ပြည့်ဝသောနေရောင်ခြည်
ကတ်ထူပြားပေါ်ရေးထားသော လမ်းညွှန်က ရှင်းရှင်းလေးပါ။ ‘‘နေအလင်းရောင် အပြည့်အ၀ရရှိရန် လိုအပ်သည်’’။ ကျွန်မတို့ခြံက အရိပ်ကောင်းသည်။ ထိုကြောင့် နေရောင်ခြည်လိုအပ်သောအပင်များအတွက် မသင့်တော်ပါ။ ၎င်းကို ကျွန်မသိပါ သော်လည်း အပင်၏အရောင်၊ အရွက်ပုံစံ၊ အရွယ်အစားနှင့်ရနံ့ကို နှစ်သက်သဖြင့် ထိုအပင်ကို ၀ယ်ယူကာ အိမ်သို့ယူလာပြီး စိုက်လိုက်သည်။ အသေအချာ ဂရုစိုက်သည်။ သို့ငြား အပင်လေးသည် ကျွန်မအိမ်၌ မပျော်ပိုက်ပါ။ ကျွန်မ၏ဂရုပြုခြင်းများသည် သူ့အတွက် မလုံလောက်ပါ။ ကျွန်မ မပေးနိုင်သော နေရောင်ခြည်ကို သူလိုအပ်နေပါသည်။ နေရောင်ခြည် အစား အခြားသောဂရုပြုမှုဖြင့် ပြုစုနိုင်မည်ဟု ထင်မှတ်ခဲ့ သော်လည်း ထင်သလို မဖြစ်လာပါ။ အပင်များသည် သူတို့လိုအပ်သောအရာကို ရရှိရန် လိုအပ်သည်။
လူသားများလည်း ထို့အတူပင်၊ အကောင်းဆုံး မဟုတ်သည့် အခြေအနေမျိုးတွင် ကျွန်မတို့ ခဏတာရှင်သန်နိုင်သော်လည်း ကြာကြာ မရှင်သန် မရပ်တည်နိုင်။ ကျွန်မတို့၏
ရုပ်ခန္ဓာအတွက် အခြေခံလိုအပ်ချက်များအပြင်…
သတိပြုမှတ်သားခြင်း
အိမ်၌ဧည့်သည်များ ဖိတ်ကြားမည်ဖြစ်၍ ကျွန်မအိမ်ရှင်းနေရင်းမှ ‘‘ငါရှင်းလင်းတဲ့ နေရာကိုတော့ သတိမပြုမိဘဲ၊ မရှင်းမိတဲ့နေရာကိုပဲ သတိပြုမိလိမ့်မယ်’’ ဟု တွေးမိပြီး စိတ်ညစ်သွားသည်။ ထိုမှတစ်ဆင့် ‘‘လူတွေက မှန်တာထက် မှားတာကို ဘာလို့ပိုပြီး မြင် တတ်တာလဲ’’ ဟူသည့် အတွေးအခေါ်ဆန်ဆန် ၀ိညာဉ် ရေးရာ
မေးခွန်းက အတွေးထဲဝင်လာသည်။ ကြင်နာမှုသဘောထက်
ရိုင်းပျမှုသဘောကို ကျွန်မတို့ သတိရသည်။ ရက်ရောသောအလှူပွဲထက် ရာဇ၀တ်မှုကို လူတို့ပို၍ အာရုံ စိုက်မိသည်။ မိမိအနီးအပါးရှိ အလှတရားထက် အနိဌာရုံများ က ကျွန်မတို့၏အာရုံကိုဖမ်းစားသည်။
ဘုရားသခင်အပေါ် ကျွန်မတို့ ထိုနည်းအတိုင်း မြင် နေကြောင်း ကျွန်မသဘောပေါက်ပြီ။ ကိုယ်တော်ပြုပေးသော အရာထက် ကိုယ်တော် မပြုပေးသောအရာကိုသာ ကျွန်မအာရုံစိုက်မိသည်။ ကျွန်မ၌ ရှိသည့်အရာထက် မရှိသည့်အရာ၌သာ စိတ်ရောက်သည်။ ကိုယ်တော်ဖြေရှင်းမစခဲ့သော အမှုများထက် ကိုယ်တော်မဖြေရှင်းပေးသည့် အမှုအခြေအနေ၌ အာရုံစိုက်သည်။
ကျွန်မက ထိုသို့ဖြစ်နေသော်လည်း…
ကောင်းကင်နိုင်ငံ၏ အရိပ်အမြွက်
ကျွန်ုပ်တို့ဘုရားကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ကမ္ဘာ့အဆင့်မီ ရုက္ခဗေဒပန်းဥယျာဉ်မှာ အသင်းသူ၊ အသင်းသားများ စုဝေးရာနေရာဖြစ်သည်။ ဥယျာဉ်အတွင်း လမ်းပတ် လျှောက်ရင်း
နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့် အသိအကျွမ်းများကို နှုတ်ဆက်ရ၊ ဤအတောအတွင်း မမြင်ရသူများကိုလည်း ပြန်တွေ့ရ၊ သစ်ပင်အကြောင်းသိကျွမ်းပြီး သစ်ပင်ချစ်သူများက ပြုစုစောင့်ရှောက်ထားသော သာယာလှပသော ပတ်ဝန်းကျင်ကို
ကြည်နူးခံစားရသည်။ ထိုညနေခင်းသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံ၏ အရိပ်အမြွက်လေးအဖြစ် အသင်းတော် သည် မည်ကဲ့သို့ သက်ဝင်လှုပ်ရှားရမည်ကို ပြညွှန်နေသည့် လက္ခဏာများနှင့် ပြည့်နှက်နေကြောင်း ကျွန်ုပ်သိလိုက်ရသည်။ ဥယျာဉ်ဆိုသည်မှာ သစ်ပင်တစ်ပင်ချင်းစီ ကြီးထွားရှင်သန် နိုင်မည့် ပတ်ဝန်းကျင်၌ သစ်ပင်များကို ထားရှိသည့်နေရာပင် ဖြစ်သည်။ ဥယျာဉ်မှူးများက မြေလွှာကို ပြုပြင်ခြင်း၊ အပင်များ ပိုးမကျအောင် ကာကွယ်ခြင်း၊ အပင်တိုင်း လိုအပ်သော အစာ၊ ရေနှင့် နေရောင်ခြည်တို့ သေသေချာချာရရှိနိုင်အောင် လုပ်ဆောင် ပေးရသည်။ ရလဒ်ကား လူကို စိတ်ကြည်နူး…
အကောင်းဆုံးသော ပျော်ရွှင်ဝမ်းမြောက်မှု
ကျွန်ုပ်ငယ်စဉ်က ‘‘လူတိုင်းလုပ်နေတာပဲဥစ္စာ’’ ဟူသည့်စကားကို စကားနိုင်လုပွဲတွင် အနိုင်ရရှိစေသော စကားဟု ထင်ခဲ့သည်။ သို့သော်မဟုတ်ပါ။ မိဘများက သူတို့ စိတ်မချရသော၊ အဓိပ္ပာယ်မရှိသောအရာဟု ထင်မြင်သည့်ကိစ္စဆိုလျှင် ကျွန်ုပ်မည်သို့ပင် ပြင်းပြစွာ တောင်းဆို တောင်းဆို၊ ခွင့်မပြုခဲ့ပါ။
အသက်ကြီးလာသည်နှင့်အမျှ ကိုယ့်လိုအင်ဆန္ဒ အတိုင်းဖြစ်စေရေး ‘‘ဘယ်သူကိုမှ မထိခိုက်လောက်ပါဘူး’’၊
‘‘ဒါကဖြင့် တရားမ၀င်ဘူး’’၊‘‘သူငါ့ကို အရင်လုပ်သွားတာလေ’’ ‘‘သူမသိလောက်ပါဘူး’’ စသည့်ဖြင့် ဆင်ခြေ၊ အကြောင်းပြ ချက်များ ပေးတတ်သည်။ ထိုဆင်ခြေ အကြောင်းပြချက်တိုင်း ၏နောက်၌ အခြားအရာထက် မိမိ၏ဆန္ဒအတိုင်းဖြစ်ရန်က အရေးကြီးသည်ဟူသော ယုံကြည်ချက်ရှိနေပါသည်။
နောက်ဆုံးတွင် ထိုမှားယွင်းနေသည့် အတွေးအခေါ် သည် ကျွန်ုပ်တို့ ဘုရားအပေါ် ယုံကြည်ရသည့် အခြေခံ အကြောင်းတစ်ရပ်ဖြစ်လာသည်။ စကြ၀ဠာကြီး၌ အဓိက အခရာဖြစ်သူသည် ဘုရားမဟုတ်တော့ဘဲ မိမိဖြစ်ကြောင်း ကိုယ်သာပဓာန ဟု ကျွန်ုပ်တို့ တစ်လွဲထင်လာသည်။ ထိုမုသားကို ကျွန်ုပ်တို့ အလွယ်တကူ…
အကောင်းဆုံး ဖြစ်နိုင်သောနည်း
တစ်နှစ်တာအတွင်း လိုလေသေးမရှိ ပြည့်စုံအောင်လုပ်ရန် ဟူသည့် စိတ်ဖိစီးမှုကို အခံစားရဆုံးအချိန်မှာ ခရစ်စမတ်ကာလဖြစ်သည်။ ခရစ်စမတ်ပွဲတော် ဆင်နွှဲရန် အကောင်းဆုံး စီစဉ်ပြင်ဆင်ကြသည်။ လက်ဆောင်ပစ္စည်းများဝယ်သည်။ အကောင်းဆုံး
ခရစ်စမတ် ဟင်းလျာများကို ပြင်ဆင်ကြသည်။ အကောင်းဆုံး ပို့စကတ်နှင့် စာများကို မိသားစုထံ ပို့ပေးကြသည်။ သို့သော် ကြိုးစားလေသမျှ အကောင်းဆုံးဖြစ် ခြင်းထက် စိတ်ပျက် အားလျှော့စရာများစွာ ကြုံရသည်။ အသေအချာ ရွေးချယ်ပို့လိုက်သောကတ် အတွက် အပေါ်ယံကျေးဇူးတင်တုံ့ပြန်ကြသည်။ ဟင်းအချို့ က အကျက်လွန်သွားသည်။ ကတ်များပို့လိုက်ပြီးမှ သတ်ပုံ အမှားကိုတွေ့သည်။ ကလေးများကလည်း အရုပ်လုရင်း ရန်ဖြစ်သည်။ လူငယ်နှင့် လူကြီး ငြင်းခုံကြသည်။
စိတ်အားလျော့မည့်အစား စိတ်ပျက်စရာများက ကျွန်ုပ်တို့ကို ခရစ်စမတ်၏အရေးကြီးပုံကို သတိပေး အမှတ်ရ စေသင့်သည်။ ကျွန်ုပ်တို့ ခရစ်စမတ်ကို လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိဖြစ်ချင်သည့် ပုံစံအတိုင်း ကျွန်ုပ်တို့ တစ်ယောက်မှမဖြစ်နိုင်၊ တစ်လ…
အကောင်းဆုံး လက်ဆောင်
ကမ္ဘာတစ်ဝန်း၌ လူမျိုးအသီးသီးတို့ ခရစ်စမတ်ပွဲတော် ဆင်ယင်ကျင်းပပုံကို ကျွန်မတို့ ဒေသရှိ ရုက္ခဗေဒဥယျာဉ်တွင် နှစ်စဉ်ခင်းကျင်းပြသခဲ့သည်။ ကျွန်မအနှစ်သက်ဆုံးမှာ
ပြင်သစ်လူမျိုးတို့၏ နိပါတ်တော်ပြခန်းဖြစ်သည်။ ဖွားမြင်တော်မူခန်းတွင် သိုးထိန်းများ၊ မာဂုပညာရှိများက ရွှေ၊ လော်ဗန်၊ မုရန် ပူဇော်သက္ကာများနှင့် နွားစားခွက်အနီး ၀ိုင်းရံ နေသည့်ပုံမဟုတ်ဘဲ ပြင်သစ် ကျေးလက်ရွာသူရွာသားများက ပေါင်မုန့်၊ ၀ိုင်၊ ဒိန်ခဲ၊ ပန်းများနှင့်၊ ၎င်းတို့အား ဘုရား ကျေးဇူးပြု သည့်အတိုင်း ၎င်းတို့လက်နှင့် လုပ်ဆောင်၍ရသည့်သီးနှံ ထွက်ကုန်များကို ယူဆောင်လာကြသည်။ ဓမ္မဟောင်း၌ ထာဝရဘုရား၏အိမ်တော်သို့ အဦးသီးသော အကောင်းဆုံး အသီးအနှံကို ဆောင်သွင်းရန် မိန့်ကြားကြောင်း (ထွက် ၂၃း၁၆-၁၉) ကျွန်မသတိရမိသည်။ ၎င်းပြကွက်လေးက ကျွန်မတို့
ရှိသမျှ ပိုင်ဆိုင်သမျှသည် ဘုရားသခင်ထံမှ လာခြင်းဖြစ်ပြီး၊ ဘုရားကို ကျွန်မတို့ပေးရမည့်အရာသည် ဘုရားက ကျွန်မ တို့ကို ပေးထားသောအရာပင် ဖြစ်ကြောင်း ဖော်ပြနေသည်။…
မိမိကိုယ်မိမိ ရှုမြင်ခြင်း
မှန်(သို့) မျက်နှာပြင်ကို ပြောင်လက်အောင် တိုက်ချွတ်ထားသည့် အရာဝတ္တုများ မပေါ်မီ ရှေးကာလက လူတို့မှာ မိမိကိုယ်မိမိ မမြင်ရပါ။ ရေအိုင်၊ စမ်းချောင်း၊ မြစ်များ၌သာ အရိပ်ကို မြင်ရသည်။ သို့သော် ကြည့်မှန်များက ထိုအခြေအနေကို ပြောင်းလဲတိုးတက်စေခဲ့သည်။ တစ်ဖန် ကင်မရာကို တီထွင်လျက် ကျွန်မတို့၏ပုံရိပ်ကို ထုတ်ဖော်လျက် ဘ၀ကဏ္ဍသစ်ကို
ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုတွင် ကျွန်မတို့၏ ဘ၀တစ်ခုလုံးတွင် မည်သည့်အချိန်၌မဆို တာရှည်ခံသော ပုံရိပ်များကို ရရှိနိုင် ပါပြီ။ ဓါတ်ပုံစာအုပ်များထားရှိပြီး မိသားစု၏သမိုင်းကို ပြုစုခြင်းက ကောင်းသော်လည်း ၀ိညာဉ်ရေးရာ ကောင်းမွန် ကျမ်းမာရေးကို ထိခိုက်နစ်နာစေနိုင်ပါသည်။ ကင်မရာမှ ပုံရိပ်များကိုကြည့်ပြီး ပျော်ရွှင်ရသော်လည်း ၎င်းသည် အပြင်ပန်းသဏ္ဌာန်ကိုသာ အာရုံစိုက်မိစေပြီး အတွင်းသဏ္ဌာန် ကိုဖြင့် စိတ်မ၀င်စားအောင် ဟန့်တားသည်။
ကျန်းမာသော ၀ိညာဉ်ရေး အသက်တာရရှိအောင်
မိမိကိုယ်ကို စစ်ကြောစစ်ဆေးရန် အရေးကြီးသည်။
ကျွန်မတို့ ကိုယ်ကိုယ်ကိုယ်…
မထင်ရှား မပေါ်လွင် ဖြစ်နေခြင်း
ကျွန်မနေထိုင်သောဒေသ၌ ယခုအချိန်ကာလသည် အပင်များသေသွားသကဲ့သို့ မြေကြီး အောက်၌ မြုပ်နေသည်။ စိတ်ချရသည့်အချိန် မရောက်သရွေ့ သူတို့ပြန်မပေါက်လာပါ။ နှင်းကျပြီး မြေတစ်ပြင်လုံး၌ ရေခဲမသွားမီ အပင်များသည် ရွက်ဟောင်းချွေသည်။ ၎င်းတို့ပြန်ရှင်သန်ရမည့် နောက်ရာသီ မတိုင်မီအထိ ဆုတ်သွားပြီး အနားယူလျက် စွမ်းအင်များကို ချွေတာသည်။ အရိုးပြိုင်းပြိုင်းနှင့် အပင်များမှာ မသေသေးပါ။ ငုတ်နေခြင်းသာ ဖြစ်သည်။ နှင်းများအရည်ပျော်ပြီး မြေသားပေါ်လာလျှင် ၎င်းတို့မှာ ကောင်းကင်သို့ ဦးမော့ပြီး တောက်ပသော အရောင်အဆင်း၊ သင်းပျံ့သော မွှေးရနံ့များဖြင့် ၎င်းတို့၏ဖန်ဆင်းရှင်ကို နှုတ်ခွန်းဆက်သည်။
ဘ၀အသက်ရှင်သန်ရာ၌လည်း ထိုသို့ ငြိမ်နေ ငုတ်နေ
ရသော အချိန်ကာလများကို ကျွန်မတို့ဝင်ရောက် ဖြတ်သန်း ရသည်။
ကျွန်မတို့ မသေသော်လည်း ကျွန်မတို့ မပေါ်လွင် မထင်ရှားဖြစ်နေသည်ဟု ခံစားရမည်။ ထိုအချိန်မျိုးတွင် မိမိသည် အသုံးမ၀င်ဟု ခံစားရပြီး၊ ဘယ်အချိန်မှာ ဘုရားထပ်သုံးမည်နည်းဟု အတွေးဝင်မိသည်။ ဤသို့သော…
ဝိညာဉ်ရေးစစ်ဆေးမှု
ရောဂါ မပြင်းထန်မီ ကျန်းမာရေးပြဿနာကို ရှာဖွေသိရှိအောင် ဆရာဝန်များက ပုံမှန် ဆေးစစ်ရန် အကြံပြုသည်။ ရှင်ယေရှု ရည်ညွှန်းသည့် အကြီးမြတ်ဆုံးပညတ်တော်ကို အခြေပြုထားသော မေးခွန်းများကိုမေး၍ ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ကျန်းမာမှုကို စစ်ဆေး နိုင်ပါသည်။
ကျွန်ုပ်ကို ရှေ့ဦးစွာ ချစ်တော်မူသောကြောင့် ထာဝရဘုရားကို ကျွန်ုပ်တို့ စိတ်နှလုံး အကြွင်းမဲ့ချစ်ပါရဲ့လား။ လောကအရာများကို လိုချင်တောင့်တစိတ်နှင့် ခရစ်တော်၌ ရှိသော ကြွယ်ဝမှုကို စွဲလမ်းစိတ်တို့တွင် မည်သည့်စိတ်က ပို၍ ပြင်းထန်သနည်း (ကော ၃း၁)။ ကျွန်ုပ်တို့ စိတ်နှလုံးတွင် သူ၏ငြိမ်သက်ခြင်း စိုးမိုးရန် ဘုရားရှင် အလိုရှိသည်။
ဘုရားရှင်ကို စိတ်ဝိညာဉ်အလုံးစုံနှင့် ချစ်ပါရဲ့လား။ မိမိသည် မည်သူမည်ဝါ မည်သို့မည်ပုံ ဖြစ်ကြောင်း ဘုရားရှင်၏ ပြောကြားချက်ကို နားထောင်ပါသလား။ မိမိ၏ အတ္တဗဟိုပြု ဆန္ဒများနှင့် ဘ၀ရှင်သန်နေသလား(း၅)။ မိမိသည် ပိုပြီး မေတ္တာကရုဏာထားသူ၊ သနားကြင်နာတတ်သူ၊ နှိမ့်ချသူ၊…
အမှောင်ကို ထိုးဖောက်ခြင်း
ကျွန်မတက္ကသိုလ်ကျောင်းသူဘ၀က ၎င်းတို့ကို ပထမဆုံး ဖြတ်ကနဲ တွေ့ဖူးသည်။ မြို့ပြ အလင်းရောင်နှင့်အလှမ်းကွာဝေးသောအရပ် ဆီးနှင်းများကျသည့်ညတွင် ဆူညံ နေသော သူငယ်ချင်းများနှင့်အတူ လှည်းစီးလာစဉ် ကောင်းကင်က တောက်ပလျက်
မိုးကုပ်စက်ဝိုင်းတွင် အရောင်များ လင်းလက်နေသည့်မြင်ကွင်းက ကျွန်မကို ညှို့ယူ ဖမ်းစားသည်။ ထိုညမှစ၍ မြောက်ပိုင်း အလင်းတန်း ဟု ကျော်ကြားသည့် aurora borealis ဖြစ်စဉ်ကို ကျွန်မစွဲမက် သွားသည်။ အများအားဖြင့် ၎င်းတို့ကို ကျွန်မနေထိုင်ရာ ဒေသ၏မြောက်ပိုင်းမှ တွေ့ရပြီး တစ်ခါတစ်ရံတွင် လတ္တီကျူ့ အနိမ့်ပိုင်းတွင် တွေ့ရသည်။ ၎င်းကို တစ်ကြိမ်မြင်ဖူး ပြီးကတည်းက ထပ်ပြီး မြင်တွေ့ချင်နေသည်။ အခြေအနေ ပေးသည့်အခါတိုင်း ကျွန်မနှင့်အတူ ထိုမြင်ကွင်းကို စွဲမက် သွားသည့် သူငယ်ချင်းများအား ‘‘ဒီည သွားကြည့်မလား’’ ဟု ပြောမိသည်။
သမ္မာကျမ်းစာ အနှံအပြားတွင် သခင်ဘုရား၏ ကြွလာတော်မူခြင်းကို ဖော်ပြရန်…