စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ ငြိမ်းသော်ထူး

အံ့သြဖွယ် တိုင်ပင်ဖက်

ဘဝအခြေအနေက အရာရာ၌ စိတ်ဓာတ်ကျစရာပင်။ အထူးသဖြင့် လူငယ်များအတွက် အနာဂတ်မျှော်လင့်ချက်များ ပျောက်ဆုံးကုန်သည်။ ကပ်ရောဂါဘေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်နှင့် တိုင်းရေးပြည်ရေး မငြိမ်သက်မှုများအကြား ဘဝရှင်သန်ရပ်တည်မှု ခက်ခဲလာသည်။ စိတ်ဓာတ်ကျသည့်အခါ စိတ်ဖိစီးသည့်အခါ စိတ်ရောကိုယ်ပါ ခြေကုန်လက်ပမ်းကျ မောပန်းနွမ်းနယ်သည့်အခါ မည့်သူ့ကိုတိုင်ပင်ရမှန်းမသိဖြစ်လာသည်။  တချို့ကိစ္စရပ်များမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ရန်ခက်ခဲပါသည်။ ထိုအချိန်အခါမျိုးတွင် မိမိစိတ်နှလုံးကို အလုံးစုံနားလည်ပေးနိုင်မည့် တိုင်ပင်ဖော်လိုအပ်ပါသည်။ 

လုပ်ငန်းခွင်၊ မိသားစုနှင့် လူမှုအသိုင်းအဝိုင်းတို့၌ ရှင်သန်လှုပ်ရှားတွင် နည်းပညာတိုးတက်မှုနှင့် လျင်မြန်စွာပြောင်းလဲနေသည့် တိုင်းရေးပြည်ရေး၊ ကမ္ဘာ့ရေးရာအခြေအနေများကြောင့် စိတ်ဖိစီးမှုပိုမိုကြုံတွေ့လာရသည့် ယနေ့ခေတ်၌ စိတ်ကျန်းမာရေးအထာက်အကူပြု ဆွေးနွေးတိုင်ပင်မှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဥ်များ ရေပန်းစားလာကာ ထိုအစီအစဥ်များကို အသုံးပြုသူများပြားလာပြီး အကျိုးရှိထိရောက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ တွေ့ရှိရသည်။ 

သို့ရာအတွင် ယုံကြည်သူများအတွက်မူ ထိုအစီအစဥ်များထက် သာလွန်ကောင်းမွန်သော အံ့သြဖွယ်တိုင်ပင်ဖက်တစ်ဦး ရှိနှင့်ပြီးသားဖြစ်သည်။နာမတော်မူကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်သခင်ယေရှုပင်ဖြစ်သည် (ဟေရှာ ၉:၆) ထိုအံ့သြဖွယ်တိုင်ပင်ဖက်အား ကျွန်ုပ်တို့ ခံစားနေရသမျှ စိတ်အခြေအနေအားလုံးကို အိတ်သွန်ဖာမှောက် တိုင်ပင်ပြောပြနိုင်သည်။ ရင်ဖွင့်ငိုကြွေးနိုင်သည်။ လောကရှိ တိုင်ပင်ဆွေးနွေးမှုပေးသူများနှင့် ကွာခြားချက်မှာ ထိုအရှင် သခင်ယေရှုသည် စကြာဝဠာကမ္ဘာမိုးမြေကို ဖန်ဆင်းတော်မူသော ဥာဏ်တော်အနန္တ၊ တန်းခိုးတော်အနန္တပြည့်စုံသောအရှင်ဖြစ်ကာ ကျွန်ုပ်တို့ခံစားတွေ့ကြုံနေရသမျှအားလုံးကို ခံစားနားလည်ပေးရုံသာမက ငြိမ်သက်ခြင်းနှင့် ထွက်မြောက်ရာလမ်းကိုပါ ပြင်ဆင်ပေးသူဖြစ်သည်။ "ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ" (ဟေရှာ ၄၀:၃၁)။ ကြယ်များကို ရေတွက်လျက် အမည်နာမနှင့်တကွ ခေါ်တော်မူသော ကျွန်ုပ်တို့၏ ဆံပင်တစ်ချောင်းချင်းစီကိုပင် ရေတွက်သိရှိတော်မူသော ထိုအံ့သြဖွယ်တိုင်ပင်ဖက် သခင်ယေရှုနှင့် ဆွေးနွေးတိုင်ပင်ရမည့်အခွင့်အရေးအား လက်လွတ်ဆုံးရှုံးမခံဘဲ ယခုပင် ထိုသခင်ထံ တိုးဝင်ချဥ်းကပ်ကြပါစို့။

** ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် အထူးစာမူ

နှုတ်ကပတ်တော်ထံ လှည့်ပြန်ရမည့်အချိန်

​လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသည့် အဖြစ်ပျက်များကို မီဒီယာများမှတဆင့် ကြားနေ၊ မြင်နေရသည့်အခါ အများစုမှာ သတင်းဆိုးများဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တစ်ကမ္ဘာလုံး ကြုံတွေ့လာရသည်မှာ တစ်နှစ်ကျော် နှစ်နှစ်အတွင်းရောက်ရှိလာပြီဖြစ်ကာ ထိုကပ်ဘေးကြောင့် ဘဝ၏ ပုံမှန်ရှင်သန်လည်ပတ်နေမှုများ၊ အနာဂတ်မျှော်လင့်ချက်အိပ်မက်များ အားလုံးနီးပါး ကသောင်းကနင်းဖြစ်ကုန်သည်။ နိုင်ငံရေးပဋိပက္ခများ၊ စစ်မက်များ ဖြစ်ပွားလျက်ရှိသည့် ထိလွယ် ရှလွယ်နိုင်ငံများတွင် နဂိုရှိနေသည့် အခက်အခဲဒုက္ခများကို ကိုရိုနာကပ်ဘေးက လောင်စာထပ် လောင်းထည့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ အရာရာအားလုံး အထိန်းအကွပ် မဲ့နေသကဲ့သို့ပင်။

ကူရာကယ်ရာအဖြစ် ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမင်းများနှင့် မိတ်ဆွေ သင်္ဂဟများ အစရှိသည်တို့ကို အားကိုးအားထားပြုရန် ကြိုးစားကြသည်။ သို့သော် အချို့သောဘဝများမှာ ကူရာကယ်ရာမဲ့ ကြွေလွင့်ကြရသည်။ မိမိချစ်ခင်ရသော အသိအကျွမ်းဆွေးမျိုးများ တစ်ဦးပြီးတစ်ဦး ဆုံးရှုံးလွင့်ပါးသွားသည့်သတင်များ ကြားရသည့်အခါ ရင်ထဲမချိတင်ကဲ ဖြစ်ရသည်။

သို့ရာတွင် ယခုအချိန်သည် ယုံကြည်သူများအနေဖြင့် နှုတ်ကပတ်တော်တည်းဟူသော သခင်ယေရှုထံ လှည့်ပြန်ရမည့်အချိန်ဖြစ်သည်။ GPS…