ဟန်ချက်ထိန်းသော ဘုရား
‘Pirouette’ (ပီရူအက် - ခြေဖျားထောက်၍လှည့်ခြင်း)သည် ဘဲလေးကချေသည်နှင့် ဘဲလေးအခြေခံ ခေတ်ပေါ်အက ကသူများ ကနိုင်သည့် ကြော့မော့သော ပတ်ချာ လည် လှည့်ခြင်းဖြစ်သည်။ ကျွန်မကလေးဘဝက အကသင်တန်းတွင် ထိုသို့လှည့်ရခြင်းကို နှစ်သက်ခဲ့သည်။ ခေါင်းမူးပြီး မြေပေါ်လဲကျသည်အထိ ချာချာလည် လှည့်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ကျွန်မ၏ဟန်ချက်ကို မပျက်စေဘဲ ထိန်းထားနိုင်သည့်နည်း ‘spotting’ (စပေါ့တင်း)ကို သင်ယူခဲ့သည်။ တစ်ပတ်ပြည့်သည်အထိ တစ်ခါလှည့်ပြီးတိုင်း ကျွန်မမျက်လုံးက ပြန်ရောက်ရမည့် အမှတ်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။ လှပကြော့မော့သည့် အဆုံးသတ်နှင့်ကျွမ်းကျင်စွာ လှည့်နိုင်ရန် ကျွန်မလိုအပ်သည့်အရာမှာ အာရုံစိုက်ရမည့် အမှတ်တစ်ခုရှိခြင်းပင်ဖြစ်သည်။
ဘဝ၌ ကျွန်မတို့အားလုံး အလှည့်အပြောင်းနှင့် ရင်ဆိုင်ကြရသည်။ ပြဿနာများကို အာရုံစိုက်နေသောအခါ မိမိတွေ့ကြုံနေရသည့်အရာများ ထိန်းမနိုင်ဖြစ်ကာ ခေါင်းချာရမ်းလျက် ဆိုးဝါးသည့်အရှုံးများသို့သာ ဦးတည်သွားခဲ့သည်။ ကျွန်မတို့၏စိတ်နှလုံးများ တည်ကြည်ပါက (သို့) ဘုရားကိုသာ ဗဟိုပြုထားပါက ‘ပြီးပြည့်စုံသော ငြိမ်သက်ခြင်း’ကို ပေးမည်ဖြစ်ကြောင်း ကျမ်းစာမှသတိပေးသည်…
သဘောထားကွဲလွဲမှုကို ဖြေရှင်းခြင်း
အင်အားကြီးလူမှုကွန်ယက် တွစ်တာသည် ကမ္ဘာတစ်ဝန်းရှိလူများ စိတ်ဝင်စားဖွယ် စကားအတိုများဖြင့် ထင်မြင်ချက်များကို ထိရောက်စွာဖော်ပြသည့် ပလက်ဖောင်းတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် မကြာမီနှစ်များအတွင်း လူတစ်ဦးချင်းစီသည် ၎င်းတို့နှင့် သဘောချင်းမတိုက်ဆိုင်သော နေထိုင်မှုပုံစံများနှင့် အပြုအမူများအတွက် အခြားသူများကို ပြစ်တင်ရှုတ်ချသည့် အရာတစ်ခုအဖြစ် တွစ်တာကိုစတင် အသုံးချလာသည့်အခါ ဤနည်းပညာက ပိုမိုရှုပ်ထွေးလာသည်။ မည်သည့်နေ့တွင်မဆို ပလက်ဖောင်းသို့ဝင်လိုက်လျှင် အနည်းဆုံး “ရေပန်းစားသော” လူတစ်ဦး၏အမည်ကို သင်တွေ့လိမ့်မည်။ ထိုနာမည်ကို နှိပ်လိုက်ပါက ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ်ရာများနှင့်ပတ်သက်၍ သန်းနှင့်ချီသောလူများ၏ ထင်မြင်ယူဆချက်များ ဖော်ပြထားသည်ကို တွေ့ရလိမ့်မည်။
လူတို့၏ခံယူယုံကြည်ချက်မှ စ၍ အခြားသူဝတ်ထားသည့် အဝတ်အစားအပေါ် အထိ အရာအားလုံးကို ကျွန်ုပ်တို့ လူသိရှင်ကြား ဝေဖန်တတ်လာသည်။ သို့သော် အဖြစ်မှန်မှာ အန္တရာယ်ရှိသည့် မနှစ်သက်ဖွယ် ထိုစိတ်သဘောသည် ရှင်ယေရှုကို ယုံကြည်သူများအဖြစ် ဘုရားသခင်ခေါ်တော်မူသော ကျွန်ုပ်တို့နှင့် မကိုက်ညီပါ။ သဘောထားကွဲလွဲမှုကို ရင်ဆိုင်ဖြေရှင်းရမည့်အချိန်များ ရှိသော်လည်း ယုံကြည်သူများအနေနှင့်…