၁၉၇၇ ခုနှစ်မှစ၍ ဆရာကြီး ဖိလစ် ယန်စီ (Philip Yancey)သည် အုပ်ရေ (၁၅) သန်းကျော် ရောင်းရသည့် စာအုပ်ပေါင်း (၂၅) အုပ်ကို ရေးသားခဲ့သည်။ သူ၏စာအုပ်များတွင် ခက်ခဲသောမေးခွန်းများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ရေးသားထားပြီး ဂနဝင်စာအုပ်များဖြစ်သည့် Where is God When It Hurts? နှင့် What's So Amazing About Grace? တို့ပါဝင်သည်။ ၁၉၇၁ ခုနှစ်တွင် ဆရာသည် Campus Life မဂ္ဂဇင်းတွင် ဝန်ထမ်းအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် သူသည် အချိန်ပြည့်စာရေးသူ ဖြစ်လာသည်။ ဆရာနှင့်ဇနီး ဆရာမ ဂျဲနက်(Janet) တို့သည် ကော်လိုရာဒို ပြည်နယ် အဲဗားဂရင်း ဒေသ၌ နေထိုင်လျက်ရှိသည်။ သူတို့သည် ခြေလျင်ခရီးထွက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် ကော်လိုရာဒို ပြည်နယ်ရှိ Rocky Mountains တောင်တန်းဒေသ၏ သာယာကြည်နူးဖွယ်ရာ ကောင်းသည့်အရပ်များသို့ သွားရောက်ခြင်းကို နှစ်သက်သည့်။ ဆရာဖိလစ်သည် Our Daily Bread စာမူများကို ၂၀၀၈ ခုနှစ်မှစ၍ ရေးသားလျက်ရှိသည်။