စာရေးသူကို မေးပါ
နှစ်ပေါင်းများစွာတိုင် ကျွန်မသည် စာဖတ်သူအသင်းပေါင်းများစွာတွင် အဖွဲ့ဝင်ဖြစ်ခဲ့ သည်။ စာအုပ်တစ်အုပ်ကို ဖတ်ရှုပြီးနောက် မိတ်ဆွေများ အတူတကွ စုဝေးကာ စာရေးသူတင်ပြ ထားသော အတွေးအခေါ်အယူအဆကို ဆွေးနွေး ကြသည်။ ဤတွင် တစ်ယောက်က မေးခွန်း ထုတ်၍ မည်သူမျှမဖြေနိုင်သည့်အဖြစ်မျိုးက ရှောင်လွှဲ၍ မရသောကိစ္စပင်။ ထိုအခါ “စာရေးသူကို မေးလို့ ရရင် ကောင်းမယ်” ဟုပြောမိကြသည်။ ကိစ္စ တစ်ခုခုကို မဖြစ်ဖြစ်အောင်လုပ်နိုင်သည့် သဘော တရားက ယခုခေတ်စားနေပေရာ၊ စာရေးဆရာ အချို့ကို အခကြေးငွေများစွာပေးပြီး ဖိတ်ခေါ်ကာ စာဖတ်သူများနှင့်တွေ့ဆုံမေးမြန်းနိုင် လေပြီ။
၎င်းအဖြစ်သည် သမ္မာကျမ်းစာကို စုဝေး၍ လေ့လာကြသူ ကျွန်မတို့၏အဖြစ်နှင့် ခြားနားလှသည်။ ကျွန်ုပ်တို့ စုဝေးသည့်အခါတိုင်း သခင်ယေရှု ကျွန်မတို့နှင့် အတူရှိသည်။ အခကြေးငွေပေးရန်မလို။ အချိန်ညှိရန်မလို။ ခရီးစရိတ်ပေးရန်မလို။ ထို့အပြင် ကျွန်မတို့ နားလည်အောင် လမ်းပြမစမည့် သန့်ရှင်းသောဝိညာဉ်တော်ရှိသည်။ သခင်ယေရှု တပည့်တော်များကို…
ဘုရားသခင်ထံချဉ်းကပ်ခြင်း
ဘုရားသခင်နှင့်ပို၍ နီးကပ်စွာ လျှောက်
လှမ်းလေ အပြစ်ရှိလေဟု ခံစားရသဖြင့် ကျွန်ုပ် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့နောက် ကျွန်ုပ် အခန်းထဲတွင် သတိပြုမိခဲ့သည့်အရာအားဖြင့် အသိတရားရခဲ့သည်။ ပြတင်းပေါက်၌ တပ်ဆင် ထားသော လိုက်ကာ၏ဟနေသောနေရာလေးမှ အခန်းထဲသို့အလင်းကျရောက်ရာ ထိုအလင်းတန်း ထဲတွင် ဖုန်မှုန့်လေးများ လွင့်မျောနေသည်ကိုတွေ့ ရသည်။ အလင်းတန်းမရှိပါက အခန်းသည် သန့်ရှင်းနေသည်ဟု ထင်ရသော်လည်း အလင်းက ဖုန်မှုန့်များရှိကြောင်း ဖော်ပြနေသည်။
ထိုသို့တွေ့ရှိခြင်းကြောင့် ၀ိညာဉ်ရေး
အသက်တာတွင် အလင်းရှင်ကို ချဉ်းကပ်လေ မိမိကိုယ်ကို ပို၍ရှင်းလင်းစွာမြင်နိုင်လေဖြစ်ကြောင်း အသိတစ်ခုရရှိလိုက်သည်။ သခင် ခရစ်တော်၏အလင်းက ကျွန်ုပ်တို့၏မှောင်မိုက်သော အသက်တာများထဲတွင် ထွန်းလင်း သောအခါ ကျွနု်ပ်တို့၏အပြစ်များကို ထင်ရှားစေသည်။ ၎င်းက ကျွန်ုပ်တို့ကို စိတ်ပျက် စေရန်မဟုတ်ဘဲ မိမိကိုယ်ကိုနှိမ့်ချရန်နှင့် ကိုယ်တော်ကို ယုံကြည်ကိုးစားရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ပြီး ဘုရား၏စံသတ်မှတ်ချက်နှင့် မပြည့်မီသောကြောင့် မိမိ၏ဖြောင့်မတ်ခြင်းပေါ်တွင် ရပ်တည်၍မရပေ (ရော…
ဝန်ဖိစီးလေးလံလျက်
ရေကြောင်းသမိုင်း၌ ၁၆၂၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့သည် ကံဆိုးမိုးမှောင် ကျသည့်နေ့ပင်။ တော်ဝင်စစ်သင်္ဘော Vasa သည်
၎င်း၏ပွဲဦးထွက် ခရီးစဉ်ကို အစပြုခဲ့သည်။ ၂ နှစ် ကြာမျှ အချိန်ယူတည်ဆောက်ခဲ့ရသော ဆွီဒင် စစ်သင်္ဘောသည် အဆင်တန်ဆာများ အလျှံပယ် ဆင်ယင်ကာ အမြောက် ၆၄ လက်ကို တင်ဆောင် လျက် ခရီးစပြီး တစ်မိုင်ခရီးအကွာတွင် နှစ်မြှုပ်သွား တော့သည်။ မည်သို့ဖြစ်သွားသနည်း။ ၀န်ပိုများက လေးလံလွန်း၍ ပင်လယ်ခရီး မဆက်နိုင်တော့ပြီ။ ၀န်ပိုများက Vasa သင်္ဘောကို သမုဒ္ဒရာကြမ်းပြင်သို့ ဆွဲချသွားတော့သည်။
ခရစ်ယာန် အသက်တာ၌လည်း ၀န်ပို
များနှင့်လေးလံဖိစီးနိုင်သည်။ ဟေဗြဲဩ၀ါဒစာတွင် “ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို…
မည်သူ့အလိုနည်း
“အရာခပ်သိမ်း သင့်အလိုဆန္ဒအတိုင်း ဖြစ်စေသား” ဟူသည့် နှုတ်ခွန်းဆက်စကားလေးက တရုတ်နှစ်သစ်ကူးကာလအတွင်း တောင်းဆုပြု
ဆန္ဒပြုကြသည့် စကားလေးပါ။ အဖြစ်အပျက်များက
ကျွန်တော့်အလိုမဟုတ်ဘဲ ဘုရားအလိုအတိုင်း ဖြစ် ပျက်သောခါ အလွန်အံ့ဩစရာပင် ဖြစ်တော့သည်။
ရွေးချယ်ခွင့်ရမည်ဆိုလျှင် အဲဂုတ္တုပြည် ၌ ကျွန်ဖြစ်ရခြင်းကို ယောသပ်ရွေးခဲ့မည်မဟုတ်ပါ (က ၃၉း၁)။ သို့သော် သူသည် ကျွန်ပြုခံရလင့်ကစား “ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော်မူ သဖြင့် သူသည် အကြံထမြောက်တတ်၏” (း၂)။ “ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တု သား၏အိမ်ကို ကောင်းချီးပေးတော်မူ၏” (း၅)။
အဲဂုတ္တုပြည်၌ အကျဉ်းကျခံရမည့်ကိစ္စ
ကိုလည်း ယောသပ်အနေဖြင့် ဘယ်သောအခါမှ
ရွေးချယ်ခဲ့မည် မဟုတ်ပါ။ သို့သော် မတရားစွာ ယိုးစွပ်ခံရပြီး အကျဉ်းကျခဲ့ရသည်။ “သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ရှိ”ကြောင်း(း၂၁) ဒုတိယအကြိမ် တွေ့ရ ပြန်သည်။ ထောင်မှူး၏ မျက်နှာသာပေးမှုကိုခံရပြီး (း၂၂)၊ ထာဝရဘုရားသည်“သူပြုလေ…
ကြည့်မှန်
သင် ဘယ်နှစ်ကြိမ်မှန်ကြည့်သနည်း။ လေ့လာချက်အချို့အရ လူတို့သည် တစ်နေ့လျှင် ပျမ်းမျှ ၈ ကြိမ်မှ ၁၀ကြိမ်အထိမှန်ကြည့်သည်ဟု ဆိုသည်။ အချို့ကလည်း စတိုးဆိုင်ရှိ မှန်နှင့် ဖုန်းမျက်နှာပြင်ရှိ မှန်များကိုကြည့်ခြင်း အပါအ၀င် ဆိုလျှင် တစ်နေ့လျှင် အကြိမ် ၆၀ မှ ၇၀ အထိ ကြည့်ကြောင်း ဆိုပြန်သည်။
ဘာကြောင့် မကြာခဏ မှန်ကြည့် သနည်း။ အထူးသဖြင့် အစည်းအဝေးနှင့် သာရေး နာရေး လူမှုရေးပွဲများမသွားမီ မိမိ၏ရုပ်သွင်ကို စစ်ဆေးရန် မှန်ကြည့်ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူ အများစုက ဆိုကြသည်။ တစ်စုံတစ်ရာ လွဲချော် နေလျှင် ကျွန်ုပ်တို့ ပြုပြင်လိုသည်။ မှားနေသည်ကို ပြင်ရန် စိတ်ကူးမရှိပါက ဘာကြောင့် မှန်ကြည့်နေ ရဦးမည်နည်း။
ဘုရား၏နှုတ်ကပတ်တော်ကို ဖတ်နေ
ကြားနေပြီး နာခံလုပ်ဆောင်မှုမရှိခြင်းသည် မှန်ကိုကြည့်ပြီး ဘာမြင်ခဲ့သည်ကို မေ့လျော့ သွားခြင်းနှင့်တူကြောင်း ရှင်ယာကုပ်က ဆိုထားသည် (ယာ ၁း၂၂-၂၄)။…
တံတား တည်ဆောက်ခြင်း
ဂျိမ်းစ် မစ်ချန်နာ ရေးသည့် Centennial အပျော်ဖတ်ဝတ္တုမှာ အနောက်အမေရိကန်ဒေသသို့ အခြေချဝင်ရောက်ခြင်းအကြောင်း သမိုင်းမှတ်တမ်း ဖြစ်သည်။ ပြင်သစ်-ကနေဒီယန်လူမျိုး ကုန်သည်ကြီး ပါစကီနယ်၏ အမြင်ဖြင့် မစ်ချန်နာက Arapaho လွင်ပြင်ကြီးနှင့် ဥရောပသား လူမှုအသိုင်း အ၀န်းအခြေပြု စိန့်လူးဝစ်ဒေသအကြောင်းကို ရေးဖွဲ့သည်။ ကြမ်းတမ်းသောလူစွန့်စားကြီးက ဗြုတ်စဗျင်းတောင်းမြို့ပြနှင့် ကျယ်ဝန်းသော လွင်ပြင်ကြား ကျင်လည်ရင်း လုံးဝဆန့်ကျင်ဘက် ခြားနားသည့် ကမ္ဘာနှစ်ခုကြား ဆက်သွယ်ပေးသည့် တံတားသဖွယ်ဖြစ်လာသည်။
ခရစ်တော်နောက်လိုက်များ၌လည်း အလွန် ဆန့်ကျင်ဘက်ဖြစ်သည့် လောကနှစ်ခုကြား တံတားဆောက်ပေးရန် အခွင့်အရေး ရှိသည်။ သခင်ယေရှုကိုသိပြီး သခင့်နောက်လိုက်သူများနှင့် သခင်ကိုမသိသူများ၏ လောကနှစ်ခုဖြစ်ပါသည်။ သက်သာလောနိတ်မြို့ရှိ ကနဦးယုံကြည်သူများသည် ရုပ်တု ကိုးကွယ်သော ယဉ်ကျေးမှုအသိုင်းအ၀န်း၌ တံတားထိုးပေးခဲ့ခြင်းကြောင့် “သင်တို့ထံက သခင်ဘုရား၏နှုတ်ကပတ်တရားတော်အသံသည် မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက ... အရပ်ရပ်တို့၌ နှံ့ပြားလေ၏”(၁သက် ၁း၈) ဟု ရှင်ပေါလု မိန့်ခဲ့သည်။…
ထိန်းမရသော အရာကို ယဉ်ပါးစေခြင်း
တောဝက်မှအစ မြေခွေးအထိ တောရိုင်း
တိရိစ္ဆာန်များကို ယဉ်ပါးအောင် မည်သို့ ထိန်းကျောင်းရမည်ကို လူသားတို့သိရှိခဲ့သည်။ ကြော်ငြာများ၌ မျောက်များ သရုပ်ဆောင်ရန်၊ လူ့လက်မှအစာကို စားတတ်အောင် သမင်ကို လေ့ကျင့်ပေးခြင်း စသည်ဖြင့် တိရိစ္ဆာန်များကို လေ့ကျင့်သင်ကြားပေးခြင်းကို လူတို့ နှစ်သက် သဘောကျသည်။ တမန်တော် ရှင်ယာကုပ် ကလည်း “လူသည် အခြားသတ္တ၀ါများဖြစ်သော သားရဲတိရိစ္ဆာန်၊ ငှက်၊ တွားတတ်သည့်သတ္တ၀ါ၊ ငါးတို့ကို ကျိုးနွံယဉ်ပါးအောင်ပြုနိုင်၏။ ပြုလည်း ပြုခဲ့ပေပြီ” (၃း၇)ဟု ရေးသားခဲ့သည် (ခေတ်သုံး)။
သို့သော် ကျွန်ုပ်တို့ယဉ်ပါးအောင် မပြုနိုင်သည့်အရာရှိသည်။ လျှာဟူသည့် အရာသေးသေးလေးကို ထိန်းချုပ်အောင်နိုင်ဖို့ အရေး အခက်တွေ့နေသည်။ “လျှာကိုကား၊ အဘယ်သူမျှ မအောင်နိုင်” (း၈) ဟု ရှင်ယာကုပ် မိန့််ကြားသည်။
အဘယ်ကြောင့်ဆိုသော် လျှာဖျားတွင်ရှိဆဲ ပြောတော့မည့်စကားလုံးများသည် ကျွန်ုပ်တို့အတွင်းစိတ်၌ မြစ်ဖျားခံပြီး “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” (မ ၁၂း၃၄)။…
သူငယ်ကို ငါ့ထံသို့ ဆောင်ယူခဲ့ကြ
“ဘုရားကို မယုံဘူး၊ ဘုရားကျောင်း မသွားဘူး” ဟု မာ့ခ်က ဆိုသည်။ အေမီအနေနှင့် လည်ချောင်းမှ အလုံးကြီးမျိုချရန် မနည်းကြိုးစား နေရသည်။ သားတော်မောင်က ပျော်ရွှင်သော သူငယ်ဘ၀မှ ရိုင်းစိုင်းဂွတိုက်သည့် လူငယ်လေး အဖြစ် ပြောင်းလဲသွားသည်။ ဘ၀က စစ်မြေပြင် ပမာ ရုန်းကန်ရင်ဆိုင်ရမှုများနှင့်အပြည့်ပါ။ မာ့ခ်က မိသားစုများနှင့်အတူ ဘုရားကျောင်းသွားရန် ငြင်းဆန်နေ၍ တနင်္ဂနွေနေ့က စိုးရိမ်စရာနေ့ ဖြစ်လာသည်။ နောက်ဆုံး မိဘများက ဆရာများနှင့် ဆွေးနွေးပြီး အကြံဉာဏ်ရယူရာ ဆရာက “မာ့ခ် က သူရဲ့ယုံကြည်ခြင်း အသက်တာကို သူပဲတည်ဆောက်ရမယ်။ ကောင်းကင်နိုင်ငံထဲ အတင်းသွတ်သွင်းလို့မရဘူး၊ ဘုရားသခင်အလုပ်လုပ်ဖို့ အခွင့်ပေးပါ။ ဆက်ဆုတောင်းပြီး စောင့်ဆိုင်းပါ” ဟု အကြံပေးသည်။
အေမီတစ်ယောက် စောင့်ဆိုင်းရင်း ဆုတောင်းသည်။ တစ်မနက်တွင် သူ ဖတ်ခဲ့သောကျမ်းစာမှ သခင်ယေရှု၏စကားသံကို သူပြန်ကြားယောင်သည်။ တပည့်တော် များက နတ်ဆိုးစွဲနေသည့်သူငယ်ကို…
ချစ်မေတ္တာရေးရာ
“အသိဉာဏ်နှင့် စိတ်ခံစားချက်တို့ ပဋိပက္ခဖြစ်သောအခါ နှလုံးသားက ပို၍လိမ္မာ ပညာရှိသည်” ဟု “A General Theory of Love” စာအုပ်ကို ရေးသားသည့် စာရေးဆရာ များက ရေးသားကြသည်။ ယခင်က အသိ ဉာဏ်သည် နှလုံးသားကို ချုပ်ထိန်းသည်ဟု လူတို့ယုံကြည်ကြသော်လည်း ယခုတွင် ၎င်းနှင့် ဆန့်ကျင်ဘက် နှလုံးသားက အသိဉာဏ်ကို ထိန်းချုပ်ကြောင်းအချက်သည် အမှန်ဟု သိပ္ပံ ပညာက ဖော်ထုတ်တွေ့ရှိလာသည်။ “မိမိ မည်သူဖြစ်သည်၊ မိမိမည်သို့သောသူဖြစ်လာသည် ဆိုသည့်အချက်က မိမိချစ်သောသူအပေါ်၌ မူတည်သည်။”
သမ္မာကျမ်းစာနှင့် အကျွမ်းဝင်သူတို့ အနေဖြင့် ၎င်းသည် ရှာဖွေတွေ့ရှိမှုအသစ် မဟုတ်ဘဲ ရှေးဟောင်းအမှန်တရားအဖြစ် သိမှတ်မည်ပင်။ လူမျိုးတော်တို့အား ဘုရား သခင်ပေးသည့် အရေးကြီးဆုံးပညတ်တော်တွင် စိတ်နှလုံးကို အရေးပါသောကဏ္ဍ၌ ထားရှိခဲ့သည်။ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းရှိသမျှနှင့် ချစ်လော့” (တရား…
ကျွန်ုပ်တို့အတွင်းရှိ နှုတ်ကပတ်တော်
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ထံသို့ ပုံစံအမျိုးမျိုးနှင့်လာသည်။ ကျမ်းစာ
အခြေပြုတရားဟောချက်များ၊ ကျမ်းစာဖတ်ခြင်း၊ ဓမ္မသီချင်း၊ အဖွဲ့လိုက်ကျမ်းစာလေ့လာခြင်း၊ ၀တ်ပြု ကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်စာပေများ ဖတ်ရှုခြင်း စသည့်အားဖြင့် သမ္မာကျမ်းမှဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆောင်ကြဉ်းပေးလာသည်။ သို့သော် လူတစ်ဦးချင်းစီ၏ ကိုယ်တိုင်ဖတ်ရှု လေ့လာမှုကို လျစ်လျှူ၍မရပါ။
မကြာမီက တရားဟောရာကျမ်းနှင့် မဿဲ အခန်းကြီး (၅ - ၇) ကို ယှဉ်ပြီး တစ်ပိုဒ်ချင်းစီ သေချာစွာလေ့လာခဲ့ရာ ကျွန်တော့်စိတ်နှလုံး၌ ထိတွေ့အကျိုးရှိခဲ့သည်။ ပညတ်တော်ဆယ်ပါး (တရား ၅း၆-၂၁) နှင့် တောင်ပေါ်ဒေသနာ (မ ၅း၃-၁၂) ကို လေ့လာခြင်းဖြစ်ပါသည်။ တရားဟောရာကျမ်းတွင် ဘုရားသခင်က သူ့လူများ နာခံလိုက်လျှောက်ရန် ပဋိညာဉ်တရားဟောင်းကို သင်ပြပါသည်။
ရှင်မဿဲခရစ်ဝင်ကျမ်းတွင်မူ သခင်ယေရှုက ပညတ္တိကျမ်းကို ပြည့်စုံစေပြီး ပဋိညာဉ်တရားသစ်ကို တည်ထောင်ရန် သူကြွလာကြောင်း၊ ထိုတရားသစ်သည် ကျွန်ုပ် တို့ကို…