စာရေးသူ

အားလုံးမြင်နိုင်ရန်
Mike Wittmer

မိုက်ခ်ဝစ်မာ

မိုက်ခ်ဝစ်မာ (Mike Wittmer)သည် ဂရန်းရက်ပစ် (Grand Rapids) ဓမ္မတက္ကသိုလ်တွင် Systematic Theology (စနစ်ကျကျ ဓမ္မပညာ)ဘာသာရပ်ကို ပို့ချသည့် ပါမောက္ခတစ်ဦးဖြစ်သည်။ ဆရာသည် Zondervan ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Heaven Is a Place on Earth၊ Don’t Stop Believing နှင့် Becoming Worldly Saints စာအုပ်များ၊ Discovery House Publishers ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် The Last Enemy နှင့် Despite Doubt စာအုပ်များကို ရေးသားခဲ့သည်။ ဆရာနှင့် ဇနီးဂျူလီတို့သည် ဆယ်ကျော်သက် သားသမီးသုံးဦးတို့နှင့် လှုပ်ရှားဗျာများသည့်တိုင် ဓမ္မရေးရာအကြောင်းများကို blog တွင် ရေးသားလျက် ဘဝကို ပျော်ရွှင်စွာဖြတ်သန်း နေကြသည်။

စာမူ/ အကြောင်းအရာ များ မိုက်ခ်ဝစ်မာ

သင်အပေါ် ချီးကျူးထောမနာပြုသည့်စကား

သစ္စာရှိသော အမျိုးသမီးတစ်ဦး၏ ဈာပနသို့သွားခဲ့ပြီးနောက် ကျွန်ုပ်၏စိတ်ထဲတွင် သူ့အကြောင်းကိုသာ အာရုံစိုက်နေမိသည်။ သူသည် အသင်းတော်ပြင်ပ၌၊ အိမ်နီးနားချင်းနှင့် မိတ်ဆွေများကြား၌ လူသိထင်ပေါ်သူ မဟုတ်ပါ။ သို့သော် သူမက သခင်ယေရှု၊ သူမ၏ သားသမီး ၇ ယောက်နှင့် မြေး ၂၅ ယောက်ကို အလွန်ချစ်သည်။ မျက်နှာထားပြုံးရွှင်ပြီး သဒ္ဓါစိတ်ထက်သန်သည်။ ဘောလုံးကို အလွန်ဝေးဝေးရောက်အောင် ရိုက်နိုင်သည်။

ဒေသနာကျမ်းက “မသာအိမ်သို့သွားခြင်းသည် ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏” (၇း၂)၊... “ပညာရှိ သောသူတို့၏နှလုံးသည် မသာအိမ်၌ရှိ၏။” (၇း၎) ဟုဆို၏။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် အရေးကြီးဆုံးသော အရာ ဘာဖြစ်သည်ကို ကျွန်ုပ်တို့သင်ယူကြရခြင်းကြောင့်ပါ။ New York Times တွင်သတင်းရေးသားသူ David Brooks က လူတို့တောင့်တသည့်အကျိုး နှစ်ပါးရှိသည်၊ တစ်မျိုးမှာ ကိုယ်ရေးအချက်အလက်အပျံစားနှင့် အမြင်ကောင်းခြင်းကို တောင့်တသည်။ နောက်တစ်မျိုးမှာ ဈာပနအခမ်းအနားတွင် ကိုယ့်အကြောင်း…

အထီးကျန်သူအတွက် အမှုဆောင်သူ

ဘက်စီသည် သူ့ခင်ပွန်းကွယ်လွန်ပြီးနောက် ရုပ်မြင်သံကြား ကြည့်၊ သူ့တစ်ယောက်စာ လက်ဖက်ရည် ဖျော်သောက်လျက် သူ့တိုက်ခန်းလေး၌သာ အများဆုံး အချိန်ဖြုန်းခဲ့သည်။ သူတစ်ဦးတည်းသာ ထိုသို့ အထီးကျန်ဘဝ၌ ရှိနေသူမဟုတ်ပါ။ ဗြိတိသျှလူမျိုး ၉ သန်းထက်မနည်း (လူဦးရေ၏ ၁၅%)သော သူတို့က တစ်ခါတစ်ရံ (သို့) အမြဲလိုလိုပင် သူတို့သည် အထီးကျန်ခံစားရသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံတွင် အထီးကျန်သူများအတွက် အမှုဆောင်ပေးမည့်သူကို ခန့်အပ်ပြီး ထိုသို့အဘယ်ကြောင့် ဖြစ်ရသည်၊ မည်သို့ ကူညီနိုင်မည်ကို ရှာကြံစေသည်။

အထီးကျန်ရသည့် အကြောင်းအရင်းအချို့က သိသာထင်ရှားပါသည်။ မိမိကိုယ်ကိုမိမိ တာဝန်ယူနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်နေတတ်ပြီး အကူအညီရယူရန် အကြောင်းမရှိဟု ထင်မှတ်ခြင်းကြောင့် ဖြစ်သည်။ မိမိ၏ဖုန်း (သို့) တီဗွီဖန်သားပြင်၌သာ နှစ်မြှုပ်လျက် နည်းပညာများအားဖြင့် အများသူငှာနှင့် ကျွန်ုပ်တို့ ကွဲကွာနေသည်။

အထီးကျန်မှု အမှောင်ကို ကျွန်ုပ်ခံစားရသကဲ့သို့ သင်လည်း ခံစားဖူးမည်…

အငယ်ဆုံးသောသူကို အစေခံခြင်း

ဗီဒီယိုတွင် လူတစ်ဦးသည် ထိန်းမရသည့် တောမီးလောင်နေချိန်တွင် လမ်းမကြီးဘေး တစ်နေရာ၌် ဒူးထောက်လျက် တစ်စုံတစ်ရာကို လက်ခုပ်တီးခေါ်နေသည်။ ဘာများ ဖြစ်မည်နည်း။ ခွေးများလား။ နောက်မှ ယုန်လေးတစ်ကောင် ခုန်ထွက်လာပြီး ကြောက်ရွံ့နေသည့် ယုန်လေးကို သူပွေ့ပိုက်လျက် သန့်စင်ပေးပြီးနောက် ဘေးကင်း လုံခြုံရာသို့ ခေါ်ဆောင်သွားတော့သည်။

ဘာမဟုတ်သည့် ယုန်လေးကို ကယ်လိုက်သည့် သတင်းက အဘယ်ကြောင့် သတင်းထူး ဖြစ်ရသနည်း။ သေးငယ်သောသတ္တဝါလေးများအပေါ် ကရုဏာထား သနားခြင်းအကြောင်းက ချစ်စရာတစ်မျိုးကောင်းသည်။ ဒါပါဘဲ။ အငယ်ဆုံးသောသတ္တဝါအပေါ် ကြင်နာသနား နိုင်ရေးက နှလုံးသားကျယ်ဝန်းရန်လိုသည် မဟုတ်ပါလား။

ဘုရားသခင်၏နိုင်ငံတော်သည် ကြီးစွာသော စားပွဲကို ပြင်ဆင်ပြီး လာလိုသူတိုင်းကို နေရာပေးသည့် လူတစ်ဦးနှင့်တူကြောင်း သခင်ယေရှုမိန့်ကြားသည်။ အထင်ကရ ပေါ်လွင်သူများသာမက “ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်း
သောသူ၊ မျက်စိကန်းသောသူများ”လည်း ဖိတ်ကြားခံရသည် (လု ၁၄း၂၁)။ အားနည်းသူနှင့် အရေးမပါသူများဟု ထင်မြင်ရသူများကို…

ရွေးချယ်မခံရသောအခါ

ကျွန်ုပ်မိတ်ဆွေ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် သူ့လုပ်ငန်းပရောဂျက်တစ်ခု ပြီးသွားပြီ ဟု တင်လိုက်သည်။ အခြားသူများက သူ့ကို ချီးမွမ်းချီးကျုးကြသော်လည်း ထိုပို့စ်က ကျွန်ုပ်နှလုံးသားကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားရစေသည်။ ထိုလုပ်ငန်းက ကျွန်ုပ် လုပ်ရမည့် တာဝန်ဖြစ်ပြီး ဘာကြောင့်မှန်းမသိ ကျွန်ုပ်ကို ကျော်ပြီး သူ့ကို တာဝန်ပေးခြင်း ဖြစ်သည်။

သနားစရာ ယောသပ်ကိုလည်း ဘုရားသခင်က ကျော်လိုက်သည်။ သို့သော် အကြောင်းရင်းကိုဖြင့် သူသိ သည်။ ယောသပ်သည် ယုဒရှကာရုတ်နေရာကို အစားဝင်ရန် လျာထားခံရသူနှစ်ဦးအနက်တစ်ဦးဖြစ်သည်။ “လူအပေါင်း တို့၏ စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်၊ ... ဤသူ နှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု...” တပည့်တော် တို့ ဆုတောင်းကြသည် (တ ၁း၂၅)။ ဘုရားသခင်က အခြားတစ်ဦးကို ရွေးပြီး သူ့ဆုံးဖြတ်ချက်ကို ဖော်ပြရာ “.. မဿိသည် စာရေးတံကို ရခဲ့သည်” (း၂၆)။…

ဘုရားသခင်၏ဇာတ်လမ်း၌ ရှင်သန်ခြင်း

စာရေးဆရာကြီး အဲန်းနက်စ် ဟဲမင်းဝေးအား စကားလုံး ၆ လုံးဖြင့် ထိမိသော ဇာတ်လမ်းတစ်ပုဒ်ရေးနိုင်မည်လား ဟု တောင်းဆိုရာ ဆရာကြီးက ‘‘ဘယ်သောအခါမှ မဟောင်းနွမ်းသော ကလေးရှူးဖိနပ် ရောင်းမည် - For sale: Baby shoes. Never worn.” ဟူ၍ ရေးလိုက်သည်။ ၎င်းဇာတ်လမ်းတွင် အကြောင်းအရာအသေးစိတ်ကို ဖြည့်ရေးရန် ကျွန်ုပ်တို့အတွက် လှုံ့ဆော်မှုဖြစ်ခြင်းက ထိုဇာတ်လမ်း၏ သက်ရောက်မှုအားပင်ဖြစ်သည်။ ကျန်းမာသည့်ကလေးအတွက် ရှူးဖိနပ် မလိုအပ်ခြင်း ကြောင့်လား။ ဘုရားသခင်၏ နက်နဲသောမေတ္တာနှင့်နှစ်သိမ့်မှုကို လိုအပ်ခြင်းလား။ ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအဖြစ်အပျက် ကြောင့်လား။

အကောင်းဆုံးဇာတ်လမ်းဖြစ်လည်း ကျွနု်ပ်တို့၏ စိတ်ကူးနှင့် မတူနိုင်ပါ။ အမြင့်မြတ်ဆုံးသော ဇာတ်လမ်း တစ်ပုဒ်က ကျွန်ုပ်တို့၏ တီထွင်ဆန်းသစ်မှု မီးစကို ထွန်းညှိပေးသည်။ ဘုရားသခင်၏ ဇာတ်လမ်း၌ အဓိက ဇာတ်အိမ်တည်ဆောက်မှုက ဤသို့ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီး၊…

သား၏အခွင့်အရာကို ခံရသည်

အလှူရှင်တစ်ဦးက အိမ်ယာမဲ့ကလေးများအတွက် မိဘမဲ့ဂေဟာထူထောင်ပေးသောအခါ ကျွန်ုပ်ဝမ်းသာမိသည်။ ထိုပုဂ္ဂိုလ်က ပို၍ပေးလှူပြီး မိဘမဲ့ကလေးတစ်ဦးကို မွေးစား သောအခါ ကျွန်ုပ်ပို၍ ပီတိဖြစ်ရပါသည်။ မိမိ၌ အလှူရှင်ရှိခြင်းက မိဘမဲ့ ကလေးများ အတွက် ဝမ်းသာစရာဖြစ်သည်။ သို့သော် ထိုအလှူရှင်က ကူညီပေးလှူရုံနှင့် အားမရဘဲ မိမိကိုပါ လိုချင်သည်ဟု သိရသောအခါ မည်သို့ခံစားရပါ မည်နည်း။

သင်သည် ဘုရားသခင်၏သားသမီးဖြစ်ပါက ထိုခံစားချက်ကို နားလည်မည် မလွဲပါ။ ထိုအမှုအရာ သင်၌ ဖြစ်ပျက်ခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ်တို့ကို ပျက်စီးခြင်းသို့ မရောက်စေလိုဘဲ ထာဝရအသက်ရရန် ဘုရားသခင်သည် သူ၏သားတော်ကို စေလွတ်သည့်တိုင် ကျွန်ုပ်တို့ကို ချစ်တော်မူခြင်းအမှုအားဖြင့် (ယော ၃း၁၆)ကျွန်ုပ်တို့ ပြောစရာ စောဒက တက်စရာ ဘာမှမရှိပါ။ လုံလောက်နေပြီဖြစ်သည်။ သို့သော် ဘုရားသခင်ဘက်မှ ထိုမျှနှင့် မကျေနပ်ပါ။ သားတော်ကို စေလွတ်ပြီး ကျွန်ုပ်တို့ကို ရွေးနုတ်စေခြင်းနှင့် မပြီး၊…