အငယ်ဆုံးထက်ပိုသေးသော
မိမိကိုယ်ကို အထင်ကြီးသူများကဲ့သို့ မဟုတ်ဘဲ အပြစ်ကြောင့် သူ့ဘ၀ပျက်ပြီဟု ယာကုပ်
သိရှိခဲ့သည် (က ၃၂း၁၀)။ သူ့ကိုယ်သူ ဘုရား သခင်၏ကျေးဇူးတော်နှင့် မထိုက်တန်ဟုယူဆ ခဲ့သည်။ သူ့အစ်ကိုဧသော၏သားဦးအရာကို သူ လှည့်စားရယူခဲ့ပြီး (က ၂၇)။ ထိုအချက်ကြောင့် သူ့အစ်ကိုက သူ့ကိုမုန်းသည်။ ယခုနှစ်အတန်ကြာ ပြီးနောက် ယာကုပ်သည် အစ်ကိုဧသောနှင့် နောက်
တစ်ဖန် မျက်နှာချင်းဆိုင်ရန် အကြောင်းဖန်လာ သည်။
“ကရုဏာ သစ္စာတော် အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ” ဟု ယာကုပ် ဆုတောင်းခဲ့ သည်။
အသေးငယ်ဆုံးအရာကိုညွှန်းဆိုသည့် “အငယ်ဆုံး” ဆိုသည့် စကားလုံးကို ယာကုပ် သုံးကာ “ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏” (၃၂း၁၀-၁၁)။
“ကိုယ်တော်၏ ကရုဏာသစ္စာကို ကျွန်ုပ်မခံထိုက်ပါ။.... ကယ်လွှတ်တော်မူပါ။” ဟူသည့် စကားစုနှစ်ခုကို တွဲပြီးမြင်ရခြင်းက တစ်မူထူးခြားနေသည်။ ယာကုပ်၏ မျှော်လင့်ခြင်းက သူ၏ထိုက်တန်မှုအပေါ်တွင် မူမတည်ဘဲ…
ထိုးထွင်းသိမြင်ခြင်းလား၊ အမှန်တကယ်လား
“ထိုးထွင်းသိမြင်ခြင်းက အမှန်တကယ် ဖြစ်သည်” ဟု ပြောဆိုမှုများကို ကျွန်ုပ်တို့ မကြာခဏ ကြားရသည်။ အမေရိကန်များအတွက် ထိုအတွေး အခေါ်က သမ္မတလောင်းနှစ်ဦး၏ စကားစစ်ထိုးပွဲကို တီဗွီမှ ပထမဆုံးစတင်ထုတ်လွှင့်သည့် ၁၉၆၀ စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။ ကင်မရာရှေ့တွင် ဂျွန် ကနေဒီ က အေးဆေးတည်ငြိမ်သည့်ဟန် ပေါက်နေပြီး ရစ်ချက် နစ်စင် က စိုးရိမ်နေသည့်ဟန် ပေါက်နေ၍ ကနေဒီ သည် ပို၍ အားမာန်ပြည့်သည့်ခေါင်းဆောင် တစ်ဦးဖြစ်လာမည်ဟု သိမြင်နားလည်ခဲ့ကြသည်။ စကားစစ်ထိုးပွဲက ရွေးကောက်ပွဲကို ပြောင်းလဲပေး လိုက်ရုံသာမက အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး လုပ်ထုံးလုပ်နည်းများကိုပါ ပြောင်းလဲပစ်ခဲ့ သည်။ နိုင်ငံရေးတွင် ထိုးထွင်းသိမြင်မှုရှိခြင်းက အရေးပါသောကျင့်စဉ်ဖြစ်လာခဲ့သည်။
တစ်ခါတစ်ရံတွင် နားလည်သိရှိခြင်သည် အမှန်ဖြစ်နေတတ်သည်။ သို့သော် အမြဲတော့မဟုတ်ပါ။ အထူးသဖြင့် ဘုရားနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏သိရှိနားလည်မှုများ ဖြစ်သည်။ သခင်ယေရှုနှင့်တပည့်တော်များ…
ဘုရား ဂရုစိုက်သလား
“သခင်ယေရှုရှိရင် လုံလောက်ပြီလား၊
ခရစ်တော်နှင့် ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေး
ကျွန်ုပ်တို့ရပ်တည်နိုင်လောက်အောင် လုံလောက်
ပါရဲ့လား၊ ကျွန်ုပ်တို့ဆက်လက် အသက်ရှင်ရာတွင်
သခင်ယေရှုနှင့် လုံလောက်ပါရဲ့လား၊ ကိုယ်တော်
ကျွန်ုပ်တို့ကို ဂရုစိုက်ပါရဲ့လား” စသည့် မေးခွန်း
များနှင့် မီနီနှင့် ဂျော့ လေစီတို့ ရင်ဆိုင်ခဲ့ကြရသည်။
၁၉၀၄ ခုနှစ်က သာသနာပြုများအဖြစ်
အမှုဆောင်စဉ်အတွင်း သူတို့၏ အငယ်ဆုံးသမီးမှာ
နေမကောင်းဖြစ်ပြီး ဖျားနာခဲ့သည်။ ထို့နောက်
သူတို့၏ကလေး ငါးယောက်လုံးမှာ ဆက်တိုက်
ကြက်သွေးရောင်အဖုအပိမ့်များထသည့် ကူးစက်
ရောဂါဖြင့် နှစ်သစ်ကိုမမြင်ရဘဲ သေဆုံးသွားသည်။
၎င်းတို့၏ကြီးမားသောအထီးကျန်မှုနှင့် ၀မ်းနည်းပူဆွေးမှုအကြောင်းကို သာသနာပြုအဖွဲ့သို့
ရေးသားပေးပို့သောစာများ၌ ဂျော့ လေစီက “တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ခံနိုင်တာထက်
ပိုနေသည်ဟု ထင်ရသည်။” သို့သော် သူက ဆက်၍ “ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိနေ
သည်။ အံ့သြဖွယ်ရာ ကျွန်ုပ်တို့ကို ကူညီမစနေသည်” ဟုရေးသားခဲ့သည်။ သူတို့၏ဘဝ
အမှောင်ကျချိန်၌…
ဘုရား ဂရုစိုက်သလား
“သခင်ယေရှုရှိရင် လုံလောက်ပြီလား၊ ခရစ်တော်နှင့် ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေး ကျွန်ုပ်တို့ရပ်တည်နိုင်လောက်အောင် လုံလောက် ပါရဲ့လား၊ ကျွန်ုပ်တို့ဆက်လက် အသက်ရှင်ရာတွင် သခင်ယေရှုနှင့် လုံလောက်ပါရဲ့လား၊ ကိုယ်တော်
ကျွန်ုပ်တို့ကို ဂရုစိုက်ပါရဲ့လား” စသည့် မေးခွန်း များနှင့် မီနီနှင့် ဂျော့ လေစီတို့ ရင်ဆိုင်ခဲ့ကြရသည်။
၁၉၀၄ ခုနှစ်က သာသနာပြုများအဖြစ် အမှုဆောင်စဉ်အတွင်း သူတို့၏ အငယ်ဆုံးသမီးမှာ နေမကောင်းဖြစ်ပြီး ဖျားနာခဲ့သည်။ ထို့နောက် သူတို့၏ကလေး ငါးယောက်လုံးမှာ ဆက်တိုက် ကြက်သွေးရောင်အဖုအပိမ့်များထသည့် ကူးစက် ရောဂါဖြင့် နှစ်သစ်ကိုမမြင်ရဘဲ သေဆုံးသွားသည်။ ၎င်းတို့၏ကြီးမားသောအထီးကျန်မှုနှင့် ၀မ်းနည်းပူဆွေးမှုအကြောင်းကို သာသနာပြုအဖွဲ့သို့
ရေးသားပေးပို့သောစာများ၌ ဂျော့ လေစီက “တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ခံနိုင်တာထက် ပိုနေသည်ဟု ထင်ရသည်။” သို့သော် သူက ဆက်၍ “ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိနေ သည်။ အံ့သြဖွယ်ရာ ကျွန်ုပ်တို့ကို ကူညီမစနေသည်” ဟုရေးသားခဲ့သည်။ သူတို့၏ဘဝ
အမှောင်ကျချိန်၌…
လက်ဖယ်လိုက်
ကလေးဘ၀က လက်ကို နောက်ပစ် ချည်တုပ်ထားပြီး ရေထဲမြုပ်ချည်ပေါ်ချည်ဖြစ်နေ သော ပန်းသီးကို ကိုက်ဖမ်းရသည့်ကစားနည်းကို သတိရမိသည်။ ပေါလောပေါ်နေသည့် ပန်းသီး တစ်လုံးကို လက်မသုံးဘဲ သွားဖြင့် ကြိုးစား ကိုက်ဖမ်း
ရသည်မှာ ကသိကအောက်နိုင်လှသည့် အတွေ့
အကြုံတစ်ခုပင် ဖြစ်သည်။ ၎င်းက လက်များ၏ မရှိမဖြစ် အရေးကြီးမှုကို သတိပေးသည်။ လက်ဖြင့် ကျွန်ုပ်တို့စားသောက်သည်။ လက်ဆွဲ နှုတ်ဆက်သည်။ နေ့စဉ်အသက်ရှင်မှုတွင် မရှိမဖြစ်
လုပ်ဆောင်ရမည့်အရာများကို လက်ဖြင့် လုပ် ကြရ သည်။
ဆာလံ ၄၆း၁၀ ကို ကျွန်ုပ်ဖတ်သောအခါ “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ကို သိမှတ်ကြလော့” ဟု ဘုရားသခင်၏မိန့်ကြားချက်က စိတ်ဝင်စားစရာကောင်းသည်။ ဟေဗြဲစကား “ငြိမ်ဝပ်ခြင်း”၏အဓိပ္ပာယ်မှာ “ကြိုးစား အားထုတ်မှုကို ရပ်တန့်ခြင်း” (သို့) မူရင်းအတိုင်းဆိုပါက “ကျွန်ုပ်တို့၏လက်များကို ရုပ်သိမ်းပြီး ဘေးကပ်ထားခြင်း” ဖြစ်သည်။ ဒုက္ခနှင့်ကြုံတွေ့ရပါက…
ဖန်စီ ပန်းချီကား
ကျွန်မတို့မြို့သည် နှစ်စဉ်မိုးရာသီ၏ ရက်သတ္တပတ် သုံးပတ်တာမျှ အနုပညာခန်းမကြီး သဖွယ် ပြောင်းသွားလေ့ရှိသည်။ ကမ္ဘာတစ်ဝန်းမှ အနုပညာရှင် ၂၀၀၀ နီးပါးသည် သူတို့၏ဖန်တီးမှု လက်ရာများကို ပြခန်းများ၊ ပြတိုက်များ၊ဟိုတယ်များ၊ ပန်းခြံများ၊ လမ်းမများ၊ ကားရပ်နားသည့်နေရာများ၊ စားသောက်ဆိုင်များ၊ ဘုရားကျောင်းများနှင့် မြစ်ထဲ ၌ပင် ပြသထားကြသည်။
ပြိုင်ပွဲဝင်လက်ရာများအနက် ကျွန်မ အနှစ်သက်ဆုံးမှာ ရောင်စုံဖန်စလေးများဖြင့် ပြုလုပ် ထားသော ဖန်စီ ပန်းချီကားများပင်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဆုရသွားသော လက်ရာမှာ အနုပညာရှင် မီယာ တာဗိုနက်တီ ၏ ၉x၁၃ ပေရှိ ရောင်ခြယ်ဖန် ဖြင့်
ကားတိုင်တွင်အသေခံခြင်းကို ပုံဖော်ထားသည့် ဖန်စီပန်းချီကားဖြစ်သည်။ ထိုအနုပညာ လက်ရာကို ကြည့်ရှုနေစဉ် ပန်းချီကားကို ဖန်စများဖြင့်ပုံဖော်ရာတွင် အကြိမ်ကြိမ် လက်ရှမိ ကြောင်း ပုံဖော်ခဲ့သူ အနုပညာရှင်ကိုယ်တိုင် ဆွေးနွေးပြောဆိုနေသည်ကိုလည်း ကြားခဲ့ ရသည်။
ထိတ်လန့်ဖွယ်အဖြစ်အပျက်တစ်ခုကို…
အချစ်ဆိုသည်မှာ
လွန်လေသော နှစ်များစွာက လက်ထပ် ထိမ်းမြားရန် စေ့စပ်ထားသည့် လူရွယ်တစ်ဦးအား “သူ့ကို ချစ်တယ်ဆိုတာ မင်းဘယ်လိုသိလဲ” ဟု
ကျွန်တော်မေးဖူးသည်။ မေးခွန်းက ပြန်၍ဆင်ခြင်
သုံးသပ်စေသောမေးခွန်းမျိုးဖြစ်ပြီး၊ မကြာမီ လက်ထပ်မည့် သူ့စိတ်ရင်းရည်ရွယ်ချက်ကို ပြန်၍
သုံးသပ်နိုင်အောင်မစရန် ရည်ရွယ်ပါသည်။ အချိန်အတန်ကြာမျှ ဆင်ခြင်သုံးသပ်ပြီးမှ “ သူ့ကို
ချစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျွန်တော့်တစ်ဘ၀လုံး သူ့ကို ပျော်ရွှင် အောင် လုပ်ပေးရင်းနဲ့ ကုန်လွန်သွားချင်ပါတယ်” ဟု သူက ဖြေသည်။
ထိုစကား၏ဆိုလိုရင်းမှာ မိမိအရေးကို ရှေ့တန်းတင်ခြင်းထက် အခြားသူ၏အရေး/အကျိုးကို မပြတ်ရှာကြံခြင်းဖြစ်ပြီး ၎င်းသည် ကိုယ်ကျိုးမငဲ့ အတ္တမဆန်သောသဘောဖြစ်သည်။ ၎င်းနှင့်တွဲပါလာသည့် ပေးဆပ်ရမည့်အဖိုးအခကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြသည်။ အချစ်စစ် မေတ္တာမှန်သည် ကိုယ်ကျိုးစွန့်ရမည့် ကိစ္စများစွာနှင့် ဆက်စပ်ပတ်သက်နေသည်။
ထိုအယူအဆက သမ္မာကျမ်းစာ သွန်သင်ချက်နှင့်ထပ်တူဖြစ်သည်။ ကျမ်းစာတွင် ဂရိဘာသာဖြင့် အချစ်/မေတ္တာကိုပြသည့်…
တေးဂီတနှင့် အသံချဲ့စက်
ခရစ္စတိုဖာ လော့ခ်သည် ကြေးတံပိုး ခရာ တူရိယာအဟောင်းများကိုဝယ်ပြီး အိုင်ဖုန်းနှင့် အိုင်ပက်များ၌ တပ်ဆင်သည့် အသံချဲ့စက်များ အဖြစ် အသွင်ပြောင်းယူသည်။ ခရာနှင့် သဏ္ဌာန်တူသည့် သူတီထွင်သော အသံချဲ့ စပီကာကို (၁၈၀၀) ပြည့်နှစ် နောက်ပိုင်းက ကနဦး ဓာတ်ပြားစက်များတွင် စတင်အသုံးပြုခဲ့သည့် တံပိုးခရာပုံစံ အသံချဲ့စက်ပုံစံမျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။ ခရစ္စတိုဖာ တီထွင်ထားသည့်ပစ္စည်းကို အသုံးပြုပြီး တေးဂီတနားထောင်ပါက ဒစ်ဂျစ်တယ် စပီကာငယ်လေးများမှ ကြားရသည့် အသံထက် အသံပိုကျယ် ပိုကြည်ပြီး အသံအား ပိုပြည့်သည်။ ဤအသံချဲ့ ကြေးစပီကာ၏စွမ်းဆောင်နိုင်ချက်က လျှပ်စစ်ပါဝါအားမလိုဘဲ လူတို့နားဆင်လိုသည့် တေးဂီတသီချင်းများကို အသံချဲ့ပေးသည်။
ခရစ်တော်အတွက် အသက်ရှင်ရာ၌၊ အခြားသူများအား ခရစ်တော်အကြောင်း ဝေမျှပြောပြရာ၌ ကျွန်ုပ်တို့သည် တေးဂီတသီချင်းမဟုတ်ဘဲ၊ အသံချဲ့စက်သာ ဖြစ်ကြောင်း၊ ကောရိနသုမှခရစ်တော်နောက်လိုက်များအား ရှင်ပေါလုပြောကြားသည့်စကားက ယနေ့ ကျွန်ုပ်တို့အတွက်လည်း သတိပေးချက်ဖြစ်သည်။ “ငါတို့သည် ကိုယ်အကြောင်းကို…
နောက်ယောင်လိုက်ခံရခြင်း
ကျွန်တော့်ကို တစ်စုံတစ်ယောက်က နောက်ယောင်ခံလိုက်နေသည်။ မှောင်နေသည့် စင်္ကြံလမ်း ထောင့်ချိုးလှေကားထစ်အတိုင်း တက်ရန် စိုင်းပြင်းနေစဉ် လူရိပ်တွေ့ရ၍ လန့်ဖျပ် ကာ
ကြက်သေ သေသွားရသည်။ နောက်ထပ် ရက် အတန်ကြာတွင် ထပ်ကြုံရပြန်သည်။ ကော်ဖီဆိုင် တစ်ဆိုင်၏နောက်ဖေးမှ လှည့်ပြန်လာစဉ် ကျွန်တော့်ထံလာနေသည့် လူရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အဖြစ်အပျက် နှစ်ကြိမ်စလုံးတွင် ကိုယ့်အရိပ်နှင့်ကိုယ် ပြန်လန့်နေခြင်းဖြစ်၍ ရှက်ပြုံး နှင့်သာ အဆုံးသတ်သွားသည်။
ပရောဖက် ယေရမိက ကြောက်စရာ အစစ်နှင့် မိမိတွေးပြီးကြောက်နေသည့်အရာက မတူကြောင်း မိန့်ကြားသည်။ ဗာဗုလုန်မင်းကို ကြောက်သဖြင့် ယေရုရှလင်၌နေရမည်လား၊ ၎င်း တို့၏လုံခြုံမှုအလို့ငှာ အဲဂုတ္တုပြည်သို့ ပြန်ရမည်လား၊ ဘုရားအလို မည်သို့ရှိသည်ကို ယုဒလူတို့က ပရောဖက်ကြီးကို မေးမြန်းကြသည် (ယေ ၄၂း၁-၃)။ ယေရမိက ဤပြည်၌
နေပြီး ထာဝရဘုရားသခင်ကို ကိုးစားယုံကြည်ပါလျှင် ဘာမှကြောက်စရာမလိုဟု ပြန်ဖြေ ခဲ့သည် (း၁၀-၁၂)။…
အချည်းနှီး သက်သက်
ဟောင်ဝဒ် လီဗစ် သည် ဒေါ်လာ နှစ်သိန်းတန် ဖဲရရီပြိုင်ကားကို ရေမြုပ်နေသည့် တိုရန်တို အဝေးပြေးလမ်းမ၌ ဆုံးရှုံးခဲ့သည်။ ဗွက်အိုင်ဟုထင်ရသည့်ရေထဲ ကားကို မောင်းချ သွားပြီးမှ ရေပိုနက်ပြီးရေတက်မြန်လာသည်ကို သိလိုက်ရသည်။ ရေက ကားရွှံ့ကာအထိ တက်လာ ပြီး ပါဝါ မြင်းကောင်ရေ (၄၅၀) အား စက်အင်ဂျင်လည်း ထိုးရပ်သွားတော့သည်။ သို့သော် ဟောင်ဝဒ်ကိုယ်တိုင် ကားထဲမှ လွတ် ထွက်ပြီး မြေအမြင့်ပိုင်းသို့ လွတ်မြောက်နိုင်ခဲ့၍ တော်တော့သည်။
ဟောင်ဝဒ်၏ ပြိုင်ကားလေးက “စည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်ကြောင်း” (ဒေ ၅း၁၄) ရှောလမုန် မင်းကြီး တွေ့ရှိဖော်ပြခဲ့သည့်အချက်ကို သတိပေးသည်။ သဘာဝဘေးဒဏ်၊ သူခိုးဘေး၊ မတော်တဆမှုများက ကျွန်ုပ်တို့အမြတ်နိုးဆုံး ပိုင်ဆိုင်မှုများကို လုယူသွားနိုင်သည်။ ကျွန်ုပ်တို့က ကာကွယ်မှုအစီအမံများ ပြင်ဆင်ထားလည်း ၎င်းတို့ကို ကောင်းကင်နိုင်ငံသို့ မိမိနှင့်အတူ ယူမသွားနိုင်ပါ (း၁၅)။ ရှောလမုန်မင်းကြီးက…