စာရေးသူ

အားလုံးမြင်နိုင်ရန်
Philip Yancey

ဖိလစ် ယန်စီ

၁၉၇၇ ခုနှစ်မှစ၍ ဆရာကြီး ဖိလစ် ယန်စီ (Philip Yancey)သည် အုပ်ရေ (၁၅) သန်းကျော် ရောင်းရသည့် စာအုပ်ပေါင်း (၂၅) အုပ်ကို ရေးသားခဲ့သည်။ သူ၏စာအုပ်များတွင် ခက်ခဲသောမေးခွန်းများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ရေးသားထားပြီး ဂနဝင်စာအုပ်များဖြစ်သည့် Where is God When It Hurts? နှင့် What's So Amazing About Grace? တို့ပါဝင်သည်။ ၁၉၇၁ ခုနှစ်တွင် ဆရာသည် Campus Life မဂ္ဂဇင်းတွင် ဝန်ထမ်းအဖြစ် စတင်လုပ်ဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် သူသည် အချိန်ပြည့်စာရေးသူ ဖြစ်လာသည်။ ဆရာနှင့်ဇနီး ဆရာမ ဂျဲနက်(Janet) တို့သည် ကော်လိုရာဒို ပြည်နယ် အဲဗားဂရင်း ဒေသ၌ နေထိုင်လျက်ရှိသည်။ သူတို့သည် ခြေလျင်ခရီးထွက်ခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် ကော်လိုရာဒို ပြည်နယ်ရှိ Rocky Mountains တောင်တန်းဒေသ၏ သာယာကြည်နူးဖွယ်ရာ ကောင်းသည့်အရပ်များသို့ သွားရောက်ခြင်းကို နှစ်သက်သည့်။ ဆရာဖိလစ်သည် Our Daily Bread စာမူများကို ၂၀၀၈ ခုနှစ်မှစ၍ ရေးသားလျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ ဖိလစ် ယန်စီ

ယုံကြည်ခြင်းစိတ် စွဲမြဲတည်ကြည်

ယုံကြည်ခြင်း ကြီးမားလုံလောက်လျှင် ကျန်းမာမည်၊ ချမ်းသာမည်၊ ကျေနပ်ရောင့်ရဲ နိုင်သော အသက်တာဖြင့် ရှင်သန်လျက် ဆုတောင်းသမျှ အဖြေရမည်စသည်ဖြင့်  ‘ယုံကြည်ခြင်း’ ဟူသည့်အရာကို မျက်လှည့်ဆန်ဆန် ပုံသေမှတ်ယူရန် ကျွန်ုပ်တို့ သွေးဆောင်ခံရတတ်သည်။။ သို့သော် ဘ၀ဟူသည် လှပသော ထိုပုံသေနည်းအတိုင်း ဖြစ်ပျက် မနေကြောင်း - သက်သေပြရလျှင် ဟေဗြဲဩ၀ါဒစာ ရေးသူက ဓမ္မဟောင်းကျမ်းမှ ယုံကြည်ခြင်းသူရဲကောင်းများ၏ အသက်တာကို ဆင်ခြင်လျက် ‘‘စစ်မှန်သော ယုံကြည်ခြင်း’’ ဟူသည် မည်သို့ဖြစ်သည်ကို သတိပေးအမှတ်ရစရာ တစ်သီကြီးဖြင့် ဖော်ပြထားသည် (ဟေဗြဲ ၁၁)။
‘‘ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်’’ (း၆) ဟု ဘွင်းဘွင်း ဆိုထားသည်။ ယုံကြည်ခြင်းကို ဖော်ကျူးရာ၌ ‘‘တည်ကြည်ခြင်းရှိ၏’’ ဟူသော စကားလုံးကို သုံးနှုန်းထားသည်။ ထိုသို့ တည်ကြည်၍ ယုံကြည်ခြင်း၏ရလဒ်ကား တစ်ပါးအမျိုးသားတို့ ခွက်ခွက်လန် ရှုံးအောင်…

အသက်ကယ် ပိုက်ကွန်

တောင်ပေါ်ဒေသနာ (မဿဲ ၅-၇) အား လူသားများ မည်သို့ ပြုမူကျင့်ကြံရမည်ကို ဖော်ပြသည့် အခြေခံသွန်သင်ချက်၊ မည်သူမျှ လိုက်မမီနိုင်သော စံသွန်သင်ချက် စသည်ဖြင့် နှစ်အတော်ကြာကြာ ကျွန်တော်တွေးထင်ခဲ့သည်။ ဆိုလိုရင်းအမှန်ကို မည်သို့ ကျော်သွားမိမှန်း မသိခဲ့ပါ။ ကျွန်ုပ်တို့ စိတ်ပျက်သွားအောင် ရှင်ယေရှုက ဤစကားများကို မိန့်ကြားခဲ့ခြင်းမဟုတ်၊ ဘုရားသခင်သည် မည်သို့သော ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ပြောပြခြင်းဖြစ်သည်။
ရန်သူများကို အဘယ်ကြောင့် ချစ်ရမည်နည်း။   ကရုဏာတော်ရှင်အဘသည် လူဆိုးလူကောင်း မခွဲခြားဘဲ
သူတို့အပေါ် နေမင်းထွန်းလင်းစေသည်။ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို အဘယ်ကြောင့် သိုမှီးရမည်နည်း။ ထိုနေရာတွင် ခမည်းတော်ဘုရားစိုးစံလျက် ကျွန်ုပ်တို့အား ကြွယ်ဝစွာ ချီးမြှောက်မည်တည်း။ အဘယ့်ကြောင့် စိုးကြောက်ပူပန်မှု မရှိဘဲ နေရမည်နည်း။ တောနှင်းပင်နှင့်မြက်ပင်ကို အ၀တ်နှင့်
ဖုံးလွှမ်းသောဘုရားသည် ကျွန်ုပ်တို့အား ဂရုပြုမည်ဟုလည်း ကတိပြုထားသည်။ အဘယ်ကြောင့် ဆုတောင်းရမည်နည်း။ လောကရှိ ဖခင်များပင်…

အီစတာ အစပြုခြင်း

အီစတာအဖြစ်အပျက်မှ အချက်တစ်ချက်က ကျွန်ုပ်အတွက် အစဉ်အံ့အားသင့်စရာ ဖြစ်သည်။  ကားတိုင်ပေါ်အသေခံစဉ် ရရှိခဲ့သော ဒဏ်ချက်ရာ အမာရွတ်များကို ယေရှုက အဘယ်ကြောင့် ဆက်ရှိစေသနည်း။ ရှင်ပြန်ထမြောက်သောခန္ဓာကို သူလိုချင်သလို ဖြစ်စေနိုင်သော်လည်း မြင်၍၊ ထိ၍ရသည့်  သိသာထင်ရှားသည့် ဒဏ်ချက်ရာများကို ရှိစေခြင်းသည် အဘယ်ကြောင့်နည်း။
သခင်၏လက်၊ ခြေနှင့် နံဘေးတော်မှ ဒဏ်ချက်ရာများ မရှိလျှင် ရှင်ပြန်ထမြောက်ခြင်း အကြောင်းအရာသည် ပြီးပြည့်စုံမည် မဟုတ်ပေ (ယော ၂၀း၂၇)။ လူသားများသည် ပုလဲပမာ ညီညာသောသွား၊ အရေးအကြောင်း မရှိသော အရေပြားနှင့် မက်လောက်ဖွယ် ခန္ဓာကောက်ကြောင်းများကို စိတ်ကူးယဉ်တတ်ကြသည်။ သို့သော် သခင်ယေရှုအတွက် ဒဏ်ချက်ရာများနှင့်ကိုယ်ခန္ဓာသည် တစ်မူထူးခြားသည်။ ထို ဒဏ်ချက်ရာများက ကျွန်ုပ်တို့ကမ္ဘာမြေတွင် လူ့ဇာတိခန္ဓာ၌ ချုပ်နှောင်ခံရခြင်းနှင့် ဒုက္ခဝေဒနာခံစားရခြင်း နေ့ရက်များ အတွက် ထာဝရအမှတ်တရများဖြစ်သည်။
ကောင်းကင်ဘုံ၏ အထက်အမြင်အရကြည့်လျှင် ထိုဒဏ်ချက်ရာများသည် စကြ၀ဠာထဲတွင် ဖြစ်ပျက်ခဲ့သော အဆိုးရွားဆုံးသော…

ငြိမ်ဝပ်လျက် နေကြလော့

လွန်လေသောနှစ်များစွာက ကျွန်တော့်ထံရောက်လာသည့် စာများကို ၂ ပတ် အတွင်း ပြန်စာများရေးသားပေးပို့လျက် စာပေးစာယူဆက်သွယ်သူများကို ကျေနပ် ပျော်ရွှင်စေခဲ့သည်။ ထို့နောက် `ဖက်´ (Fax) ပေါ်လာသောအခါ ၂ ရက်အတွင်း စာပြန်
ပေး၍ ၎င်းတို့ပျော်ရွှင်ကျေနပ်သည့်ပုံပေါ်ပါသည်။ ယခုတွင် အီးမေးလ်ဖြင့် ချက်ခြင်း စာပြန် စာပို့နိုင်ခြင်း၊ ဖုန်းများပေါ်လာချိန်တွင်လည်း ယခင်ကကဲ့သို့ပင် ပြန်ကြားတုံ့ပြန်မှုကို လူတို့မျှော်လင့်ကြ သည်။    ‘‘ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြလော့။’’  ကျွန်ုပ်တို့ အကျွမ်းတ၀င်
ရှိပြီးသား ထိုကျမ်းပိုဒ်တွင် တန်းတူအရေးကြီးသည့် အမိန့်တော် ၂ ရပ်ကို တွေ့ရသည်။ ပထမအချက်မှာ ကျွန်ုပ်တို့၏ လက်ရှိမျက်မှောက်ခေတ်နှင့် ဖီလာဆန့်ကျင် လျက် ငြိမ်ဝပ်စွာနေရန် ဖြစ်သည်။ ပျားပန်းခတ်ဆူညံနေသည့်ကမ္ဘာ၌ ငြိမ်ဝပ် ဆိတ်ညံချိန်
နည်းနည်းလေးပင် သူ့အလိုအလျောက် ဖြစ်မလာတော့ပါ။ တစ်ဖန် ‘‘ငါကား ဘုရားသခင်…

မြစ်ညာမှ အစပြုခြင်း

ကျွန်တော့်အိမ်သည် ကြီးမားသော တောင်တန်းကြီး အရိပ်အောက် တောင်ကြားရှိ ချောင်းငယ်ပေါ်တွင် တည်ရှိနေသည်။ နွေဦးတွင် ဆီးနှင်းပျော်ကျချိန်နှင့် မိုးသည်းထန်စွာ ရွာပြီးချိန်တွင် ထိုချောင်းလေးသည် ချောင်းငယ်ထက် မြစ်ကြီးကဲ့သို့ပင် တဟုန်းဟုန်းနှင့် စီးဆင်းသည်။ ရေနစ်သေဆုံးမှုများလည်းရှိသည်။ တစ်ရက်တွင် ထိုချောင်းငယ်လေး၏ မြစ်ဖျားခံရာ ဆီးနှင်းများဖုံးလွှမ်းနေသော တောင်ထိပ်ဆီသို့ ခြေရာခံထွက်ခဲ့သည်။ ထိုနေရာမှစ၍ အရည်ပျော်လာသော ဆီးနှင်းများက တောင်တန်းတစ်လျှောက် ရစ်ခွေစီးဆင်းလာ ပြီး ကျွန်တော့်အိမ်အောက်မှ ချောင်းငယ်လေး ဖြစ်လာသည်။
ဆုတောင်းခြင်းနှင့်ပတ်သက်၍လည်း အကြိမ်ပေါင်း များစွာ နားလည်မှုမှားနေကြောင်း တွေးမိသည်။ ကျွန်တော်က မိမိ၏လိုအင် ပူပန်စရာများနှင့်စုန်ဆင်းလျက် ဘုရားထံသို့ ယူဆောင်လာသည်။ ဘုရားသခင် မသိသေးဆိုသည့် ပုံစံနှင့် ဘုရားကို သတင်းပို့အကြောင်းကြားသည်။ ဘုရားသခင် စိတ်တော်ပြောင်းသွားရန် မျှော်လင့်လျက် နှောင့်နှေးနေသည့် ဘုရားထံ တောင်းပန်ကြားလျှောက်သည်။ စင်စစ် ထိုသို့ ဖြစ်မည့်အစား စီးဆင်းမှုစတင်ရာမြစ်ညာမှ အစပြုသင့်သည်။
လားရာပြောင်းလိုက်သောအခါ ကင်ဆာရောဂါခံစားနေရသည့်…

ပထမခြေလှမ်းများ

မကြာမီက သူငယ်ချင်းတစ်ဦးက ကျွန်ုပ်ကို ဖမ်းတားပြီး စိတ်လှုပ်ရှားဖွယ် သတင်းအချို့ကို ပြောပြသည်။ ထို့နောက် တစ်နှစ်သားအရွယ် သူ့တူလေး၏ ပထမဆုံးခြေလှမ်းများ အကြောင်း ၁၀ မိနစ်ကြာမျှ ပြောပြသည်။ ‘‘သူလမ်းလျှောက်နိုင်ပြီ။’’ ခိုးနားထောင်သူ တစ်ဦးရှိပါက ကျွန်ုပ်တို့အား ‘‘ကြောင်တောင်တောင်နိုင်တဲ့သူတွေ’’ ဟု ထင်သွားမည်မှာ မလွဲဟု နောက်ပိုင်းမှပြန်တွေးမိသည်။ လူလမ်းလျှောက်နိုင် သည့်ကိစ္စများ ဘာရေးကြီးခွင်ကျယ် လုပ်နေရသနည်း။
ကလေးဘ၀သည် ထူးခြားသည့် အရည်အသွေးများ ရှိပြီး၊ ထိုထူးခြားမှုက ကလေးဘ၀ကျော်လွန်ပြီး ဘ၀ နောက်ပိုင်းအချိန်များတွင် ပျောက်ကွယ်လုနီးပါးဖြစ်သွား ကြောင်း ကျွန်ုပ်အတွေးပေါက်မိသည်။ ကျွန်ုပ်တို့၏ သားသမီး များအပေါ် ပြုစုဆက်ဆံပုံအကြောင်း စဉ်းစားသောအခါ ဘုရားသခင်သည် သူနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဖော် ကျူး
ရန်အတွက် `သားသမီး´ ဆိုသည့် စကားလုံးကို ရွေးချယ် သည် ဟူသည့်အချက်ကို ကျွန်တော်သဘောကျခံစားသွားရသည်။ ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တို့သည် ဘုရား၏သားသမီးများ၊ ခံစားခွင့်အပြည့်နှင့်…

စစ်တုရင်သဘာကြီး

အထက်တန်းကျောင်းတက်စဉ်က စစ်တုရင်ကစားတတ်သည့် စွမ်းရည်ကြောင့်
ကျွန်တော် ဂုဏ်ယူမိသည်။ စစ်တုရင်ကလပ်တွင် အဖွဲ့ဝင်ပြီး နေ့လယ်စာစားချိန်၌
အခြားဝါသနာတူ အဖော်များနှင့် စားပွဲ၌၀ိုင်းထိုင်ကာ Classic King Pawn Openings
ကဲ့သို့သော စာအုပ်မျိုးကို စိတ်ဝင်တစား ဖတ်ရှုကြသည်။ စစ်တုရင်ကစားနည်းကို
လေ့လာသည်။ ပြိုင်ပွဲအများစုတွင် ကျွန်တော် အနိုင်ရခဲ့သည်။
သည့်နောက်တွင် အနှစ် ၂၀ မျှ စစ်တုရင် မကစားဖြစ်တော့ပါ။
နောက်ပိုင်းတွင် စစ်တုရင်ကို ကောင်းကောင်းကစားနိုင်သူ
နှင့်ဆုံခဲ့သည်။ သူက အထက်တန်းကျောင်းကတည်းက
စစ်တုရင်ပညာကို ကျွမ်းကျင်သည်အထိ တစိုက်မတ်မတ်
လေ့လာလိုက်စားခဲ့သည်။ သူနှင့် စစ်တုရင်ထိုးမှ ဆရာကြီး၊
သဘာကြီးနှင့် ကစားရသည့်အရသာကို သိခဲ့ရသည်။
ကျွန်ုပ်၌ စိတ်ကြိုက်လွတ်လပ်စွာ အကွက်ရွှေ့ခွင့် အပြည့်ရှိ
နေသော်လည်း ကျွန်တော့်နည်းဗျူဟာက သိပ်မထိရောက်။
သူ၏သာလွန်သော ကျွမ်းကျင်မှုစွမ်းရည်ကြောင့် ကိုယ့်
အတွက် ရည်ရွယ်ဆင်လိုက်သမျှ အကွက်က သူ့အတွက်ချည်း…

ကျွန်ုပ်တို့ကဲ့သို့သောသူများ

၁၉ရာစု နှောင်းပိုင်းခန့်တွင် ၀ီလျံ ကယ်ရီ သည် အိန္ဒိယသို့ သာသနာပြုအဖြစ်
သွားရောက်ကာ ယေရှု၏ သတင်းကောင်းကို ဝေငှရန် စေစားခံရသည်ဟု ခံစားမိသည်။
သူ့အသိုင်းအ၀ိုင်းမှ သင်းအုပ်ဆရာများက `ဆရာလေး၊ ဘုရားသခင်ကလေ အိန္ဒိယမှာ
ရှိတဲ့လူတွေကို ကယ်တင်ချင်တယ်ဆိုရင် မင်းအကူအညီ၊
ငါ့အကူအညီ မပါဘဲ လုပ်လိမ့်မယ်´ ဟုခနဲ့သည်။ မိတ်ဖက်
လက်တွဲလုပ်ဆောင်ခြင်း ဆိုသည့်အချက်ကို သူတို့မျက်စိ
မှောက်နေသည်။ ကျွန်ုပ်တို့ကဲ့သို့သော လူများ မပါဘဲနှင့်
လောက၌ ဘုရားသခင် မဆိုစလောက်သာပြုပါသည်။
လောကတွင် ဘုရား၏အမှုတော်၌ မိတ်ဖက်
ဆောင်ရွက်သူများအနေဖြင့် မိမိကိုယ်ကို ဆက်ကပ်လျက်
သခင်အလိုရှိရာ မှန်သမျှကို လုပ်ဆောင်စဉ် ဘုရားရှင်၏
အလိုတော်ပြည့်စုံပါမည်အကြောင်း အစဉ်တစိုက် မှတ်ယူရ
ပါမည်။ ‘‘နိုင်ငံတော် တည်ထောင်ပါစေသော၊ အလိုတော်
သည် … ပြည့်စုံပါစေသော’’ ဟု ဆုတောင်းရန် သခင်ယေရှု သွန်သင်ခဲ့သည်…

သဘာဝ၏နှစ်သက်စရာများ

ဆာလံဆရာများသည် သဘာဝလောကနှင့် ပို၍နီးစပ်အကျွမ်းဝင်သောကြောင့် ချီးမွမ်းရန် အခွင့် ပိုမိုရရှိကြသည်။ ဒါဝိဒ်သည် သိုးထိန်းဘ၀နှင့် အိမ်ပြင်၌ကျင်လည်ခဲ့ရ၏။ ဣသရေလနိုင်ငံ၏ ကျောက် တောင်တန်းများတွင်လည်း နှစ်အတန်ကြာ ပုန်းအောင်းနေထိုင်ခဲ့ရပါသည်။ သူ၏ဆာလံသီချင်းများတွင် သဘာဝလောကကြီးကို အလွန်မြတ်နိုးချစ်ခင်ခြင်းကို ဖွဲ့ဆိုခြင်းမှာ အံ့ဖွယ်အဆန်းမဟုတ်ပါ။ ဆာလံ သီချင်းများ၌ ဘုရားသခင်၏ကြည့်ရှုစောင့်ထိန်းမှုအောက်တွင် ကမ္ဘာကြီးက တညီတညွတ်တည်း သင့်တင့်လျောက်ပတ်စွာရှိနေကြောင်း ဖော်ပြထားပါသည်။

မမြင်ရသော၊ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သဘာဝ လောကကြီးအားဖြင့် ကျွန်ုပ်တို့၏အာရုံ၌ ခံစားရသည်။ တိရစ္ဆာန်များ၊ တောင်စောင်းများတွင် ပေါက်ရောက်သော စိမ်းလန်းသည့်ထင်းရှူးပင်များကို ဖန်ဆင်းရှင်၊ မြေမျက်နှာသွင်ပြင်၏အလှအပကို ပန်းချီကားသဖွယ်ဖန်တီး၍ ပြောင်းလဲစေနိုင်သော ဘုရားသခင်ကို ကျွန်ုပ်တို့ မချီးမွမ်းဘဲအဘယ်သို့ နေနိုင်ပါအံ့။

ဆာလံဆရာ၏စိတ်ကူး၌ ကမ္ဘာလောကကြီးသည် ဘုရားသခင် လှုံ့ဆော်သဖြင့် ၀မ်းမြောက်ခြင်း ကို မချုပ်နိုင်။ “မြေကြီးသားအပေါင်းတို့ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့” (း၎)။ “မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်…