မူတည်မှုမရှိသော အချစ်များနှင့်
အကောင်းဆုံး ကြိုးစားတည်ဆောက်ထားသော ‘လုံခြုံရာ’
ဟုအဓိပ္ပာယ် သက်ရောက်သည်။ ကျွန်ုပ်တို့ စိတ်ဝိညာဉ်
အတွင်း၌ နက်ရှိုင်းစွာ သိုမှီးထားသော အမှတ်ရစရာများ
ရှိကြောင်း ‘နေရာ’က အချက်ပြနေသည်။ ကျွန်ုပ်တို့၏နေရာ
‘အိမ်’သည် မပြည့်စုံသော်ငြားလည်း ၎င်းကို စွဲနေမှုက
သံလိုက်ဖြင့် ဆွဲငင်သလို စွဲမြဲလျက် ဆန်းကြယ်သည်။
ကျမ်းစာမှလည်း ‘နေရာ’ နှင့်စပ်လျဉ်း၍ အဖန်
တလဲလဲ ပြောထားသည်။ ဥပမာ (နေ ၁း၃-၄၊ ၂း၂) တွင်
နေဟမိက ယေရုရှလင်မြို့ဟူသည့်နေရာကို ပြန်လည်
တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။ ထို့ပြင် ကျွန်ုပ်တို့ကို
နှစ်သိမ့်သက်သာစေလိုသဖြင့် ယေရှုက ‘‘သင်တို့စိတ်နှလုံး ပူပန်ခြင်း မရှိကြနှင့်’
ဟု ပြောပြီး…

ဖြတ်လမ်းများ၏အန္တရာယ်

ကျွန်မတို့နိုင်ငံတွင် ပြီးခဲ့သော ရွေးကောက်ပွဲအတွင်းက ကျွန်မအသိ ရုန်းကန်နေရသော
မိခင်တစ်ယောက်သည် ကလေးဆီးစိုခံအနှီး Diapers တစ်ထုပ်ဖြင့် သူ့မဲကို လဲခဲ့သည်
(ပစ္စည်းပေးပြီး မဲဆွယ်သူကို သူထောက်ခံမဲပေးခဲ့သည်)။ ၀င်ရောက်အရွေးခံသူများ၏
မဲအခြေအနေကို သုံးသပ်လိုက်ပြီးနောက် သူမ၏ရွေးချယ်မှု
အတွက် ကျွန်မစိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ ‘‘ဒီကိစ္စမှာ
ရှင့်ရဲယုံကြည်ချက်ကရော ဘာလဲ’’ ဟု သူ့ကိုမေးရာ သူ
နှုတ်ဆိတ်နေခဲ့သည်။ သူ မဲပေးခဲ့သူ အနိုင်ရပြီး ခြောက်လ
အကြာတွင် အခွန်ကောက်ခံမှုများ ပို၍ မြင့်တက်သွားသည်။
Diapers အပါအ၀င် ပစ္စည်းတိုင်း အရင်ကထက် ဈေးတက်
သွားသည်။
ကမ္ဘာတစ်ဝန်းရှိ တိုင်းနိုင်ငံများတွင် နိုင်ငံရေးအရ
အကျင့်ပျက်ခြစားပြိုလဲမှုက အသစ် မဟုတ်ပါ။ ထို့အတူ ၀ိညာဉ်
ရေးရာ ပြိုလဲမှုသည်လည်း အဆန်း မဟုတ်ပြီ။ စာတန်သည်
ယေရှုအား သူ့ခံယူချက်ကို စွန့်လွှတ်ရန် သွေးဆောင်ခဲ့သည်
(မ ၄း၁-၁၀)။…

မလိုလားသော ဧည့်သည်များ

မကြာသေးမီအချိန်က ကျွန်တော်တို့ထံ သားနှင့် ချွေးမက အလန့်တကြား ဖုန်းခေါ် ခဲ့သည်။
ဖုန်းမခေါ်မီတစ်နေ့က သူတို့အိမ်၌ လင်းနို့နှစ်ကောင်ဝင်လာသည်။ လင်းနို့များသည်
ဂေဟစနစ်အတွက် အလွန်အရေးပါသည်။ သို့သော် ဘုရားသခင် ဖန်ဆင်းထားသည့်
သတ္တ၀ါများအနက် ၎င်းတို့ကို ကျွန်တော် သဘောမကျပါ။
အိမ်ထဲဝင်ရောက် ပျံသန်းနေလျှင် ပိုဆိုးသည်။
သို့သော် ကျွန်တော်တို့ ဇနီးမောင်နှံသည် သားတို့
အိမ်သို့သွားပြီး ကူညီဖြေရှင်းပေးနိုင်၍ တော်တော့သည်။
သူတို့အိမ်ထဲဝင်ရောက်ခဲ့သည့် မလိုလားသောဧည့်သည်များ
ဝင်ရောက်လာသောအပေါက်ဟု ယူဆရသည့်နေရာကို
ပိတ်ဆို့ပေးခဲ့သည်။
ကျွန်ုပ်တို့ အသက်တာတွင် မလိုလားပါဘဲနှင့်
ဝင်ရောက်လာသည်က ဒုက္ခဆင်းရဲခြင်းဟူသည့် ဧည့်သည်
ပါ။ အခက်အခဲများ ရင်ဆိုင်ရပြီဆိုရင် ကျွန်ုပ်တို့ ထိတ်လန့်ပြီး
သွေးပျက်သွားတတ်ကြသည်။ သို့သော် ထိုခက်ခဲသော
အခြေအနေများသည် ကောင်းကင်ဘုံရှင်အဘဘုရားက
ကျွန်ုပ်တို့အား ခရစ်တော်နှင့် ပို၍သဏ္ဌာန်တူလာစေရန်
အလို့ငှာ တန်ဆာပလာအဖြစ် သုံးခြင်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ယာကုပ်က…

နာမည်ကောင်း

Charles Ponzi သည် ငွေကြေးလိမ်လည်မှုဖြင့် ဘ၀ရှင်သန်ခြင်းလမ်းစဉ်ကို ခံယူ
ရပ်တည်ခဲ့သူအဖြစ် တစ်သက်လုံး နာမည်တွင်ခဲ့သည်။ အသေးစားငွေလိမ်လည်မှုဖြင့်
ထောင်ကျခဲ့ပြီးနောက်၊ ၁၉၂၀ အစောပိုင်းက သူသည် ရင်းနှီးမြှုပ်နှံသူများအား
ငွေထည့်ပြီး ပထမ ၄၅ ရက်တွင် ၅၀%၊ ရက် ၉၀ တွင်
၁၀၀% ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ မဖြစ်နိုင်ဟု
ထင်ရသော်လည်း ငွေများလှိမ့်ဝင်လာသည်။ Ponzi သည်
နောက်ထပ် ရင်းနှီးမြှုပ်နှံသူ လူသစ်များထံမှရရှိသော ငွေဖြင့်
အရင်ရင်းနှီးခဲ့သူများကို ပေးခြင်းဖြင့် ကြွယ်ဝပြည့်စုံသော
လူနေမှုဘ၀ကို ဖန်တီးခဲ့သည်။ ၁၉၂၀ ဩဂုတ်လတွင်
သူ၏လိမ်လည်မှုပေါ်သွားချိန်၌ ရင်းနှီးမြှုပ်နှံသူများက ဒေါ်လာ
သန်း ၂၀ အရှုံးပေါ်ပြီး၊ ဘဏ်ငါးခုပိတ်ခဲ့ရသည်။ Ponzi သည်
ထောင် ၃နှစ်ကျခဲ့ပြီး နောက်ပိုင်းတွင် အီတလီသို့ ရွှေ့ပြောင်းခံခဲ့ရသည်။ ၁၉၄၉ ခုနှစ်
အသက် ၆၆…

ဘ၀လမ်းစဉ်

၁၉၈၂ ခုနှစ်တွင် The Today show အစီအစဉ်မှ ဆရာကြီး ဘီလီ ဂရေဟမ်နှင့်
တွေ့ဆုံမေးမြန်းမှုမလုပ်မီ တစ်ရက်အလိုတွင် သူ၏လူထုဆက်ဆံရေးအရာရှိ လာရီ
ရော့စ် က အင်တာဗျူး မလုပ်မီ ဆရာဆုတောင်းရန်အတွက် အခန်းတစ်ခန်း ပြင်ဆင်
ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဆရာ စတူဒီယိုသို့
ရောက်ရှိလာချိန်တွင် ဆရာ့ လက်ထောက်က ရောစ့်အား
အခန်း မလိုတော့ကြောင်း အသိပေးသည်။ သူက
‘‘ဆရာကြီးက ဒီမနက်ထတော့ ဆုတောင်းတယ်၊ မနက်စာ
စားနေတုန်းကလည်း ဆုတောင်းခဲ့တယ်၊ အခု အင်တာဗျူး
လုပ်နေချိန် တစ်လျှောက်လုံးမှာလည်း ဆက်ဆုတောင်းနေ
လိမ့်မယ်’’ ဟုပြောသည်။ နောက်ပိုင်းတွင် ရော့စ် က
‘‘အဲဒီတုံးက လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော့်အတွက်
သင်ခန်းစာကောင်းတစ်ခုပါပဲ’’ ဟုပြောခဲ့သည်။
ဆုတောင်းခြင်းသည် အစီအစဉ်တစ်ခု မဟုတ်ပါ။
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။
ဘုရား…