အသစ်သော သတ္တ၀ါ
ကျွန်ုပ်အလုပ်လုပ်သော အစောပိုင်းကာလက ဘုရား၏နာမတော်အား မရိုမသေ အသုံးပြုရခြင်းကို ကြိုက်နှစ်သက်ပုံရသော လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိခဲ့သည်။ ယုံကြည်သူ အသစ်များနှင့် သူ့အား သခင်ယေရှုအကြောင်းပြောရန် ကြိုးစားသူများကို သူက ထိကပါး ရိကပါး မခံချင်အောင် ပြောလေ့ရှိသည်။ ထိုအလုပ်မှထွက်ပြီး အခြားအဖွဲ့အစည်း တစ်ခုသို့ ကျွန်တော်ပြောင်းသွားသောနေ့က ထိုသူသည် ခရစ်တော်၏နောက်တော်လိုက် ဘယ်သောအခါမျှ ဖြစ်လာ လိမ့်မည် မဟုတ်ဟု တွေးမိခဲ့ခြင်းကို သတိရမိသည်
၂ နှစ်ကြာပြီးနောက်တွင် ယခင်အလုပ်ဌာနသို့ ကျွန်ုပ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုသူသည် ထိုဌာနတွင် ရှိနေဆဲဖြစ်ပြီး မယုံနိုင်စရာ ပြောင်းလဲသွား
ပုံများ ကျွန်ုပ် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါ။ ယုံကြည်ခြင်းကို အလွန် အတိုက်အခံလုပ်ခဲ့သူသည် ယခုအခါ ခရစ်တော်၌
‘‘လူသစ်’’ ဖြစ်လျှက် (၂ ကော ၅း၁၇)၊ နှုတ်ကပတ်တော် အတိုင်း လိုက်လျှောက်အသက်ရှင်သည့် သက်သေခံတစ်ဦး ဖြစ်နေပေပြီ။ ယခုနှစ်ပေါင်း ၃၀…
ကူညီရန် ကျွန်ုပ်လာပြီ
၁၉ ရာစုနှစ် နယူးယောက် မြို့ကြီး၏ ဆင်းရဲမွဲတေမှုအကြောင်းကို သတင်းထောက်
ဂျေးကော့ ရီး(စ်)က ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြလိုက်ရာ၊ မိမိတို့ဖာသာဘ၀ကို
အားရကျေနပ်နေသော ပြည်သူလူထုမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ How tHe
otHer Half lives စာအုပ်တွင် သူ့အရေးအသားနှင့်
သူရိုက်ကူးထားသောဓာတ်ပုံများကို ပေါင်းပြီး ဆင်းရဲမွဲတေမှု
အခြေအနေကို ထင်ရှားပေါ်လွင်အောင် ဖော်ပြခဲ့သည်။
သို့မှသာ စိတ်ပျက်ဖွယ် အမှန်တည်ရှိနေသော ဆင်းရဲ
ငတ်မွတ်ခေါင်းပါးမှုဘေးမှ မလွတ်ကင်းနိုင်ပုံကို ဖော်ပြ
နိုင်မည်ဖြစ်၏။ မောင်နှမ ၁၅ ယောက်တွင် တတိယမြောက်
ကလေး ဖြစ်သော ရီး(စ်)သည် ဆိုးဝါးလှသော စိတ်ပျက်ဖွယ်
ဘ၀တွင် နေထိုင်ကျင်လည် ခဲ့ရခြင်းကြောင့် ထိုသို့ ထိမိစွာ
ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။
သူ့စာအုပ်ကို ထုတ်ဝေဖြန့်ချိပြီး မကြာခင်မှာပင်
နိုင်ငံရေးလောကသို့ ခြေချခါစ လူငယ်တစ်ဦးထံမှ ကတ်လေးတစ်ခု လက်ခံရရှိခဲ့သည်။
ကတ်ပေါ်တွင် ‘‘ကျွန်တော်…
ရပ်တည်ပေးပါ
အနိုင်ကျင့်ခံရသော လူငယ်များအကြောင်းကို ကျွန်တော်ကြားရသည့်အခါ နာကျင်မှု
နှစ်ရပ်ကို ခံစားရသည်ဟု ကျွန်တော် သတိပြုမိသည်။ ပထမနှင့် သိသာထင်ရှားသော
နာကျင်မှုမှာ ရက်စက်ဆိုးသွမ်းသည့် သဘောရှိပြီး သူတစ်ပါးကို အနိုင်ကျင့်တတ်သူများ
ကြောင့် ခံစားရသည့် နာကျင်မှုဖြစ်သည်။ အလွန်ဆိုးပါသည်။
သို့သော် ၎င်းထက် ပိုပြီးနာကျင်စေသော၊ ပိုပြီးထိခိုက်နစ်နာ
စေသောအရာကား အခြားသူများ၏ ရေငုံနှုတ်ပိတ်နေမှု
ဖြစ်သည်။
ထိုကြောင့် အနိုင်ကျင့်ခံရသူအနေဖြင့် ကူညီမည့်
သူတစ်ဦးမှ မရှိသဖြင့် ထိတ်လန့်လျက် နာကျင်ခံစားရသည်။
ထို့ပြင်အနုငိ က်ျငသ့် မျူားအနေဖြင့်အရေးယမူ ည့သ်ူမရှသိ ဖြင့်
ပိုရဲလာပြီး ပိုဆိုးလာအောင် တွန်းပို့သည်။ သို့နှင့် အနိုင်ကျင့်
ခံရသူမှာ မဟုတ်မမှန်ဘဲလျက် ပိုအရှက်တကွဲ အကျိုးနည်း
ဖြစ်လျက် အထီးကျန်ခံစားရသည်။ ထိုကြောင့် တစ်ပါးသူ
အတွက် ရပ်တည်ပေးရန်၊ မကောင်းမသင့်သော…
နှုတ်ဆက်စကား မဆိုပါ
ဆရာကြီး ဖရန်စစ် အယ်လန် သည် ကျွန်တော့်ကို သခင်ယေရှုထံ ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး၊ ယခုတွင် သူခရစ်တော်နှင့် မျက်နှာချင်းဆိုင် ဖူးတွေ့ရမည့် သူ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပါပြီ။ ကျွန်တော် သူ့အိမ်၌ ရောက်နေပြီး နှုတ်ဆက်ခွဲခွာရတော့မည့်အချိန်
နီးသည်ထက်နီးလာပါပြီ။ အမှတ်ထင်ထင်ရှိသော ၊ အဓိပ္ပာယ်
ရှိသောစကားကို ကျွန်တော် ပြောချင်ပါသည်။ သူ့ခုတင် အနီး၌
ကျွန်တော် တစ်နာရီနီးပါးခန့် ရပ်နေခဲ့သည်။ ကျွန်တော့်
အကြောင်း များ ကျွန်တော်ပြောပြတော့ ခက်ခက်ခဲခဲရယ်ရှာသည်။ ပြီးနောက် သူမောသွားသည်။ ကျွန်တော့် အသက်တာ၌
ရှိသည့် အဖုအထစ်များကို သူကြိုးစား၍ ဖေးမအကြံပေး
သည်။ ကျွန်တော် နားထောင်ရင်း သူ့ကို မည်သို့ နှုတ်ဆက်
စကားဆိုရမည်ကို စကားလုံးရွေးနေမိသည်။ သို့သော်
သူက ကျွန်တော့်ထက်အရင် စကားစလိုက်သည်။ ‘‘ရဲန်ဒီ၊
ငါမင်းကို အမြဲပြောပြောနေတာတွေကို သတိရပါ။ ဘ၀မှာ
ကြုံရတဲ့အဖြစ်အပျက်တွေကို ကြောက်စရာဘာမှမရှိဘူး၊
ဘယ်လိုအဆုံးသတ်မလဲဆိုတာ ငါတို့သိလို့ပဲလေ။…
မစိုးရိမ်နှင့်
ဒုတိယကိုယ်ဝန်လွယ်ခဲ့ရစဉ်က ကျွန်တော့်ဇနီးမှာ အတော်လေးပင် နာမကျန်းဖြစ်ခဲ့သည်။ ဆရာဝန်များက ရောဂါရှာဖွေနေစဉ် သူ့ခမျာလည်း အားယုတ်လာကာ အသက်အန္တရာယ် စိုးရိမ် လာရသည်။
သူရောဂါခံစားနေရသည်ကိုကြည့်ပြီး ကျွန်ုပ်မှာ ကူရာမဲ့ ကယ်ရာမဲ့ အလွန်ထိတ်လန့်စိုးရိမ် ခဲ့ရသည်။ ဘုရားသခင်က ကျွန်တော်တို့၏ဆုတောင်းကို မကြားဟု ခံစားရသည့်နေ့ရက်များရှိလာ သည်။ တနင်္ဂနွေတစ်ရက်တွင် သမ္မာကျမ်းစာမှ နှစ်သိမ့်သက်သာရာကို ရှာဖွေနေရင်းက ဟေရှာယ ၄၃း၁ ကို မျက်လုံးရောက်သွားသည်။
“မစိုးရိမ်နှင့်”ဟူ၍ စထားပြီး “သင့်ကိုငါဆိုင်၏”ဟု အဆုံးသတ်ထား၏။ ရုတ်ခြည်းပင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော့်ကို ပြောနေသောစကားအဖြစ် ခံစားရသည်။ ဣသရေလလူတို့ကို ဘုရားသခင်က အကျွမ်းတ၀င် ရင်းနှီးစွာခေါ်လိုက်ပုံက ကျွန်တော်တို့ကိုလည်း ကိုယ်တော်ရှင် အမြဲဂရုပြု စောင့်ရှောက်နေကြောင်းကို ပြန်ပြီး အမှတ်ရစေသည်။ “ရေကိုလျှောက် သွားသောအခါ... မြစ်တို့ကို လျှောက်သွားသောအခါ ... မီးကိုချင်းနင်းသောအခါ...” (း၂)။ စကားစု တစ်ခုစီတိုင်းက ကျမ်းစာမျက်နှာထက်မှ ကျွန်တော့်…
ဖြည်းညင်းသောစကား၏အစွမ်း
ဘော့စတွန်မြို့လယ် ကားလမ်းကျပ်သည့်ရုံးချိန်တွင် မြေအောက်လှိုဏ်ခေါင်းလမ်း တစ်နေရာ၌ ကျွန်တော့်ကား ပျက်သွားသည်။ အခြားယာဉ်မောင်းက ကျွန်တော့်ကားကို ခက်ခက် ခဲခဲကွေ့ရှောင် ကျော်ဖြတ်သွားရင်း သူတို့စိတ်အနှောင့်အယှက်ဖြစ်မှုကို တွေ့နေရသည်။ နောက်ဆုံးတွင် ကျွန်တော့်ကားကို အခြားကားတစ်စီးဖြင့် ဆွဲယူသွားခဲ့ရ၏။ တစ်ဖန် ခရီးသွားရင်း နံနက် ၂ နာရီအချိန်ကြီးတွင် ပျက်သွားပြန်သဖြင့် ထပ်ပြင်ရပြန်သည်။
ဖြစ်ချင်တော့ ကားဝပ်ရှော့တွင်လည်း လာပြင်သည့်ကားများက ခါတိုင်းထက် နှစ်ဆမျှရှိနေ သည်။ နောက်နေ့ အလုပ်ဆင်းချိန် ကားသွားယူရန် ၀ပ်ရှော့သို့ ရောက်သွားသောအခါ ကျွန်တော့် ကားမှာ အခြားကားအစီး ၃၀ အကြားတွင် ပိတ်မိနေသည်။
ထိုအချိန်တွင် ကျွန်တော်၏ပထမဆုံးတုံ့ပြန်မှုမှာ ခရစ်ယာန်မပီသပါဟုပင် ဆိုရပါမည်။ ကျွန်တော် ကြိမ်းမောင်းလိုက်ပြီးမှ ဤသို့လုပ်ခြင်းက အလုပ်သိမ်းချိန်နီးနေသော အလုပ်သမားများ အနေဖြင့် ကျွန်တော့်ကို ကူညီလိုစိတ်နည်းသွားစေသည်ကို သိမြင်လာသဖြင့် ကျွန်တော် လက်လျော့လိုက်သည်။ ဒေါသနှင့် အလုပ်ရုံသို့ လှမ်းသွားပြီး တံခါးဖွင့်ခိုင်းသည်။…