ဘုရားသခင်၏ ထာဝရချစ်သူ
စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်သော မေတ္တာဖွဲ့စာများအနက် စာတစ်စောင်ကို တေးရေးဆရာ လူဗစ်ဗန်ဘီသိုဗင် (Ludwig van Beethoven)က ရေးသားခဲ့ပြီး သူသေဆုံးပြီးနောက် ၁၈၂၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရေးဖြင့် အသော့ရေးထားသောစာ၌ “ထာဝရချစ်သူ... မင်းနဲ့မဟုတ်ရင် ဘဝဟာ မပြည့်စုံဘူး”စသဖြင့် ချစ်မြတ်နိုးစိတ် ထက်သန်သော စာကြောင်းများဖြင့် ပြည့်နှက်နေသည်။ ဝမ်းနည်းစရာမှာ ထိုစာကို မပို့ဖြစ်ခဲ့ဘဲ၊ သူမည်သူ့ကို ရည်ရွယ်သည်ကိုလည်း မသိခဲ့ရပေ။
ချစ်မေတ္တာကို သူအလွန်အမင်းတောင့်တနေမှုအား စာနာခံစားနိုင်သော စာဖတ်သူများက ဘီသိုဗင်၏စာကို မြတ်နိုးတန်ဖိုးထားကြသည်။ အပြည့်အဝ မကျေနပ်နိုင်သော လူများစွာ၊ အရာများစွာနှင့် အတွေ့အကြုံများတွင် မေတ္တာနှင့်ပြည့်စုံမှုကို ကျွန်ုပ်တို့ရှာဖွေကြသည်။ သို့သော် လူသားအားလုံးအဖို့အလိုငှာ သူပဋိညာဉ်ပြုထားသည့်လူများအပေါ် ဖော်ပြခဲ့သည့် ဘုရားသခင်၏ကြီးမားသော မေတ္တာမှာ ပျောက်ပျက်လွယ်သော အချစ်ဇာတ်လမ်းထက် အဆပေါင်းများစွာ သာ၍ကြီးမားသည်။ ပရောဖက်ယေရမိအားဖြင့် “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌…
သနားကရုဏာနှင့်ကျွန်ုပ်တို့၏အရှုပ်ထုပ်
တနင်္ဂနွေနေ့ဥပုသ်စာဖြေကျောင်းတွင် ၃ နှစ်အရွယ် ပီတာလေးအပေါ် ကျွန်မ၏ စိတ်ရှည်မှုတို့ လျော့ပါးလာခဲ့ပြီ။ သူကိုယ်၌က မပျော်မရွှင်ဖြစ်နေကာ အခြားကလေးများအပေါ်လည်း ညှာတာမှုကင်းမဲ့သည်။ ကလေးများအလိုချင်ကြဆုံးအရုပ်များကို သူ့အား ပေးသည့်တိုင် လုံးလုံးကျေနပ်မှုမရှိပေ။ သနားနေရာကနေ ကျွန်မစိတ်အနှောင့်အယှက်ဖြစ်လာသည်။ ကောင်းပြီ၊ သူဆက်ပြီး ခေါင်းမာစွာ ခက်ခဲအောင် လုပ်နေလျှင် သူ့မိဘများထံသို့ သူ့ကိုပြန်ပို့ရမည်။ ထိုအခါ ပျော်စရာအားလုံးကို သူလွတ်သွားလိမ့်မည်။
ကျွန်မ၏ကိုယ်ချင်းစာတရားက အခြေအနေပေါ်မူတည်နေကြောင်း မကြာခဏ ကျွန်မသတိထားမိသည်။ တစ်စုံတစ်ဦးက ကျွန်မ၏အကြံဉာဏ်ကို လျစ်လျူရှုပါက(သို့)ကျွန်မ၏အကူအညီကိုငြင်းပယ်ပါက ကျွန်မ၏အကူအညီနှင့် သူတို့မထိုက်တန်တော့ပါ။ သို့သော် ဘုရားသခင်သည် ကျွန်မတို့အပေါ် ထိုကဲ့သို့ မလုပ်ပါ။ နိနေဝေမြို့သို့သွားရောက်၍ နောင်တတရားဟောရန် ပရောဖက်ယောနအား ဘုရားသခင် စေခိုင်းသည့်အခါ သူသည် ခေါင်းမာစွာ မနာခံဘဲနေခဲ့ပြီးနောက် ဘုရား၏ကြီးမားသောကရုဏာကို ယောနခံစားခဲ့ရသည်(ယောန ၁:၂)။ ဘုရားကို ဖီဆန်ကာ ဆန့်ကျင်ဘက်လမ်းကြောင်းကို ရွေးချယ်ပြီးနောက် ယောနသည် ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုနှင့် တွေ့ကြုံခဲ့ရပြီး၊ ငါးကြီး၏မျိုချခြင်းကို…
အကြီးမြတ်ဆုံးသောလက်ဆောင် ‘ယေရှု’
“ကောင်းကင်ဘုံရှင်ဘုရင် ဖွားမြင်ခြင်းအတွက်၊ ချီးမွမ်းသီဆိုခြင်းထက် သာယာချိုမြိန်သောဂီတရှိနိုင်မည်လား”ဟူသည့် ၁၇ ရာစုမှ ရော်ဘတ်ဟာရစ်ခ် (Robert Herrick) ရေးသားခဲ့သည့် “What Sweeter Music” ကဗျာစာသားကို ခေတ်သစ်တေးရေးဆရာ ဂျွန်ရတ်ထာ(John Rutter)က ခရစ္စမတ်ပွဲ မတိုင်မီကာလတွင် ဆင်ခြင်ရန် အကောင်းဆုံးတေးသီချင်းအဖြစ် ပြန်လည်ပုံဖော်ထားသည်။ ၎င်း၏နူးညံ့သောသံစဥ်သည် ပူနွေးသော သခင်ယေရှုဆင်းကြွလာခြင်း နွေဦးရာသီက အေးခဲသောစောင့်ဆိုင်းရခြင်းရာသီကို ပြောင်းလဲပေးခဲ့ကြောင်းဖော်ပြသည်။ အဆိုတော်များက ခရစ္စမတ်သီချင်းဖြင့် ကိုယ်တော်ကို ချီးမွမ်းနေပြီး၊ နားဆင်သူများကိုလည်း စိတ်နှလုံးဖြင့်နားထောင်ရန် ဖိတ်ခေါ်ခဲ့သည်။
ရတ်ထာ၏တေးသွားသည် ဘုရားကျောင်း၌ ဖတ်ကြားသော ပညာရှိများက ရွှေ၊ လောဗန်နှင့် မုရန်တို့ကို ယူဆောင်လာခြင်းအကြောင်းကို တုံ့ပြန်သီဆိုရန် ရေးစပ်ခဲ့ခြင်းဖြစ်သည်။ ပညာရှိများသည် သူငယ်တော်ယေရှုအား ဖူးတွေ့ပူဇော်ရန် အလွန်ဝေးသောခရီးကို နှင်ခဲ့ကြသည်(မ ၂:၁-၂)။ အဆုံး၌ သူငယ်ကို တွေ့သောအခါ၊ “အလွန်ဝမ်းမြောက်ဝမ်းသာခြင်း”ရှိ၍ ပြပ်ဝပ်ကိုးကွယ်ကာ၊ ခြေတော်ရင်း၌ “မိမိတို့ဘဏ္ဍာဥစ္စာတို့ကိုဖွင့်”ပြီး ဆက်ကပ်ပူဇော်ကြ၏ (:၁၀-၁၁)။ နောက်မှ…
ရှာဖွေရန်ထိုက်တန်သော မြို့တော်လား
ဘရာဇီးလ်နိုင်ငံ တောနက်အတွင်းသို့ စွန့်စားခရီးမသွားမီ ၁၉၂၅ ခုနှစ် မေလ ၂၉ တွင် ပါစီဖောဆက် (Percy Fawcett) သည် သူ့ဇနီးထံ နောက်ဆုံးစာပို့ခဲ့သည်။ သူသည် ဒဏ္ဍာရီလာ ကြီးကျယ်ခမ်းနားသော ပျောက်ဆုံးမြို့တော်ကို ရှာဖွေနေခြင်း ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ရှာပြီးနောက် ၎င်း၏တည်နေရာကို ကမ္ဘာကြီးအား ဝေမျှသည့် ပထမဆုံး စူးစမ်းလေ့လာရှာဖွေသူဖြစ်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် သူတို့အဖွဲ့သည် လမ်းပျောက်ခဲ့ပြီး ထိုမြို့တော်ကို လုံးဝရှာမတွေ့ခဲ့ပါ။ သူ၏ သုတေသနခရီးစဥ် အမြောက်အမြားသည်လည်း အဖတ်ဆယ်မရအောင် ဆုံးရှုံးပျက်စီးခဲ့သည်။
ပါစီ၏သတ္တိနှင့် ရည်ရွယ်ချက်မှာ လေးစားစရာကောင်းသော်လည်း ရှာတွေ့နိုင်စရာအကြောင်း လုံးဝမရှိသော ပျောက်ဆုံးမြို့တော်ရှာဖွေမှုမှာ အချည်းနှီးဖြစ်ခဲ့သည်။ ကျွန်မတို့၏ဘဝများတွင် မဖော်ဆောင်နိုင်သော ရည်မှန်းချက်များစွာရှိခဲ့ပြီး၊ ထိုအရာများအတွက် မိမိ၏စွမ်းရည်ကို ဖြုန်းတီးခဲ့ကြောင်း ဝန်ခံရမည်။ သို့သော် ကျွန်မတို့တစ်ဦးချင်းစီအတွက် စစ်မှန်သောရတနာများရှိနေပြီး၊ ၎င်းကို စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေရန် ထိုက်တန်သည်။…
ဘုရားသခင် ထိန်းချုပ်ထားသည်
“ကျွန်တော်ငယ်ငယ်က အဖေ့ပေါင်ပေါ်ထိုင်ပြီး စတီယာရင်ကိုကိုင်ပြီး ကားမောင်းခဲ့တယ်။ တကယ်တော့ ကျွန်တော်မောင်းတာမဟုတ်ဘူးလေ။ အဖေပဲ ကားမောင်းနေတာပါ။ အခုအချိန်မှာ ကောင်းကင်ဘုံရှင် အဘဘုရားကလည်း အဲဒီလိုလုပ်နေတယ်လို့ ကျွန်တော်မြင်တယ်”ဟု ဘဲန်က ပြောသည်။ သူ၏ ချစ်ဇနီးမှာ မကြာမီကမှ ကွယ်လွန်သွားပြီး၊ ဝမ်းနည်းပူဆွေးမှုများက သူ့ကိုလွှမ်းမိုးနေသည်။ သို့သော် ဘုရားသခင်သည် အရာရာကို ထိန်းချုပ်နေဆဲဖြစ်ပြီး သူ့ဘဝအတွက် အကြံစည်ကောင်းရှိနေသည်ဟု သူအခိုင်အမာ သိမှတ်ထားသည်။
ဝမ်းနည်းမှုကြားမှ ဘဲန်၏ယုံကြည်ခြင်းက ဓမ္မဟောင်းကျမ်း၏ရှေ့ပြေးလက္ခဏာဖြစ်သည်။ ပရောဖက်ယေရမိသည် သူ့လူမျိုးအတွက် ငိုကြွေးခဲ့သည်။ ဣသရေလလူမျိုးတို့ကို ရန်သူများအောင်နိုင်ပြီး ကျွန်ပြုဖမ်းဆီးခေါ်ဆောင် သွားရန် ဘုရားရှင်အခွင့်ပေးခဲ့သည်။ သူ၏ဆိုးဆိုးဝါးဝါး ဝမ်းနည်းကြေကွဲရမှုကို “ဆင်းရဲငြိုငြင်ခြင်း”၊ ခါးသည်းမှုကိုပုံဆောင်သည့်“ဒေါနနှင့်သည်းခြေအရည်”(ယေမြည် ၃:၁၉)ဟူ၍ ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်၏ ကြီးမားသောမေတ္တာ “ကရုဏာတော်နှင့် သစ္စာတော်”သည် သူ့အား ဆက်လက်၍ မျှော်လင့်ချက်နှင့် ပြည့်စေသည်။
ရွေးချယ်ခွင့် ရှိမည်ဆိုလျှင်၊ ဖြစ်နိုင်လျှင် နာကျင်မှုနှင့်ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ရှောင်ရှားမည်ပင်။…
ဘုရားသခင်၌ သွန်သင်မှုကို ခံယူနိုင်စွမ်းရှိနေဆဲ
ကက်(Kat)သည် သူမ၌ကိုယ်ဝန်ရှိနေသည်ကိုသိရှိပြီးနောက် သူမ၏သမီးလေးကို ကြည့်ရှုပြုစုရန် ကျောင်းတစ်ဝက်တစ်ပျက်နှင့် အထက်တန်းကျောင်းမှနှုတ်ထွက်လိုက်သည်။ ၁၅ နှစ်ကြာပြီးနောက် ကက်သည် လိုင်စင်ရအလှပြင်ဆရာမတစ်ဦးဖြစ်လာရန် အိမ်မက်မက်နေသည့် အလုပ်လက်ရှိ ကလေးသုံးယောက်မိခင် ဖြစ်လာသည်။ နှိမ့်ချခြင်းနှင့်ဇွဲကြီးသော သူမသည် အခမဲ့ GED ပညာရေးထောက်ပံ့မှု အစီအစဉ်တွင် သင်တန်း တက်ခွင့်ရခဲ့သည်။ အချိန်ကြာမြင့်စွာ ကျောင်းထွက်ထားပြီးမှ ယခုတစ်ဖန် ကျောင်းပြန်တက်ရခြင်းက သိမ်ငယ်နှိမ့်ကျလှသည်။ “ဒီအစီအစဥ်က ကျွန်မရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်။ ကျွန်မရဲ့ဆရာမက အရမ်းအံ့သြပြီး၊ ကျွန်မကို အမြဲတိုက်တွန်းအားပေးခဲ့တယ်”ဟု ကက်က ပြောခဲ့သည်။
သင်ကြားမှုကို ခံယူနိုင်စွမ်းရှိဆဲဖြစ်ခြင်းက ကျွန်မတို့လုပ်နိုင်သည့်အခက်ဆုံးအရာများအနက်တစ်ခု အပါအဝင်ဖြစ်သည်။ ဘုရား၏ဉာဏ်ပညာကို လက်ခံရန် သင်ကြားမှုကို ခံယူနိုင်သည့် နှလုံးသားရှိခြင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ သုတ္တံကျမ်းတွင် ပညာရှိမှုနှင့်မိုက်မဲမှုကို လမ်းသွားလမ်းလာများအား ဖိတ်ခေါ်သောအမျိုးသမီးနှစ်ဦးနှင့် သရုပ်ဖော်ထားသည် (သု ၉:၁-၆၊ ၁၃-၁၈)။ ပညာဉာဏ်ကို နာယူသောသူသည် ကျေးဇူးတော်အားဖြင့် ပြုပြင်ခြင်းကို ခံရလိမ့်မည်။…
ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်း
ကျွန်မသူငယ်ချင်း၏မွေးနေ့တွင် သူမအား အဖော်ပြုလျက် အလှပြင်ဆိုင်သို့ သွားခဲ့စဉ်က ဆိုင်၏ဝန်ဆောင်မှုအပေါ် ကျွန်မတို့ နှစ်ဦးစလုံးကျေနပ်ခဲ့ကြသည်။ ငြိမ့်ညောင်းသောတေးဂီတသံတိုးတိုး ဖွင့်ထားပြီး၊ ဝန်ထမ်းတစ်ဦးစီက ကျွန်မတို့ကို ကြိုဆိုကာ ဆိတ်ငြိမ်သော မီးရောင်မှိန်မှိန်ထွန်းထားသောအခန်းသို့ ခေါ်သွားသည်။ ငြိမ်သက်အေးချမ်းမှု၊ တိတ်ဆိတ်မှုနှင့် ကောင်းစွာအနားယူရသောအခွင့်ကို ကျွန်မတို့ခံစားရသည်။ သို့ငြားလည်း စားပွဲပေါ်၌ “ဤသဘာဝဆံကေသာထိန်းသိမ်းမှုနည်းလမ်းသည် သင့်အား လှပသောဆံကေသာကိုပေးခြင်းထက်ပို၍ သင့်အား စိတ်ငြိမ်သက်မှုကို ခံစားရစေမည်”ဟူသော ကြော်ငြာကို ကျွန်မတွေ့လိုက်ရသောအခါ ခိုးပြီးရယ်ချင်စိတ်ကို မနည်းချုပ်တည်းခဲ့ရသည်။
ဆံကေသာဆိုင်ရာထုတ်ကုန်များသည် တည်မြဲသောငြိမ်သက်ခြင်းကို မပေးစွမ်းနိုင်ကြောင်း ကျွန်မတို့အားလုံးသိသော်လည်း၊ ဘဝ၌ စိတ်ဖိစီးမှုများရှိလာသောအခါ ခဏတာသက်သာမှုရရန် ထိုကုထုံးကို ခံယူကြသည်။ စင်စစ် စစ်မှန်သောငြိမ်သက်ခြင်းကို တစ်စုံတစ်ခုမှ ရရှိခြင်းမဟုတ်ဘဲ၊ တစ်စုံတစ်ဦးထံမှ ရရှိခြင်းဖြစ်သည်။ ပေါလုက ရောမမြို့ရှိ ယုံကြည်သူများအား တိုက်တွန်းခွန်အားပေးရာတွင် “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏”(ရော…
ခရစ်တော်၏ သမ္မာတရားကို လက်ခံကိုင်စွဲခြင်း
ကျွန်ုပ်၏သူငယ်ချင်းကော်နာသည် သူ၏ဖလင်နှင့်ရိုက်ရသည့်ကင်မရာဟောင်းနှင့် ဓာတ်ပုံရိုက်သည့်အခါ၊ ဆွဲဆောင်မှုရှိသော အလင်းရောင်ရှာရန်(သို့) အပြစ်အနာ အဆာကင်းရန်(သို့) အမြင်မလှသောအရာများကို ဖြတ်တောက်ရန် ဝန်မလေးပါ။ သူ့ဓာတ်ပုံများက အံ့သြဖွယ်သောပုံကြမ်းများဖြစ်သည်။ သို့သော် ကျွန်ုပ်၏ ဆိုရှယ်မီဒီယာတွင် လှပစွာတည်းဖြတ်ထားသော လူပုံ၊ ရှုခင်းပုံဓာတ်ပုံများထက် ထိုဓာတ်ပုံများက ပေါ်လွင်နေပါသည်။ သမားရိုးကျ မဟုတ်သော်လည်း၊ သူ၏လက်ရာသည် အစစ်အမှန်ကို ဖော်ညွှန်းနေသောကြောင့် လှပသည်။
ကျွန်ုပ်တို့အားလုံး အစစ်အမှန်ကို လိုလားကြသော်လည်း တစ်ခါတစ်ရံ အမှန်တရားသည် ဆွဲဆောင်မှုမရှိ ဖြစ်နေသည်။ အသေခံချိန်နီးသောအခါ သခင်ယေရှုက “ငါသည်...သမ္မာတရားဖြစ်သည်”ဟု ပြောခဲ့သည် (ယော ၁၄ :၆)။ သခင် အလွန်တောင့်တစွာပြောဆိုခဲ့သည့် "ငါ့အဘ၏အိမ်"သို့ သူတို့မည်သို့ရောက်ရှိနိုင်မည်ကို တပည့်တော်များ စဥ်းစားလျက် သိချင်နေကြသည် (:၂-၃)။ သူတို့ရှေ့၌ သခင်ယေရှု ရှိနေခြင်းက အဖြေဖြစ်သည်ကို သူတို့ မသိခဲ့ကြပေ။ ခရစ်တော်ကိုယ်တိုင် စွန့်လွှတ် အနစ်နာခံခြင်းဖြင့် အောင်ပွဲယူဆောင်လာမည်ကို နားလည်ရန် သူတို့ရုန်းကန်ခဲ့ကြရသည်။…
အခြားသူများအတွက် နေရာဖန်တီးခြင်း
နှစ်စဉ် နံရံ၌ ပြက္ခဒိန်ပြုလုပ်ခြင်းက ကျွန်မတို့ မိသားစု၏ထုံးစံဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အရေးကြီးသည့်အထူးနေ့များကို မိမိအကြိုက်ဆုံးဓာတ်ပုံများဖြင့် လစဉ်အလှဆင် ရေးမှတ်ခြင်းကြောင့် ၎င်းနံရံမှာ ရှုပ်ထွေး ပြည့်နှက်လျက်ရှိသည်။ မိသားစုဝင် အသစ်ဖြစ်သည့် ဘဝကြင်ဖော်နှင့် ကလေးများ တိုးလာသဖြင့် လူတိုင်း ၏ဓာတ်ပုံများကို မပါပါအောင်၊ ကပ်ညှပ်ထည့်ရသည်။ ယခုအခါ မွေးနေ့တူသည့် အဖွဲ့နှစ်ဖွဲ့နှင့် အချို့သော အားလပ်ရက်များက မင်္ဂလာဆောင်သည့်နေ့များနှင့် တိုက်နေသည်။ သို့သော် ၎င်းသည် ပြက္ခဒိန်၏အနှစ်သာရကို မပျက်စီးသွားစေဘဲ မိသားစုဝင် အသစ်များသည် ကျွန်မအတွက် ပို၍ပင်အဖိုးတန်နေသည်။
ဘုရားသခင်၏ နိုင်ငံတော်၌လည်း အသစ်ဝင်လာသူများသည် အမြဲတန်ဖိုးရှိပြီး မင်္ဂလာရှိသည်။ သမ္မာကျမ်းစာ၌ “ဘုရားသခင်သည် ပေါက်ဖော်မရှိသောသူတို့အား အိမ်ထောင်ချခြင်းအခွင့်ကိုပေး”ကြောင်း ဆိုထားသည် (ဆာ ၆၈:၆)။ ကိုယ်တော်သည် “မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာတရားစီရင်” သူ (:၅)အဖြစ် သူ၏မေတ္တာနှင့် ကာကွယ်မှုကို မိသားစုရှုထောင့်မှ ဖော်ပြထားသည်။ သူ့၏နှလုံးသားသည်…
ကျွန်ုပ်တို့၏အကျင့်များနှင့် သန့်ရှင်းသောဝိညာဉ်တော်
“ရှင် ဒီမှာကြီးပြင်းလာတာလား”ဟု သွားသန့်ရှင်းရေးဆရာဝန်ကမေးရာ၊ ကျွန်မ၏ ပါးစပ်ထဲ၌ သွားသန့်ရှင်းရေးကိရိယာများရှိနေ၍ ဖြေရန် ခက်ပြီ။ ၁၉၄၅ ခုနှစ်က ကျွန်မတို့မြို့သည် အများသုံး သောက်သုံးရေထဲသို့ ဖလူအိုရိုက်ဒ်ထည့်သည့် ကမ္ဘာ့ပထမဆုံးမြို့ဖြစ်ကြောင်း သူမက ရှင်းပြသည်။ (သွား)ခေါင်းပေါက် ရောဂါများကို ကာကွယ်ရန်အတွက်ဟု ယူဆရပြီး၊ အခြားဘာမှ မလိုအပ်ဘဲ ရေ ၁ လီတာတွင် ဖလူအိုရိုက်ဒ် ၀.၇ မီလီဂရမ် ရှိရုံဖြင့် ကာကွယ်နိုင်သည်။ ကျွမ်းကျင်ပညာရှင်များအတွက် ၎င်း၏အကျိုးသက်ရောက်မှုက သိသာနေသော်လည်း ထိုရေကို တစ်သက်လုံး သောက်သုံးခဲ့သည့် ကျွန်မမှာမူ ဘာဆိုဘာမှ မသိပါ။
ကျွန်မတို့ နေ့စဉ်စားသုံးသောအရာများက အချိန်ကြာလာသည်နှင့်အမျှ အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ အစားအသောက်များသာမက ဖျော်ဖြေရေး၊ သူငယ်ချင်းများနှင့် ဆိုရှယ်မီဒီယာမှ စာများ၊ သတင်းများလည်း အကြုံးဝင်သည်။ တမန်တော်ပေါလုက “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ...စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” (ရော…