စာရေးသူ

အားလုံးမြင်နိုင်ရန်
Julie Ackerman Link

ဂျူလီ အက်ကာမန်း လင့်

ဂျူလီ အက်ကာမန်း လင့် (Julie Ackerman Link)သည် နာတာရှည်ကင်ဆာရောဂါ ခံစားရပြီးနောက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဘုရားသခင်၏အိမ်တော်သို့ ပြန်သွားခဲ့သည်။ ၂၀၀၀ ခုနှစ် မှစ၍ ဆရာမသည် Our Daily Bread စာမူများကို လစဥ် ရေးသားခဲ့သည်။ သူမသည် Our Daily Bread စာဖတ်သူများ အကြိုက်များသူဖြစ်သည်။ သူမ၏ ထိုးထွင်းအမြင် ရှိသော၊ စိတ်ဓာတ် တက်ကြွစေသော စာမူများသည် ကမ္ဘာတလွှားရှိ လူသန်းပေါင်းများစွာ၏ အသက်တာကို တို့ထိခဲ့သည်။ သူမသည် Our Daily Bread Ministries ၏ အသင်းဝင်ဖြစ်သော Discovery House ပုံနှိပ်တိုက်မှ ထုတ်ဝေသော Above All, Love နှင့် A Heart for God စာအုပ်များကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဂျူလီ အက်ကာမန်း လင့်

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း

‘‘ပျော်ရွှင်နေရင်းနဲ့ အချိန်တွေ ကုန်သွားပါတယ်’’ဟူသည့်ဆိုရိုးစကားသည် မည်သို့ ပေါ်လာမှန်း မသိသော်လည်း အတွေ့အကြုံများအရဆိုလျှင် မှန်ကန်သည်ဟု ထင်မြင် ရသည်။ မိမိ လုပ်ချင်သည့်အလုပ် လုပ်နေရလျှင်၊ မိမိအတူရှိနေချင်သူနှင့် ရှိနေရလျှင် ဘ၀ကြီးက သာယာလျက် အချိန်ကုန် မြန်လှသည်။

ဤ‘‘အဖြစ်မှန်’’က ဗျာဒိတ်ကျမ်း အခန်းကြီး ၄ ၌ ဖော်ပြထားသည့် အဖြစ်အပျက်ကို အမြင်သစ်ဖြင့် ရှုမြင်စေ သည်။ ဘုရားသခင်၏ပလ္လင်တော်အနီးရှိ သတ္တ၀ါလေးပါး သည် စကားတစ်လုံးတည်းကို ထပ်ခါတလဲလဲ ပြောနေခြင်း မှာ အလွန်ပျင်းရိငြီးငွေ့စရာဟု ယခင်က ကျွန်ုပ်တွေးခဲ့မိသည်။

ယခု ထိုသို့ မတွေးတော့ပါ။ ထိုသတ္တ၀ါလေးပါးသည် သခင်၏ပလ္လင်တော်အနီးအပါး၌ နေရပြီး၊ သူတို့၏မျက်လုံး များစွာဖြင့် မြင်တွေ့နေရမည့် မြင်ကွင်းများကို ဆင်ခြင်မိသည် (း၆၊ ၈)။ ဘုရားသခင်၏ပညာတော်နှင့် တစ်ကိုယ်ကောင်း ဆန်ပြီး အပြောင်းအလဲမြန်သော၊ ထိန်းကျောင်းရခက်သော  လူသားများအပေါ်ထားရှိသည့် သခင်၏ကရုဏာတော်ကို ၎င်းတို့မြင်ပြီး တအံ့တသြဖြစ်နေမည်။…

ဘုရားသခင် ပြင်ဆင်ဖြည့်ဆည်းပေးသည်

ကျွန်မရုံးခန်း၏အပြင်ဘက်တွင် အေးမြသည့်ဆောင်းရာသီကို အံတုလျက် ရှဥ့်ကလေးများ အစာသိုလှောင် စုဆောင်းနေသည်။ ၎င်းတို့၏ဆူညံရှုပ်ရှက်ခတ်နေကြပုံက ရယ်စရာ၊ ချစ်စရာဖြစ်သည်။ သမင်အုပ်ကြီးက အသံမမြည်ဘဲ ကျွန်မတို့ ခြံအနောက်ဘက်မှ ဖြတ်သွားနိုင်သော်လည်း ရှဥ့်လေးတစ်ကောင်တည်းကပင် ကျူးကျော်သူများ ၀င်ရောက် လာသည့်ပမာ ဆူညံနေသည်။
ထိုသတ္တ၀ါနှစ်မျိုး၏ အခြားသော မတူညီကွဲပြားမှု များလည်း ရှိသေးသည်။ သမင်များက ဆောင်းတွင်းအတွက် အစာကို ပြင်ဆင်စုဆောင်းရန် မလို၊ နှင်းကျလာသည်နှင့် ၎င်းတို့မှာ ကျွန်မတို့ခြံထဲရှိ အလှစိုက်ထားသည့်အပင်များ အပါအ၀င် တွေ့သမျှအရွက်များကို ရှာဖွေစားသောက်သည်။ ရှဥ့်များက ထိုကဲ့သို့ပြုပါက အစာငတ်ကြလိမ့်မည်။ ၎င်းတို့အတွက် သင့်လျော်သည့်အစာ မရှာနိုင်ဖြစ်သွားမည်။
သမင်များနှင့်ရှဥ့်လေးများက ဘုရားသခင် ကျွန်မတို့ကို ဂရုပြုစောင်မပုံ နည်းလမ်း များကို ကိုယ်စားပြု ဖော်ပြနေသည်။ အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းရန် ကိုယ်တော်ပြင်ဆင်ပေးပြီး ကျွန်မတို့စုဆောင်းထားသမျှအရာများ ပြတ်လပ်ကုန်လျှင် ကျွန်မတို့၏လိုအပ်မှုအတွက် ကိုယ်တော်က ဖြည့်ဆည်းပေးသည်။ လိုအပ်မှုရှိလာမည့်…

လွတ်မြောက်မှုကို ခံစားဆင်နွှဲခြင်း

ပြန်ပေးဆွဲခံခဲ့ရပြီး ၁၃ ရက် ကြာ ဓားစာခံအဖြစ် အဖမ်းခံရပြီးနောက် လွတ်မြောက်လာသူ နယူးဇီလန်နိုင်ငံသား သတင်းဓာတ်ပုံဆရာ Olaf Wiig ၏မျက်နှာတွင် အပြုံးပန်းများ ဝေေ၀ဆာဆာနှင့် ‘‘တစ်ဘ၀လုံး အသက်ရှင်လာခဲ့တဲ့ အချိန်တွေထက် အခုအချိန်က ပိုပြီး ရှင်သန်သက်ဝင်နေတယ်လို့ ခံစားရတယ်’’ ဟု ပြောကြားခဲ့သည်။
ပြန်လည်လွတ်မြောက်လာခြင်းက လွတ်လပ်နေခြင်း ထက် ပို၍စိတ်လှုပ်ရှား ၀မ်းမြောက်စရာကောင်းသည်။ နားလည်ရန် ခက်သည် မဟုတ်ပါလား။
နေ့ရက်တိုင်း လွတ်လွတ်လပ်လပ် နေရခြင်းကို နှစ်သက်သူများအတွက် Olaf ၏၀မ်းမြောက်မှုက ကျွန်ုပ် တို့သည် အလွန်ကောင်းချီးခံစားရသူများ ဖြစ်ကြောင်းကို အလွယ်တကူ မေ့လျော့တတ်ကြောင်း အထင်အရှား သတိပေးနေသည်။ ၀ိညာဉ်ရေး၌လည်း ဤအရာက မှန်ကန် ပါသည်။ ခရစ်ယာန်ဖြစ်ခဲ့သည့်အချိန် ကြာညောင်း လာသော် အပြစ်၏ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသည့် အဖြစ်က မည်သို့ ဖြစ်သည်ကို ကျွန်ုပ်တို့ ခဏခဏ မေ့သည်။ ထိုအခါ…

ဘုရားသခင်အပေါ်နားလည်မှုအမြင်

ကာရီကချယ်  ရုပ်ပြောင်ရေးဆွဲသူ အနုပညာရှင်တို့သည် လူစည်ကားသည့်နေရာများတွင်  သင့်တင့်သောဈေးနှုန်းဖြင့်  ရွှင်မြူးဖွယ်ရာပုံများကို ရေးဆွဲကြသည်။ သူတို့ရေးဆွဲသော ပုံများသည် မျက်နှာ၏ထင်ရှားသောအစိတ်အပိုင်းကို အသားပေးရေးဆွဲထားပြီး တစ်ဘက်က ချဲ့ကားထားသော်လည်း တစ်ဘက်တွင် အရေးမကြီး၊ ကိစ္စမရှိသည့် သဘောဖြစ်သည်။ မိမိပုံမှန်းသိနိုင်၍ ရယ်စရာ ကောင်းသည်။
သို့သော် ဘုရားသခင်၏ဂုဏ်တော်ကို  တစ်ဘက်က
ချီးမြှောက်ပြီး တစ်ဘက်တွင် အရေးမကြီးသကဲ့သို့ ရှုမြင်ခြင်းက မဖြစ်သင့်ပါ။ ဘုရားသခင်၏ဂုဏ်တော်ကို   ပေါ့တန်စွာ တွေးလျှင် လူတို့ အမြင်စောင်းပြီး အလေးမထား
ကြတော့ပါ။ ဘုရားသခင်သည် အမျက်တော်ထွက်ပြီး မညှာမတာ စီရင်တတ်ကြောင်း အချက်ကို ပေါ့တန်စွာ ရှုမြင်သောအခါ ဘုရားသခင်၏သနားခြင်း ကရုဏာ သဘောကို အလွဲသုံးစားလုပ်ရန် သွေးဆောင်ခံရတတ် သည်။ ဘုရားသခင်ကို ကြင်နာတတ်သူ ဘိုးဘိုးအဖြစ် မြင်သူများသည် ၎င်းတို့ မတရားခံရသည့်အချိန်တွင် ဘုရားသခင်သည် ကြင်နာခွင့်လွှတ်ကြောင်းကို လက်သင့် မခံနိုင်။ ဘုရားသခင်ကို အသက်ရှင်သောနှစ်သက်ဖွယ်…

သင့်ဆံပင်ကို ဖြည်ချလိုက်ပါ

သခင်ယေရှု ကားတိုင်ပေါ်တွင် အသေသတ်ခြင်းမခံရမီ မာရိအမည်ရှိအမျိုးသမီးသည် တန်ဖိုးကြီးဆီမွှေးကို သခင့်ခြေတော်ပေါ် လောင်းခဲ့သည်။ ထိုထက်ပိုပြီး ရဲတင်းသော အပြုအမူကား သူမ၏ဆံပင်ဖြင့် ခြေတော်ကို သုတ်ပေးခဲ့သည် (ယော ၁၂း၃)။ သူ့တစ်သက်စာ စုဆောင်းရသမျှကို စွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ဂုဏ်အသရေကို စွန့်လွှတ် ခဲ့ရသည်။ ပထမရာစုနှစ်အချိန်က  အရှေ့အလယ်ပိုင်းဒေသ ယဉ်ကျေးမှုတွင် ဂုဏ်အသရေရှိ အမျိုးသမီးသည် သူတို့၏ ဆံပင်ကို လူပုံအလယ်တွင် ဘယ်သောအခါမှ ချမပြပါ။ သို့သော် စစ်မှန်သောဝတ်ပြုခြင်းသည် သူတစ်ပါး မည်သို့ ထင်မည်နည်းဆိုသည့်အချက်နှင့် မသက်ဆိုင်ပါ (၂ရာ ၆း၂၁-၂၂)။ သခင်ယေရှုကို ချီးမွမ်း ကိုးကွယ်ရလျှင် ပြီးရော၊ အိနြေ္ဒမဲ့ အကျင့်သိက္ခာမဲ့သူအဖြစ် အထင်ခံရလည်း မာရိ ခံနိုင်ပါသည်။
အချို့က ဘုရားကျောင်းသွားလျှင်   အခြားသူများ သူတို့အပေါ် အကောင်းပြောအောင်  ခြောက်ပြစ်ကင်း သဲလဲစင်
ဖြစ်နေရမည်ဟု ဖိစီးမှုခံရကြသည်။ ပုံဥပမာနှင့် ခိုင်းနှိုင်း ပြောရလျှင်…

အချိန်မှန်

`On Time – အချိန်မှန်´ အမည်ဖြင့် စာအုပ်တစ်အုပ်ကို ကျွန်ုပ်ရေးသားမည်ဟု တစ်ခါတစ်ရံ ဟာသလုပ်ပြောတတ်သည်။ ကျွန်ုပ်နှင့် ရင်းနှီးသူများကြားလျှင် ပြုံးကြသည်။
အကြောင်းမှာ  ကျွန်ုပ်သည် မကြာခဏ နောက်ကျတတ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ် နောက်ကျရခြင်းမှာ ၀ီရိယမရှိခြင်းကြောင့် မဟုတ်၊ နောက်ကျမှုကို အကောင်းဘက်မှ အပြုသဘော ရှုမြင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်အကြောင်းပြ သည်။ `ဤနောက်ကျသည့်အချိန်လေး´တွင် အချိန် အနည်းငယ်အတွင်း အလုပ်အတော်များများ ပြီးမြောက် အောင် လုပ်ဆောင်နိုင်သည်ဟူသော လွဲမှားသော ယုံကြည်ချက်ကို အပြုသဘောနှင့် ကျွန်ုပ်ဖက်တွယ်နေခြင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်မလုပ်နိုင်ပါ၊ အလုပ်မပြီးပါ။ သို့နှင့် အချိန်မီမရောက်နိုင်ဘဲ ပျက်ကွက်မှုအတွက် တစ်ဖန် တောင်းပန်ရသည့် အဖြစ်၌သာ အဆုံးသတ်သွားသည်။
ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်သည် အမြဲပင် အချိန်မှန်သည်။ သခင်နောက်ကျနေသည်ဟု ကျွန်ုပ်တို့ ထင်ကောင်းထင်မည် ဖြစ်သော်လည်း သခင်နောက်မကျပါ။ ဘုရားသခင်၏အချိန်နှင့် ပတ်သက်၍ လူအများ…

ဝမ်းမြောက်ခြင်းကို ပျံ့နှံ့စေခြင်း

နိုင်ငံခြားရှိကျောင်းတစ်ခုတွင် အင်္ဂလိပ်စာသင်ပေးရန် ဂျဲနက် သွားရောက်ခဲ့ရာ၊ ဝန်းကျင် အနေအထားမှာ မှိုင်တွေစိတ်ဓာတ်ကျစရာ ကောင်းသည်။ လူများမှာ ကိုယ့်အလုပ် ကိုယ် လုပ်နေကြပြီး မည်သူမျှ ပျော်ရွှင်ပုံ မရ။ တစ်ဦးနှင့်တစ်ဦး မစကူညီအားပေးခြင်း လည်းမရှိပါ။ သို့သော် ဘုရားသခင်ပြင်ဆင်ပေးသောအရာကို ဂျဲနက် ကျေးဇူးတင်ပြီး ပြုလေရာရာတွင် ကျေးဇူးတင်ကြောင်းကို ဖော်ပြသည်။ အပြုံးကိုဆောင်လျက်   မိတ်ဆွေဖွဲ့သည်။  အခြားသူများကို ဦးစားပေးကူညီသည်။ ဓမ္မတေးနှင့် ဘုရားသီချင်းများကို သီဆိုချီးမွမ်းသည်။
သူ၏ပျော်ရွှင်မှုကို ဂျဲနက် မျှဝေသဖြင့် တစ်ဖြည်းဖြည်းနှင့် ကျောင်း၏အနေအထား ပြောင်းလဲလာ သည်။ တစ်ယောက်ပြီး တစ်ယောက်ပြုံးလာပြီး တစ်ယောက်နှင့်တစ်ယောက် ကူညီလာကြသည်။ အာဏာပိုင်
တစ်ဦးမှ ကျောင်းကို လာရောက်စစ်ဆေးသောအခါ အဘယ်ကြောင့် ကျောင်းမှာ ထူးခြားနေသနည်းဟု ကျောင်းအုပ်ကို မေးမြန်းခဲ့သည်။ ယုံကြည်သူမဟုတ်သော ကျောင်းအုပ်က ‘‘ ပျော်ရွှင်ခြင်းတွေကို သခင်ယေရှု ယူဆောင် လာတယ်” ဟု…

လျှံကျစီးဆင်းနေသော ငြိမ်သက်ခြင်း

"ဒီအားသစ်လောင်းပွဲကို မင်းဦးဆောင်တာ ငါတော့မအံ့သြပေါင်၊ မင်းခေါင်းမှာ ရောင်ခြည်ပါဝါတွေရှိတယ်"ဟု ကျွန်မနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ပြောသည်။ ကျွန်မလန့်သွားသော်လည်း သူ့မှတ်ချက်ကိုဖြင့် သဘောကျမိသည်။ ရောင်ခြည်ပါဝါ အဖြစ် သူမြင်သောအရာသည် ခရစ်တော်၏ငြိမ်သက်ခြင်းကို ဆိုလိုကြောင်း ကျွန်မ သဘောပေါက်သည်။ သခင်ယေရှုနောက်တော်လိုက် သောအခါ လူတို့နားမလည်နိုင်သည့် ငြိမ်သက်ခြင်းကို သခင်ပေးသည် (ဖိ ၄း၇)။ ထိုငြိမ်သက်ခြင်းက ကျွန်မတို့ သတိမထားမိငြားလည်း အတွင်းမှ ဖြာထွက်နေသည်။
နောက်ဆုံးညစာစားပြီးနောက် အသေခံခြင်းနှင့် ထမြောက်ခြင်းအကြောင်းနှင့်စပ်လျဉ်း၍ တပည့်တော် များကို
ပြင်ဆင်ရာ၌ ထိုငြိမ်သက်ခြင်းကို ပေးမည်ဟု သခင် ယေရှုက
တပည့်တော်များကို ကတိပြုခဲ့သည်။ ဤလောက ၌ ဆင်းရဲဒုက္ခကို ခံရသော်လည်း ‘‘ခမည်းတော်သည် သမ္မာတရားကို ပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်’’(ယော ၁၄း၁၆) ဟု သခင်မိန့်တော်မူသည်။ ၀ိညာဉ်တော်သည်…

သစ်ပင်များ ရှင်သန်လာသောအခါ

အေးစက် နှင်းထန်သော ဆောင်းရာသီတစ်လျှောက် မီချီဂန် ၌ နေထိုင်သူ ကျွန်ုပ်တို့အတွက် နွေဦးရာသီကို မျှော်လင့်ကြသည်။ မေလတွင် ထိုမျှော်လင့်ချက် ပြည့်လေပြီ။ အရာရာ ပြောင်းလဲသွားပုံက ပြောစမှတ်ပြုလောက်သည်။ မေလ ၁ ရက်တွင် ကျိုးတိုကျဲတဲ ရိုးတံများက လကုန်ချိန်၌ ရွက်နုဝေလျက် စိမ်းလန်းသွားသည်။ ပြောင်းလဲမှုက မသိသာ၊ နေ့ရက်တိုင်း မမြင်ရသော်လည်း လကုန်ချိန်တွင် ကျွန်မခြံဝင်းရှိ သစ်ပင်များမှာ အညိုရောင်မှ အစိမ်းရောင်သို့ ပြောင်းသွားတော့သည်။
ဖန်ဆင်းခြင်း၌ပင် အနားယူခြင်း၊ အသစ်တစ်ဖန် အားသစ်လောင်းခြင်း စက်ဝန်းရာသီကို ဘုရားသခင် ထည့်ပေး
ခဲ့သည်။ ကျွန်မတို့အမြင်၌ သေသည်ဟု ထင်ရသော အရာက ဘုရားအတွက် အနားယူခြင်းဖြစ်သည်။ အနားယူခြင်းသည် အသစ်တစ်ဖန် အားသစ်လောင်းရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သကဲ့သို့ သေခြင်းသည် ထမြောက်ခြင်းကို ပြင်ဆင်
ပေးသည်။
သေခြင်းသည် ယာယီ အခြေအနေတစ်ရပ်ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ…

ချိုမြိန်သော သတိပေးချက်များ

အီဂျစ်ဘုရင် Tutankhamen ၏အုတ်ဂူကို ၁၉၂၂ က တူးဖော်တွေ့ရှိခဲ့ရာ ဂူထဲတွင် နောင်ဘ၀တွင် လိုအပ်မည့် အရာများဟု ရှေးအီဂျစ်လူမျိုးများ ထင်မြင်ယူဆသည့် အရာများနှင့် အပြည့်ပင်။ ရွှေနတ်ကွန်း၊ လက်ဝတ်ရတနာ၊ အ၀တ်အထည်၊ ပရိဘောဂ၊ နှစ်ပေါင်း ၃၂၀၀ ကြာသည့်တိုင် စား၍ရသော ပျားရည်အိုး၊ လက်နက်များ ပါဝင်သည်။
မျက်မှောက်ခေတ်တွင် ပျားရည်ကို အဓိကအားဖြင့်
အချိုသကာအဖြစ် မှတ်ယူကြသော်လည်း ရှေးယခင်က ပျားရည်၏အသုံးဝင်ပုံ များစွာရှိသည်။ ပျားရည်၌ သက်စောင့်ဓာတ် အများဆုံးပါဝင်ပြီး အာဟာရအတွက် စားသုံးခဲ့ကြသည်။ ထို့အပြင် ဆေးဘက်လည်း ၀င်သည်။ ပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးသောကြောင့် အနာ၊ ဒဏ်ရာများ ဆေးထည့်ရာတွင်လည်း ကျော်ကြားသည်။
ဘုရားသခင်သည် အီဂျစ်တို့၏လက်မှ ဣသရေလ လူတို့ကို ကယ်နှုတ်ခဲ့စဉ်က ‘‘နို့နှင့်ပျားရည်စီးသောပြည်’’ သို့
ပို့ဆောင်မည်ဟု ကတိပေးခဲ့သည် (ထွက် ၃း၈၊၁၇)။ ၎င်းသည် ချမ်းသာ…