စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Marion Stroud

ဘုရားသခင် အလွန်ချစ်သောကြောင့်...

၂၀၁၄ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့သည် ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသည် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ ဗြိတိသျှ မီဒီယာများမှ တင်ဆက်သည့် ဆွေးနွေးပွဲများနှင့် မှတ်တမ်း ရုပ်ရှင်ကားများက ၄ နှစ်တာ ကြာမြင့်ခဲ့သည့် ပဋိပက္ခစစ်ပွဲ၏အစကို ပြန်လည်အမှတ်ရမိစေသည်။ လန်ဒန်မြို့ရှိ ကုန်ပဒေသာစတိုးဆိုင်အကြောင်း ရိုက်ကူးထားသော Mr. Selfridger ရုပ်သံအစီအစဉ်တွင် ၁၉၁၄ ခုနှစ်က လူငယ်အလုပ်သမားလေးများ စစ်ထဲဝင်ရန် မိမိတို့ဆန္ဒအလျောက် တန်းစီစာရင်းပေးနေကြသည့် အပိုင်း လည်း ပါဝင်သည်။ ဤသို့ မိမိကိုယ်ကို ပေးဆပ်သည့် သရုပ်ဆောင်မှုများကို ကြည့်ရင်း ကျွန်မ ရင်နင့်လာသည်။ သရုပ်ဖော်ရိုက်ကူးတင်ဆက် ထားသည့် စစ်သားလေးများမှာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်အားထက်သန်စွာဖြင့်၊ ကြောက်မက်ဖွယ် ကတုတ်ကျင်းများထဲမှ ပြန်လမ်းမရှိသည့် အဖြစ်။
သခင်ယေရှုသည် ရန်သူကို ချေမှုန်းရန်အတွက် စစ်တိုက်ထွက်လာခြင်း မဟုတ်သော်လည်း အပြစ်နှင့် သေခြင်းဆိုသည့်…

ကိုယ်နှင့်စပ်ဆိုင်သူကား အဘယ်သူနည်း

မေရီသည် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံကြသည့် မိတ်သဟာယအဖွဲ့၌
အလွန်ပျော်သည်။ ထိုအဖွဲ့၌ သူနှင့်သူ့မိတ်ဆွေများနှင့် အတူတကွ ဆုတောင်းလျက်
ဝတ်ပြုကိုးကွယ်ကြကာ လွန်ခဲ့သောအပတ်က တရားဒေသနာကို ပြန်လည်မေးမြန်း
ဆွေးနွေးကြသည်။ ယခုတစ်ပတ်တွင် ‘‘အသင်းတော်သို့
သွားခြင်းနှင့် နာကျင်သော လောကကမ္ဘာ၌ အသင်းတော်
ဖြစ်ခြင်း၏ ခြားနားချက် ’’ အကြောင်း ဆွေးနွေးကြမည်။
သူ့မိတ်ဆွေများ တက်ကြွစွာဆွေးနွေးကြရန် သူ မျှော်လင့်မိ
သည်။
ကားသော့ ကို ကောက်ကိုင်လိုက်စဉ် သူ့အိမ်နီးချင်း
စူး က တံခါးလာခေါက်ပြီး `အနှောင့်အယှက်ပေးရတာ အားနာပါတယ်။ ဒါပေမဲ့
ဒီမနက် ရှင်အားလား´ ဟုမေးသည်။ အပြင်သွားမလို့ဟု ဖြေမည်အပြုတွင် စူး က
`ကျွန်မကားကို ၀ပ်ရှော့ ပို့မလို့ပါ။ ခါတိုင်းတော့ လမ်းလျှောက်ရင်လျှောက်၊ ဒါမှမဟုတ်
စက်ဘီးနင်းပြီး ပြန်လာနေကျပါ။ အခု ကျွန်မခါးနာနေလို့ သွားလာဖို့ အဆင်မပြေလို့ပါ´
ဟု ဆက်ပြောလိုက်သည်။ နှလုံးသားစည်းချက်မြန်လျက် မေရီ တုန့်ဆိုင်းမိသည်။ ပြီးမှ
`ရပါတယ်´ ဟုဖြေလိုက်သည်။
မေရီ သည် သူ့အိမ်နီးချင်းကို မျက်မှန်းတန်းမိရုံသာရှိသည်။ သို့သော် ယခုတွင်
သူ့ကို ကားမောင်းပို့ရင်းမှ…

ငါ့သဘောအတိုင်း

သူငယ်လေးနှစ်ဦးသည် တုတ်နှင့် ကြိုးကို သုံး၍ ကစားရသည့် ခက်ခဲရှုပ်ထွေးသော
ကစားနည်းကို ကစားနေကြသည်။ မိနစ်အနည်းငယ်အကြာတွင် အကြီးကောင်က
သူ့သူငယ်ချင်းအား စိတ်ဆိုးမာန်ဆိုးဖြင့် ‘‘မင်းကောင်းကောင်း မဆော့ဘူး၊ ဒါ ငါ့
ကစားနည်းလေ၊ ငါ့သဘောအတိုင်းဆော့၊ ငါ့နည်းအတိုင်း မဆော့နိုင်ရင် မကစားနဲ့’’ ဟု
ပြောလိုက်သည်။ ကိုယ့်နည်း ကိုယ့်သဘောအတိုင်း ကိုယ်လုပ်ချင်သည့် ဆန္ဒက
ငယ်ရွယ်စဉ်ကပင် စတင်ပေါက်ဖွားခဲ့သည်။
ဗိုလ်ချုပ်နေမန်၏ သူ့သဘောအတိုင်းလုပ်သည့်
အကျင့်က အရိုးစွဲနေပြီ။ သူသည် ရှုရိဘုရင်၏ ဗိုလ်ချုပ်
မဟုတ်ပါလား။ သို့သော် သူ၌ ကုမရသော ရောဂါဆိုးကြီး
စွဲနေသည်။ တစ်နေ့တွင် ဣသရေလတိုင်းပြည်မှ ဖမ်းဆီး
ခေါ်ဆောင်ခဲ့သည့် သူ့မိန်းမ၏အစေခံကျွန်မလေးက ရောဂါ
ပျောက်အောင် ဘုရားသခင်၏ ပရောဖက် ဧလိရှိ ထံသွားရန်
အကြံပေး၍၊ နေမန် ပရောဖက်ကြီးထံ ရောက်လာခဲ့သည်။
ယခုတွင် သူက ပရောဖက်ကြီး…