ဘုန်းအသရေမှ ဘုန်းအသရေသို့
ကမ်းရိုးတန်းဒေသမြို့လေးမှာနေထိုင်သည့် Valerie(ဗယ်လာရီ)သည် နွေးထွေးသည့် ရာသီဥတုကို နှစ်သက်သကဲ့သို့ သဘာဝတောရိုင်းတိရိစ္ဆာန်များကို ဓာတ်ပုံရိုက်ခြင်းကိုလည်း ဝါသနာပါသည်။ ရေစိမ်ရခြင်းကို နှစ်သက်သည်။ အထူးသဖြင့် ပင်လယ်သမုဒ္ဒရာမှနေ၍ နေထွက်ချိန်ကို စောင့်ကြည့်ရခြင်းကို မြတ်နိုးသည်။ နေ့စဥ် အရုဏ်မတက်မီ သူနိုးထပြီး ရေပြင်အလှကို စောင့်ကြည့် သည်။ မိုးအုံ့ချိန်နှင့် သူခရီးသွားနေချိန်များ ရှိသော်လည်း သူ့ခန့်မှန်းချက်အရ ဗယ်သည် နှစ်စဉ် ကမ်းခြေမှနေ၍ နေထွက်ချိန်ကို အကြိမ် ၃၀၀ ကျော် စောင့်ကြည့်ခဲ့သည်။ ထိုသို့စောင့်ကြည့်ရခြင်းကို သူမ လုံးဝ မငြီးငွေ့ခဲ့ပါ။ သူမ၏အမြင်၌ နေထွက်ချိန်သည် သူမလွှတ်သွားချင်သောခန့်ညားမှုဖြင့် ပြည့်စုံသည်။
ထွက်မြောက်ရာကျမ်း ၃၄:၂၉-၃၅ တွင် မောရှေသည် ဘုရားသခင်နှင့် တွေ့ဆုံခဲ့ခြင်းကြောင့် သူ၏“မျက်နှာအရေ ထွန်းပကြောင်း”(:၂၉-၃၅) ဖော်ပြထားသည်။ ရှင်ပေါလုက ယေရှုကြွလာပြီးနောက်တွင် မောရှေကြုံတွေ့ခဲ့ရသော အရာထက် သာ၍ကောင်းသောအရာရှိပြီး(၂ ကော ၃:၇-၉)၊ ၎င်းမှာ ဝိညာဥ်တော်တရားဟူသည့် “ဖြောင့်မတ်စေတတ်သောတရား”ဖြစ်သည်…
ချီးကျူးထိုက်သူအား ချီးကျူးပါ
အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခု၏ ရွှေရတုပွဲနှင့် ထိုသို့ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့သူများ၊ အထူးသဖြင့် ထိုအဖွဲ့၌ ဆယ်စုနှစ်များစွာပါဝင်ခဲ့သူ များကို ဂုဏ်ပြုရန် ရွှေရောင်ခန်းမကြီး၌ ဧည့်သည်များနှင့် ပြည့်နေသည်။ လုပ်အားပေးပါဝင်သူများ၏ အချိန်မြောက်များစွာ နှင့်ထောက်ပံ့ငွေဒေါ်လာသန်းပေါင်းများစွာကို သုံးခဲ့သော်လည်း ဘုရားရှင် မပါလျှင် သူတို့အောင်မြင်မှုရမည်မဟုတ်ဟု တည်ထောင်သူတစ်ဦးက ကျေးဇူးတင်စိတ်ဖြင့် ဝေမျှခဲ့သည်။ လူများစွာ၏ အားစိုက်ထုတ်မှုမှန်သော်လည်း လူ၏ကြိုးပမ်းမှုထက်၊ ဘုရား၏မစမှုဖြင့်သာ တိုးတက်လာသည်ဟု သူက ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။
ကောင်းမြတ်သောဆုကျေးဇူးများသည် ဘုရားသခင်နှင့်ဆိုင်ကြောင်းကို သိမှတ်ရန် အရေးကြီးကြောင်း ဒံယေလနားလည်သည်။ နေဗုခဒ်နေဇာမင်းသည် အနာဂတ်နှင့်ဆိုင်သည့်အိပ်မက်ကို မြင်မက်ပြီး၊ အိပ်မက်နှင့် အိပ်မက် အနက်ကို ပြောပြဖွင့်ပြရန် ဗာဗုလုန်တစ်ပြည်လုံးရှိ ပညာရှိများကို ဆင့်ခေါ်ခဲ့သည်။ ပညာရှိများသည် စိတ်ပျက်လျက် မင်းကြီး၏အမှုအရာကို ဖြေနိုင်မည့်သူ မြေကြီးပေါ်မှာ တစ်ယောက်မျှ မရှိ။ သဘာဝလွန်တန်ခိုးရှိမှသာ ဖြေနိုင်မည်ဟု ဆန္ဒဖော်ထုတ်ကြသည်(ဒံ ၂:၁၀-၁၁)။ ဒံယေလကလည်း သူတို့နှင့် သဘောတူလျက် မင်းကြီးမေးမြန်းသောအရာကို…
ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း
ဖြစ်ရပ်မှန်များကို ပုံဖော်ထားသည့် The Courier ရုပ်ရှင်တွင် အဓိကဇာတ်ကောင် ဂရေးဗီးလ်(Greville)သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန်ကိစ္စနှင့် ရင်ဆိုင်ခဲ့ရသည်။ သူနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးမှာ အဖမ်းခံရမည်ဖြစ်ပြီး၊ အလွန်ကြမ်းတမ်းသော ထောင်ဒဏ်ကို ရင်ဆိုင်ရဖွယ်ရှိကြောင်းကို သူသိလိုက်ရသည်။ ဂရေးဗီးလ်သည် နိုင်ငံတွင်းမှ ချက်ချင်းထွက်ပြေးပြီး သူ့သူငယ်ချင်းနှင့် ပတ်သက်မှုမရှိကြောင်းကို ငြင်းဆိုပါက ထိုကံကြမ္မာမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဖြစ်သည်။ သို့သော် သနားကရုဏာစိတ်ဖြင့် ဂရေးဗီးလ်သည် သစ္စာရှိစွာဖြင့် နိုင်ငံမှ ထွက်ခွာရန် ငြင်းဆန်ပြီး သူ့သူငယ်ချင်းနှင့်ထပ်တူ ညှဥ်းဆဲခြင်းဝေဒနာကို ခံစားရလျက် ထောင်ကျခဲ့သည်။ သူတို့ တစ်ဦးနှင့်တစ်ဦးအပေါ် သစ္စာမဖောက်ကြပါ။ အဆုံး၌ ဂရေးဗီးလ်သည် ချည့်ချည့်နဲ့နဲ့နှင့် လွတ်မြောက်ခဲ့သော်လည်း၊ သစ္စာရှိပြီး စစ်မှန်သော အဖော်ဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။
နောမိသည် ထိုကဲ့သို့သော မိတ်ဆွေမျိုး လိုအပ်ခဲ့သည်။ သူမ၏ခင်ပွန်းနှင့် သားများ ကွယ်လွန်သောအခါ၊ သူသည် ခိုးကိုးရာမဲ့ဘဝသို့ ရောက်ရှိခဲ့ပြီး ရှည်လျားသော ဇာတိမြေသို့…
သမ္မာကျမ်းစာ၏ မြတ်နိုးဖွယ်ရာစကားများ
ကျွန်ုပ်၏အဖေသည် ချုပ်ရိုးများ ဟောင်းနွမ်းပြီး စာအုပ် နှစ်ပိုင်းမကွဲမီအထိ သူမြတ်နိုးလှသော သူ၏သမ္မာကျမ်းစာကို အနှစ် ၃၀ ကျော်ထိတိုင် ကိုင်ဆောင်ခဲ့သည်။ သမ္မာကျမ်းစာကို ပြန်လည်ပြုပြင်ရန် စာအုပ်ချုပ်သူထံ ကျွန်ုပ်တို့ယူသွားသော အခါ မည်သည့်အရာက စာအုပ်ကို ထူးခြားစေသနည်းဟု စာအုပ်ချုပ်သူက သိချင်နေသည်။ ၎င်းသည် တန်ဖိုးကြီးသော ရှေးဟောင်းပစ္စည်းလည်းမဟုတ်၊ စာမျက်နှာ များတွင် လက်ရေးနှင့်ရေးထားသောမှတ်စုနှင့် ပြည့်နေသည်။ သမ္မာကျမ်းစာနှင့် ပတ်သက်သော သူ၏မေးခွန်းများသည် ကျွန်ုပ်တို့မိသားစုအတွက် ဧဝံဂေလိတရားကို ဝေမျှပြီး သူနှင့်အတူ ဆုတောင်းရန် အခွင့်အရေးကို ဖန်တီးပေးခဲ့သည်။
မှန်ပါသည်။ သမ္မာကျမ်းစာသည် မိသားစုအမွေအနှစ် (သို့) ကောင်းမွန်လှပစွာ အလှဆင်မှုထက် သာလွန်ပါသည်။ ဘုရားသခင်သည် သားတော်အားဖြင့် ကျွန်ုပ်တို့အား သူ့ကိုယ်ကိုဖွင့်ပြသကဲ့သို့၊ ကျမ်းစာ၏စာမျက်နှာများ၌ “ထာဝရအသက်နှင့်ယှဉ်သောစကားများ”(ယော ၆:၆၈)ပါရှိသည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်း၏အဖွင့်တွင် သခင်ယေရှုသည် “ဘုရားသခင်နှင့်အတူရှိသော နှုတ်ကပတ် တော်၊ ...ဘုရားသခင်ဖြစ်တော်မူ၏”(၁:၁)ဟုဆိုထားသည်။ သူသည်…
မြစ်နားမှာစိုက်သော
ဘီလ်(Bill)သည် အလုပ်မှအနားယူခဲ့ပြီး တစ်ဦးတည်းနေထိုင်သည့် နှစ်လိုဖွယ် သက်ကြွယ်ပုဂ္ဂိုလ်ဖြစ်ကာ မကြာမီကမှ ကားမောင်းခြင်းကို စွန့်လွှတ်ခဲ့ရသူဖြစ်၍ စားသောက်ကုန်ပစ္စည်းများ သယ်ယူရန်၊ ဆရာဝန်ညွှန်ကြားသည့်ဆေးများ သွားထုတ် ယူရန်နှင့် တနင်္ဂနွေနေ့ဘုရားကျောင်းသွားရန်အတွက် တစ်စုံတစ်ဦး၏ အကူအညီ ကို သူလိုအပ်သည်။ သို့သော် “အိမ်မှာပဲ နေရတဲ့နေ့တွေကို ကျွန်တော်နှစ်သက်ပါတယ်။ အခမဲ့ ဝတ်ပြုကိုးကွယ်ခြင်း၊ အွန်လိုင်းကနေ သီချင်းတွေနားထောင်၊ တီဗီကနေ သမ္မာကျမ်းစာ သင်ယူ၊ စတာတွေကို တစ်နေ့လုံး ပါဝင်နိုင်လို့ ကျွန်တော်နှစ်သက်ပါတယ်”ဟု ဘီလ်က ဆိုသည်။ ဘီလ်၏နေ့ရက်များသည် သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဆုတောင်းနှင့် ချီးမွမ်းခြင်းတို့ဖြင့် ဝန်းရံလျက်ရှိသည်။
ကျွန်မတို့၏နှလုံးသားများ စိုက်ပျိုးရာနေရာ၌ မိမိအပေါ်လွှမ်းမိုးနိုင်သည့် အမူအကျင့်များရှိပါသည်။ ဆာလံ ၁ တွင် ဘုရားသခင့်ထံတော်၌ မျက်နှာသာ ရသူတစ်ဦး၏ အမူအကျင့်များကို ဖော်ပြထားသည်။ သူတို့သည် ဘုရားသခင်၏ တရားတော်၌ မွေ့လျော်၍ ထိုတရားတော်ကို မကြာခဏ ဆင်ခြင်ခြင်းဖြင့် ပုန်ကန်တတ်သည့်…
ယုံကြည်ခြင်း ခြေလှမ်း
ဂျွန်သည် အလုပ်ပြုတ်သွား၍ စိတ်ထိခိုက်နေသည်။ သူ၏အသက်မွေးဝမ်းကြောင်းအစထက် အဆုံးနှင့် ပိုနီးစပ်သဖြင့် အခြားတစ်နေရာတွင် ဘဝပြန်စတင်ရန် ခက်ခဲမည်ကို သိသည်။ သူသည် မှန်ကန်သောအလုပ်အတွက် စတင်ဆုတောင်းခဲ့သည်။ ထို့နောက် ဂျွန်သည် သူ၏ကိုယ်ရေးရာဇဝင်ကို ပြန်လည်ပြင်ဆင်ပြီး၊ အင်တာဗျူးအကြံဉာဏ်များကို ဖတ်ကာ ဖုန်းခေါ်ဆိုမှုများစွာ ပြုလုပ်ခဲ့သည်။ ရက်သတ္တပတ်များစွာ လျှောက်ထားပြီးနောက်တွင် ကောင်းမွန်သောအလုပ်ချိန်နှင့် အလုပ်လုပ်ရန်လွယ်ကူသော ရာထူးအသစ်တစ်ခုကို ရရှိခဲ့သည်။ သူ၏သစ္စာရှိစွာ နာခံမှုနှင့် ဘုရားသခင်၏ ပံ့ပိုးပေးမှုတို့သည် ပြီးပြည့်စုံသောဆုံမှတ်တွင် ဆုံတွေ့ခဲ့သည်။
ပိုသိသာထင်ရှားသော သာဓကတစ်ခုမှာ (ထွ ၆:၂၀) အဲဂုတ္တုပြည်တွင် ဣသရေလလူမျိုးများ ကျွန်ခံရချိန်အတွင်း ယောခေဗက်၏မိသားစုတွင် ဖြစ်ပွားခဲ့သည်။ မွေးကင်းစ ဟေဗြဲကလေးအားလုံးကို နိုင်းမြစ်ထဲသို့ ချပစ်ရန် ဖာရောဘုရင် အမိန့်ပေးသောအခါ (၁:၂၂)၊ ယောခေဗက်သည် တုန်လှုပ်ချောက်ချားခဲ့ပေမည်။ သူမသည် ဥပဒေကို မပြောင်းလဲနိုင်သော်လည်း ဘုရားသခင်ကို နာခံပြီး သူ့သားကို ကြိုးစား၍ကယ်တင်နိုင်မည့် နည်းလမ်းအချို့ကို သူလုပ်ဆောင်နိုင်သည်။…
အသက်ရှင်ခြင်းကို ရွေးချယ်ခြင်း
နေသန်သည် ခရစ်တော်ကို ယုံကြည်သောမိသားစုတွင် ကြီးပြင်းလာခဲ့သော်လည်း ကောလိပ်ကျောင်းသားဘဝတွင် ငယ်ဘဝယုံကြည်ခြင်းမှ စတင်သွေဖည်သွားပြီးအရက်သောက်လာသည်၊ ပါတီပွဲတက်လာသည်။ “ကျွန်တော်နဲ့ မထိုက်တန်ပေမဲ့လည်း ဘုရားသခင်က ကျွန်တော့်ကို သူ့ဆီ ပြန်ခေါ်ခဲ့တယ်” ဟု သူက ဆိုသည်။ နောက်ဆုံးတွင် နေသန်သည် နွေရာသီတစ်နွေလုံး အမေရိကန်နိုင်ငံ မြို့ပြလမ်းမများပေါ်မှ သူစိမ်းများကို ယေရှုခရစ်တော်အကြောင်းအား မျှဝေနေခဲ့ပြီး ယခုအခါ သူ၏ အသင်းတော် လူငယ်သာသနာလုပ်ငန်းတွင် ပါဝင်နေခဲ့သည်။ နေသန်၏ပန်းတိုင်မှာ လူငယ်များ ခရစ်တော်အတွက် အသက်မရှင်ဘဲ အချိန်ဖြုန်းနေခြင်းကို ရှောင်ရှားနိုင်အောင် ကူညီပေးရန်ဖြစ်သည်။
နေသန်ကဲ့သို့၊ ဣသရေလခေါင်းဆောင် မောရှေသည် နောင်လာနောက်သား များအတွက် စိတ်စေတနာရှိခဲ့သည်။ မကြာမီ ခေါင်းဆောင်မှုကို သူလွှဲပြောင်းပေးရတော့မည်ကို သိသဖြင့် သူသည် လူတို့အား ဘုရားရှင်၏ ကောင်းမြတ်သောပညတ်များကို ပေးအပ်ပြီးနောက် နာခံမှုအတွက် ကောင်းချီးနှင့်အသက်၊ မနာခံမှုအတွက် ကျိန်ခြင်းနှင့်သေခြင်း စသည်ဖြင့် နာခံခြင်း (သို့) မနာခံခြင်း၏ရလဒ်များကို…
ဘုရားသခင် ကျွန်ုပ်တို့ကို သိမြင်တော်မူ၏
အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်တွင် သစ်ပင်ပေါင်း (၁၄) ဘီလီယံရှိပြီး၊ စံနှုန်းအများစုအရ အပင်အများစုမှာ ရိုးရိုးသာမန် ဖြစ်သည်။ သို့သော် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသစ်ပင်များကို သက်ရှိထင်ရှားရှိသော အထင်ကရသစ်ပင်များအဖြစ် ဂုဏ်ပြုနိုင်ရေး “Big Tree Hunt” (ကြီးမားသောသစ်ပင် ရှာဖွေပွဲ)ကို ပြည်နယ်အစိုးရမှ နှစ်စဉ်ကျင်းပသည်။ သတိပြု စောင့်ဆိုင်းနေရုံဖြင့် သစ်တောတိုင်းတွင် မည်သည့်သစ်ပင်မဆို ဆုရသစ်ပင်ဖြစ်လာနိုင်သည်။ ထိုပြိုင်ပွဲသည် သာမန်သစ်ပင်များကို အဆင့် နောက်တစ်ဆင့်သို့ မြှင့်တင်ပေးသည်။
လူအများစုနှင့်မတူဘဲ၊ ဘုရားသခင်သည် သာမန်လူများကို အမြဲသတိပြုသည်။ အခြားသူများ လျစ်လျူရှုထားသော ‘အရာ နှင့် မည်သူ့ကိုမဆို’ ကိုယ်တော် ဂရုစိုက်ပါသည်။ ဘုရားသခင်သည် ယေရောဗောင်မင်းလက်ထက်တွင် အာမုတ် အမည်ရှိသော သာမန်လူတစ်ဦးကို ဣသရေလနိုင်ငံသို့ စေလွှတ်ခဲ့သည်။ အာမုတ်သည် သူ၏လူများတို့အား ဒုစရိုက်ကို လွှဲရှောင်၍ တရားသဖြင့်ပြုမှုရန် သတိပေးသော်လည်း ဝိုင်းပယ်ခံရပြီး တိတ်ဆိတ်စွာနေရန် အပြောခံခဲ့ရသည်။ သူတို့က…
တရားမျှတခြင်း၏အရှင်
ရိုင်း (Ryan) သည် ဆယ်ကျော်သက်အရွယ်၌ မိခင်ဖြစ်သူကို ကင်ဆာရောဂါဖြင့် ဆုံးရှုံးခဲ့ရသည်။ သူသည် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး မကြာမီပင် ကျောင်းထွက်လိုက်ရသည်။ သူသည် မျှော်လင့်ချက်မဲ့လျက် ရံဖန်ရံခါ ဆာလောင်မွတ်သိပ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရိုင်း သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အခြားသူများ၊ အထူးသဖြင့် ကလေးငယ်များကို စိုက်တတ်ပျိုးတတ်၊ ရိတ်သိမ်းတတ်အောင်နှင့် မိမိတို့၏ကိုယ်ပိုင်ခြံထွက် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်တတ်အောင် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။ ထိုအဖွဲ့အစည်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ငတ်မွတ်ခြင်း မခံစားရစေရန်နှင့် တစ်စုံတစ်ရာရှိသူများက မရှိသူများကို ဂရုစိုက်ပေးရန်ဖြစ်သည်။အခြားသူများအပေါ် ရိုင်း၏စိုးရိမ်ပေးမှုက တရားမျှတမှုနှင့် သနားကရုဏာကို လိုလားသော ဘုရား သခင်၏နှလုံးသားကို ထင်ဟပ်ပြနေသည်။
ကျွန်ုပ်တို့ ကြုံနေရသည့် နာကျင်မှုနှင့်ဆင်းရဲဒုက္ခတို့ကို ဘုရားသခင်အမှန်ပင်ဂရုပြုသည်။ ဣသရေသလူတို့၌ ဆိုးရွားသောမတရားမှုကို ဘုရားသခင်မြင်ရသည့်အခါ ပရောဖက်အာမုတ်ကိုစေလွှတ်ကာ သူတို့၏သူတော်ယောင်ဖြစ်မှုကို အလေးပေး သွန်သင်စေခဲ့သည်။ အဲဂုတ္တု၏ဖိနှိပ်မှုအောက်မှ ဘုရားသခင် ကယ်တင်ခဲ့သော လူမျိုးများသည်…
မမြင်ရသောရှင်ဘုရင်
‘Pilgrim’ (ဘုရားဖူးခရီးသည်)သည် သခင်ယေရှုအား ယုံကြည်သူတစ်ဦး၏ ဘဝအကြောင်းကို တင်စားဖော်ကျူးထားသည့် ‘The Pilgrim’s Progress’ (ဘုရားဖူးတစ်ဦး၏ခရီးပေါက်ရောက်မှု) ရူပက အလင်္ကာတွဲပေါ်၌ အခြေပြုထားသည့် တေးဂီတပြဇာတ်ဖြစ်သည်။ ထိုဇာတ်လမ်း၌ ဝိညာဥ်လောက၏ မမြင်ရသော အင်အားစုများအားလုံးကို ပရိသတ်များ မြင်နိုင်အောင် ပြုလုပ်ထားသည်။ ဘုရားသခင်ကို ကိုယ်စားပြုသည့် ရှင်ဘုရင်ဇာတ်ကောင်ကို ဇာတ်စင်ပေါ်၌ ပွဲချိန်တစ်လျှောက်လုံး နီးပါးတွေ့မြင်ရသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရန်သူများ၏ တိုက်ခိုက်မှုကို သတိရှိရှိ ကာကွယ်လျက်၊ နာကျင်နေသူများအား နူးညံ့စွာ ဖေးမ ပွေ့ပိုက်လျက်၊ အချို့သူများကို ကောင်းရာပြုလုပ်ရန် တိုက်တွန်းအားပေးသည်။ ရှင်ဘုရင်ဇာတ်ကောင်သည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍအဖြစ်ပါဝင်သော်လည်း အဓိက လူသားဇာတ်ကောင်များမှာ ရှင်ဘုရင်အား ရုပ်ခန္ဓာနှင့်မမြင်ရဘဲ သူ၏လုပ်ဆောင်ချက် အကျိုးသက်ရောက်မှုများကိုသာ မြင်ကြရသည်။
ဘုရားသခင်ကို ရုပ်နာမ်ဖြင့် ကျွန်မတို့မမြင်ရသည့်တိုင်အောင် စစ်မှန်သောရှင်ဘုရင်သည် ကျွန်မတို့၏အသက်တာ၌ ရှင်သန်လှုပ်ရှားရှိနေသကဲ့သို့ ကျွန်မတို့အသက်ရှင်ပါသလား။ လိုအပ်ချိန်၌ ပရောဖက်ဒံယေလသည်…