ပုန်ကန်ခြင်းနှင့် လှည့်ပြန်ခြင်း
The Wild One ရုပ်ရှင်သည် စိတ်ညှိုးငယ်နေသည့် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင် Johnny Strabler(ဂျွန်နီစတေဘာ) အဖြစ် Marlon Brando(မာလွန်ဘရန်ဒို) သရုပ်ဆောင်ထားသော ၁၉၅၃ ခုနှစ်မှ ရုပ်ရှင်ဖြစ်သည်။ ဇာတ်ဝင်ခန်းတစ်ခုတွင် မိန်းကလေးတစ်ဦးက ဂိုဏ်းသားတစ်ဦး၏အင်္ကျီမှ B.R.M.C အတိုကောက်စကားလုံးကို သတိပြုမိပြီး၊ R သည် “ပုန်ကန်သူများ”ကို ဆိုလိုကြောင်း သိလိုက်သောအခါ ရယ်မောရင်း၊ ဘရန်ဒို၏လက်ကို ပုတ်ကာ “ဟေး ဂျော်နီ၊ မင်းဘာကို ပုန်ကန်တာလဲ”ဟု မေးရာ၊ သူက “မင်းဘယ်လိုထင်လဲ”ဟု ပြန်မေးခဲ့သည်။
ထိုဖော်ပြချက်က ကျွန်ုပ်တို့၏ပြဿနာအတွက် မှန်ကန်လိုက်လေခြင်း။ မိမိ၏အခွင့်အရေးကို ဖော်ပြရမည်ဆိုသည့် တွန်းအားသည် ကျွန်ုပ်တို့၏ မွေးရာပါ အသိဗီဇဖြစ်ပြီး၊ ကိုယ်လုပ်ချင်သည့်နည်းလမ်းဖြင့်သာ ကိုယ့်ကြမ္မာ ကိုယ်သာဖန်တီးလိုသည်။ မိမိဖြစ်ချင်သည့်အတိုင်းဖြစ်မလာပါက ကျွန်ုပ်တို့သည် လုပ်သင့်ရာကို မလုပ်ဘဲ၊ ဆင်ခြေပေးလျက် နှောင့်နှေးစေမှုများဖြင့် ပြဿနာကို ဖန်တီးနေတော့သည်။ အဓိကဆိုလိုရင်းမှာ မနာခံမှု ဖြစ်ပါသည်။…
ဘုရားသခင့်နာမတော်ကို အလွဲသုံးစားလုပ်ခြင်း
မြို့တစ်မြို့၏နာဇီဌာနချုပ်အပြင်ဘက်တွင် ရိုက်ထားသော ဒုတိယကမ္ဘာစစ်မှ ဓာတ်ပုံဟောင်းသည် ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ ဓာတ်ပုံထဲတွင် သက်တောင့်သက်သာ ၀တ်စားထားသော အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေသည်။ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် လမ်းဘေးမှ လျှောက်လာစဉ် အခြားတစ်ဦးက အဆောက်အအုံထောင့်ရှိ ကြော်ငြာသင်ပုန်းကို ဖတ်နေသည်။ ရုံးချုပ်၏ရှေ့တံခါးအထက်တွင် ချိတ်ဆွဲထားသည့်အဆောက်အအုံ၏ တစ်ဝက်မျှရှည်သော နဖူးစည်းစာတမ်းကို ၎င်းတို့ သတိပြုမိပုံမပေါ်။ “ယုဒလူတို့ကို ဆန့်ကျင်ခုခံခြင်းဖြင့် ထာဝရဘုရား၏အမှုတော်အတွက် ငါတိုက်ပွဲဝင်သည်”ဟု ရေးထားသည်။
“သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ” (ထွက် ၂၀:၇)ဟု မိန့်တော်မူသောအခါ ဤကဲ့သို့ သစ္စာဖောက်၍ မထီမဲ့မြင်ပြုမှုမျိုးကို ဘုရားသခင် စိတ်ထဲတွင်သိထားပြီးဖြစ်သည်။ ကျိန်ဆဲခြင်း (သို့) ခြေချောင်းလက်ချောင်းလေးများထိခိုက်သောအခါ ပေါ့တီးပေါ့ဆနှင့် ဘုရားနာမကို မြွက်ဆိုခြင်းများလည်း ဤပညတ်နှင့် အကြုံးဝင်သည်။ မကောင်းမှုကို ဖုံးကွယ်ရန်အတွက် ဘုရားသခင်၏ နာမတော်ကို…
မျက်နှာသာပေးခြင်း မရှိ
၁၈၇၂ ခုနှစ်တွင် သမ္မတယူလက်ဇီး အက်စ်ဂရန့်(Ulysses S. Grant)သည် ဝါရှင်တန်ဒီစီ၌ သူ၏မြင်းရထားလုံးကို မဆင်မခြင်မောင်းနှင်မှုကြောင့် တားဆီးခံခဲ့ရသည်။ သတင်းစာတစ်ခုအရ အာဖရိကန်-အမေရိကန်ကပြားဖြစ်သည့် ဝီလျံဝက်စ် (William West) ဆိုသည့် အရာရှိက “သင်၏အမြန်မောင်းနှင်မှုက လမ်းဖြတ်ကူးသူများအတွက် အသက်အန္တရာယ်ဖြစ်စေနိုင်သည်”ဟု ဂရန့်အား သတိပေးခဲ့သည်။ ဂရန့်က တောင်းပန်ခဲ့သော်လည်း၊ နောက်တစ်နေ့ညတွင် ရထားလုံးကို အပြိုင်မောင်းနှင်ပြန်သဖြင့်၊ ဝက်စ်က ဂရန့်၏မြင်းများကိုတားကာ၊ “သမ္မတကြီးကို ဒီလိုလုပ်ရတာတော့ စိတ်မကောင်းပေမဲ့၊ သင်ဟာ နိုင်ငံတော်အကြီးအကဲဖြစ်ပြီး၊ ကျွန်တော်က ဘာမှမဟုတ်တဲ့ ရဲသားဖြစ်ပေမဲ့လို့ တာဝန်က တာဝန်ပါပဲ”ဟုပြောကာ သမ္မတကို ဖမ်းဆီးခဲ့သည်။
သူ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သည့် ဤရဲရင့်သောသူအတွက် ဂုဏ်ယူမိသည်။ ဂရန့်လည်း ထိုနည်းပင်ဖြစ်သည်။ သူက ဝက်စ်ကို ချီးကျူးပြီး သူ့ကို အလုပ်မဖြုတ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့သည်။ ဘုရားသခင်သည်လည်း မတရားမှုကို မုန်းတီးခြင်းကြောင့် ဝက်စ် အပေါ်နှစ်သက်ကျေနပ်ပေလိမ့်မည်။ “ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊…
ခရစ်တော်ထဲ၌ရှိသော ကျွန်ုပ်တို့၏တန်ဖိုး
မာရီယို (Mario) သည် ဖောက်ထွင်းမှုဖြင့် ထောင်ကျခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဘိန်းနှင့်အရက်စွဲသူဖြစ်သည်။ စီရင်ချက်ချချိန်တွင် တရားသူကြီးက သူသည် “အသုံးမကျသောသူ”ဟု ပြောကြားခဲ့ရာ၊ မာရီယိုသည် ဝမ်းနည်းစွာ လက်ခံခဲ့ရသည်။ ထောင်ကျနေသောကာလအတွင်း သတင်းထောက်ပညာပြိုင်ပွဲအတွက် ကြော်ငြာတစ်ခုကို သူတွေ့ခဲ့ရာ၊ ၎င်းသည် မာရီယို၏စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့ပြီး အနီးအနားရှိ တက္ကသိုလ်တစ်ခုတွင် စာရင်းသွင်းခဲ့သည်။ သူ့ကိုဆက်သွယ်လာခဲ့သည်။ သူသည် သတင်းဆောင်းပါးများဖန်တီးရခြင်းကို ဝါသနာပါပြီး၊ ထောင်မှထွက်ပြီးနောက် သတင်းထောက်ပညာမဟာဘွဲ့ကို ဆွတ်ခူးအောင်မြင်ခဲ့ကာ၊ ယခုတွင် The New York Times သတင်းစာအတွက် သတင်းရေးနေသည်။ သူသည် ဆန်ကုန်မြေလေး အသုံးမကျသူ မဟုတ်တော့ပေ။
သင်္ချိုင်း၌နေထိုင်သော နတ်ဆိုးစွဲသူ၏ဘဝသည် သူ့ကိုသိသူတိုင်းအတွက် အသုံးမကျသောလူ ဖြစ်နေပုံရသည်။ သူရန်မူမည့်အန္တရာယ်မှ ကာကွယ်ရန် အိမ်နီးချင်းများက သူ့ကို သံကြိုးများဖြင့် ချည်နှောင်ထားသော်လည်း၊ သူသည် “သံကြိုးကို ဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏”…
လူ့အသက်များကို ကယ်တင်ခြင်း
အဒေါလ်ဖိုကမင်စကီး(Adolfo Kaminsky)သည် စာရွက်ပေါ်မှ မဖျက်နိုင်သော မင်များကို မည်သို့ဖယ်ရှားရမည်ကို ကောင်းစွာသိသူဖြစ်သည်။ သူသည်ပြင်သစ်နိုင်ငံမှ နာဇီဆန့်ကျင်ရေးအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ အကျဉ်းစခန်းများ၌ ရာနှင့်ချီရှိသူများကို ကယ်တင်နိုင်ရန် မှတ်ပုံတင်ကဒ်များကို ပြောင်းလွှဲပြင်ဆင်ပေးခဲ့သည်။ တစ်ကြိမ်တွင် မွေးစားရင်းနှင့် နှစ်ခြင်းမင်္ဂလာခံယူပြီးလက်မှတ် ၉၀၀၊ ဂျူးကလေးငယ် ၃၀၀ အတွက် ရိက္ခာထုတ်ကတ်တို့ကို သုံးရက်အတွင်း အတုပြုလုပ်ပေးရန် တာဝန်ပေးခံရသည်။ သူသည် မအိပ်ဘဲ နှစ်ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ခဲ့သည်။ သူ့ကိုယ်သူလည်း “ငါ ၁ နာရီကို အခု ၃၀ ပဲ ထုတ်နိုင်တယ်။ အကယ်၍ ငါ ၁ နာရီအိပ်ခဲ့ရင် လူအယောက် ၃၀ သေသွားလိမ့်မယ်”ဟု ပြောခဲ့သည်။
တမန်တော်ရှင်ပေါလုသည်လည်း ထိုသို့သော အရေးပေါ်အခြေအနေကို ခံစားခဲ့ရသည်။ သူက ဧဖက်မြို့၌ရှိသောအသင်းတော်အား “အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည် ကျလျက်၊ ...စုံစမ်းနှောင့်ယှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏အမှုတော်ကို ငါဆောင်ရွက်သည်ကို သင်တို့သိကြ၏”ဟု(တ ၂၀:၁၉)…
သခင်ယေရှုကို အချစ်ဆုံး
ဘုရားကျောင်းမှ ခေါင်းလောင်းစင်ဝယ်သည့်ကိစ္စနှင့်ပတ်သက်၍ အသင်းသားများက ဘာလို့ဝယ်တာလဲ၊ ဒါက ဘုရားသခင်၏အရင်းအမြစ်များကို အကောင်းဆုံး အသုံးပြုတာလား၊ ဆင်းရဲသားကို ကျွေးမွေးတာက ပိုမကောင်းဘူးလား စသည်ဖြင့် မေးခွန်းထုတ်ကြရာ၊ သင်းအုပ်မှ အလှူရှင်များ၏ဆန္ဒအတိုင်း အသုံးပြုခြင်းပါဟု ပြန်လည်ဖြေရှင်းခဲ့သည့်အပြင်၊ သူက “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏”ဟူသောသခင်ယေရှု၏စကားကို ကိုးကားခဲ့သည်(ယော ၁၂:၈)။
ပြီးမှ သင်းအုပ်ဆရာက သူ၏ပေါ့ပေါ့ဆဆ မဆီလျော်စွာ ကိုးကားပြောဆိုမှုကို အလျင်အမြန်တောင်းပန်ခဲ့သည်။ ထိုကိုးကားချက်ကြောင့် “မည်သည့်အခြေ အနေတွင် သခင်ယေရှု ထိုစကားကို ပြောခဲ့သနည်း”ဟု ကျွန်တော်တွေးမိသည်။ သခင်ယေရှု မသေဆုံးမီ ၆ ရက်အလိုတွင် အမျိုးသမီးတစ်ဦးသည် တန်ဖိုးကြီးသောနာဒုဆီမွှေးဖြင့် သခင့်အား လိမ်းပေးခဲ့ရာ၊ တပည့်တော်များက ထိုဆီမွှေးကိုရောင်း၍ ဆင်းရဲသူတို့အား အဘယ်ကြောင့် မပေးသနည်းဟု ဆိုသည်။ သခင်ယေရှုသည် (တရား ၁၅:၁၁) ကို ကိုးကား၍ “ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား အစဥ်ရှိသည်မဟုတ်”ဟု…
သင့်ဖခင်လိုချင်သည့်အရာ
စတိဗ်သည် သူ၏လွှစက်ကိုကိုင်ကာ တောဘက်သို့ ထွက်လာခဲ့သည်။ ထိုအချိန်၌ “ဖေဖေ၊ သားကို စောင့်ပါဦး။ သားလည်းလိုက်ချင်တယ်”ဟု အသက် ၅ နှစ် အရွယ် သားငယ် ဩဂတ်စ်လေး၏အသံကို ကြားလိုက်သည်။ သူ၏ကစားစရာသံလွှလေးနှင့် အလုပ်လက်အိတ်ကို ယူပြီး၊ နားအုပ်သားမွေးကို ဆောင်းကာ ဩဂတ်စ်သည် ဖခင်နောက်သို့ လိုက်ခဲ့သည်။ စတိဗ်သည် ဩဂတ်စ်အတွက် သစ်တုံးအချို့ကို အန္တရာယ်ကင်းလောက်သည့်နေရာတွင် ချပေးခဲ့သည်။ ၁၀ မိနစ်ကြာပြီးနောက် ဩဂတ်စ်ကလေး ပင်ပန်းသွားခဲ့သည်။ သံလွှအတုလေးနှင့် သစ်တုံးဖြတ်ရသည်မှာလည်း ခက်ခဲသည့်အလုပ်ပင်။ သို့သော် ဖခင်အား ကူညီရသည်ကို သူပျော်ပြီး၊ ဖခင်ကလည်း သားလေးနှင့်အချိန်အတူကုန်ဆုံးရသည်ကို နှစ်သက်သည်။
ကျွန်ုပ်တို့၏ကောင်းကင်ဘုံအဘသည်လည်း ထိုနည်း၎င်းပင် မဟုတ်ပါလား။ ကျွန်ုပ်တို့က ကူညီနေသည်ပဲဆိုကြပါစို့။ “စောင့်ပါဦးအဖေ။ သံလွှလေး ယူပါရစေအုံး”ဟု ကျွန်ုပ်တို့ဆိုမည်။ သို့သော် ကျွန်ုပ်တို့အပိုင်းတွင် သံလွှသည် အရေးမကြီးဆုံးသောအရာဖြစ်သည်။ မိမိထင်နေသလို ကျွန်ုပ်တို့ ကူညီနေသည် မဟုတ်ပါ။…
သမ္မာတရား၌ မွေ့လျော်ပါ
ဂျက် (Jack) သည်ကျောင်းကိုမုန်းသည်။ အက္ခရာသချ်ာ၊ သဒ္ဒါနှင့် အက်တမ်ဒြပ်စင်ဇယားတို့က သူ့အတွက် ငြီးငွေ့စရာပါ။ သို့သော် အိမ်ဆောက်ခြင်းကို သူနှစ်သက်သည်။ သူ့ဖခင်က နွေရာသီတွင် သူ့ကို လုပ်ငန်းခွင်သို့ ခေါ်ဆောင်သွား သည်။ သို့သော် ဂျက် အားမရနိုင်ပါ။ သူ့အသက် ၁၆ နှစ်သာရှိသေးသော်လည်း ဘိလပ်မြေ၊ ကျောက်စရစ်များနှင့် နံရံ မည်သို့ ဆောက်ရမည်ကို ကောင်းစွာ သိရှိနားလည်သည်။ ကျောင်းနှင့် ဆောက်လုပ်ရေး မည်ကဲ့သို့ ကွာခြားသနည်း။ မွေ့လျော်ခြင်းကြောင့်ဖြစ်သည်။ သူ၏မွေ့လျော်ခြင်းက သူ၏အသိဉာဏ်ကို တွန်းအားပေးသည်။
သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့သည် “သမ္မာတရား” ၌ မွေ့လျော်ရမည်(၂ သက် ၂:၁၀)။ စာတန်၏သရုပ်သကန်သည် “ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်”(:၁၀) “မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့် လာလိမ့်မည်”(:၉)ဟုရှင်ပေါလုက ဆိုသည်။ အဘယ်ကြောင့်နည်း။ “ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား ၌ မွေ့လျော်သောစိတ်ကို မခံမယူခြင်းကြောင့်ဖြစ်သည်(:၁၀)။ သမ္မာတရား၌မမွေ့ လျော် ခြင်းက သမ္မာတရားကို မသိအောင်…
ကောင်းမြတ်သော ဝမ်းနည်းပူဆွေးမှု
၁၉၂၀ ခုနှစ်များတွင် Hidesaburō Ueno (ဟိဒေဆာဘူရို ဥအီနို) အမည်ရှိသူသည် တိုကျိုမြို့တော် တက္ကသိုလ်တွင် စာသင်ကြားပို့ချသူဖြစ်သည်။ သူသည် နေ့လည် ၃:၀၀ နာရီရထားဖြင့် ပြန်လာပြီး၊ သူ့ကို စောင့်နေသော သူ၏ခွေး Hachiko (ဟာချီကို) နှင့် နေ့စဉ်တွေ့ဆုံခဲ့သည်။ တစ်နေ့တွင် ပါမောက္ခ ဥအီနိုသည် စာသင်ခန်းအတွင်း လေဖြတ်ပြီး သေဆုံးသွားခဲ့သည်။ နေ့လည်ရထားပေါ်မှ သူ့သခင်ဆင်းမလာသောအခါ၊ ဟာချီကိုသည် အတန်ကြာမျှခေတ္တနေပြီးမှ အိမ်ပြန်သွားခဲ့သည်။ နောက်နေ့ ၃:၀၀ နာရီတွင် ပြန်လာခဲ့ပြီး၊ နောက်နေ့ပြီး နောက်တစ်နေ့၊ ၁၀ နှစ် တိုင်အောင် ပြန်လာခဲ့သည်။ ဟာချီကို၏ သစ္စာစောင့်သိမှုက သူနှင့်အတူလာထိုင်စောင့်သော ဂျပန်လူမျိုးများ၏ နှလုံးသားကို တို့ထိစေခဲ့သည်။
ဧလိရှဲသည် သူ၏သခင်ဧလိယအပေါ် အလားတူ စိတ်စွဲမြဲခဲ့သည်။ ဧလိယကို ဆုံးရှုံးရမည်ကို သိသောနေ့၌၊ ဧလိရှဲသည် သူ့ကို မျက်စိအောက်မှ အပျောက်မခံခဲ့ပါ။…
ရန်ငြိမ်းခြင်းအရှင်ယေရှု
စူစန်(Susan)၏ ဆိုရှယ်မီဒီယာပို့စ်ကို မြင်သောအခါ ဂျုန်း(Joan)ညည်းလိုက်မိသည်။ ဘုရားကျောင်းမှ သူငယ်ချင်း ၁၀ ယောက် စားသောက်ဆိုင်တွင် ပြုံးပြီးရိုက်ထားသောဓာတ်ပုံကို တင်ထားသည်။ ဤလအတွင်း သူမ မပါဘဲ ဒုတိယအကြိမ် ပျော်ရွှင်စွာ တွေ့ကြခြင်းဖြစ်သည်။ ဂျုန်း မျက်ရည်များကို သုတ်လိုက်သည်။ ယခုထက်တိုင် သူမသည် အခြားသူများနှင့် အမြဲအဆင်မပြေဖြစ်နေသည်။ သူမကို ပထားသူများနှင့်အတူ ဘုရားကျောင်းတက်ရခြင်းက အနေကျုံ့လှသည်။
ပထမရာစုနှစ်ကလည်း တစ်စိမ်းဆံမှုရှိသည်။ သို့သော် သခင်ယေရှုသည် ညီညွတ်မှုကို အလိုရှိပြီး ကွဲပြားမှုကို ကုစားပေးရန် ကြွလာခဲ့သည်။ အသင်းတော် အစပြုသည့် အချိန်မှစ၍ အချင်းချင်း အဆင်မပြေသူများသည် သခင်ယေရှု၌ တူညီမှုကို ရှာဖွေကြရသည်။ ယုဒလူမျိုးများက တစ်ပါးအမျိုးသားတို့အား တရားတော်ကို မစောင့်ဟု အထင်သေးကြသကဲ့သို့ တစ်ပါးအမျိုးသားများကလည်း မိမိကိုယ့်ကို ပိုကောင်းသည်ဟုထင်သော ယုဒလူမျိုးများကို မုန်းတီးသည်။ ထို့ကြောင့် သခင်ယေရှုက “...ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်…