မမျှော်လင့်ဘဲ ရရှိလိုက်သောငွေ
၂၀၀၂ ခုနှစ် အောင်ဘာလေထီဆု တစ်ခုတွင် ဒေါ်လာ ၃၁၄ သန်း ပေါက်၍ ပျော်ရွှင် နေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အလွန် နှစ်လိုဖွယ်ကောင်းသော သူ့ဆန္ဒများကို ထုတ်ဖော် ပြောခဲ့သည်။ သူက လူမှုရေးအသင်းတစ်ခု ထူထောင်လိုသည်။ အလုပ်ပြုတ်သွားသော အလုပ် သမားများကို အလုပ်ပြန်ခန့်လိုသည်။ သူ့မိသားစု အတွက် ကောင်းသည့်အရာများ လုပ်ပေးလိုခဲ့သည်။ နဂိုကတည်းက ချမ်းသာပြီးသားဖြစ်၍ ယခုကဲ့သို့ ထီပေါက်သွားလည်း ပြောင်းလဲစရာအကြောင်းမရှိ ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။
နှစ်အနည်းငယ်အကြာတွင် အထက်ပါ
သတင်းနှင့်တစ်ခြားစီဖြစ်သော သတင်းတစ်ပုဒ်ပါလာသည်။ အကြီးဆုံးထီဆုကြီး ဆွတ်ခူး
ချိန်မှစ၍ ထိုသူသည် တရားဥပဒေဆိုင်ရာ ပြဿနာများနှင့်ရင်ဆိုင်ခဲ့ရပြီး သူ့ဂုဏ်သိက္ခာ လည်း ကျဆင်းခဲ့သည့်အပြင် သူ့ငွေအားလုံးကို လောင်းကစားလုပ်ပစ်ခဲ့သည်။
အာဂုရ အမည်ရှိ စဉ်းစားတွေးခေါ်တတ်သူက အထက်ပါ ကြေကွဲဖွယ် အဖြစ်မျိုးကို မှန်းဆရေးသားခဲ့သည်။ သူသည် မိမိ၏ပင်ကိုသဘာဝကို ကောင်းစွာ သိ…
စိတ်နှလုံးကြေကွဲခြင်းနှင့် မျှော်လင့်ခြင်း
အမေရိကန် ကျေးလက်ဂီတ အဆိုကျော် ဂျော့ ဂျုံး သည် အသက်(၈၁)နှစ်၌ ကွယ်လွန်သွားသောအခါ သူ့ပရိတ်သတ်များက စံတင်လောက်သည့်သူ့အသံ၊ ခက်ခဲကြမ်းတမ်း သော သူ့ဘ၀နှင့် ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုများ ကို အောက်မေ့ကြသည်။ သူ့သီချင်းအများစုက သူကိုယ်တိုင်၏ မျှော်လင့်ချက်မဲ့မှု၊ လိုအင်တောင့်တ မှုများကို ထင်ဟပ်ဖော်ပြခဲ့ကြသော်လည်း သူ့ဆိုပုံ ဆိုဟန်က လူတို့၏ရင်၌ နက်နက်ရှိုင်းရှိုင်း ထိမိပါ သည်။ ရှီကာဂို ထရီဗြူး သတင်းစာ၏ ဂီတကဏ္ဍ ဝေဖန်ရေးဆရာ ဂရက် ခေါ့ က “ဂျော့ ဂျုံး၏ အသံသည် စိတ်နှလုံးကြေကွဲမှုကို ဆောင်ကြဉ်း ပေးနိုင်ရန် ဖန်တီးထားခဲ့သည်” ဟု ပြောခဲ့သည်။
ဘုရားသခင်၏ နောက်တော်မလိုက်ဘဲ ခေါင်းမာငြင်းဆန်သည့် ယုဒလူများကြောင့် ယေရမိ စိတ်နာကျင်ရကြောင်းကို ယေရမိမြည်တမ်းစကား၌ မှတ်တမ်းတင်ထားသည်။ မကြာခဏ “ငိုကြွေးသောပရောဖက်” ဟုအခေါ်ခံရသောသူက ယေရုရှလင်မြို့ပျက်စီးရပုံ၊ သူ့ လူမျိုးများ…
တရိပ်ရိပ် တိုးဝင်လာသော ခရစ္စမတ်လား
ခရစ္စမတ်ကို ကျွန်ုပ်နှစ်သက်သည်။ ခရစ်တော်ဖွားမြင်ခြင်းကို ဆင်နြွှဲခင်း၊ ပွဲတော်ရာသီ၏ အံ့ဖွယ်အလှများ စသည်တို့က ကျွန်ုပ်အတွက် “တစ်နှစ်တာ၏ အံ့ဩကြည်နူးဖွယ် အကောင်းဆုံး
အချိန်ပင်။” သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်
ကစပြီး ခရစ္စမတ်ရာသီနှင့်အတူ စိတ်အနှောင့် အယှက်ဖြစ်မှုတို့ ပိုမိုဒွန်တွဲလာခဲ့သည်။ နှစ်စဉ်
နှစ်တိုင်း “ခရစ္စမတ်ပစ္စည်း အသုံးအဆောင်များ” က
ပိုမိုစောစီးစွာတိုးဝင် ထွက်လာကြသည်မှာ ယခုဆို မိုးရာသီစ၀င်ချိန်ကတည်းကပင်ဖြစ်တော့သည်။
ခရစ္စမတ်ကို ဒီဇင်ဘာလအတွင်းသာ သတ်မှတ်လေ့ရှိခဲ့ကြသော်လည်း ယခုဆို နိုဝင်ဘာ
လဆန်းကတည်းကပင် ရေဒီယိုမှ ခရစ္စမတ်တေးများ
ကြားနေရပြီ။ ခရစ္စမတ်အထူးပစ္စည်းများကို အောက်တိုဘာအတွင်းစတိုးဆိုင်များက စတင်ကြော်ငြာပြီး၊ စက်တင်ဘာအကုန်ပိုင်းတွင် ခရစ္စမတ်သကြားလုံးများ ထွက်လာသည်။ အမှုမဲ့အမှတ်မဲ့သာနေပါက တရိပ်ရိပ်လွှမ်းမိုး လာသော ဤအဖြစ်ကြောင့် ကျေးဇူးတော်ချီးမွမ်းရမည့်အချိန်ရာသီ၊ ပျပ်ဝပ်ကိုးကွယ်ရမည့် အချိန်ကိုပင် စိတ်ချဉ်ပေါက်သွားနိုင်သည်သာမက ဘာမှပင်ခံစားရတော့မည် မဟုတ်ပါ။
ထိုသို့ စိတ်ထဲစပြီးအနှောင့်အယှက်ဖြစ်လာချိန်တွင် “သတိရအောက်မေ့ခြင်း” အမှုကို ကျွန်ုပ်ကြိုးစားလုပ်ဆောင်သည်။ ခရစ္စမတ်၏အနက်က ဘာလဲ၊…
အချောသပ်ရုပ်ပုံကားချပ်
မြောက်အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်မြို့ ရှိ မြေလွတ်မြေရိုင်း ၁၁ ဧကသည် ဗြိတိသျှကျွန်းစု တွင် အကြီးမားဆုံး မြေပြင်ရုပ်ပုံကားချပ်ကြီးဖြစ်
သွားသည်။ အနုပညာရှင်ကြီး ဟော့ ဂျေရိုဒရီဂတ်-ဂျရဒါ က Wish - ဆန္ဒ ဆိုသော မြေပြင်ရုပ်ပုံကြီးကို သစ်သားတုံး ၃၀၀၀၀၊ မြေကြီး တန်ချိန် ၂၀၀၀၊ သဲတန်ချိန် ၂၀၀၀၊ မြက်၊ ကျောက်တုံးလေးများ၊ ကြိုးနှင့်အခြားပစ္စည်းများဖြင့် ပြုလုပ်ဖန်တီးခဲ့သည်။
နောက်ဆုံး အချောသပ် အနုပညာ လက်ရာသည် မည်သို့မည်ပုံရှိမည်ကို အစပိုင်းတွင် အနုပညာရှင်ကြီးကသာ သိသည်။ သူသည် ပစ္စည်း တန်ဆာပလာများသယ်ရန် အလုပ်သမားများနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးများကို ငှားရမ်းသည်။ သူတို့လည်း လုပ်ရင်း ကိုင်ရင်း မကြာမီတွင် အံ့ဩဖွယ်အနုပညာလက်ရာတစ်ခု ပေါင်းစပ်ဖြစ်ပေါ်လာတော့မည်ကို ခပ်ရေးရေးသာ ရိပ်မိကြသည်။ နောက်ဆုံး ပုံပေါ်လာပါပြီ။ မြေပြင်မှ ကြည့်လျှင် ဘာပုံမှန်း မသိရ။…
ခုနစ်စင်ကြယ်၏ အမည်ဝှက်
အမေရိကန် ပြည်တွင်းစစ်ကြိုကာလ (၁၈၆၁- ၆၅) က ထွက်ပြေးတိမ်းရှောင်ကြသော ကျွန်များသည် မြေအောက်မီးရထားလမ်းဟူသည့် တောင်မှမြောက်သို့ပေါက်သော လျှို့ဝှက် လမ်းကြောင်း များနှင့် လမ်းတစ်လျှောက် ကျွန်စနစ် တိုက်ဖျက်သူများ၏ နောက်သို့လိုက်ခဲ့ပြီး လွတ်လပ် မှုကို ရရှိခဲ့ကြသည်။ ကျွန်များသည် ညအချိန်၌
မိုင်ပေါင်းများစွာ ခရီးနှင်ကြပြီး (ရေဘူးတောင်း-ဘူးသီးခွံရေဘူး) ခေါ် “Drinking Gourd” ခုနစ်စဉ်ကြယ်၏အလင်းရောင်ကို ကြည့်ကာ လမ်း မမှားအောင် သွားကြရသည်။ “Drinking Gourd” မှာ ဓူဝံကြယ်ကို ညွှန်ပြသော ခုနစ်စဉ်ကြယ်၏ အမည်ဝှက်ဖြစ်သည်။ ထွက်ပြေးသော ကျွန်များ ခရီးနှင်ရာတွင် လမ်းမမှားအောင် “Follow the
Drinking Gourd” (ရေဘူးတောင်း နောက်သို့လိုက်)
ဆိုသော သီချင်းစာသားများပါ လျို့ဝှက်လမ်းညွှန်သင်္ကေတေများ အသုံးပြုကြကြောင်း အချို့က ယုံကြည်ကြသည်။
ကျွန်စနစ်တိုက်ဖျက်သူများနှင့် ရေဘူးတောင်း တို့က ကျွန်များအား လွတ်မြောက်ရာသို့…
နောက်တော်လိုက်ရခြင်း၏ဂုဏ်
ယေရုရှလင်မြို့သို့ သွားရောက် လည်ပတ်စဉ်က “ငိုကြွေးရာနံရံ” အနီး ဖြတ်လျှောက်သွားသည့် ရဗ္ဗိဆရာအိုကြီးတစ်ဦး ကို ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက မြင်လိုက်သည်။ စိတ်ဝင်စားစရာမှာ ရဗ္ဗိဆရာကြီးနောက်မှ လူငယ် ယောက်ျားလေး ငါးယောက်က ကပ်လိုက်နေကြ သည်။ သူ့တို့သည်လည်း သူတို့၏ဆရာ ရဗ္ဗိကြီး ကဲ့သို့ပင် ကိုယ်ကို ကွေးချည်မတ်ချည် ပြုလုပ်ကာ လမ်းလျှောက်ကြသည်။ ၎င်းကို တွေ့မြင်သော အော့သိုဒေါ့ ဘာသာဝင် ဂျူးဆိုလျှင် ဘာကြောင့် သူတို့၏ဆရာကဲ့သို့ သူတို့လိုက်လုပ်သည်ကို အသေအချာသိသည်။ အကြောင်းမှာ သူတို့သည် “နောက်လိုက်များ” ဖြစ်သောကြောင့်တည်း။
ဂျူး ဘာသာ၏ သမိုင်းတစ်လျှောက်တွင် ဂုဏ်အရှိဆုံးအရာများအနက်မှ တစ်ခုမှာ ရဗ္ဗိတစ်ဦး၏ “နောက်လိုက်” ဖြစ်ခွင့်ရရှိခြင်းပင်ဖြစ်သည်။ နောက်လိုက်များသည် ရဗ္ဗိ၏ခြေရင်းတွင်ထိုင်၍ သင်ကြားမှုကို ခံယူကြသည်။ ရဗ္ဗိ၏စကားများကို လေ့လာကြ သည်။ အခြားသူများနှင့် ဘ၀အပေါ် သူမည်ကဲ့သို့ တုံ့ပြန်သည်ကို စောင့်ကြည့်ကြသည်။ နောက်လိုက်တစ်ဦးသည် အသိမ်ငယ်ဆုံးအလုပ်ကို…
တံတိုင်းကို ဖြိုချလိုက်
နိုင်ငံအချင်းချင်း အပြန်အလှန် ခြိမ်းခြောက်မှုနှင့် အာဏာတန်ခိုးအတွက် ယှဉ်ပြိုင်မှု များကြောင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလ များကို စစ်အေးတိုက်ပွဲကာလဟု ခေါ်ဆိုကြသည်။ ၁၉၆၁ ခုနှစ် ဩဂုတ်လတွင် တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၃၀ နီးပါး တည်တံ့ခဲ့သောဘာလင်တံတိုင်း သည် တငွေ့ငွေ့လောင်နေသည့် မုန်းတီးစိတ်၏ အထင်ရှားဆုံး သင်္ကေတတစ်ခုဖြစ်သည်။ သို့သော်
၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဂျာမနီပြည် အရှေ့ဘက်မှ အနောက်ဘက်သို့ အတားအဆီး မရှိ၊ ပြည်သူများ လွတ်လပ်စွာ ကူးလူးသွားလာ
နိုင်ပြီဟု ကြေညာခဲ့သည်။ တံတိုင်းကြီး တစ်ခုလုံးကို
နောက်တစ်နှစ် အကြာတွင် ဖြိုဖျက်ခဲ့ကြသည်။
ဓမ္မဟောင်းကျမ်းတွင် ညီအစ်ကိုများ၏မုန်းတီးခြင်းကိုခံရသော ဖခင်၏ အချစ်ဆုံးသား ယောသပ်အကြောင်းကို လူတိုင်းရင်းနှီးပြီးသားဖြစ်သည် (က ၃၇-၅၀)။
သို့သော် သူ့ကိုကျွန်အဖြစ်ရောင်းစားခဲ့သော အစ်ကိုများနှင့်သူ့ကြားတွင် အမုန်းတံတိုင်း တည်ဆောက်ရန် သူငြင်းဆန်ခဲ့သည်။ နှစ်များစွာကြာပြီးနောက် အစာရိက္ခာပြတ်လပ်မှု…
လိမ္မော်သီးလား / နို့လား
ကျွန်မ၏သမီးငယ်ကို ၃ လသား အရွယ်
ကလေးငယ်တစ်ဦး အိမ်သို့လာရောက်လည်ပတ် မည်ဟု ပြောသောအခါ သူပျော်ရွှင်နေသည်။ ကလေးတစ်ဦး၏ဧည့်ဝတ်ပြုလိုသော စိတ်ဆန္ဒဖြင့် ကျွန်မတို့၌ရှိသော အစားအစာအချို့ကို ဧည်ခံ ကျွေးမွေးရန် သူက အကြံဉာဏ်များပေးနေသည်။ မီးဖိုချောင်ရှိ အရည်ရွှမ်းသော လိမ္မော်သီးကို ကလေးငယ် နှစ်သက်လိမ့်မည်ဟု သူထင်သည်။ ကလေးငယ်သည် နို့ကိုသာသောက်ကြောင်း၊ သို့သော် သူကြီးလာလျှင် လိမ္မော်သီးကို ကြိုက်ချင် ကြိုက်လိမ့်မည်ဟု ကျွန်မရှင်းပြခဲ့သည်။
သမ္မာကျမ်းစာကလည်း ထိုအချက်နှင့်သဘောချင်းတူသည့် ယုံကြည်သူ
တစ်ဦး၏၀ိညာဉ်အစာလိုအပ်မှုအကြောင်းကို ဖော်ပြထားသည်။ သမ္မာကျမ်းစာ၏အခြေခံ သွန်သင်ချက်များက နို့နှင့်တူပြီး ၎င်းသည် ယုံကြည်သူအသစ်များအတွက် ရှင်သန်ရန်နှင့် ကြီးထွားရန် အကူအညီပေးသည် (၁ပေ ၂း၂-၃)။ အခြားတစ်ဘက်တွင်မူ “စုံလင်
သောအရွယ်ရှိသောသူတို့မူကား ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏” (ဟေဗြဲ ၅း၁၄)။ အခြေခံသွန်သင်ချက်များကို နားလည်သိရှိပြီးသော ယုံကြည်သူများ
သည် အခြားသော သမ္မာကျမ်းစာ၏သွန်သင်ချက်များကို ဆက်လက်လေ့လာပြီး…
အဆပေါင်းများစွာ ပွားလိုက်ပါ
ငါးနှစ်ကြာမျှ ကင်ဆာရောဂါနှင့် အေမီ ရင်ဆိုင်ခဲ့ရပြီးနောက် ဆရာဝန်က ဆေးများမတိုး တော့ကြောင်း၊ ရက်သတ္တပတ်အနည်းငယ်သာ အသက်ရှင်တော့မည်ဟု သူ့ကို ပြောလိုက်သည်။ ‘ထာဝရ’ အကြောင်းကို နားလည်စိတ်ချမှု လိုအပ် သဖြင့် “ကောင်းကင်ဘုံက ဘယ်လိုမျိုးလဲ” ဟု အေမီ သူ့သင်းအုပ်ဆရာကို မေးမြန်းခဲ့သည်။
သင်းအုပ်ဆရာက မြေကြီးပေါ်မှာ အသက်ရှင်စဉ် ဘယ်အရာကို အနှစ်သက်ဆုံးလဲ ဟု သူ့ကို ပြန်မေးသည်။ သူမက လမ်းလျှောက်ရခြင်း၊ သက်တန့်များ၊ ဂရုစိုက်သောသူငယ်ချင်းများ၊ ကလေးများ၏ရယ်မောသံများ စသည်တို့ကိုနှစ်သက်ကြောင်း ပြောပြခဲ့သည်။ “ အဲဒီတော့ အဲဒီအရာတွေ အားလုံးကောင်းကင်ဘုံမှာ ကျွန်မခံစားရမယ်လို့ ဆရာဆိုလိုတာလား” ဟု သိချင်ဇောဖြင့် သူမ မေးလိုက်သည်။
သင်းအုပ်ဆရာက “ကောင်းကင်ဘုံမှာ မင်းရဲ့အသက်တာဟာ ဒီလောကမှာ နှစ်သက်ခဲ့တဲ့ တွေ့ကြုံခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေထက် အပြတ်အသတ် လှပဆန်းကြယ် မယ်လို့ ဆရာယုံကြည်တယ်။ ဒီကမ္ဘာမှာ မင်းအတွက်အကောင်းဆုံးအရာကို ပြန်စဉ်းစားပြီး…
မြင်း၏ခွန်အား
ဒုန်းစိုင်းနေသော မြင်းတစ်ကောင်၏ ခွန်အား၊ အလှနှင့်ခံ့ညားမှုတို့ကို တစ်ခဏ မြင်ယောင် ကြည့်ပါ။ ခေါင်းကိုမော့ထားပြီး ၎င်း၏ လည်ဆံမွေးများ လေထဲတွင်ပျံ့လွင့်နေကာ သူ၏ ခြေထောက်များက အရှိန်၊ အားမာန်အပြည့်ဖြင့် တညီတညွတ်တည်း လှုပ်ရှားနေကြသည်။
မြင်းသည် ဘုရားသခင်၏ ပြောင်မြောက်
သော ဖန်ဆင်းခြင်းလက်ရာကို ဖော်ကျူးသည့် အံ့သြဖွယ် ဥပမာတစ်ခု မဟုတ်ပါလား။ ကျွန်ုပ်တို့ အံ့အားသင့် မိန်းမောသွားအောင်၊ ပျော်ရွှင်အောင် ထိုမျှမက လူသားတို့အတွက် အကျိုးပြုသော မြင်းသတ္တ၀ါကို ဘုရားသခင် ဖန်ဆင်းပေးထားသည် (ယောဘ ၃၉)။ သေချာစွာ လေ့ကျင့်ထားပါက ရဲရင့်သော အဖော်ဖြစ်လာသည်။ လိုအပ်ချိန်များတွင် မြင်းသည် ကြောက်ရွံ့မှုကင်းလျက် ရဲရင့်သည်။ တိုက်ပွဲများတွင် စစ်သူရဲကို အရှိန်အဟုန်နှင့်
ဦးဆောင်ခေါ်ဆောင်သွားတတ်သည်။ (း၂၄-၂၅)။
ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းလက်ရာအားဖြင့် သူ၏အစိုးပိုင်မှုကို ယောဘအား သွန်သင်ခြင်းဖြစ်လင့်ကစား ထိုကျမ်းပိုဒ်က ဘုရားသခင်၏ကမ္ဘာတွင် ကျွန်ုပ်တို့၏တန်ဖိုးမည်သို့ရှိကြောင်းကိုလည်း သတိပေးထားသည်။…