စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Joanie Yoder

တကယ့်ဖြစ်ရပ်မှန်အတွက် ပြင်ဆင်ခြင်း

လွန်ခဲ့သောနှစ်များတစ်လျှောက်တွင် သခင်ယေရှု ပြန်ကြွလာမည့်အချိန်ကို လူအနည်းငယ် က အတိအကျ ဟောကိန်းထုတ်ကြသည်။ ယမန်နှစ်က အမေရိကန်တရားဟောဆရာတစ်ဦးသည် မေလ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်၌ ယေရှုရှင်ပြန်ကြွလာမည်ဟု ရေဒီယိုမှတစ်ဆင့် ကြိုတင်ခန့်မှန်းရာ မီဒီယာလောက၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။

သမ္မာကျမ်းစာကို သိကျွမ်းသူတိုင်း ဤသတိပေးချက်သည် အတိအကျမဟုတ်ကြောင်း သိကြသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကိုယ်တော်တိုင် “သင်တို့မထင်မမှတ်သော အချိန်၌ လူသားသည် ကြွလာလိမ့်မည်”ဟု မိန့်ကြားခဲ့သည်။ သို့သော် ဤခန့်မှန်းချက်က ကျွန်ုပ် အာရုံကို ဖမ်းစားကြောင်းကိုဖြင့် ၀န်ခံရပေမည်။ မကြာခဏပင် ကျွန်ုပ်သည် ဘ၀၏အလုပ်များကြား နစ်မွန်းလျက် သခင်ယေရှု ပြန်ကြွလာရန် အဝေးကြီးလိုနေသကဲ့သို့ အသက်ရှင်သည်။ ယေရှုရှင် အချိန်မရွေး၊ ပြန်ကြွလာနိုင်ကြောင်းကို မေ့နေသည်။ ဤခန့်မှန်းချက်အမှားသည်ပင် ကယ်တင်ရှင် ပြန်ကြွလာချိန်အတွက် ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ပြန်ကြွလာချိန်သည် အချိန်မရွေး၊ ယနေ့ လည်းဖြစ်နိုင်ကြောင်း သတိပေးပြီး…

အဖြစ်ရှိသောအသက်တာကို တည်ဆောက်ခြင်း

ကျွန်တော့်မြေးများသည် ရောင်စုံလေးထောင့်တုံး၊ တြိဂံပုံ သုံးမြောင့်တုံးလေးများဖြင့် သူတို့ စိတ်ကူးရှိသည့်အတိုင်း ခံတပ်၊ လေယာဉ်ပျံ၊ အိမ် (သို့) အညွှန်းစာရွက်ပုံစံ ပြထားသည့်အတိုင်း ဆောက်ချင်ရာဆောက်လုပ် ကစားရခြင်းကိုနှစ်သက်သည်။

အတုံးလေးများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်ပြီး အတုံးများကိုဆက်ကြသည်။ လမ်းညွှန် စာရွက်မလိုဟု သူတို့ထင်ကြသည်။ နောက်ဆုံးသူတို့စိတ်ကြိုက် လုပ်ချင်ရာလုပ်ပြီး ထွက်လာသည့် ရလဒ်က ပုံမလာဖြစ်သွားသည်။ ထို့ကြောင့် ပြန်ဖျက်လိုက်ပြီး အသစ်တစ်ဖန် ပြန်တည်ဆောက် လေသည်။ ဤတစ်ကြိမ်၌မူ ပုံစံငယ်အညွှန်းကို ကြည့်ကြလေသည်။

တစ်စစီဖြစ်နေသော သင့်အသက်တာကို ဘုရားသခင်၏အလိုတော်နှင့်အညီ တစ်ဖန် ပြန်လည်တည်ဆောက်လိုပါသလား။ ယေရှုခရစ်ကို အခြေပြုကာ ဘုရားသခင် ချမှတ်ရေးဆွဲထား သော အသက်တာလမ်းအတိုင်း စတင်လျှောက်လှမ်းပါ။ ၁ ကော ၃း၁၀-၁၁ ၌ ရှင်ပေါလုက ယေရှု ခရစ်တည်းဟူသော တိုက်မြစ်၌ “အဘယ်သို့ ထပ်ဆင့်၍တည်ဆောက်သည်ကို လူတိုင်းသတိပြု” ရန် သတိပေးထားသည်။ ဘုရားသခင်…

မည်သူချီးကျူးခံရလဲ

Little Jack Horner ဆိုသည့် ကလေးတေးကဗျာကို ကျွန်ုပ် နားမလည်နိုင်။ ထိုကဗျာ၌ Little Jack Horner ဆိုသည့် ချာတိတ်လေးက အခန်းထောင့်လေးမှာထိုင်ရင်း မုန့်စားကာ မုန့်ထဲမှ မက်မန်းသီး လေးကို နှိုက်စားရင်း “တယ်တော်တဲ့ ငါပါ လား”ဟု ဆိုသည်။

အခန်းထောင့်၌ လက်မလေးထောင်ရင်း “ကျွန်တော်ဟာ လူတော်လေးပါ”ဟု ပြောနေသည့် Jack သည် အူကြောင်ကြောင်နိုင်လွန်းလှသည်။ အခန်းထောင့်သို့ အပို့ခံရသူသည် လူဆိုးလေးများဖြစ်ပြီး အပြစ်ဒဏ်ခံရခြင်းဖြစ်သည်။ ဂျက်သည် အကြောင်းမရှိ၊ အကြောင်းရှာသက်သက် လူတွေ သူ့ကို စိတ်ဝင် စားလာအောင်၊ သူ့ကို မုန့်ထပ်ပေးအောင် လုပ်နေခြင်းသာဖြစ်သည်။

ကျွန်ုပ်တို့လည်း မိမိ၏အောင်မြင်မှုစွမ်းရည်များကို လူအများမြင်အောင် စိတ်ဝင်စားလာအောင် လုပ်တတ်ကြသည်။ ဘ၀တွင် ကိုယ်အမှုကိုသာ ရှုမှတ်ရမည်ဟု ကျွန်ုပ်တို့တွေးတတ်ကြသည်။ သို့ငြားလည်း ထိုသို့အသက်ရှင်ခြင်းသည် အဆိုးရွားဆုံး ကိုယ့်ကိုကိုယ်ကို လှည့်စားမှုသာဖြစ်သည်။ စင်စစ် မိမိ၏ပြစ်မှားမှုဒုစရိုက်များက ကျွန်ုပ်တို့ကို…

ဖမ်းကိုင်ထားသူ

ဘ၀အသက်တာဟူသည် စွန့်စားရသည့် အန္တာရာယ်များသောလုပ်ငန်းပမာ။ တစ်ခါတစ်ရံ ကြီးမားသောအောင်မြင်မှုကို ခံစားရရှိပါသည်။ သို့သော်လည်း ရုတ်တရက်အလွန်စိတ်ဓာတ်ကျ ဆင်းမှုကို ခံစားရပြီး အရှုံး ကျဆုံးမှု၏ ခြောက်လှန့်ခြင်းကို ခံစားရပါသည်။ ရှေ့အနာဂတ်တွင် မျော်ကြည့်စရာ မျှော်လင့်ချက် ရှိပါမည်လားဟု နှလုံးသား၌ခံစားရ၏။

မကြာသေးမီက ဈာပန၀တ်တစ်ခုတွင် ဆရာက ဆပ်ကပ်၌ ကောင်းကင်ဘားကစားသူ တစ်ဦးအကြောင်းကို ပြောပြသည်။ ဆပ်ကပ်ပွဲတွင် ကောင်းကင်ဘားကစားသူကို အဓိကလူအဖြစ် အများက မြင်ကြသော်လည်း ၎င်းမှာ မဟုတ်ကြောင်း၊ တကယ့်အခရာကျသူမှာ တစ်ဖက် ဘားတန်းမှသူ့ကိုဖမ်းမည့်သူသာဖြစ်သည်ဟု သူဝန်ခံပြောကြားသည်။ အခြားတစ်ဖက်မှ ကောင်းကင်ဘားအဖွဲ့သားတစ်ဦးက ဘားတန်းကိုခိုပြီး သူ့ကိုဖမ်းကာမြေပြင်ပေါ်သို့ ကောင်းစွာ ကျသွားရန် ကူညီပေးသည်။ အဓိကသော့ချက်မှာ ယုံကြည်စိတ်ချမှုပင်ဖြစ်ပါသည်။ ကြိုးတန်း တစ်ဖက်မှ လက်ဆန့်တန်းလျက် လွှဲပျံလာသူက သူ့လက်ကိုဖမ်းကိုင်မည့်သူသည် သူ့ကိုဖမ်းရန် အသင့်ရှိသူ၊ သူ့ကို သူဆုပ်ဖမ်းနိုင်သောခွန်အားရှိသည်ဟု ယုံကြည်ရပါမည်။ သေဆုံးခြင်းဆိုသည် မှာ ဘုရားသခင်ကို ဖမ်းကိုင်သူအဖြစ်…