စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ၾကားခံလူ

တောင်ခြေရင်းတွင် လူပရိသတ်ကြား၌ သင်တိုးဝှေ့နေရသည်ဟု မြင်ယောင်ကြည့်ပါ။
မိုးချုန်းပြီးလျှပ်ပြက်ကာ နားကွဲမတတ် တံပိုးမြည်သံများကိုလည်း ကြားနေရသည်။
မီးလျှံများကြား ဘုရားသခင် ကြွဆင်းလာသည်။ တောင်ထိပ်ပေါ်တွင်လည်း မီးခိုးများ
ဖုံးလွှမ်းနေပြီး တောင်တစ်တောင်လုံးလှုပ်ရှားကာ သင်လည်း
တုန်လှုပ်နေသည်(ထွက် ၁၉း၁၆-၂၀)။
ဣသရေလလူတို့သည် ထိုကြောက်မက်ဖွယ်အဖြစ်
အပျက်ကို သိနတောင်တွင် ကြုံရပြီးနောက် ‘‘ မောရှေကိုလည်း
အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ။ အကျွန်ုပ်တို့သည်
နားထောင်ပါမည်။ ဘုရားသခင် မိန့်တော်မမူပါစေနှင့်။
အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို
ကြ၏’’ (၂၀း၁၉)။ ဣသရေလလူတို့က သူတို့နှင့် ဘုရားသခင်
အကြား မောရှေချဉ်းကပ်ပေးရန် တောင်းဆိုကြသည်။
ထို့ကြောင့် ‘‘လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။
မောရှေမူကား ဘုရားသခင်ရှိတော်မူရာ ထူထပ်သော
မှောင်မိုက်ကို ချဉ်းကပ်လေ၏’’ (း၂၁)။ ဘုရားသခင်နှင့် တွေ့ဆုံပြီးနောက် မောရှေသည်
တောင်အောက်ရှိ ဣသရေလလူတို့အဖို့ ဘုရား၏အမှာစကားကို ယူဆောင်လာခဲ့သည်။…

‘‘မှန်’’

မောရှေသည် တဲတော်ကို စတင်ဆောက်လုပ်ရန် လူများကို စုဝေးပြီး (ထွက် ၃၅-
၃၉) အတတ်အမျိုးမျိုးကိုကျွမ်းကျင်သည့် ပညာရှင် ဗေဇလေလအား တဲတော်
တန်ဆာများ ဆောက်လုပ်ရန် အကူအညီတောင်းခံခဲ့သည်။ ကြေးဝါအင်တုံနှင့် ကြေးဝါ
ခြေထောက်ဆောက်လုပ်ရန် တဲတော်ရှေ့မှာ စည်းဝေးလျက်
အလုပ်အကျွေးပြုသော မိန်းမတို့ထံမှ အဖိုးတန် ကြေးဝါမှန်
များကို တောင်းခံရာ (၃၈း၈) ထိုအမျိုးသမီးတို့သည်လည်း
ဘုရားသခင် ကျိန်းဝပ်တော်မူရာနေရာကို ပြင်ဆင်ခြင်းအမှု
အတွက် ပေးအပ်ခဲ့သည်။
‘‘မှန်များကို ပေးလိုက်ရမည့်’’ ကိစ္စက လူအများစု
အတွက် ခက်ခဲသော ကိစ္စဖြစ်မည်။ ၎င်းသည် ကျွန်ုပ်တို့ကို
တောင်းဆိုခြင်း မဟုတ်ငြားလည်း မိမိကိုယ်ကို စေ့စေ့
စပ်စပ် စစ်ဆေးရန် ခက်ပြီ။ မိမိကိုယ်ကိုသာ အလွန်အကျွံ
ဂရုစိုက်လျက် အခြားသူအတွက် စဉ်းစားရန် အချိန်ပင်
မလောက်ဟု ကျွန်ုပ်တွေးမိသည်။။
မိမိအကြောင်းကို မတွေးဘဲ မေ့နိုင်ပြီး၊…

‘‘ငါ့ကို မှန်ပြောင်းပေးအုံး’’

မူလတန်းကျောင်းသားအရွယ်က ကျွန်တော့် သူငယ်ချင်း Kent နှင့် ကျွန်တော်တို့သည်
ဂျာမန်ဖြစ်မှန်ပြောင်းနှင့် ညကောင်းကင်ကြီးကို မကြာခဏ မျှော်ကြည့်ခဲ့ကြဖူးသည်။
ကောင်းကင်မှ ကြယ်များနှင့် လပေါ်မှတောင်တန်းများက အံ့အားသင့်စရာပါ။
တစ်ညနေလုံးတွင် ‘‘ငါ့ကို မှန်ပြောင်းပေးအုံးလေ’’ ဟူသည့်
စကားတစ်ခွန်းကို တစ်ယောက်တစ်လှည့် ပြောခဲ့ကြသည်။
ရှေးရာစုနှစ် အစောပိုင်းကလည်း ယုဒ သိုးထိန်းလေး
တစ်ယောက်သည်လည်း ညကောင်းကင်ကို ကြည့်ပြီး
အံ့အားသင့်ခဲ့သည်။ သူ့၌ မှန်ပြောင်းရော၊ အဝေးကြည့်
မှန်ဘီလူးရော မရှိခဲ့ပါ။ သို့သော် သူ၌ ပို၍အရေးကြီးသော
အသက်ရှင်သော ဘုရားနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည်။ ဒါဝိဒ်
ကောင်းကင်ကြီးအား မျှော်ကြည့်နေခိုက် သူ့နောက်မှာရှိသော
သိုးများအော်ဟစ်နေမည်ကို ကျွန်တော်မြင်ယောင်မိသည်။
နောက်ပိုင်းတွင် သူက ‘‘မိုးကောင်းကင်သည် ဘုရားသခင်၏
ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည်
လက်တော်နှင့်လုပ်သောအရာများကိုပြ၏။ တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍ တစ်ညဥ့်ကို
တစ်ညဥ့်သွန်သင်၏” (ဆာ ၁၉း၁-၂)…

အံ့ဖွယ်တိုးဝင်ချဉ်းကပ်နိုင်ခွင့်

ဂျွန် အက်ဖ် ကနေဒီ သည် အမေရိကန်ပြည်ထောင်စု၏သမ္မတဖြစ်ချိန်က ဓာတ်ပုံ
ဆရာများသည် နှစ်လိုဖွယ်ဓာတ်ပုံများကို အမိအရရိုက်ယူနိုင်ခဲ့သည်။ဘဲဥပုံ
ရုံးခန်းအတွင်းရှိ သမ္မတစားပွဲပတ်လည်တွင် အစိုးရ၀န်ကြီးအဖွဲ့ဝင်များက နေရာယူပြီး
အရေးကြီးသော ကမ္ဘာ့ရေးရာများကို ငြင်းခုံဆွေးနွေးနေ
ကြသည်။ ထိုအချိန်တွင် ၂ နှစ်သားအရွယ် လမ်းလျှောက်
တတ်ခါစ ဂျွန် - ဂျွန် လေးသည် နိုင်ငံ၏ အရေးပါသော
အမှုအခင်းများ၊ အိမ်ဖြူတော်၏လုပ်ရိုးလုပ်စဉ် စည်းကမ်း
များကို မသိဘဲ သမ္မတ၏ကြီးမားသောစားပွဲကို ပတ်လိုက်၊
အတွင်းထဲဝင်လိုက်နှင့် တွားသွားနေသည်။ သူသည် သူ့
ဖခင်ထံသို့ အလည်လာခြင်းသာ ဖြစ်သည်။
သခင်ယေရှုက ‘‘အဘ၊ ခမည်းတော် ကိုယ်တော်
သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏’’ (မာ ၁၄း၁၆)
ဟုဆုတောင်းခဲ့ရာ ၎င်းသည် အဘ ခမည်းတော်ထံသို့ အံ့ဖွယ် တိုးဝင်ချဉ်းကပ်နိုင်ခွင့်ကို
သိရှိစေသော ဆုတောင်း ဖြစ်သည်။…

မျှော်လင့်မထားသော တွေ့ဆုံမှု

ငယ်ရွယ်ပျိုမြစ်ပြီး စိတ်အားထက်သန်မှုအပြည့်ရှိသော ဒြူးသည် အသင်းတော်ကြီး
တစ်ပါးတွင် ပထမဆုံးအကြိမ် ချီးမွမ်းသီချင်းဆိုခြင်းကို ဦးဆောင်နေသည်။ ဟိုးအရင်
ကတည်းက ဘုရားကျောင်းပုံမှန်တတ်ရောက်သူ လူးဝစ်က သူ့ကို အားပေးစကား
ဆိုချင်သော်လည်း ဒြူးစင်ပေါ်မှ မထွက်သွားမီ အရှေ့ဆုံးသို့
သူ မရောက်နိုင်ဟု သူတွေးမိသည်။ သို့သော် လူအုပ်ကြား
တိုးဝှေ့လျှိုသွားနိုင်သည့်လမ်းကြောင်း ပေါ်လာ၍ လူးဝစ်
ရှေ့သို့ ရောက်သွားခဲ့သည်။ ‘‘၀တ်ပြုကိုးကွယ်ခြင်းမှာ မင်းရဲ့
စိတ်အားထက်သန်မှုကို သဘောကျပါတယ်။ ဆက်ပြီး ဘုရား
သခင်ကို အစေခံပါ’’ ဟု ဒြူးကို သူပြောခဲ့သည်။
လူးဝစ်က ပြောပြီးပြန်အလှည့်တွင် လအတန်ကြာမျှ
မတွေ့ရသည့် ရှယ်ရွန်နှင့် ဆုံမိသည်။ စကားစမြည်
ခဏလေးပြောပြီးနောက် ရှယ်ရွန်က သူ့အား ‘‘သခင်အတွက်
မင်းလုပ်ဆောင်တဲ့အမှုအတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီး
သူ့ကို အစေခံပါ’’ ဟုပြောသည်။ အားပေးစကားဆိုရန်
လူးဝစ်သွားရောက်ခဲ့ပြီး ယခုတွင် မျှော်လင့်မထားသော…

ကြောင်ဝင်ပေါက်

ခင်ပွန်းသည် ဂျေးနှင့်ကျွန်မတို့၏မိသားစုဝင်အသစ်မှာ ဂျက်စဖာ အမည်ရှိ ၂ လသား
အရွယ် ကြောင်လေးတစ်ကောင်ဖြစ်သည်။ ကြောင်ကလေး အန္တရာယ်ကင်းစေရေး
အတွက် တံခါးမကြီးကိုဖွင့်ထားလေ့ရှိသည့်အကျင့်ကို ပြင်ကာ တံခါးပိတ်ထားရသည်။
သို့သော် ပြဿနာမှာ လှေကား ဖြစ်သည်။ ကြောင်များသည်
ကုတ်ကပ်တွယ်တက်ရသည်ကို နှစ်သက်သည်။
ကြောင်ပေါက်လေးပင် ဖြစ်လင့်ကစား လောကကြီးကို
အထက်စီးမှနေ၍ ငုံကြည့်ရခြင်းက ပိုကြည့်ကောင်းကြောင်း
သိနေသည်။ သို့ဖြစ်၍ ဂျက်စဖာနှင့် အိမ်အောက်ထပ်
ဆင်းတိုင်း ၎င်းက အပေါ်ပြန်တက်ရန်ပင် ဆုံးဖြတ်ထား
သည်။ သူဘေးကင်းမည့်နေရာ ကျွန်မအနီး၌ ရှိနေအောင်
မည်သို့လုပ်မည်နည်းဟူ၍ ကျွန်မကို အကဲစမ်းသည်။
ကလေးငယ်များနှင့် ခွေးလေးများအတွက် အဆင်ပြေသော
အရံအတားတံခါးမှာ ကြောင်လေးများ အတွက် အဆင်မပြေ။
ဤတွင် သခင်ယေရှု သူ့ကိုယ်ကို တင်စားခဲ့သည့် ‘‘ငါသည် သိုးဝင်သော
တံခါးဝ ဖြစ်၏’’ဟူသည့် (ယော ၁၀း၇) ဥပမာအလင်္ကာကို…

သန့်ရှင်းခြင်း ပါရမီအား မီအောင်လိုက်ခြင်း

‘‘ဘ၀တွင် ပျော်ရွှင်ပါသလား’’။ မိမိ၏အလုပ်အကိုင်ကို စိတ်ကျေနပ်မှုရှိပါသလား။
ဘ၀ကို ခံစားပျော်မွေ့ပါသလား စသည်ဖြင့် စစ်တမ်းကောက်မေးမြန်းမှုများကို မကြာခဏ
တွေ့ရသော်လည်း သင့်အသက်တာသန့်ရှင်းခြင်း ရှိသလား ဟူသော လေ့လာချက်ကိုမူ
တစ်ခါမျှမတွေ့ဖူး၊ မကြားဖူးပါ။ ထိုမေးခွန်းကို သင်မည်သို့ဖြေမည်နည်း။
သမ္မာကျမ်းစာ အဘိဓာန်တစ်အုပ်၌ သန့်ရှင်းခြင်း
ဟူသည် ‘‘ဘုရားသခင်အတွက် သီးသန့်ခွဲခြားထားခြင်း၊
ထိုသို့ သီးခြားရပ်တည်သူအဖြစ် အထိုက်အလျောက် ပြုမူ
ကျင့်ကြံခြင်း’’ ဟူ၍ အနက်ဖွင့်ထားသည်။ စာရေးဆရာ Frederick
Buechner က လူတစ်ဦး၏ အကျင့်စရိုက်နှင့်စပ်လျဉ်း၍
ရေးသားသောအခါ ‘‘သန့်ရှင်းခြင်းရှိအောင် လက်တွေ့ကျင့်ကြံ
ရတာလောက် ခက်တာမရှိပါ။ သန့်ရှင်းခြင်းသည် ... လူတို့
ကျင့်ကြံအားထုတ်၍ ရယူနိုင်သောအရာ မဟုတ်ပါ။ ဘုရား
သခင်က လူ့အတွင်းမှ လုပ်ဆောင်ပေးသည့်အရာ ဖြစ်သည်’’
ဟု ထပ်လောင်းပြောခဲ့သည်။
ခရစ်တော်ကို ယုံကြည်သောအားဖြင့် ဘုရားသခင်
ပေးသနားသည့် အံ့ဖွယ်လက်ဆောင်ကို…

အသက်ရှင်ကျန်ရစ်နိုင်စွမ်း

ကျွန်တော်ငယ်စဉ်က ကျွန်တော့်တွင် ကျွန်တော့်အရပ်နီးနီး မြင့်ပြီး ပြုံးရွှင်နေသော
မျက်နှာပုံ ရေးခြယ်ထားသည့် လေထိုးပလတ်စတစ်အရုပ်တစ်ခု ရှိသည်။ ယင်းအရုပ်
လဲကျသွားအောင် ခပ်ပြင်းပြင်းထိုးချရန်မှာ ကျွန်တော့်အတွက် စိန်ခေါ်ချက်ဖြစ်သည်။
သို့သော် ကျွန်တော်မည်သို့ပင် ကြိုးစားကြိုးစား အရုပ်က
မတ်တပ်ပြန်ရပ်လျက်သားပင်။ လျှို့ဝှက်ချက်မှာ အရုပ်
အောက်ခြေရှိ ခဲအလေးကြောင့် အရုပ်က အမြဲ ပြန်မတ်ခြင်း
ဖြစ်သည်။ ရွက်သင်္ဘောများကိုလည်း ဤသဘောတရား
အတိုင်း တည်ဆောက်ထားသည်။ ရွက်သင်္ဘောများ၏
ကိုယ်ထည်ဘောင်တွင် ခဲသတ္တုအလေး ထည့်ထားခြင်းဖြင့်
လေပြင်းမုန်တိုင်းကြား၌ သင်္ဘောမှာ ဟန်ချက်ညီညီနှင့်
တည့်တည့်မတ်မတ် ရှိနေသည်။
၎င်းသည် ခရစ်တော်ကို ယုံကြည်သူများ၏ ဘဝ
အသက်တာနှင့်တူသည်။ စိန်ခေါ်မှုများ၌ သက်ရှင်ကျန်ရစ်နိုင်စွမ်းက ကျွန်ုပ်တို့တွင်
ရှိမနေပါ။ သို့သော် ကျွန်ုပ်တို့နှင့်အတူရှိသည့် ဘုရားသခင်၌ ထိုအစွမ်းတန်ခိုးရှိသည်။
ရှောင်လွဲမရသော အသက်တာ၏ထိုးနှက်ချက်များက တည်ငြိမ်နေသောဘ၀ကို
ခြိမ်းခြောက်လျက် ဘ၀မုန်တိုင်းများမှ ကျွန်ုပ်တို့ လွတ်ငြိမ်းခွင့်ရမည်မဟုတ်ပါ။…

ပဟေဠိကို အဖြေညှိခြင်း

အင်္ဂလန်နိုင်ငံရှိ ‘‘စတုန်း ဟန်ဂ်ျ’’ ကျောက်တိုင်လုံးကြီးများသည် ကမ္ဘာလှည့်ခရီးသွား
များကြား ရေပန်းစားလျက် ၎င်းတို့ကို ဆွဲဆောင်သည်။ ဤကြီးမားသည့် ကျောက်တိုင်
များမှာ လျှို့ဝှက်ဆန်းကြယ်သော၊ အဖြေမရှိသော ပဟေဠိတစ်ခုဖြစ်သည်။ အဘယ်
ကြောင့် ဤကျောက်တိုင်ကြီးများကို ထူထားသနည်း၊ သာမန်ထက်ထူးခြားသော
အံ့ဖွယ်ပုံစံကို မည်သူဆောက်လုပ်ခဲ့သနည်း စသည့်မေးခွန်းများနှင့် ‘‘စတုန်း ဟန်ဂ်ျ’’
သို့ နှစ်စဉ်လူများစွာ လာရောက်ကြသည်။ ‘‘ဘယ်လို ဆောက်ခဲ့တာပါလိမ့်’’ ဟု
ကျွန်ုပ်တို့လည်း တွေးကောင်းတွေးမိမည်။ သို့သော်လည်း
အဖြေ မရှိ။ ပဟေဠိ ဖြစ်နေရဆဲပင်။
လူသားတစ်ဦးအဖြစ် ဘုရားရှင်ကြွဆင်းလာသည့်
အကြောင်း ပဟေဠိကြီးကို သမ္မာကျမ်းစာ၌ ပြောထားသည်။
၁ တိ ၃း၁၆ ၌ ရှင်ပေါလုက ‘‘ငါတို့၏ ဘာသာတရားတော်
နက်နဲပုံကို အဘယ်သူမျှ ငြင်းဆို၍ မရပေ။ ထိုနက်နဲပုံကား
... ကိုယ်တော်သည် ကိုယ်ခန္ဓာတော်၌ ပေါ်ထွန်းတော်မူပြီ။…

ကျွန်ုပ်မှ စပါ။ / မိမိက စပါ။

ကျွန်တော့်သမီး မယ်လီဇာ က သူ့မအသက်တာ၌ လက်တွေ့ကျင့်သုံးရန်
အထောကအ် ကူပြု မတှ ခ်ျက်လေးများကိုသကျူ့မ်းစာအပု တ် င်ွရေးမတှ ထ်ားသည်။ ၎င်းကို
‘‘မယ်၏မှတ်စု’’များဟု ကျွန်တော်အမည်ပေးထားသည်။
ဥပမာ - ရှင်မဿဲ ခရစ်ဝင်ကျမ်း ၇ တွင် အပိုဒ်ငယ် ၁
နှင့် ၂ ကို ၀ိုင်းထားပြီး တစ်ပါးသူအား မစီရင်ရန်၊ အကြောင်းမှာ
‘‘သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။
ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်’’။ ထိုကျမ်းစာပိုဒ်၏
ဘေးတွင် သူက ‘‘တစ်ပါးသူ၏လုပ်ရပ်ကို မကြည့်မီ မိမိ၏
လုပ်ရပ်ကို အရင်ကြည့်ပါ’’ ဟု ရေးထားခဲ့သည်။
မယ်လီဇာသည် အခြားသူများနှင့်လိုက်လျောညီထွေ
စွာ နေထိုင်တတ်သည့် ဆယ်ကျော်သက်လေးဖြစ်သည်။ ဖိ…