သင်၏လက်၌ အဘယ်အရာရှိသနည်း
ကယ်တင်ခြင်းရရှိပြီး ကျွန်မ၏အသက်တာကို ဘုရားအတွက် ဆက်ကပ်ခဲ့ပြီးနောက်နှစ်အနည်းငယ်အကြာ၌ သတင်းသမားအလုပ်ကို စွန့်လွှတ်ရန် ဘုရားလမ်းညွှန်နေကြောင်း ကျွန်မခံစားမိသည်။ ကလောင်တံကိုချပြီး စာရေးခြင်းကို ရပ်တန့်ထားချိန်၌ ဘုရားသခင်သည် တစ်နေ့တွင် သူ၏ဘုန်းတော်အတွက် စာရေးရန် ကျွန်မကို စေခိုင်းမည်ဟုခံစားခဲ့ရသည်။ အလုပ်မရှိဘဲ မိမိကိုယ်တိုင်၏ကန္တာရထဲ လည်နေရချိန်တွင် ထွက်မြောက်ရာကျမ်း ၄ ရှိ မောရှေနှင့်သူ၏လှံတံအကြောင်းအားဖြင့် ခွန်အားပေးခံခဲ့ရသည်။
ဖာရောဘုရင်၏နန်းတော်တွင် ပျိုးထောင်ခံခဲ့ရပြီး အလားအလာကောင်းသည့်အနာဂတ်ရှိသည့် မောရှေသည်အီဂျစ်မှထွက်ပြေးပြီး ဘုရားသခင် သူ့အားခေါ်ချိန်၌ မထင်မရှားသောအရပ်တွင် သိုးထိန်းအဖြစ်နေထိုင်နေသည်။ ဘုရားကို ပေးရန် သူ၌ ဘာမျှမရှိဟု သူထင်ခဲ့မိလိမ့်မည်။ သို့သော် ဘုရား၏ဘုန်းတော်အတွက် မည်သူ့ကိုမဆိုနှင့် ဘယ်အရာကိုမဆို ဘုရားအသုံးပြုနိုင်ကြောင်း မောရှေသင်ယူခဲ့ရသည်။
“သင်၏လက်၌ အဘယ်အရာရှိသနည်း”ဟု ဘုရားသခင် မေးခဲ့ရာ၊ “လှံတံ”ဟုမောရှေပြန်ဖြေခဲ့သည်။ “မြေပေါ်မှာ ပစ်ချလော့”ဟု (ထွ ၄:၂-၃) ဘုရားသခင် မိန့်တော်မူရာ မောရှေ၏သာမန်လှံတံသည် မြွေဖြစ်သွားခဲ့သည်။ မြွေကိုကိုင်လိုက်သည့်အခါ ဘုရားသခင်က မြွေမှလှံတံ…
သမိုင်းတလျှောက်
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အဖွားနှစ်ဦးသည် အသက် (၈၁) နှစ်အရွယ်တွင် ရက်ပေါင်း (၈၀) အတွင်း ကမ္ဘာပတ်ခရီး အောင်မြင်ခဲ့သည့်အတွက် မကြာသေးမီက မီဒီယာပေါ်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။ (၂၃) နှစ်ကြာ အခင်ဆုံး ရင်းနှီးခဲ့ကြသော ကမ္ဘာပတ် သူငယ်ချင်းနှစ်ဦးသည် ကမ္ဘာ့တိုက်ကြီး (၇) တိုက်လုံးကို လည် ပတ်ခဲ့ကြသည်။ သူတို့သည် အန္တာတိကတွင် ခရီးစခဲ့ပြီး အာဂျင်တီးနားတွင် တန်ဂိုအက ကခဲ့ကြသည်။ အီဂျစ်တွင် ကုလားအုတ်စီးကာ မြောက်ဝင်ရိုးစွန်းတွင် စွတ်ဖား စီးခဲ့ကြသည်။ ဇမ်ဘီယာ၊ အိန္ဒိယ၊ နီပေါ၊ ဘာလီ၊ ဂျပန်နှင့် ရောမ အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံ လည်ပတ်ခဲ့ပြီး သြစတြေးလျတွင် ၎င်းတို့၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ အသက်အရွယ်မရွေး ကမ္ဘာလှည့်ခရီးသွားခြင်းကို ပျော်ရွှင်စွာပြုနိုင်ရန် အနာဂတ်မျိုးဆက်သစ်များကို လှုံ့ဆော်ပေးရန် မျှော်လင့်ကြောင်း သူတို့ပြောခဲ့သည်။
ထွက်မြောက်ရာကျမ်းတွင် တစ်သက်မှာ…
ခရစ်တော်အားဖြင့် စင်ကြယ်ခြင်း
ကျွန်မ၏ပထမဆုံး ရေတိုသာသနာပြုခရီးစဉ်မှာ ဘရာဇီးနိုင်ငံ အမေဇုန်တော ရှိ မြစ်ကမ်းနား၌ ဘုရားကျောင်း တည်ဆောက်ရာတွင် ကူညီရန်ဖြစ်သည်။ မွန်းလွဲပိုင်းတစ်ခု၌ ထိုဒေသရှိ ရေစစ်ကိရိယာရှိသည့် အိမ်အနည်းစုမှ တစ်အိမ်သို့ ကျွန်မတို့ သွားရောက်ခဲ့သည်။ အိမ်ရှင်က နောက်နေသောတွင်းရေကို ဆန်းပြားစွာတီထွင်ထားသောရေစစ်ကိရိယာထဲ လောင်းထည့်လိုက်ရာ၊ မိနစ်ပိုင်းအတွင်း အညစ်အကြေးအားလုံးကို ဖယ်ရှားပြီး သန့်ရှင်းကြည်လင်သွားကာ သောက်ရေသန့် ထွက်ပေါ်လာသည်။ ထိုနေရာ၊ ထိုလူ၏ဧည့်ခန်းထဲ၌၊ ခရစ်တော်အားဖြင့် စင်ကြယ်စေခြင်း၏အဓိပ္ပာယ်ကိုထင်ဟပ်နေကြောင်း တွေ့ခဲ့ရပါသည်။
မိမိ၏အပြစ်နှင့် အရှက်တရားဖြင့် သခင်ယေရှုထံ ဦးဆုံးလာခဲ့စဉ် ကျွန်မတို့အား ခွင့်လွှတ်ရန် တောင်းလျှောက်လျက်၊ ကိုယ်တော်အား မိမိတို့၏ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်သောအခါ၊ ကိုယ်တော်သည် အပြစ်များကို စင်ကြယ်စေပြီး ကျွန်မတို့အား အသစ်ဖြစ်စေပါသည်။ ညစ်ပတ်နေသောရေကို သန့်ရှင်းသောသောက်ရေအဖြစ်သို့ ပြောင်းလဲစေသကဲ့သို့ ကျွန်မတို့ကို သန့်ရှင်းစင်ကြယ်စေ သည်။ သခင်ယေရှု၏ကိုယ်ကျိုးစွန့်လွှတ်ပူဇော်မှုကြောင့် ကျွန်မတို့သည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သူဖြစ်လျက် (၂ ကော ၅:၂၁)၊ အရှေ့မျက်နှာစွန်းနှင့် အနောက်မျက်နှာစွန်း…
ကြိုတင်စီစဉ်မထားသော ချီးမွမ်းမြွက်ဆိုခြင်း
အီသီယိုးပီးယားသို့ ရေတိုသာသနာ့ခရီးစဉ်အတွင်း ကျွန်မတို့အဖွဲ့သည် ဒေသခံ သာသနာပြုအဖွဲ့မှ အဖွဲ့တစ်ဖွဲ့ကို အဖော်ပြုလျက်၊ အခက်အခဲများကြုံပြီး အမှိုက် ပုံဝင်းအတွင်း တဲထိုးနေထိုင်နေသော လူငယ်အုပ်စုတစ်စုထံသို့ အရောက်သွားခဲ့သည်။ သူတို့နှင့်ဆုံရခြင်းက ကျေနပ်ဝမ်းမြောက်ဖွယ်ကောင်းလှ၏။ ကျွန်မတို့ အချင်းချင်း သက်သေခံလျက်၊ အားပေးစကားပြောကာ အတူဆုတောင်းခဲ့ကြသည်။ ထိုညနေခင်း၏ ကျွန်မအနှစ်သက်ဆုံးအချိန်မှာ ဒေသခံအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက သူ၏ဂီတာကို တီးကာ၊မိတ်ဆွေသစ်များနှင့်အတူ ကျွန်မတို့လရောင်အောက် ဝတ်ပြုကိုးကွယ်ခဲ့သောအချိန်ပင်ဖြစ်သည်။ မည်မျှပင် အလေးအမြတ်ထားအပ်သော အခိုက်အတန့်နည်း။ သူတို့၏အခြေအနေမှာစိုးရိမ်ဖွယ်ဖြစ်လည်း သခင်ယေရှု၌သာ တွေ့နိုင်သည့် မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် သူတို့၌တည်ရှိသည်။
တမန်တော်ဝတ္ထု ၁၆ တွင်၊ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက် ချီးမွမ်း သီဆိုသည့်အခြားအချိန်တစ်ခုအကြောင်း ဖတ်ရှုရသည်။ ၎င်းသည် ဖိလိပ္ပိမြို့တော်အတွင်းရှိ အကျဉ်းထောင်၌ ဖြစ်ပွားခဲ့သည်။ သခင်ယေရှု၏အမှုတော်ကို ထမ်းရွက်စဉ် ပေါလုနှင့် သိလတို့သည် ဖမ်းဆီးခံရပြီး၊ ရိုက်နှက်၊ ကြိမ်ဒဏ်ခံရကာ ထောင်တွင်း အကျဉ်းချခံရသည်။ မျှော်လင့်ချက်မဲ့၊ စိတ်ပျက်၍ အရှုံးပေးရမည့်အစား…
ဝိညာဥ်ရေးရာအမွေအနှစ် ချန်ရစ်ထားခြင်း
သခင်ယေရှုအား မိမိ၏ ကယ်တင်ရှင်အဖြစ်လက်ခံရန် ကျွန်မမိခင်၏ ဆုံးဖြတ်ချက်အား ဆယ်ကျော်သက်ရွယ်များအနေဖြင့် ကျွန်မနှင့် ကျွန်မ၏ညီမဖြစ်သူတို့ နားမလည်ခဲ့သော်လည်း သူမ၌ ပြောင်းလဲမှုများ မြင်တွေ့ခဲ့ရသည်ကို ကျွန်မတို့ မငြင်းနိုင်ခဲ့ပါ။ သူမ၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း ပို၍ရှိလာပြီး အသင်းတော်၌ သစ္စာရှိရှိ စတင် အစေခံဆက်ကပ်သည်။ သမ္မာကျမ်းစာအား ဆာငတ်လွန်းသည့်အတွက် ကျမ်းစာကျောင်း တက်ရောက်ကာ ဘွဲ့ရရှိခဲ့သည်။ ကျွန်မ၏မိခင် သခင်ယေရှုအား ယုံကြည်လက်ခံပြီး နှစ်အနည်းငယ်အကြာ၌ ကျွန်မ၏အစ်မဖြစ်သူသည် ခရစ်တော်အား ယုံကြည်လက်ခံကာ သခင့်အား စတင် အစေခံသည်။ ထို့နောက် နှစ်အနည်းငယ် အကြာတွင် ကျွန်မသည်လည်း သခင်ယေရှုအား ယုံကြည်လက်ခံလျက် စတင်အစေခံခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ကျွန်မ၏ဖခင်သည်လည်း သခင်ယေရှုအား ယုံကြည်လက်ခံလာခဲ့သည်။ ခရစ်တော်အားယုံကြည်လက်ခံခဲ့သည့် ကျွန်မမိခင်၏ ဆုံးဖြတ်ချက်ကြောင့် ကျွန်မတို့မိသားစုနှင့် ဆွေမျိုးသားချင်းများအကြားတွင် အသက်တာပြောင်းလဲစေသည့် အကျိုးသက်ရောက်မှုဂယက် ဖြစ်လာခဲ့သည်။
ရှင်ပေါလုသည် တိမောသေထံ နောက်ဆုံးစာစောင်အား ရေးသားပြီး…