စာရေးသူ

အားလုံးမြင်နိုင်ရန်
Randy Kilgore

ရဲန်ဒီ ကေးလ်ဂေါ

ရဲန်ဒီ ကေးလ်ဂေါ (Randy Kilgore)သည် ကျမ်းစာကျောင်းမတက်ခင်က စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် စီနီယာ Human Resource မန်နေဂျာအဖြစ် နှစ်ပေါင်း ၂၀ မျှ လုပ်ကိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် Master in Divinity ဘွဲ့ရရှိခဲ့ပြီးနောက် ဆရာသည် စာရေးဆရာ၊ လုပ်ငန်းခွင် ဓမ္မဆရာအဖြစ် အစေခံ နေသည်။ သူသည် အပတ်စဥ် အင်တာနက်၌ဖော်ပြသော ဝတ်ပြုကိုးကွယ်ခြင်း စာစဥ် တစ်ခုကို ရေးသားသည်။ Discovery House ပုံနှိပ်ထုတ်လုပ်ရေးမှ ထိုစာစဥ်များကို ပေါင်းချုပ်၍ Made to Matter: Devotions for Working Christians စာအုပ်တွင် ထည့်သွင်းပုံနှိပ်ခဲ့သည်။ ဆရာနှင့်ဇနီး ရှယ်ရယ်လ် (Cheryl)သည် သားသမီးနှစ်ဦးတို့နှင့်အတူ မက်ဆဲ့ချူးစက် (Massachusetts) ပြည်နယ်တွင် နေထိုင်လျက်ရှိပြီး "Desired Haven Ministries" ကို ၂၀၀၇ တွင် တည်ထောင် ဆက်ကပ်လုပ်ကိုင် ခဲ့ကြသည်။

စာမူ/ အကြောင်းအရာ များ ရဲန်ဒီ ကေးလ်ဂေါ

‘‘လျှို့ဝှက်မဟုတ်’’သည့် လျှို့ဝှက်ချက်

ကျွန်ုပ်၏လုပ်ဖော်ဆောင်ဖက်တစ်ဦးက သူသည် ‘‘သခင်ယေရှု၏အပိုင်’’ဖြစ်သည်ကို သူမယုံခဲ့ကြောင်း ဝန်ခံခဲ့သည်။ သူ့အခေါ်အရ ‘‘ဇိမ်ကျပြီး အတ္တပြည့်သည့်’’သူ့ဘဝက ဘယ်သို့ဘယ်ပုံစသည်ဖြင့် သူပြောပြသည်။ သို့သော် ယင်းက သူ့ကို စိတ်ကျေနပ်မှုမပေးကြောင်း သူပြောပြသမျှကို ကျွန်ုပ်နားထောင်ခဲ့သည်။ ‘‘ဒါပေမယ့် ကျွန်တော် ပြဿနာက ကောင်းတဲ့သူဖြစ်ဖို့ ကျွန်တော် ကြိုးစားတယ်၊ ဒါပေမယ့် မရဘူး။ ကျွန်တော် လုပ်ချင်တဲ့အရာကို ကျွန်တော် မလုပ်နိုင်ဘူး၊ ပြီးတော့ ကျွန်တော်မလုပ်ချင်တဲ့ အရာတွေကိုတော့ ဆက်ပြီးလုပ်နေတယ်’’ဟု ပြောသည်။

‘‘ခင်ဗျားရဲ့လျှို့ဝှက်ချက်က ဘာလဲ’’ဟု စိတ်ရင်းဖြင့် သူက မေးရာ ‘‘ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်က လျှို့ဝှက် မဟုတ်ပါဘူး။ ကျွန်တော်လည်း ခင်ဗျားလိုပဲ၊ ဘုရားသခင်ရဲ့ စံချိန်မီအောင် အသက်ရှင်နိုင်တဲ့တန်ခိုး ကျွန်တော့်မှာလည်း မရှိဘူး။ ဒါကြောင့် သခင်ယေရှုကို ကျွန်တော်တို့ လိုအပ်တယ်’’ ဟုကျွန်တော် ဖြေခဲ့သည်။

ကျွန်တော်က ကျမ်းစာအုပ်ထုတ်ပြီး သူပြောသကဲ့သို့ ရှင်ပေါလုရေးသားခဲ့သည့် ရောမ…

စိတ်ချသေချာသော မျှော်လင့်ခြင်း

တရုတ်ပြည်ကို ဂျပန်တို့ဝင်ရောက်တိုက်ခိုက်စဉ် ဒေါက်တာဝီလျံ ဝေါလစ်သည် သာသနာပြုခွဲစိတ်ဆရာဝန်အဖြစ် တရုတ်ပြည် ဝူဇောင်းဒေသ၌ တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။ သူသည် Stout အောက်မေ့ဖွယ်ဆေးရုံ၏တာဝန်ခံတစ်ဦးအနေဖြင့်
လှေကြီးတစ်စီးပေါ်သို့ ဆေးပစ္စည်းကရိယာများ တင်ဆောင်ရန် အမိန့်ပေးလိုက်သည်။ ကြည်းတပ်၏ထိုးစစ်ဆင်မှုများကို ရှောင်ရန် မြစ်ကြောင်း တစ်လျှောက် စုန်ချည်ဆန်ချည် ကူးသန်းသွားလာလျက် ဆေးကုသခြင်းလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ဖိ ၁း၂၁ သည် ဒေါက်တာဝေါလစ်အကြိုက်ဆုံး ကျမ်းပိုဒ်များအနက်တစ်ခုဖြစ်ပြီး အန္တရာယ်ကြုံရသည့် အချိန်ကာလများတွင် ‘‘သူအသက်ရှင်လျှင် ကယ်တင်ရှင် အတွက် အမှုဆောင်မည်။ သူသေလျှင်လည်း ခရစ်တော်နှင့် ထာဝရနေရမည်’’ ဟူသည့် ကတိတော်ကို ခံရမည်ဟု ထိုကျမ်းပိုဒ်က သူ့ကို သတိပေး သည်။ ၁၉၅၁ ခုနှစ်တွင် မှားယွင်းအကျဉ်းကျခံရပြီး ထောင်၌ သူသေဆုံးသွားချိန်တွင် ထိုကျမ်းပိုဒ်သည် အထူးအဓိပ္ပာယ် လေးနက်ပေါ်လွင်ခဲ့သည်။

ရှင်ပေါလု၏ရေးသားချက်က လေးနက်သော ဆည်းကပ်မှုကို ဖော်ကျူးနေပြီး၊ ခရစ်တော်နောက်တော်လိုက်များအနေဖြင့် ထိုစိတ်ထားမျိုးရှိရန်…

အိမ်အပြန်လမ်းရှာခြင်း

တစ်ခါတစ်ရံ အသက်တာ၏ဘ၀ခရီးလမ်းသည် ကြမ်းတမ်းလွန်းသောကြောင့် ကျွန်ုပ်တို့ ကြောက်ရွံ့ထိတ်လန့်သွားပြီး အမှောင်ထုကြီးက အဆုံးမရှိတော့ဟုထင်ရသည်။ ကျွန်ုပ်၏ မိသားစုဘ၀၌ ဤသို့အကြပ်အတည်းကြုံရချိန်တွင် ဇနီးသည်က သူ ဘုရားရှင်နှင့် အချိန်ယူပြီးနောက် ရရှိခဲ့သောသင်ခန်းစာသစ်ကို တစ်မနက်က ဖွင့်ပြောပြခဲ့သည်။ ‘‘ကျွန်မတို့ ဒီမှောင်မိုက်ချိန်မှာ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာ တွေကို အလင်းထဲ ရောက်ရှိသွားချိန်မှာ မေ့သွားမှာကို ဘုရားရှင်မလိုလားဘူးလို့ ကျွန်မထင်တယ်’’ ဟု ပြောပါသည်။

ရှင်ပေါလုသည် သူနှင့်သူ့မိတ်ဆွေများ အာရှိပြည်တွင် ခံစားခဲ့ရသော အလွန်ဆိုးရွားသော အခက်အခဲများအကြောင်း ဖော်ပြပြီးနောက် အထက်ပါအတွေးသဘောကို ကောရိနသု အသင်းသားများထံ ရေးသားပေးပို့ခဲ့သည် (၂ ကော ၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အမှောင်မိုက်ဆုံးသော အချိန်များတွင်ပင် ကယ်တင်ရွေးနုတ်ပေးကြောင်း ကောရိနသု အသင်းသားများကို သူသိနားလည်စေလိုသည်။ ကျွန်ုပ်တို့ သက်သာခြင်းကို ခံစားရသည်တွင် အခြားသူများကို သက်သာ စေရန်အလိုငှာ သင်ယူတတ်ရန် ဖြစ်သည်(း၎)။ ရှင်ပေါလုနှင့်…

ကိုယ်ကျိုးစွန့်ဝန်ထမ်းခြင်း

မြက်ခင်းပေါ်တွင်လဲကျနေသည့် သစ်ပင်ကြီးနှင့်စာလျှင် အလွန်သေးငယ်သော လူတစ်စုသည် ထိုသစ်ပင်ကြီးအနီးတွင် ရပ်လျက်နေကြသည်။ ထိုလူစုထဲမှ အသက် ကြီးကြီး အမျိုးသမီးကြီးက ကြိမ်တုတ်ထောက်ကို မှီလျက် ယမန်နေ့က အဖြစ်အပျက်ကို ရှင်းပြသည်။ ပြင်းပြင်းထန်ထန် တိုက်သွားသည့်မုန်တိုင်းကြောင့် “ကျွန်မတို့ရဲ့ အံ့မခန်းသစ်ပင်ကြီး လဲသွားတယ်။ တော်တော် ဆိုးတယ်ရှင်။ ဒါတင်မကသေးဘူး၊ သိပ်လှပတဲ့ ကျွန်မတို့ရဲ့ ကျောက်စီခြံစည်းရိုးနံရံလည်း ပြိုလဲခဲ့တယ်။ အဲဒီ ကျောက်စီ နံရံကို ကျွန်မတို့မင်္ဂလာဆောင်တုန်းက ကျွန်မခင်ပွန်းက ဆောက်ခဲ့တာ။ အဲဒီနံရံကို သူတကယ် သဘောကျခဲ့တာ။ ကျွန်မလည်း နှစ်သက်တယ်။ အခုတော့ သူမရှိတော့သလို ကျောက်နံရံကြီးလည်း မရှိတော့ဘူး” ဟု ရှင်းပြသည်။

နောက်တစ်နေ့နံနက်တွင် သစ်ပင်ဖယ်ရှင်းရေး ကုမ္ပဏီမှ ဝန်ထမ်းများလာရောက်ပြီး ထိုအပင်ကြီးကို ဖယ်ရှင်းပေးသည်ကို လှမ်းကြည့်ရင်း သူမ၏မျက်နှာပြုံးရွှင် သွားသည်။ လူကြီးနှစ်ဦးနှင့် မြက်ခင်းပြင်ကိုညှိပေးသည့် လူငယ်လေးတစ်ဦးတို့သည် သူအလွန်နှစ်သက်မြတ်နိုးသော ကျောက်စီနံရံကို ပြန်လည် ပြုပြင်ရန်…

အချိန်တိုင်းသည် အရေးကြီးသည်

အဘွား အာဒါ ကို ကျွန်တော်စသိချိန်တွင် သူသည် သူ့မိတ်ဆွေနှင့်သူ့မိသားစုဝင်များ အားလုံးတို့ထက် အသက်ပိုရှည်ပြီး ဘိုးဘွားရိပ်သာ၌ နေထိုင်နေသည်။ ‘‘လူတိုင်းက ကိုယ့်ကိုချန်ရစ်ထားခဲ့ကြပြီး သွားနှင့်ကြတာကို ကြည့်နေရတာ အသက်ကြီးရင့် လာခြင်းရဲ့ အခက်ခဲဆုံးအပိုင်းဘဲ’’ ဟု သူက ကျွန်တော့်ကို ပြောပြသည်။ တစ်နေ့တွင် ကျွန်တော်က အာဒါ ကို မည်သည့်အရာကို စိတ်ဝင်စားပြီး သူ့အချိန်ကို မည်သို့ကုန်ဆုံးစေသနည်းဟု မေးခဲ့သည်။ တမန်တော်ရှင်ပေါလု၏ ဖိ ၂း၂၁ ကျမ်းပိုဒ်ဖြင့် သူက ကျွန်တော့်ကို ပြန်ဖြေခဲ့သည်။ ‘‘ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏’’။ ထပ်ပြီး သူက ‘‘ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မလုပ်ရမယ့်အလုပ်ရှိတယ်။ ကျွန်မနေကောင်းတဲ့နေ့တွေမှာ ဒီရိပ်သာမှာရှိတဲ့ သူတွေကို ယေရှုအကြောင်း ပြောခွင့်ရတယ်။ နေထိုင်မကောင်းတဲ့နေ့တွေမှာ ကျွန်မ ဆုတောင်းပေးနိုင်သေးတယ်’’ ဟူ၍ ပြောခဲ့သည်။

ဖိလိပ္ပိသြဝါဒစာစောင်ကို ရှင်ပေါလု ထောင်နန်းစံရစဉ်တွင် ရေးသားခဲ့ခြင်းမှာ ထင်ရှားပါသည်။…

ထင်မှတ်မထားသော ပညာဉာဏ်

လွန်ခဲ့သောနှစ်အနည်းငယ်က အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်။ သူ၏ ဆယ်ကျော်သက်အရွယ်သားက ပြင်းထန်ကြမ်းတမ်းသော ဖြစ်ရပ်များပါသည့် သတင်းကိုကြည့်နေရာ ရီမုကွန်တရိုးကို ယူပြီးချက်ခြင်း သူလိုင်းပြောင်းလိုက်ကာ ‘‘ဒါကို သားကြည့်ဖို့ မလိုဘူး’’ ဟု သားကို ပြောချလိုက်သည်။ သို့နှင့် သားအမိနှစ်ဦး စကားများ ကြတော့သည်။ သား၏စိတ်နှလုံး၌ ‘‘သမ္မာတရားနှင့် ဆိုင်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြောင့်မတ်သော အရာ... ’’များနှင့်ဖြည့်ရန် လိုအပ်သည်ဟု သူဝေမျှပြောပြ သည် (ဖိ ၄း၈)။ ညစာစားပြီးနောက်တွင် သူနှင့် သူ့ခင်ပွန်းတို့ တီဗွီကြည့်နေစဉ် ငါးနှစ်အရွယ်သမီးလေး ရုတ်တရက်ရောက်လာပြီး တီဗွီကိုပိတ်လိုက်ကာ မိခင်၏ လေသံအတိုင်း ‘‘အမေတို့ ဒါတွေကို ကြည့်ဖို့မလိုဘူး။ အခု သမ္မာကျမ်းစာထဲက အရာတွေကို ဆင်ခြင်ပါ’’ ဟု ပြောလိုက်သည်။

အရွယ်ရောက်ပြီးသူများဖြစ်သည့် အားလျော်စွာ သတင်းများနှင့် ဖြစ်ရပ်များကို ကလေးများထက် ကျွန်ုပ်တို့က ပို၍ မှတ်မိနိုင်သည်။ ထိုဇနီးမောင်နှံ၏သမီးလေးက သူ့မိခင်၏သွန်သင်ချက်ကို…

မျှော်လင့်မထားသော ကျေးဇူးတရား

ကျွန်တော် အထက်တန်းကျောင်း ဒုတိယနှစ်တက်ရောက်စဉ် ရပ်ကွက်အတွင်းရှိ ဘိုးလင်း အားကစားရုံ၌ အလုပ်ရခဲ့သည်။ စနေနေ့မနက်တွင် အလုပ်သွားရန် ကျွန်တော် တက်ကြွ နေသည်။ မနေ့ညနေက တာဝန်ကျသည့် သန့်ရှင်းရေးဝန်ထမ်း နေမကောင်းဖြစ်နေ ကြောင်း အကြောင်းကြားလာသည်။ သူဌေးကို အလုပ်ရှုပ်ခံပြီး ကျွန်တော် ဖုန်းမဆက် တော့ပါ။ သူဌေး အံ့အားသင့်သွားအောင် လုပ်မည် စိတ်ကူးနှင့်   ရွှံ့ပေနေသော ကြမ်းခင်းကြွေပြားကို အချိန်လင့်သည်အထိ တိုက်ချွတ် သန့်ရှင်းရေးလုပ်ခဲ့သည်။ ထိုအပြင် ဘာအမှား ဖြစ်မှာမို့လို့လဲဟုလည်း ကိုယ့်ဘာသာကိုယ်တွေးမိသည်။

ပြဿနာအများကြီး ဖြစ်ခဲ့ပါသည်။ အားကစားရုံထဲ ၀င်လိုက်သည်နှင့် အနည်းငယ်မြင့်တက်အိုင်နေသောရေများ၊ပေါလောပေါ်နေသော ဘိုးလင်းတိုင်များ၊ ရေအိမ်သုံး စက္ကူလိပ်များ၊ အမှတ်စာရင်းစာရွက်ထည့်သည့်ဘူးများ စသည် တို့ကို တွေ့လိုက်သည်။ ကျွန်တော့် အမှားကို ချက်ချင်း သိလိုက်သည်။ ကြမ်းတိုက်နေစဉ် ရေပိုက်ခေါင်းကို မပိတ်မိဘဲ တစ်ညလုံး ဖွင့်ထားခဲ့မိခြင်းဖြစ်သည်။ မယုံနိုင်အောင်ပင် သူဌေးက ကျွန်တော့်ကို ပွေ့ဖက်ပြီး…

နှစ်သိမ့်သက်သာစေသောလက်

‘‘လူနာသည် ရောဂါကို တွန်းလှန်နေသည်’’ ဟု သူနာပြုလေးက မှတ်ချက်ရေးထားသည်။ သို့သော် ကျွန်တော်၏နှလုံးဖွင့်ခွဲစိတ်မှုအပြီး ကျွန်တော်သတိပြန်ရလာချိန်တွင် ဓာတ်မတည့်သည့် တန်ပြန်မှုဒဏ်ကို ခံနေရခြင်းဖြစ်ကြောင်းကို သူ မသိပါ။ လည်ချောင်း ၌လည်း ပြွန်ထည့်ထား၍ နေရသည်မှာ သက်သောင့်သက်သာ မရှိသည့်အပြင် ကျွန်တော့်ခန္ဓာကိုယ်က အပြင်းအထန်လှုပ်ရှားလျက်၊ အသက်ရှူပြွန်ကို ဆွဲမဖြုတ်နိုင်အောင် ပတ်စည်းထားသည့် လက်မောင်းမှ လက်ပတ်ကို ဆွဲရုန်းနေသည်။ ကျွန်တော့် အဖြစ်က ကြောက်လန့်စရာကောင်းပြီး နာကျင်လှသည်။ သို့သော် ကျွန်တော့် လက်ယာဘက်ရှိ သူနာပြုအကူလေးက အမှတ်မထင် ကျွန်တော့်လက်ကို ကိုင်ထားစဉ် မထင်မှတ် သော အပြုအမူလေးမျှသာ ဖြစ်သော်လည်း သိမ်မွေ့နူးညံ့မှုကို အထူးသဖြင့် ခံစားလိုက်ရပြီး ကျွန်တော် နေရသက်သာသွားကာ ကိုယ်ခန္ဓာ ပြင်းထန်စွာ လှုပ်ရှားမှုကို တားဆီးနိုင်ခဲ့သည်။
အခြားလူနာများထံမှ ဤအတွေ့အကြုံကို သိထားခြင်းကြောင့် နှစ်သိမ့်ပေးမည့် လက်လေးသည် ကျွန်တော့်ကိုလည်း သက်သာစေမည်ဟု သူနာပြုဆရာမလေးသိသည်။…

ဆုမတောင်းနိုင်သောနေ့

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် နှလုံးခွဲစိတ်ရမည်ဟု သိလိုက်ရသောအခါ ကျွန်ုပ် အနည်းငယ် အံ့သြတုန်လှုပ်လျက် ထိုခွဲစိတ်မှုကြောင့် သေနိုင်သည်ဟု တွေးမိသည်။ ထို့ကြောင့် မသေမီ ကျွန်ုပ်ပြုပြင်ရမည့် ပေါင်းသင်းဆက်ဆံရေး တစ်ခုခုရှိသလား။ မိသားစု အတွက် ငွေရေးကြေးရေး ပြင်ဆင်ပေးရမည်လား။ ခွဲစိတ်မှုအောင်မြင်သည့်တိုင် အလုပ် မလုပ်နိုင်ဘဲ လအတန်ကြာနားရဦးမည်ဖြစ်၍ ကြိုပြီး လုပ်နိုင်သည့် အလုပ်များရှိမလား။ ရွေ့ဆိုင်း၍ မရသော အလုပ်များအတွက် မည်သူ့ကို လွှဲခဲ့ရမည်နည်း။ လုပ်စရာ ရှိသည်များကို လုပ်ရင်း တစ်ဘက်မှလည်း ဆုတောင်းရမည်။ သို့သော် ကျွန်ုပ် ဘာမှ မလုပ်နိုင်ခဲ့ပါ။
ကျွန်ုပ်၏ကိုယ်ခန္ဓာသည် အလွန်ပင်ပန်းမောဟိုက်ပြီး စိတ်နွမ်းလျလျက် လွယ်ကူရိုးရှင်းသောတာဝန်များကိုပင် မလုပ် နိုင်ပါ။ ဆုတောင်းရန် ကြိုးစားရာ မအီမသာဖြစ်မှုအပေါ် စိတ် ရောက်နေပြီး နှလုံးရောဂါကြောင့် အသက်ဖွဖွရှူရင်း အိပ်ပျော် သွားသည်။ စိတ်ပျက်အားလျော့လိုက်ပါဘိ။ အလုပ်လည်း မလုပ်နိုင်၊ မိသားစုနှင့်…

Waldo ကို ရှာတွေ့ခြင်း

‘‘ဝေါဒို’’သည် ‘‘Where’s Waldo? - ဝေါဒို ဘယ်မှာလဲ’’ ဟူသည့် အရောင်းရဆုံး ကလေး ကာတွန်းစာအုပ်မှ နာမည်ကြီး ကာတွန်းဇာတ်ကောင် ဖြစ်သည်။ စာမျက်နှာပြည့် ရေးဆွဲထားသည့် ကာတွန်းအရုပ်များကြားတွင် ပျောက်နေသည့် ဝေါဒိုကို ကလေးများ ရှာဖွေကြသည်။ ဝေါဒိုကို ရှာတွေ့ပြီး ကလေးများ မျက်နှာဝင်းသွားလျှင် မိဘများက သဘောကျသည်။ ဝေါဒိုအား ကူရှာပေးရန် ကလေးများက မိဘများကို ခေါ်သည့် အခါ မိဘများကလည်း ကြည်နူးသည်။
ခရစ်တော်အကြောင်းကို ကြွေးကြော်ခြင်းကြောင့် ကနဦးအသင်းတော်၏သင်းထောက် သတေဖန်သည် ကျောက်ခဲနှင့် ပစ်သတ်ခံရပြီးနောက် (တမန် ၇)၊ မကြာမီ နေရာအနှံ့ ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်လာ၍ ၎င်းတို့ ယေရုရှလင်မြို့မှထွက်ပြေးကြရသည်။ သင်းထောက်ဖိလိပ္ပု သည်လည်း ထိုခရစ်ယာန်များနှင့်အတူ ရှမာရိသို့ ပြေးခဲ့သည်။
ထိုမြို့၌ ခရစ်တော်အကြောင်း ဟောပြောရာ လူများစွာတို့ ကောင်းကောင်း လက်ခံကြသည် (၈း၆)။…