စာရေးသူ

အားလုံးမြင်နိုင်ရန်
Karen Pimpo

ခယ်ရန်ပင်ပို

အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ်ဒေသအနှံ၌ ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ခယ်ရန်ပင်ပိုသည် နယ်ချင်းနီးစပ်သော မီချီဂန်ပြည်နယ် ဂရဲန်ရဲ့ပစ်ဒေသ၌ သူ့အိမ်ကဲ့သို့ပင် အဆင်ပြေပြေ နေသားကျသူဖြစ်သည်။ သူသည် စျေးကွက်နှင့် ဆက်သွယ်ရေးလောကတွင် ငွေကြေးအကျိုးအမြတ် ရှေ့ရှုသော အဖွဲ့အစည်း (သို့) ငွေကြေးအကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းမဟုတ်သော အဖွဲ့အစည်းများအတွက် ၎င်းတို့အဖွဲ့အစည်း၏အကြောင်းကို စိတ်ဝင်စားဖွယ်ပြောပြလျက် အကူအညီပေးသည့် စီမံကိန်းများစီမံခန့်ခွဲမှုလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ ခယ်ရန်သည် Our Daily Bread Ministries ၏လုပ်ငန်းတစ်ခုဖြစ်သည့် YMI (ymi.today) ဌာနအတွက် စာရေးသူနှင့် Grand Rapids Symphony Chorus ၏အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူသည် နံနက်စာကို နှစ်ခါပြန် စားခြင်း၊ တောအုပ်ထဲလမ်းလျှောက်ခြင်း၊ တေးဂီတအသစ်များရှာဖွေခြင်း စသည်တို့သည် သူ၏ ကြီးမားသောဝါသနာဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ခယ်ရန်ပင်ပို

ဘုရားသခင်၌ စိတ်ချစွာ နားခိုခြင်း

တရုတ်နိုင်ငံ ဖူဂျီယန်ဒေသမှ သုတေသီများက အသည်းအသန်လူနာများ ကြပ်မတ်ကုသဆောင် အိုင်စီယူ (ICU)ရှိ လူနာများ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးလိုသည်။ သူတို့သည် အိုင်စီယူ အခန်းပုံ ပြင်ဆင်ထားသည့်ဝန်းကျင်တွင် ဆေးရုံအဆင့် သတ်မှတ်ထားသည့် အလင်းအမှောင်ကို ချိန်ညှိပြီး၊ စက်ကရိယာများ၏အသံ၊ သူနာပြုတို့၏စကားသံတို့ကို အသံဖမ်းထားကာ၊ စမ်းသပ်ခံအရာဝတ္ထုများ၌ အိပ်ဆေးများ၏ အာနိသင်သက်ရောက်မှုကို တိုင်းတာသည်။ ထိုသုတေသနပြုချက်က အိပ်ပျော်ရန်သုံးသည့် မျက်နှာဖုံးနှင့် နားကြပ်များသည် စမ်းသပ်ခံအရာများ၏ နားနေအိပ်စက်မှုကို တိုးတက်စေကြောင်း ပြခဲ့သည်။ သို့သော် အိုင်စီယူအခန်းအစစ်၌ အမှန်တကယ် ဖျားနာနေသူအတွက်မူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရေးက ခက်ခဲနေမြဲဖြစ်သည်။

ဒုကများမြောင်လှသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ မည်သို့ငြိမ်သက်စွာ အနားရနိုင်မည်နည်း။ သမ္မာကျမ်းစာ၌ မည်သည့်အခြေအနေတွင်မဆို ဘုရားရှင်ကို ခိုလှုံသူအတွက် ငြိမ်သက်ခြင်းရှိကြောင်း ရှင်းရှင်းဆိုထားသည်။ ပရောဖက်‌ ဟေရှာယက ဒုက္ခအခက်အခဲများအလွန်တွင် ဣသရေလလူမျိုးတို့အတွက် ပြန်လည်ထူထောင် ပေးမည့် အနာဂတ်အကြောင်း ရေးသားခဲ့သည်။…

မထိုက်တန်သောလက်ဆောင်

မကြာသေးမီက ကျွန်မသူငယ်ချင်းက ကျွန်မအား လက်ဆောင်တစ်ခုပေးရာ ကျွန်မအံ့ဩရသည်။ သူမထံမှ ထိုမျှကောင်းသောလက်ဆောင်ကို ရထိုက်သည်ဟု ကျွန်မ မထင်ပါ။ ကျွန်မသည် အလုပ်နှင့်ပတ်သက်၍ စိတ်ဖိစီးနေရကြောင်း သူမကြား၍ ပို့လိုက်ခြင်းဖြစ်သည်။ သူမက ကျွန်မထက်ပင် စိတ်ဖိစီးနေနိုင်ပါ သည်။ အိုမင်းလာသောမိဘများ၊ စောဒကတက်သောကလေးများ၊အလုပ်အကိုင် အတည်တကျ မရှိ၊ သူမ၏အိမ်ထောင်ရေးကလည်း တင်းမာနေသည်။ သူမကိုယ် သူမထက် ကျွန်မကိုပိုဦးစားပေးသည်ကို ကျွန်မမယုံနိုင်ဘဲ၊ သူမ၏ရိုးရှင်းသောလက်ဆောင်ကြောင့် ကျွန်မမျက်ရည်ကျမိပါသည်။

အမှန်စင်စစ် ကျွန်မတို့အားလုံးသည် ကျွန်မတို့နှင့်မထိုက်တန်နိုင်သော လက်ဆောင်တစ်ခုကို ရရှိထားကြပါသည်။ ရှင်ပေါလုက “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ကြွလာတော်မူသည် ... အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏” (၁ တိ ၁:၁၅)ဟု ဆိုပါသည်။ သူသည် တစ်ချိန်က “ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဖူးသော်လည်း” “သခင်ဘုရား၏ကျေးဇူးတော်သည် ... အတိုင်းထက်အလွန်ကြွယ်ဝ”သည် (:၁၃-၁၄)ဟု သူက ဆိုသည်။…

ပြည့်စုံပါစေ

ဒေါက်တာ Martin Luther King Jr. (မာတင်လူသာကင်း ဂျူနီယာ)၏ ကြောက်မက်ဖွယ်ရာ လုပ်ကြံခံရမှုသည် ၁၉၆၀ ပြည့်နှစ်များအတွင်း အမေရိကန်နိုင်ငံသား အခွင့်အရေးလှုပ်ရှားမှု၏ အရှိန်မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း (၄) ရက်ကြာပြီးနောက်၊ သူ့ဇနီးသည် မုဆိုးမ Coretta Scott King (ကော်ရက်တာစကော့ကင်း)သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် သူမ၏ခင်ပွန်းကိုယ်စား ရဲရဲဝံ့ဝံ့ ဦးဆောင်ခဲ့သည်။ ကော်ရက်တာသည် တရားမျှတမှုအတွက် ဆန္ဒပြင်းပြပြီး အရေးခင်းများစွာတွင် ကြောက်ခမန်းလိလိ အောင်နိုင်သူတစ်ဦးဖြစ်ခဲ့သည်။

“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့” (မ ၅:၆)ဟု ရှင်ယေရှုမိန့်မှာခဲ့သည်။ တစ်နေ့နေ့တွင် ဘုရားသခင်သည် တရားမျှတမှုဖြင့် ကယ်တင်ပြီး အမှားများကို ပြုပြင်ရန်ကြွလာတော်မူမည်ကို ကျွန်မတို့သိသည်။ သို့သော်လည်း ထိုအချိန်မတိုင်မီအထိ ကော်ရက်တာကဲ့သို့ ကမ္ဘာမြေ၌ ဘုရားသခင် ၏တရားမျှတမှု အမှန်တကယ်ဖြစ်လာစေရန်…

ဝန်ကို ပေါ့ပါးစေပါ

ကျွန်မတို့အသစ်ဖွဲ့ထားသော ကျမ်းစာလေ့လာခြင်းအဖွဲ့မှ အမျိုးသမီးများသည် အဖြစ်ဆိုးအမျိုးမျိုးကို ကြုံတွေ့ရသောအခါ နက်ရှိုင်းသော ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများကို အတူတကွ မျှဝေပြောပြကြသည်ကို တွေ့ခဲ့ရသည်။ ဖခင် ကွယ်လွန်သွားခြင်း၊ အိမ်ထောင်ကွဲပြီးနောက် မင်္ဂလာနှစ်ပတ်လည်ကို ဖြတ်သန်းရသည့်ဝေဒနာ၊ နားမကြားသောကလေးကို မွေးဖွားခြင်း၊ မိမိရင်သွေးကို အရေးပေါ်ခန်းသို့ အသည်းအသန်ပို့ရခြင်းအတွေ့အကြုံ စသည်တို့ကို တစ်ဦးတည်း ရင်ဆိုင်ကျော်လွှားရန်မှာ ကြီးလေးပြင်းထန်လှသည်။ တစ်ဦးစီ၏ခံနိုင်ရည်မဲ့မှုများကို မျှဝေခြင်းဖြင့် ပို၍ပွင့်လင်းမြင်သာမှု ရှိလာစေသည်။ ကျွန်မတို့အတူ ငိုယိုဆုတောင်းခဲ့ကြသည်။ သို့နှင့် သီတင်းပတ်အနည်းငယ်အတွင်းတွင် အချင်းချင်း အကျွမ်းဝင်မှုမရှိသောအုပ်စုမှ အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်စု ဖြစ်လာသည်။

အသင်းတော်၏အစိတ်အပိုင်းအနေဖြင့်၊ သခင်ယေရှုကို ယုံကြည်သူများသည် မိမိအဆင်ပြေသလို ဆင်းရဲဒုက္ခခံစားနေရသူများနှင့်အတူ မျှဝေခံစားနိုင်ပါသည်။ ခရစ်တော်၌ညီအစ်ကိုမောင်နှမများ၏ အချင်းချင်းချည်နှောင်သော ဆက်ဆံရေးသည် ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦးသိကျွမ်းခဲ့ကြသည့် အချိန်ကာလ (သို့) စိတ်တူသဘောတူဖြစ်မှုပေါ်တွင် မမူတည်ပါ။ ၎င်းအစား “ထမ်းရွက်စရာ ဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်”ရန် ရှင်ပေါလုက သွန်သင်ခဲ့သည်…

ကရုဏာကို ရွေးချယ်ခြင်း

နှင်းနှင့်ပတ်သက်သည့် မတော်တဆ အလွဲအချော်များအကြောင်း (၅) မိနစ် ဗီဒီယိုတွဲသည် တီဗီအစီအစဥ်တစ်ခု၏ အဓိကအပိုင်းတစ်ခုဖြစ်သည်။ ခေါင်မိုးပေါ်မှ နှင်းလျှောစီးခြင်းများ၊ ရာဘာကွင်းစီးရင်း အရာဝတ္ထုများနှင့်တိုက်မိခြင်းများ၊ ရေခဲပြင်ပေါ်တွင်ခြေချော်ခြင်း စသည့် မိသားစုဗီဒီယိုများသည် စတူဒီယိုပရိသတ်များနှင့် အိမ်မှကြည့်နေသူများ၏ ရယ်မောအားပေးမှုကို ရရှိခဲ့သည်။ ထိုသို့ ထိခိုက်မိသူများသည် ၎င်းတို့၏ မိုက်မဲသောအပြုအမူများကြောင့် ထိခိုက်ရသောအခါ အရယ်ရဆုံးဖြစ်သည်ကို တွေ့ရသည်။

ရယ်စရာကောင်းသော မိသားစုဗီဒီယိုများသည် မကောင်းသောအရာ မဟုတ်ပါ။ သို့သော်လည်း ၎င်းတို့သည် ကျွန်မတို့က အခြားသူများ၏အခက်အခဲကို ရယ်တတ်၊ အခွင့်အရေးယူတတ်ကြောင်းကို ဖော်ပြနေသည်။ ဩဗဒိဗျာဒိတ်ရူပါရုံ၌ ပြိုင်ဘက်ပြည် (၂) ခုဖြစ်သော ဣသရေလပြည်နှင့် ဧဒုံပြည်တို့ကြားတွင် ထိုကဲ့သို့အဖြစ်အပျက်တစ်ခုကို တွေ့ရသည်။ ဘုရားသခင်သည် ဣသရေလပြည်အား ၎င်းတို့၏အပြစ်များအတွက် အပြစ်ပေးသောအခါ ဧဒုံပြည်သည် ဝမ်းမြောက်ခဲ့သည်။ သူတို့သည် ဣသရေလပြည်သားများအပေါ် အခွင့်ကောင်းယူကာ ၎င်းတို့၏ ပစ္စည်းဥစ္စာများကိုလုယူသည်။ သူတို့ထွက်ပြေးရာလမ်းကိုပိတ်ပြီး သူတို့ကို ရန်သူများလက်သို့အပ်ခဲ့သည် (ဩ…

ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးခြင်း

ကြီးမားသော ဝက်သစ်ချပင်တစ်ပင်ကို မီးဖိုချောင်စားပွဲပေါ်၌ထားနိုင်မည့် သေးငယ်သောအရွယ်အပင်အဖြစ် မြင်ယောင်ကြည့်ပါ။ ၎င်းသည် တော၌ တွေ့ရသည့်အပင်ကို အလှစိုက်အပင်ငယ်အဖြစ် တွေ့ရသည့် သက်ကြီးပင်ပု ဘွန်ဆိုင်းပင် (bonsai)ဖြစ်သည်။ ဘွန်ဆိုင်းပင်နှင့် ၎င်း၏မူရင်း အရွယ်အစားရှိသည့်အပင်တို့ကြားတွင် မျိုးရိုးဗီဇ ကွာခြားမှု မရှိပါ။ ရိုးရိုးလေးပါ။ အိုးအသေး၊ အကိုင်းချိုင်ခြင်းနှင့် ကြီးထွားမှုကို ကန့်သတ်သော အမြစ်ညှိခြင်းတို့ကြောင့် အပင်သည် သေးငယ်စွာ ကျန်ခဲ့သည်။

ဘွန်ဆိုင်းပင်များသည် လှပသော ဆွဲဆောင်မှုရှိသည့်အပင်များဖြစ်ပြီး ၎င်းအပင်က တစ်စုံတစ်ရာ၏ထိန်းချုပ်မှုတန်ခိုးကိုလည်း ဖော်ပြနေသည်။ အပင်များ၏ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုကိုလိုက်ပြီး ၎င်းတို့၏ကြီးထွားမှုကို လိုသလို ချယ်လှယ်နိုင်သည်မှန်သော်လည်း စင်စစ် ဘုရားသခင်သည်သာ အပင်ကို ကြီးထွားစေသူဖြစ်သည်။

ပရောဖက်ယေဇကျေလအား “ငါထာဝရဘုရားသည် မြင့်သောအပင်ကို နှိမ့်၍ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း” (ယေ ၁၇:၂၄) ဘုရားသခင် မိန့်ကြားခဲ့သည်။ ဗာဗုလုန်လူမျိုးများ၏ ကျူးကျော်ဝင်ရောက်မှုကို ခွင့်ပြုခြင်းအားဖြင့် ဣသရေလပြည်ကို “အမြစ်မှနှုတ်ပစ်”မည့် အနာဂတ်အဖြစ်အပျက်ကို နမိတ်ပြခဲ့သည်။…

အသက်နှင့်ယှဉ်သော ဆုံးမခြင်း

“ဖြစ်ချင်တော့ဟယ်၊ မကြာသေးခင်က ငါတို့စကားအချေအတင် ဖြစ်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်လုံး မပျော်ရွှင်ရပါဘူး။ ဒါပေမဲ့ သူ့အနားက လူတွေ မနာကျင်ရ လေအောင် သူမရဲ့စိတ်ထားနဲ့ အပြုအမူတွေကို ပြောပြဖို့လိုတယ်လို့ ငါခံစားရတယ်” ဟု ရှယ်လီက သူမပြုစုပျိုးထောင်ပေးနေရသည့် မိန်းမပျိုလေးအကြောင်း ပြောပြသည်။ အဆင်မပြေဖြစ်ခဲ့သော်လည်း သူတို့စကားပြောခြင်းသည် အကျိုးဖြစ်ခဲ့ပြီး သူတို့၏ဆက်ဆံရေး ပိုမိုခိုင်မာစေခဲ့သည်။ ရက်သတ္တပတ်များကြာပြီးနောက် သူတို့နှစ်ဦးသည် နှိမ့်ချခြင်းနှင့်ပတ်သက်သည့် ခေါင်းစဥ်ဖြင့် အသင်းတော်အတွင်း ဆုတောင်းခြင်းကို ဦးဆောင်ခဲ့သည်။

အသင်းတော်ပြင်ပ သာမန်ပြုစုပျိုးထောင်ခြင်းတွင်လည်း ကျွန်ုပ်တို့သည် ခရစ်ယာန် ညီအစ်ကိုမောင်နှမများနှင့် ခက်ခဲသည့်စကားဝိုင်း (၁)ခု (သို့) (၂)ခု ရှိစမြဲ ပင်။ မပြောင်းလဲသောဉာဏ်ပညာနှင့် ပြည့်စုံသည့် သုတ္တံကျမ်းတွင် ဆုံးမခြင်းနှင့် ဆုံးမမှုကိုခံယူတတ်သည့် နှိမ့်ချခြင်း၏အရေးပါမှုကို ထပ်ခါထပ်ခါ ဖော်ပြထား သည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုများသည် အသက်နှင့်ယှဉ်ပြီး စစ်မှန်သည့် ဉာဏ်ပညာဆီသို့ ပို့ဆောင်ပေးသည် (သု ၁၅:၃၁)။…

အသက်ရှင်သောစာ

အဘိုးဖြစ်သူ လုပ်ဆောင်ခဲ့သည့်အရာကို အမှတ်ရအောက်မေ့စရာအဖြစ် Peter Croft (ပီတာခရော့ဖ်)က "သမ္မာကျမ်းစာကို ဖတ်ရှုသူတိုင်းသည် မည်သည့် အရေး အသားဖြင့်မဆို ဖတ်ပြီးနားလည်ရုံမကဘဲ ရှေးနှစ်ပေါင်း ၂၀၀၀ ကဲ့သို့ပင် ယခု အချိန်ထိ သက်ရောက်မှုရှိသော၊ အန္တရာယ်ရှိသော၊ စိတ်လှုပ်ရှားစရာကောင်းသော 'ရှင်သန်သော' အကြောင်းအရာအဖြစ် ရေးထားသော နှုတ်ကပတ်တော်ကို ခံစားသိရှိရန်မှာ ကျွန်ုပ်၏လေးနက်သောဆန္ဒဖြစ်သည်" ဟုရေးသားခဲ့သည်။ ပီတာ၏အဖိုးသည် သူ့အသင်းတော်ရှိ ကျောင်းသားများ ရှင်သန်နိုးကြားရေးအတွက် ဒုတိယကမ္ဘာစစ်အတွင်း သမ္မာကျမ်းစာ စကားပြေအရေးအသားအသစ် ရေးသား ရာတွင် တာဝန်ယူခဲ့သော လူငယ်ဓမ္မဆရာ J.B. Phillips (ဂျေဘီဖိလစ်) ဖြစ်သည်။

ဖိလစ်၏ ကျောင်းသားများနည်းတူ သမ္မာကျမ်းစာဘာသာပြန် အရေးအသားကြောင့် မဟုတ်ဘဲ ကျမ်းစာဖတ်ရန်နှင့် လက်တွေ့ခံစားသိရှိနိုင်ရေး အတားအဆီးများနှင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသည်။ အချိန်မရှိခြင်း၊ စည်းကမ်း ဝီရိယမရှိခြင်းနှင့် နားလည်ရန်အတွက် မှန်ကန်သောအထောက်အကူများ မရှိသောကြောင့် ဖြစ်ပါသည်။ သို့သော် ဆာလံကျမ်း…

သခင်ယေရှုနှင့်အတူ လျှောက်လှမ်းခြင်း

အစားအသောက်ရိက္ခာ၊ ရေစိုခံဘွတ်ဖိနပ်နှင့် မြေပုံတို့သည် John Muir (ဂျွန် မြူယာ) တောလမ်းအတိုင်း ခြေလျင်ခရီးသွားသူများ သယ်သွားရန်လိုသောအရာအချို့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းတွင်ရှိသော John Muir တောလမ်းသည် ၂၁၁ မိုင်ရှည်လျားပြီး ချောင်းငယ်များကိုကွေ့ပတ် ဖြတ်ကျော်သွားရသည်။ ရေကန်များနှင့် သစ်တောများကိုပတ်ပြီး တောင်တက် တောင်ဆင်းဖြင့် ပေပေါင်း ၄၇၀၀၀ အမြင့်ထိ တက်သွားရသည်။ဤခရီးကိုသွားရန် အချိန် ၃ ပတ်မျှကြာသည့်အတွက် မှန်ကန်သည့်ရိက္ခာပမာဏကို သယ်သွားရန် အလွန်အရေးကြီးသည်။ ရိက္ခာများလွန်းပါက ၎င်းတို့ကို သယ်ဆောင်ရန် အားအင်ကုန်ခမ်းမည်၊ နည်းလွန်းပါကလည်း ခရီးစဉ်အတွက် လိုအပ်မည့်အရာများပါရှိမည်မဟုတ်ပေ။

သခင်ယေရှုကို ယုံကြည်သူများအနေနှင့် ကျွန်ုပ်တို့၏အသက်တာခရီးကို ကောင်းစွာအဆုံးသတ်ရန် မိမိသယ်ဆောင်သွားမည့်အရာများကို အသေအချာ စဉ်းစားတွက်ချက်ရန် လိုသည်။ ဟေဗြဲသြဝါဒစာ ၁၂:၁ ၌ "ခပ်သိမ်းသောဝန်(နှင့်) နှောင့်ယှက်တတ်သော ဒုစရိုက်ကို ဖယ်ရှား"ရန် ကျမ်းရေးသူက အလေးအနက် တိုက်တွန်းထားသည်။ ကျွန်ုပ်တို့၏အသက်တာကို သူက…

ဘုရားသခင် သင့်ကို ချီပိုက်ပို့ဆောင်သည်

၂၀၁၉ ခုနှစ်က Bahamas (ဘဟားမားစ်)ကျွန်းစု၌ Hurricane Dorian (ဒိုရီယံ ဟာရီကိန်း)မုန်တိုင်း တိုက်ခတ်ခဲ့ရာ နိုင်ငံ့သမိုင်း၌ အဆိုးဝါးဆုံးသောသဘာဝဘေးဟု ဆိုရလောက်အောင် မိုးသည်းထန်လျက်၊ လေပြင်းကျပြီး ရေလွှမ်းမိုးခဲ့ သည်။ မွေးရာပါကိုယ်အင်္ဂါမလှုပ်ရှားနိုင်သော အရွယ်ရောက်သားနှင့်အတူအိမ်ထဲခိုလှုံနေသော ဘရန့်သည် အိမ်မှ ထွက်ခွာသင့်ကြောင်း သိသည်။ သူကိုယ်၌က မျက်မမြင်ဖြစ်သော်လည်း သူ့သားကို ကယ်တင်ရန် ဘရန့် သည် သားကို ပခုံးပိုး၍ မေးစိနားထိရောက်နေသောရေထဲမှလုံခြုံရာသို့ သားကို ခေါ်ဆောင်သွားခဲ့သည်။

လောကဖခင်သည် ကြီးမားသောအခက်အခဲရင်ဆိုင်ရသော်လည်း သားကို စောင်မရန် စိတ်ပြင်းပြသည်ဆိုလျှင် ကောင်းကင်ဘုံရှင်အဘဘုရားသည် သူ့သား သမီးများအတွက် မည်မျှပူပန်ဂရုပြုမည်ကို စဉ်းစားကြည့်ပါ။ ဓမ္မဟောင်းကျမ်းတွင် မောရှေက ဘုရားလူတို့အား သူတို့အနေဖြင့် ယုံကြည်ခြင်းယိမ်းယိုင်ခဲ့သော်လည်း ဘုရားသခင်က သူတို့အား ချီပိုက်ပို့ဆောင်ခဲ့သည်ကို ပြန်ပြောင်းပြောပြသည်။ တောကန္တာရ၌ အစာရေစာထောက်ပံ့ပေးသည်။ ရန်သူများကို တိုက်ခိုက်ပေးသည်။ မိုးတိမ်တိုင်နှင့် မီးတိုင်အားဖြင့် လမ်းပြပို့ဆောင်ခဲ့သည်။ သူတို့ကိုယ်စားဘုရားသခင်…