အိမ်ယာရှာဖွေသောပုရွက်ဆိတ်များ
ဘရစ်စတို တက္ကသိုလ်မှ သုတေသီများ၏အဆိုအရ ဥရောပ ကျောက်ပုရွက်ဆိတ်များ
သည် အိမ်ယာရှာဖွေရာ၌ ထိပ်ဆုံး၌ရှိနေပြီး ကျွန်ုပ်တို့ထက် ပို၍တော်သည်။
ပုရွက်ဆိတ် အဖွဲ့ကြီးသည် ကင်းထောက်ပုရွက်ဆိတ်များကို အသုံးပြုကာ ယင်းတို့
အဖွဲ့ကြီး၏ရှင်သန်မှုအခြေနေကို စဉ်ဆက်မပြတ် ကြည့်ရှု
စစ်ဆေးကြောင်း သုတေသီများ တွေ့ရှိခဲ့သည်။ သိပ္ပံ
ပညာရှင်များ အံ့ဩမှင်သက် သွားလောက်အောင်ပင် ရှုပ်ထွေး
လှသည့် ဆက်သွယ်ရေးစွမ်းရည်များကို အသုံးပြုကာ
ကျောက်ပုရွက်ဆိတ်များသည် ပုရွက်ဆိတ်ဘုရင်မကြီးနှင့်
၎င်း၏သားလောင်းများ နေထိုင်ပေါက်ဖွားရန် အကောင်းဆုံး
နေရာထိုင်ခင်းရရှိရေး ကျယ်ဝန်း မဲမှောင်ပြီး လုံခြုံမှုရှိသည့်
နေရာမှန်ကို ရှာတွေ့အောင် အတူတကွ ပူးပေါင်းလုပ်ဆောင်
ကြသည်။
မောရှေလက်ထက်က ဣသရေလလူများသည် အိမ်ယာသစ်ကို ရှာဖွေကြ
သည်။ အဲဂုတ္တုပြည်ရှိ ကျွန်တန်းလျား၏ အခြေအနေမှာ ဆိုးရွားရက်စက်လွန်းလှသည်။
သိနကန္တာရတွင်လည်း အခြေချနေထိုင်ရန် နေရာမရှိပါ။ ထို့ပြင် ပြဿနာတစ်ခုမှာ
ဘုရားသခင်ဦးဆောင်ကာ ပို့ဆောင်သည့် ပြည်တွင်…
အရာခပ်သိမ်းအတွက် အချိန်
အထူးသဖြင့် တစ်ပါးသူကို ကူညီရန်ဆိုသည့် အကြောင်းပြချက်ကောင်းနှင့်
တာဝန်ပေးခံရလျှင် ငြင်းလိုက်ရန်မှာ အတော်မလွယ်သည့်ကိစ္စပါ။ သင် ကျွန်မနှင့်
တူပါလျှင် အခက်တွေ့မည်ပင်။ မိမိ၏ဦးစားပေးကိစ္စများကို လုပ်ဆောင်ရန်
အကြောင်းရင်း ခိုင်လုံစွာရှိသည်။ သို့သော် တစ်ခါတစ်ရံ ပိုပိုသာသာ တိုးပြီး လုပ်ဆောင်
ပေးရန် မတတ်နိုင်ဘဲ ငြင်းလိုက်ရပါက အပြစ်ရှိသကဲ့သို့
ခံစားရသည်။ သို့မဟုတ်ပါကလည်း ယုံကြည်ခြင်းဖြင့်
လျှောက်လှမ်းမှုတွင် ပျက်ကွက်ပြီဟု တွေးထင်မိသည်။
သို့သော် ဒေသနာကျမ်း ၃း၁-၈ အရ သဘာဝ
လောကတွင် လူသားတို့၏လုပ်ငန်းဆောင်တာ အမှုခပ်သိမ်း၌
အကြောင်းပြချက် ကိုယ်စီရှိကြောင်းကို အမြော်အမြင်နှင့်
အသိအမှတ်ပြုရသည်။ ‘‘ခပ်သိမ်းသော အမှုအရာတို့သည်
မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ
အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏’’ (၃း၁)။
အိမ်ထောင်ပြုခြင်း၊ ပထမဆုံးအကြိမ် မိဘနေရာ
ရောက်ရှိလာခြင်း၊ ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်ရောက်ခြင်း၊ အချိန်ပြည့်အလုပ်မှ
အနားယူလိုက်ရခြင်း စသည်ဖြင့် ဖြစ်ကောင်းဖြစ်မည်။…
ကြောက်စရာကောင်းသောလက်နက်
လက်ဝှေ့အကျော်မော် မိုဟာမက်အလီသည် သူ့ပြိုင်ဘက်ကို အနိုင်ရရေးအတွက်
ကြိုးဝိုင်းတွင်း၌ နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုခဲ့သည်။ ၎င်းတို့အနက် တစ်နည်းမှာ
သူ့ပြိုင်ဘက်ကို သွေးတိုးစမ်းသည့်နည်းဖြစ်သည်။ ၁၉၇၄ ခုနှစ် ဂျော့ ဖိုမင်နှင့်
ထိုးသတ်ခဲ့စဉ်က ‘‘နာနာထိုးစမ်းပါ။ လက်စွမ်းပြလိုက်စမ်း ဂျော့၊ မနာပါ့လား။ ငါ့
အထင်တော့ မင်းအခြေအနေ မဟန်တော့ဘူး’’ ဟူ၍ပြောကာ ဂျော့၏ စိတ်ကိုဆွခဲ့သည်။
ဂျော့ ဖိုမင် လည်း ဒေါ်သထွက်ထွက်နှင့် ပြန်ထိုးရာ၊ သူ့
ခွန်အားကို ဖြုန်းတီးရာရောက်ပြီး မိမိကိုယ်ကို စိတ်ချ
ယုံကြည်မှုလည်း လျော့နည်း သွားသည်။
၎င်းသည် နည်းဗျူဟာဟောင်းတစ်ခုပင်ဖြစ်သည်။
ပြိုပျက်နေသော ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်
ရန် နေဟမိ၏အားထုတ်မှုကို မြေခွေးတို့ပျော်စံရာ နေရာထက်
မသာဟုပြောပြီး (နေ ၄း၃)၊ လုပ်ဆောင်နေသူများ
အားလျော့အောင် တောဘိ ရည်ရွယ်လျက် စိတ်ပျက်
အားလျော့ခြင်း အဆိပ်ခတ်သည်။ ဒါဝိဒ်လေး၏…
အဖိုးအခကို သင်ယူခြင်း
မကြာသေးမီက ကျွန်မတို့၏ နှစ်နှစ်အရွယ် သားလေးကို ဘွတ်ဖိနပ် အသစ်တစ်ရံ
ဝယ်ပေးခဲ့သည်။ သူ့မှာ ပျော်လွန်း၍ အိပ်ရာဝင်ချိန်တိုင်အောင် မချွတ်ဘဲရှိနေ၏။
သို့သော် နောက်တစ်နေ့ရောက်သော် ဘွတ်ဖိနပ်အသစ်ကို မေ့သွားပြီး အားကစား
ဖိနပ်အဟောင်းကိုသာ စီးတော့သည်။ ‘‘ပစ္စည်းတွေရဲ့တန်ဖိုး ဘယ်လောက်ကျတယ်
ဆိုတာကို သူ့ကိုသိစေချင်လိုက်တာ’’ ဟု ကျွန်မခင်ပွန်းက
ပြောခဲ့သည်။
ဘွတ်ဖိနပ်များမှာ ဈေးကြီးပါသည်။ သို့သော်
နုငယ်သော ကလေးက အလုပ်ချိန်၊ လုပ်ခ၊ အခွန်အခများ
အကြောင်း သိနားလည်မည်မဟုတ်ပါ။ ကလေးငယ်က
လက်ဆောင်ကို ၀မ်းပမ်းတသာ လက်ခံရယူသော်လည်း
သူ့ကို ပစ္စည်းအသစ်ပေးနိုင်ဖို့ မိဘက အဘယ်မျှလောက်
အနစ်နာခံခဲ့ရသည်ကို သူအပြည့်အ၀ နားလည်ရန်၊ ကျေးဇူး
တင်ရန် ကျွန်မတို့ မျှော်လင့်၍ မရပါ။
တစ်ခါတစ်ရံတွင် ကျွန်မလည်း ကလေးငယ်ကဲ့သို့ ပြုမူတတ်၏။ များပြားလှသည့်
ကရုဏာတော်မှတစ်ဆင့် ဘုရားသခင်၏လက်ဆောင်များကို ကျွန်မ၀မ်းမြောက်ဝမ်းသာ
လက်ခံရရှိခဲ့သော်လည်း…
လိုက်၍ မီလိမ့်မည်
သင်းအုပ်ဆရာတစ်ဦးသည် အောက်ပါ
အတိုင်း ဒေသခံသတင်းစာ၌ သူ့အကြောင်းကို
ရေးသားခဲ့သည်။ ယခုလေးတင် သူ့ကို မိတ်ဆက် ပေးသော သက်ကြွယ်လူကြီးတစ်ဦးနှင့် သူ စကားစမြည်ပြောစဉ် ထိုသူအလုပ်လုပ်ခဲ့သည့် ကုမ္ပဏီအမည်ကို ခေါ်ကာ “အဲဒီလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာလား” ဟု မေးရာ ထိုသူက “ဟုတ်တယ်” ဟု ပြန်ဖြေသည်။ ထိုအခါ ဆရာက “ကျွန်တော်ငယ်ငယ်က အဲဒီ ကုမ္ပဏီရဲ့ဓာတ်ကြိုးတွေက ကျွန်တော်တို့ခြံပေါ်က ဖြတ်သွားတာ မှတ်မိတယ်” ဟုပြောရာ၊ “ဆရာ ဘယ်မှာနေလဲ” ဟု လူကြီးက မေးလိုက်သည်။ သင်းအုပ်ဆရာက သူနေထိုင်ခဲ့သည့် အရပ်ကို ပြောပြရာ ထိုသူက “အဲဒီခြံတွေကို သတိရသေး တယ်။ ဓာတ်ကြိုးသွယ်နေလို့ သတိပေးဆိုင်းဘုတ်ချိတ်ရတာ သိပ်ခက်တာပဲ။ ကလေးတွေက အမြဲတမ်း ဆိုင်းဘုတ်တွေကို ပစ်ချတယ်”ဟု ပြောသည်။ ဆရာ့မျက်နှာက ရှက်ကိုးရှက်ကန်းဖြစ်သွား၍ ထိုသူက “ဆရာလည်း ဆိုင်းဘုတ်ပစ်ချတဲ့သူတွေထဲမှာ ပါတယ်မဟုတ်လား” ဟုပြောလိုက်သည်။…
တသမတ်တည်းဖြစ်သော အသက်တာ
ဒံယေလ အနာဂတ္တိကျမ်းကို လေ့လာ ရာ၌ ခြင်္သေ့တွင်းထဲပစ်ချမခံရအောင် ဒံယေလ
အနေဖြင့် အလွယ်တကူ ရှောင်နိုင်ကြောင်း ကျွန်ုပ် တွေးမိသည်။ ဗာဗုလုန်နိုင်ငံ၏ အုပ်ချုပ်ရေး စီမံရေးပိုင်းမှ ဒံယေလကိုမနာလိုသော ပြိုင်ဘက် များက ဘုရားသခင်ထံ သူနေ့စဉ် ပုံမှန်ဆုတောင်း သည့် အလေ့အထကို အကြောင်းပြု၍ သူ့ကို ထောင်ချောက်ဆင်ခဲ့ကြသည် (ဒံ ၆း၁-၉)။ သူတို့၏ အကြံအစည်ကို ဒံယေလ ကောင်းကောင်းသိနေပြီး အခြေအနေအရပ်ရပ် တည်ငြိမ်သွားသည်အထိ တစ်လခန့် လျှို့ဝှက်စွာ ဆုတောင်းနေလိုက်၍ ရသည်။ သို့သော် ဒံယေလသည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ပါ။
“အမိန့်တော်ထုတ်၍ တံဆိပ်ခတ် ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်းပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကိုဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းလေ၏” (း၁၀)။
ဒံယေလ မတုန်လှုပ်ပါ။ ဘုရားသခင်နှင့်လည်း အပေးအယူမလုပ်ပါ။…
အမြင်ရှုထောင့် ပြောင်းခြင်း
ကျွန်ုပ်၏ဇနီးသည် စောစောထတတ်သူ ဖြစ်သဖြင့် အိမ်သူအိမ်သားများ မနိုးမီ ထလေ့ရှိပြီး တိတ်ဆိတ်ချိန်တွင် ကျမ်းစာဖတ်၊ ဆုတောင်းလေ့ ရှိသည်။ မကြာမီက သူမအနှစ်သက်ဆုံးထိုင်ခုံတွင် ထိုင်လိုက်စဉ် ညက ဘောလုံးပွဲကြည့်သူတစ်ဦး ကြောင့် ဗြုတ်စဗျင်းတောင်း ရှုတ်ပွနေသည့် ဆိုဖာကို တွေ့လိုက်ရ၍ ပထမတွင် သူမ အာရုံနှောက်သွားပြီး ကျွန်တော့်အပေါ် အလိုမကျ ဖြစ်ကာ နွေးထွေးအေးဆေးသော နံနက်ခင်းလေး ပျက်စီးသွားတော့သည်။
ထိုနောက် အတွေးတစ်ခုဝင်လာပြီး ဆိုဖာပေါ် သူပြောင်းထိုင်လိုက်သည်။ ထိုနေရာမှ အတ္တလန္တိတ် သမုဒ္ဒရာပေါ်မှ နေထွက်လာသည်ကို ပြတင်းပေါက်မှတစ်ဆင့် မြင်ရသည်။ ထိုနေ့နံနက်တွင် ဘုရားသခင်ခြယ်သထားသော လှပသည့်ရှုခင်းက သူမ၏ ရှုထောင့်အမြင်ကို ပြောင်းလဲစေခဲ့သည်။
သူမက အဖြစ်အပျက်ကိုပြောပြပြီး ထိုမနက်မှသင်ခန်းစာကို ကျွန်ုပ်တို့ နှစ်ဦးလုံး မှတ်သားနှလုံးသွင်းသည်။ ကျွန်ုပ်တို့၏ဘ၀နေ့ရက်များတွင် ကြုံတွေ့ရသော အရာများကို ကျွန်ုပ်တို့ အစဉ်အမြဲမထိန်းချုပ်နိုင်သော်လည်း ကျွန်ုပ်တို့တွင် ရွေးချယ်ခွင့် ရှိသည်။ “စိတ်ပျက်စရာ…
ကိုယ်တော်၏ ရွေးချယ်မှု
ကျွန်ုပ်ကလေးများ ငယ်စဉ်က သူတို့ကို သိပ်လျှင် သူတို့နှင့်အတူ ဆုတောင်းလေ့ရှိသည်။ ဆုမတောင်းမီ ကုတင်စွန်းတွင်ထိုင်၍ စကားပြော လေ့ရှိရာ ကျွန်ုပ်၏သမီးလစ်ဘီအား ပြောခဲ့သော စကားများကို မှတ်မိပါသေးသည်။ “ကမ္ဘာပေါ်မှာ ရှိတဲ့ လေးနှစ်သမီးအားလုံးကို တန်းစီထားတယ် ဆိုရင် အဲဒီအထဲမှာ သမီးကို အဖေလိုက်ရှာမယ်၊ အဲဒီ လူတန်းတစ်ခုလုံးကို အစအဆုံးကြည့်ပြီးရင် သမီးကို အဖေ့သမီးအဖြစ် ဖေဖေရွေးလိုက်မယ်” ဟုပြောရာ လစ်ဘီ၏မျက်နှာ၌ အားရကျေနပ် သောအပြုံးကို တွေ့ရသည်။ အကြောင်းမှာ သူ အထူးပြုခံရခြင်းကို သူသိခြင်းကြောင့်တည်း။
လစ်ဘီလေး အားရကျေနပ်စွာပြုံးသည့် အချိန်အခိုက်အတန့်ကို ဆင်ခြင်ရင်း ကျေးဇူးတော် နှင့်ပြည့်စုံသူ စကြာဝဋ္ဌာကို ဖန်ဆင်းသောအရှင်၏ “ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ဘုရားသခင်သည်ေ့ ရှဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူ” ခြင်းအကြောင်းကို (၂ သက် ၂း၁၃) စဉ်းစား ကြည့်ပါ။ေ့ ရှဦးစွာကပင်…
ကယ်တင်ခံရရန် တောင့်တခြင်း
၂၀၁၃ ခုနှစ်တွင် ထွက်လာသော Man of Steel ရုပ်ရှင်သည် စူပါမင်းဇာတ်လမ်းကို သစ်လွင်စွာ စိတ်ကူးပုံဖော်ထားသည်။ဇာတ်ကားမှာ ရင်သပ်ရှုမောဖွယ် အထူးလှည့်စားချက်များ၊ မနားတမ်း တိုက်ခိုက်ခန်းများနှင့်ပြည့်နေပြီး ကမ္ဘာတစ်ဝှမ်းတွင် ပရိတ်သတ်များစွာကို ရုပ်ရှင်ရုံ များဆီသို့ ဆွဲဆောင်နေတော့သည်။ အချို့က ဇာတ်ကား၏ဆွဲဆောင်မှုမှာ အံ့ဖွယ်နည်းပညာ ပေါ်တွင် အခြေခံသည်ဟုဆိုသည်။ အချို့ကမူ “စူပါမင်းဒဏ္ဍာရီ”၏ ဆွဲဆောင်မှု ကြာရှည်မြဲသော ကြောင့်ဟု ထောက်ပြ ကြသည်။
ဇာတ်လမ်းတွင် လူးဝစ်လိန်း အဖြစ် သရုပ်ဆောင်သော မင်းသမီး အေမီ အက်ဒမ်စ် က စူပါမင်းဇာတ်လမ်း၏ဆွဲဆောင်မှုနှင့်စပ်လျဉ်း၍ ခြားနားသောအမြင်ရှိသည်။ သူမက ၎င်းသည် လူသားတို့၏အဓိကတောင့်တမှုဆန္ဒဖြစ်ကြောင်း၊ “ကိုယ့်ကိုလာပြီးကယ်မဲ့သူ တစ်ယောက်ယောက်ရှိတယ်လို့ မယုံရဲ မမျှော်လင့်ရဲတဲ့သူရှိသလား” ဟုဆိုသည်။
၎င်းသည် မေးခွန်းကောင်းတစ်ခုပါ။ အဖြေမှာ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ကို လာ၍ကယ်ခဲ့ပြီးဖြစ်သည်။ ထိုသူမှာ သခင်ယေရှုပင်ဖြစ်သည်။ သခင် ယေရှုမွေးဖွားခြင်းကို အသိပေးကြေငြာခြင်းများစွာရှိသည့်အနက်…
မမြင်ရသော လောက
လက်တစ်ဖက်တည်း၌ရှိသော အလွန် သေးငယ်သည့် ပိုးမွှားများ၏အရေအတွက်သည် ကမ္ဘာပေါ်ရှိ လူအရေအတွက်ထက် ပိုများကြောင်း၊ ထိုသန်းပေါင်းများစွာသော ပိုးမွှားများ၏ပမာဏမှာ အပ်နဖားအရွယ်မျှသာရှိကြောင်း သင်သိပါသလား။ ဆဲလ်တစ်ခုတည်းသာရှိသော ထိုသက်ရှိများသည် အလွန်သေးငယ်သဖြင့် မိုက်ခရိုစကုပ်ဖြင့် မကြည့် လျှင် မမြင်ရဘဲ ရေလေမြေနှင့်ကျွန်ုပ်တို့ခန္ဓာ ကိုယ်ပေါ်၌ မှီတင်းနေထိုင်ကြသည်။ ၎င်းတို့၏ လောကကို ကျွန်ုပ်တို့ မမြင်နိုင်၊ မထိမကိုင်နိုင် ငြားလည်း ၎င်းတို့နှင့် ကျွန်ုပ်တို့ မပြတ်ထိတွေ့ ပတ်သက်နေရသည်။
ဝိညာဉ်လောကနှင့် စပ်လျဉ်း၍ လူသားများအနေဖြင့် ကျွန်ုပ်တို့သည် ပရောဖက် ဗာလမ်မြင်သကဲ့သို့ မမြင်တွေ့နိုင်ပါ။ ငယ်သားနှစ်ယောက်နှင့်အတူ ခရီးသွားနေစဉ် “ထာဝရဘုရားသခင်၏ကောင်းကင်တမန်သည် ထားကိုမိုးလျက် လမ်း၌ ရပ်နေသည်ကို” (တော ၂၂း၂၃) သူ့မြည်းက မြင်သည်။ ကောင်းကင်တမန်ကို ရှောင်ကွင်းရန် မြည်းသည် လမ်းလွှဲ၍ လယ်သို့ဝင်လေသည်။ တစ်ဖန် စည်းရိုးကို ၀င်တိုး၍ ဗာလမ်ခြေကို ဖိမိပြန်သည်။ နောက်ဆုံးသွားလမ်းမရှိ၊ ချောင်ပိတ်မိသောအခါ မြည်းသည်…