စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ပျောက်သော သိုးလေးတစ်ကောင်

ခရစ်စမတ်နိပါတ်တော်ပြဇာတ်အတွက် အစမ်းလေ့ကျင့်ရန် ဆိတ်နှင့်သိုးကိုငှားပြီး ဘုရားကျောင်းသို့ ယူဆောင်သွားရန် လော်ရာက ကားနောက်တွဲပေါ်သို့ တင်နေပါသည်။ တိရိစ္ဆာန်နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တိုးခွေ့ပြီးမှ နေရာကျသွားသည်။ ဘုရားကျောင်းသို့အသွား လမ်းတွင် သူ ကားဓာတ်ငွေ့ ၀င်ဖြည့်သည်။
ဓာတ်ငွေ့ဖြည့်စဉ် သူမက ကားရပ်နားသည့်နေရာ၌ ဆိတ်တစ်ကောင်ကို သတိထားမိ၍ ကြည့်လိုက်ရာ ကား နောက်တွဲ၌ သိုးလည်း မရှိတော့ပါ။ ၄င်းတို့ကို နေရာချရန်
အလုပ်ရှုပ်နေသည့် အချိန်အတောအတွင်းမှာ တံခါးမင်းတုံး ချလိုက်ရန် လော်ရာ မေ့သွားသည်။
လော်ရာက ရဲနှင့် မိတ်ဆွေအချို့ကိုအကြောင်းကြား လိုက်ပြီး နေမ၀င်မီ အချိန်လေးအတွင်း ဆိုင်ခန်းရုံးခန်း ကြိုကြား၊ ပြောင်းခင်းများနှင့် တောအုပ်လေးကြား အပူတပြင်း ရှာဖွေကြသည်။ ငှားလာသောတိရိစ္ဆာန်များကို ပြန်တွေ့ရန် အများက ၀ိုင်းဆုတောင်းပေးကြသည်။
နောက်နေ့မနက် လော်ရာနှင့် သူငယ်ချင်းတစ်ယောက်က သိုးပျောက် ကြော်ငြာစာရွက် ကပ်ရန် ထွက်လာပြီး၊ ပထမဆုံး ဓာတ်ငွေ့ဖြည့်ခဲ့သည့်ဆိုင်သို့…

ပန်းပွားများကို ကြည့်ပါ

အရောင်းရဆုံးစာရေးဆရာ ချိမ်း ပိုတော့ ၏ “ရွေးချယ်ခံရသူများ’’ The Chosen
ဆိုသည့်ဝတ္ထုတွင် ဂျူး ဘေ့စ်ဘော အသင်း ၂ သင်း နယူးယော့တွင် ယှဉ်ပြိုင်ကစား
ကြပုံဖြင့် အစပြုရေးသားခဲ့ပါသည်။ အဓိကဇာတ်ကောင် ရူးဗင် မော်လတာ က
တစ်ဖက်အသင်း၏၀တ်စုံတွင် တစ်မူထူးခြားသည့် အဆင်တန်ဆာတစ်ခုကို သတိပြု
မိသည်။ ၄င်းမှာ ကစားသမားတိုင်း၏အင်္ကျင်္ီတွင် တွဲလောင်း
ကျနေသည့် ပန်းပွားတပ် ကြိုးရှည် ၄ ချောင်းပင် ဖြစ်သည်။
ရူးဗင်က ၄င်းပန်းပွားများသည် ဘုရား၏ဓမ္မဟောင်း
ပညတ်တရားများကို တိကျစွာနာခံခြင်းဟူသည့် လက္ခဏာ
တစ်ရပ်ဖြစ်ကြောင်းကို မှတ်မိနေသည်။
tzitzit ဟု အမည်တွင်သော ဤပန်းပွားများ၏
ရာဇ၀င်သည် ဘုရားသခင်ထံမှလာသော သတင်းစကားနှင့်
အစပြုသည်။ ထာဝရဘုရားက မောရှေအားဖြင့် “သူတို့အမျိုးအစဉ်အဆက်တို့သည်
အ၀တ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍ ပြာသောကြိုးနှင့် ချည်တွဲကြရမည်။
ထိုပန်းပွားတို့ကို…

ကျရှုံးခြင်းသည် သေလောက်သော ဆုံးရှုံးမှု မဟုတ်

ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိသျှလူမျိုးများ၏စိတ်ဓာတ်ကို မည်သို့မြှင့်တင်ရမည်ကို
ဝန်ကြီးချုပ် ၀င်စတန် ချာချီက ကောင်းစွာ သိသည်။ ၁၉၄၀ ဇွန် ၁၈ ရက်နေ့တွင်
ကြောက်ရွံ့တုန်လှုပ်နေသော လူထုကြီးအား ၀န်ကြီးချုပ်က “ဟစ်တလာ က ငါတို့ကို
ရိုက်ချိုးဖြိုခွင်းပစ်မှ ဖြစ်မယ်ဆိုတာ သိနေတယ်။ နို့မဟုတ်
ရင်တော့ သူစစ်ရှုံးမှာလေ။ ဒါကြောင့် ငါတို့ အားတင်းကြစို့ ။
တကယ်လို့ နောင်နှစ်ပေါင်း ၁၀၀၀ ထိ ဗြိတိသျှ အင်ပါယာကြီး
ဆက်လက်တည်တံ့နေဦးမယ်ဆိုရင် လူတွေက ‘‘အဲဒီအချိန်
ဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်’’လို့ ပြောကြဦး
မှာပဲ ဆိုတာ မှတ်ထားကြစို့” ဟုပြောခဲ့သည်။
ကျွန်ုပ်တို့၏ “အကောင်းဆုံးအချိန်” ဖြင့်သာ ကျွန်ုပ်တို့ကို
သတိရစေချင်ကြပါသည်။ တမန်တော် ရှင်ပေတရု၏
အကောင်းဆုံးအချိန်မှာ “ကိုယ်တော်သည် ခရစ်တော်တည်း
ဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏…

ပညာရှိသော စကားများ

လူ၏ခန္ဓာကိုယ်တွင် မည်သည့် ကြွက်သားသည် အသန်မာဆုံး ဖြစ်သနည်း။ အချို့က
လျှာဟု ပြောကြသည်။ သို့သော် မည်သည့်ကြွက်သား အသန်စွမ်းဆုံးဖြစ်သည်ကို
ဆုံးဖြတ်ရန် မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ကြွက်သားများသည် တစ်ခုတည်း
အလုပ်မလုပ်ကြပါ။
သို့သော် လျှာသည် သန်မာကြောင်းကိုဖြင့် ကျွန်ုပ်တို့
သိကြသည်။ သေးငယ်သော ကြွက်သားလေး ဖြစ်လင့်
ကစား လျှာသည် များစွာသော ပျက်စီးခြင်းကို ဖြစ်စေနိုင်
သည်။ ဤကိုယ်ခန္ဓာ အစိတ်အပိုင်းလေးသည် ကျွန်ုပ်တို့အား
အစာစားသောက်ရန်၊ မြိုချရန်၊ အရသာခံရန်နှင့် အစာခြေမှု
အစပြုရန် ကူညီသကဲ့သို့ ကျွန်ုပ်တို့မပြောသင့် မပြောအပ်
သောစကားများ ပြောအောင်လည်း ပံ့ပိုးသည်။ မြှောက်ပင့်ခြင်း၊ ကျိန်ဆဲခြင်း၊
လိမ်ညာခြင်း၊ ၀ါကြွားခြင်းနှင့် အခြားသူများကို ပျက်စီးစေခြင်းတို့အတွက် လျှာသည်
အပြစ်ရှိပါသည်။ ၎င်းသည် အကင်းသာ ရှိသေး၏။
ထို့ကြောင့် အတော်အန္တရာယ်ရှိသည့် ကြွက်သားဟု ထင်ရသည်မဟုတ်လား။…

ကျွန်ုပ်တို့၏ မှီတွယ်ရာ ကျောက်ဆူး

အက်စတဲလာ ပိုင်ဖရွန်သည် ဆရာအဖြစ် စာသင်ကြားခြင်းမှ အနားယူပြီးနောက်
ဘတ်စ်ကား တစ်စင်းကိုဝယ်၊ ကွန်ပြူတာများ စာရေးစားပွဲခုံများ တပ်ဆင်ပြီး Brilliant
Bus - `ထက်မြက်သော ဘတ်စ်ကား´ဟုအမည်ပေးလိုက်သည်။ ယခုတွင် သူသည်
ဖလောရီဒါပြည်နယ် Palm Beach Country နယ်မြေ
တစ်လျှောက်တွင် မောင်းနှင်ရင်း ဒုက္ခရောက်နိုင်ချေရှိသော
ကလေးများအတွက် အိမ်စာလုပ်ရန်နှင့် နည်းပညာများ
လေ့လာရန် နေရာလေးတစ်ခု ပံ့ပိုးပေးသည်။
အက်စတဲလာသည် သာ၍ကောင်းမွန်သော အနာဂတ်
စိတ်ကူးအိမ်မက်ကလေးများကို စွန့်ပစ်လိုက်ရန် သွေးဆောင်
ခံနေရသည့် ကလေးငယ်များအတွက် တည်ငြိမ်ခြင်းနှင့်
မျှော်လင့်ခြင်းများကို ပံ့ပိုးကူညီနေခြင်းပင်ဖြစ်သည်။
ပထမရာစုနှစ်က ယုံကြည်သူခရစ်ယာန်
အသိုင်းအ၀ိုင်းတွင် ကြီးမားသော နာကျင်ခံစားစရာများ၊
စိတ်ပျက်အား လျော့စရာများက ခြိမ်းခြောက်လျှက်ရှိသည်။ ထို့ကြောင့် ဟေဗြဲသြ၀ါဒစာ
ကို ရေးသားသူက ခရစ်တော်၏နောက်လိုက်များအား မိမိတို့၏ အနာဂတ် မျှော်လင့်ခြင်း
နှင့်ဆိုင်သည့် ယုံကြည်ချက်ကို…

မရပ်မနား ဆည်းပူးသင်ယူပါ

ရှရေး(လ)သည် စာလောဘကြီးသူတစ်ဦးဖြစ်သည်။ အခြားသူများက တယ်လီဗေးရှင်း
ကြည့်၊ ဗီဒီယိုဂိမ်း ကစားနေကြစဉ် သူမက စာအုပ်နှင့်မျက်နှာမခွါဘဲ အာရုံနစ်မြှုပ်
နေတတ်သည်။
ဤစိတ်အားထက်သန်မှုသည် သူမ၏ ကလေးဘဝ
ကပင် အစပြုခဲ့သည်။ သူတို့မိသားစုသည် စာအုပ်ဆိုင်ပိုင်ရှင်
ဖြစ်သော အဘွားလေးနှင့် အဘိုးလေးတို့ထံ မကြာခဏ
သွားရောက်လည်ပတ်သည်။ ထိုစဉ်က ရှရေး(လ)သည်
ဘိုးဘိုးအက်(ဒ်)၏ပေါင်ပေါ်ထိုင်ပြီး ဘိုးဘိုးက စာအုပ်များ
ဖတ်ပြသည်။ ဤသို့ ဘိုးဘိုးက စာအုပ်များ၏အံ့ဖွယ်ရာများ၊
ပျော်ရွှင်ဖွယ်ရာများကို သူမအား မိတ်ဆက်ပေးခဲ့သည်။
လွန်ခဲ့သော ရာစုနှစ်များစွာက တိမောသေဆိုသော
လူငယ်လေးအား သူ့အဖွားနှင့်မိခင်တို့က ပထမဦးဆုံး
သမ္မာကျမ်းစာနှင့် မိတ်ဆက်ပေးခဲ့ကြောင်း ရှင်ပေါလုက
သူနောက်ဆုံးရေးသည့်စာ၌ အသိအမှတ်ပြု ရေးသားခဲ့သည်
(၂တိ ၁း ၅)။ ထို့နောက် ရှင်ပေါလုက တိမောသေအား
“ငယ်သောအရွယ်မှစ၍ လေ့ကျက်ခဲ့သော သမ္မာကျမ်းစာကို”
ဤခရစ်ယာန်အသက်တာအတိုင်း ဆက်လက် အသက်…

အပေါ်သို့ မော့ကြည့်လိုက်

ကျွန်တော့် အိမ်အနီးပန်းခြံရှိ လမ်းသွယ်လေးတွင် လမ်းလျှောက်ရသည်ကို
ကျွန်တော်နှစ်သက်သည်။ ထိုလမ်းသွယ်တစ်နေရာမှကြည့်လျှင် ပေ ၁၁၅ မြင့်၍
အံ့မခန်းသော Pikes Peak တောင်ထွတ် နောက်ခံဖြင့် Garden of the Gods လွင်ပြင်၌
အနီရောင် သဲကျောက်တုံးကျောက်စိုင် မြင်ကွင်းက
တစ်မျှော်တစ်ခေါ် ရှိလှသည်။ ယင်းနေရာလေးတွင်
လမ်းလျှောက်ရင်း မကြာခဏဆိုသလို ပြဿနာအချို့ကို
ကျွန်တော် စဉ်းစားတွေးတောရင်း ကျယ်ပြန့်ချောမွေ့သော
လမ်းကလေးကို ငုံ့ကြည့်မိတတ်သည်။ မည်သူမျှ အနားတွင်
မရှိပါက ကျွန်တော် ရပ်လိုက်ပြီး ” ဒေးဗစ်ရေ၊ အပေါ်ကို
မော့ကြည့်ကွ “ဟု အော်တတ်သည်။
နှစ်စဉ်ကျင်းပသည့် ၀တ်ပြုကိုးကွယ်ခြင်း ပွဲတော် ၃ ခု
တွင် ပါဝင်ဆင်နွှဲရန် ဣသရေလလူမျိုးများက ယေရုရှလင်
မြို့လမ်းအတိုင်း တက်သွားရင်း “Songs of Ascents”
ဟု အမည်ရသော…

သင်သည် အဘယ်သို့ဆိုင်သနည်း။

လူမှုကွန်ယက်များသည် ကိစ္စများစွာအတွက် အသုံးဝင်သော်လည်း ရောင့်ရဲ
တင်းတိမ်ခြင်းကို မဖြစ်စေပါ။ အနည်းဆုံးတော့ ကျွန်ုပ်အတွက် အသုံးမ၀င်ပါ။ ကျွန်ုပ်၏
ပန်းတိုင်များသည် ကောင်းမွန်သော်လည်း အခြားသူများက ၎င်းတို့၏ပန်းတိုင်များသို့
အရင်ရောက်သွားခြင်း၊ (သို့) ပိုကောင်းသော ရလဒ်များဖြင့် အောင်မြင်သွားကြောင်းကို
ဤကွန်ယက်များက အမြဲတမ်း သတိပေးနေသဖြင့် ကျွန်ုပ်
စိတ်ဓါတ်ကျသွားနိုင်သည်။ ကျွန်ုပ်သည် စိတ်ပျက်လွယ်သူ
ဖြစ်သဖြင့် ဘုရားသည် ကျွန်ုပ်ကို လျော့ပေါ့ ချီးမြှင့်မည်
မဟုတ်ပါဟု မကြာခဏ ကိုယ့်ကိုယ်ကိုယ် သတိပေးရပါသည်။
စေခိုင်းသောအမှုများကို ပြီးမြောက်ထမ်းဆောင် နိုင်အောင်
လိုအပ်သမျှကို ကျွန်ုပ်အား ကိုယ်တော်ပေးခဲ့ပြီးဖြစ်သည်။
အဓိပ္ပာယ်မှာ ကျွန်ုပ်သည် ဘက်ဂျက် လိုအပ်ငွေ
များများ မလို၊ အောင်မြင်မှုရမည်ဟု အာမခံချက်မလို၊ ပိုကောင်းသော လုပ်ငန်းခွင်
အနေအထားမလို၊ အခြားအလုပ်တစ်ခုလုပ်ရန်လည်း မလိုပါ။ အခြားသူ၏ ထောက်ခံ
ခွင့်ပြုချက်လည်း မလို၊ ကောင်းမွန်သော ကျန်းမာရေးနှင့်…

စိတ်မပျက်ပါနှင့်

တစ်ပတ်ပြီးတစ်ပတ် တစ်နေ့ ၃ ကြိမ် လုပ်ရသော ချက်ပြုတ်သည့်အလုပ်က ကျွန်မ
အတွက် ငြီးငွေ့ဖွယ်ကောင်းလှသည်။ အခွံသင်၊ လှီးဖြတ်၊ ကင်လျှင်ကင်၊ မကင်လျှင်ပြုတ်
စသည့်အလုပ်များ လုပ်ရခြင်းကို ကျွန်မအလွန်ငြီးငွေ့သည်။ သို့သော် စားသောက်ရခြင်း
ကိုကား ဘယ်တော့မှ မငြီးငွေ့ပါ။ ၄င်းသည် ကျွန်ုပ်တို့ကို ပျော်ရွှင်မှုကို ပေးစွမ်းသည့်အရာ
ဖြစ်ပါသည်။
ကောင်းမှုပြုရာတွင် အားလျော့စိတ်ပျက်တတ်
ကြောင်း(ဂလာ ၆း၇-၁၀) ရှင်ပေါလုသိခြင်းကြောင့် မျိုးစေ့
ကြဲခြင်းနှင့် ရိတ်သိမ်းခြင်း ဥပမာပေးလျက် “ထို့ကြောင့် ငါတို့
သည် အားမလျော့ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို
ကျင့်ကြကုန်အံ့၊ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်
သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်” ဟု(း၉)
ရေးသားခဲ့သည်။ မိမိရန်သူကိုချစ်ရန်၊ သားသမီးများကို
ဆုံးမရန်၊ စဉ်ဆက်မပြတ် ဆုတောင်းပတ္ထနာပြုရန် စသည့်
အမှုများက ပြုရန် ခက်ခဲပါသည်။ သို့သော် မျိုးစေ့…

ငြိမ်ဝပ်ခြင်း၏အင်အား

ကျွန်တော်၏ ခရစ်ယာန် အသက်တာနုစဉ်က ဘုရားထံဆက်ကပ်အပ်နှံစရာ များပြားလှ
သောကြောင့် အပြစ်ဒုစရိုက်သို့ ပြန်မသွားဘဲ တစ်နှစ်မျှပင် ခံနိုင်ပါမည်လားဟု တွေးမိ
သည်။ သို့သော် (ထွက်၁၄း၁၄) တွင် ပါရှိသည့် “ သင်တို့ဘက်၌ ထာဝရဘုရားသည်
စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာ နေရ
ကြမည်” ဟူသောကျမ်းပိုဒ်က ကျွန်ုပ်ကို အထောက်အကူ
ပေးခဲ့သည်။ ဤစကားများမှာ ဣသရေလလူတို့ကို အဲဂုတ္တု
ကျွန်ဘ၀မှ ထုတ်ဆောင်လာစဉ် ဖာရောဘုရင်က နောက်မှ
လိုက်လာချိန်၌ မောရှေ ပြောခဲ့သောစကားများ ဖြစ်သည်။
ထိုစဉ်က သူတို့အလွန်စိတ်ဓာတ်ကျ၍ ကြောက်ရွံ့နေသည်။
နုနယ်သောယုံကြည်သူ တစ်ယောက်အနေဖြင့်
ကျွန်ုပ်၏ကမ္ဘာလေးအား စုံစမ်းခြင်းများစွာက ၀ါးမြိုမတတ်
ရှိနေစဉ်တွင် “ငြိမ်ဝပ်စွာနေရမည်” ဟူသည့် အမိန့်တော်က
ကျွန်ုပ်အတွက် ခွန်အားဖြစ်စေပါသည်။ ၃၇ နှစ်ကြာပြီးနောက် ယခုတွင် စိတ်ဖိစီးမှု
များပြားလှသော အခြေအနေများတွင် ကိုယ်တော်ကို…