မှီခိုရန်နေ့ရက်
အမေရိကန်ပြည်ထောင်စုတွင် fourth of July ခေါ် လွတ်လပ်ရေးနေ့သည် အစိုးရရုံး ပိတ်ရက်ဖြစ်ရာ မြို့တိုင်းတွင် အမျိုးသားရေး အခမ်းအနား များကျင်းပခြင်း၊ ပျော်ပွဲစား ထွက်ခြင်း၊ မီးရှူးမီးပန်း များပစ်လွှတ်ခြင်း၊ စီတန်း လှည့်လည်ခြင်း၊ ပင်လယ်ကမ်းခြေ တစ်လျှောက် လူများစွာ ပြည့်လျှံခြင်း၊ အိမ်အပြင်၌ အသားကင် များကို ဝိုင်းဖွဲ့ပြုလုပ် စားသောက်ခြင်း စသည်ဖြင့် ပျော်ပွဲများ ဆင်နွှဲသည်။ အကြောင်းမှာ အမေရိကန် ကိုလိုနီနယ် ၁၃ နယ်က လွတ်လပ်ရေးရကြောင်း တရားဝင် ကြေညာခဲ့သည့် ၁၇၇၆၊ ဇူလိုင် ၄ ရက်ကို ပြန်လည် အမှတ်ရခြင်း အထိမ်းအမှတ် ဖြစ်သည်။
လွတ်လပ်ရေး 'independence ' ၏ အဓိပ္ပာယ်မှာ ချုပ်နှောင်လွှမ်းမိုးမှုအောက်၊ ကူညီ ထောက်ပံ့မှု အောက်မှလွတ်မြောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဆယ်ကျော်သက်များက ကိုယ်ပိုင် လွတ်လပ်ခွင့်အကြောင်းပြောခြင်းက…
ကြင်နာယုယခြင်း
မက်စ် သည် ဝါသနာအရမွေးမြူရေးခြံ ဝယ်ပြီး နွားမွေးသည်။ မကြာမီက ခြံထဲသွားရာ မွေးကင်းစနွားလေးတစ်ကောင်ကို တအံ့အသြ တွေ့ခဲ့သည်။ နွားများကိုဝယ်ခဲ့စဉ်က ဇီးနှင့် နွားမကြီးတစ်ကောင် ပါလာသည်ကို သူမသိခဲ့ပါ။ သို့သော် ဝမ်းနည်းစရာမှာ မီးဖွားပြီးမကြာမီ၊ ရောဂါကြောင့် မိခင်နွားမကြီး သေဆုံးသွားသည်။ ထို့ကြောင့် မက်စ် သည် နွားငယ်လေးကို နို့ဘူးဖြင့် တိုက်ကျွေးရန် ချက်ချင်းပင် နို့မှုန့်သွားဝယ်ခဲ့သည်။ “နွားကလေးက ငါ့ကို သူ့အမေလို့ထင်နေတယ်” ဟု မက်စ် က ပြောသည်။
သနားကြင်နာစိတ်ဖြင့် နွားငယ်လေးကို ပြုစုခဲ့သော မက်စ် ၏အဖြစ်အပျက်သည် တစ်ချိန်က သက်သာလောနိတ်ရှိ ယုံကြည်သူများကို မိခင် သဖွယ် သွန်သင်ဆုံးမသူ တမန်တော်ရှင်ပေါလုကို သတိရစေပါသည်။ “သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည်မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊… စေတနာစိတ်နှင့် ဖြည်းညှင်းစွာပြုကြကြောင်း” ရှင်ပေါလု…
ပူပန်ခြင်းထဲက သင်ခန်းစာ
ရေပါသောဖန်ခွက်ရှည်ကို ကမ်းပေးပြီး ကိုင်ထားပါဟု သူငယ်ချင်းက ပြောသည်။ ကြာကြာ ကိုင်ထားလေ ပို၍လေးလာလေဖြစ်သည်။ လက် ညောင်းလာသောကြောင့် နောက်ဆုံး ခွက်ကို အောက်ချလိုက်တော့သည်။ “ပူပင်ခြင်းဆိုတာ ဒီလို ခွက်တစ်ခွက်ကို ကိုင်ထားတာနဲ့တူတယ်လို့ ကျွန်မသင်ခန်းစာရခဲ့တယ်။ တစ်ခုခုကိုစိတ်ပူလေ၊ ကြောက်ရွံ့မှုတွေက ကျွန်မကိုပိုပြီး ဖိစီးလေပဲ” ဟု သူငယ်ချင်းက ပြောပြပါသည်။
ဘဝတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးသောကြောင့် စိုးရိမ် ပူပန်ခြင်းနှင့်စပ်လျဉ်း၍၊ ဒါဝိဒ်မင်းကြီး ကောင်းစွာ သိသည်။ သားတော် အဗရှလုံသည် ဣသရေလနိုင်ငံသားတို့ကို သူ့ သစ္စာခံဖြစ်အောင် စည်းရုံးသိမ်းသွင်းပြီးနောက် ထီးနန်းလုရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် မည်သူက သူ့အပေါ်သစ္စာရှိပြီး၊ မည်သူက သူ့ကို ပုန်ကန်မည်ဆိုသည်ကို ဒါဝိဒ် မဝေခွဲတတ်တော့ပါ။ ထွက်ပြေး တိမ်းရှောင်ခြင်း သာလျှင် သူ့အတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်သည်။ “ငါတို့သည် ထ၍ပြေးကြ ကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ …..…
ဤသူသည် မည်သူနည်း
Kelly Steinhaus သည် ဟားဗတ်တက္ကသိုလ်ရင်ပြင်၌ ကောလိပ် ကျောင်းသား/သူများအား ယေရှုနှင့်ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို မေးမြန်းခဲ့ရာ ယေရှုကို လေးစားကြောင်း အဖြေများကို ရရှိခဲ့သည်။ “ယေရှုဟာ လူတွေကို ကူညီ စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်” “သူ့ရဲ့ ဟောပြော သွန်သင်ချက်တွေကို နားထောင်ရတာ သိပ် ကောင်းတယ်” ဟုဖြေသည်။ အချို့က “သူက သာမန်လူတစ်ယောက်ပါပဲ၊ ကယ်တင်ရှင်လို့ မထင်ဘူး” ၊ “ငါသည် ဘုရားသခင်ထံ ရောက် နိုင်မည့် တစ်ခုတည်းသောလမ်းပဲဆိုတဲ့ ယုံကြည်မှုသဘောကို လက်မခံပါဘူး” ဟု ယေရှုအား ဘဝင်မကျသည့်အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ကြသည်။ ယေရှု မည်သူဖြစ်ကြောင်း သေချာစွာ ဆန်းစစ်အဖြေထုတ်သူများရှိသလို သူ့ကိုလက်မခံနိုင်ကြသူများလည်း ရှိပါ၏။
လွန်ခဲ့သောအနှစ် ၂၀၀၀ က ယေရှုသည် သေခြင်းနှင့်ရင်ဆိုင်ရစဉ် ၎င်း၏ တစ်မူထူးသည့်ပုဂ္ဂိုလ်ဖြစ်ခြင်းကို လူတို့လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြသည်။ “ဤသူ သည် ယုဒရှင်ဘုရင်…
တစ်ကျော့ပြန် အားကစားသမားကြီး
အမေရိကန် ဘောလုံးကစားသမား ဟောင်း ချတ် ပဲနင်းတန် သည် အားကစားသမား ဘဝကို ခြိမ်းခြောက်သည့် ထိခိုက်ဒဏ်ရာမျိုးစုံ ကြောင့် ဝေဒနာအကြီးအကျယ် ခံစားခဲ့ရသည်။ ခံစားရသောဝေဒနာကြောင့် ၂ ကြိမ် ခွဲစိတ်ခဲ့ရသည်။ လနှင့်ချီ၍ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကုထုံးများဖြင့် ကုသ ခဲ့သည်။ ရက်သတ္တပတ် အတန်ကြာမျှ လေ့ကျင့်ခန်း လုပ်ခဲ့ရပြီးမှ ကစားကွင်းထဲ ပြန်ဝင်လာရသည်။ ထိုဖြစ်စဉ် ၂ ကြိမ် စလုံးတွင် ပဲနင်းတန် သည် ဘောလုံးပြန်ကစားနိုင်ရုံမက အမျိုးသားဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာအတွက် အကောင်းဆုံး တစ်ကျော့ပြန် ကစားသမားထူးချွန်ဆုကို ရရှိခဲ့ သည်။ ပဲနင်းတန် အတွက် ဘောလုံးပြန်ကစားရရန် သန္နိဋ္ဌာန်ချထားကြောင်း သူ၏အားထုတ်ကြိုးစားမှု များက ဖော်ပြနေသည်။
ဝိညာဉ်ရေးရာတွင် အပြစ်နှင့်ကျရှုံးမှု များကြောင့် မိမိနှင့်ဘုရားသခင်၏ ဆက်ဆံရေးပျက်ပြီး၊ အစေမခံနိုင်တော့သောအခါ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်မှန်ကန်ရန်နှင့် နိုင်ငံတော်တွင် အသုံးဝင်သူဖြစ်ရန်…
ဖြစ်စဉ်၌ အာရုံစိုက်ပါ
ဝီလျံ ဇင်ဆာ ရေးသားသော ` On Writing Well´ စာအုပ်တွင် စာရေးဆရာများသည် ၄င်းတို့ထုတ်ဝေမည့် စာအုပ်နှင့်စပ်လျဉ်း၍နှိပ်စက် ဖိစီးမှုကို ခံစားရကြောင်း ပြောထားသည်။ ၄င်းတို့ လုပ်နေသည့်အလုပ်နှင့်စပ်လျဉ်း၍ အတွေး၊ အယူအဆ၊ ပြင်ဆင်မှု၊ စီမံကွပ်ကဲမှု စသည်တို့ကို လျစ်လျူရှုပြီး စာအုပ်အရောင်းသွက်ရေးကိုသာ ပူပန်နေကြသည်။ `စာရေးသူက ပန်းတိုင်ကိုသာ ကြည့်ပြီး၊ မည်သို့မည်ပုံပြိုင်ရမည်ကို မစဉ်းစားဘဲ နေသော အခါ၊ အကြောင်းအရာ ရောပြွမ်းနေ သည့် စာမူကိုသာရရှိလိမ့်မည်´ဟု ဇင်ဆာ က ယုံကြည်သည်။
စာရေးဆရာနှင့် ဓမ္မဆရာဖြစ်သူ အေဒဗျူ တိုဇာ က ထိုနိယာမသဘောကို ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ အသက်တာအတွက် လက်တွေ့သွန်သင်ခဲ့သည်။ သူရေးသား သည့် `The Root of the Righteous´ စာအုပ်တွင် ကျွန်ုပ်တို့သည် ရရှိလာမည့် အသီးအပွင့်ကိုသာ အာရုံစိုက်ပြီး၊ ထိုအသီးအပွင့်ကို…
ဆွဲဆောင်မှုရှိစေသား
ပုံပြင်လေးက ရှေးယခင်က လူစီး ရထားတွဲပေါ်တွင် ပန်းသီးရောင်းပြီး ငွေရှာသည့် သူငယ်လေးတစ်ဦး အကြောင်းဖြစ်သည်။ `ပန်းသီး တွေရမယ်၊ ပန်းသီးဝယ်ကြဦးမလား´ဟု သူအော် ရောင်းသော်လည်း ရထားတွဲနောက်နားရောက် သည်အထိ ပန်းသီးတစ်လုံးမျှ မရောင်းရပါ။
လူကြီးလူကောင်းတစ်ဦးက သူ၏ အရောင်းထိုင်းနေမှုကို သတိပြုမိကာ၊ ချာတိတ် လေးကို သူ့အနားသို့ခေါ်လိုက်ပြီး ပန်းသီးပြပါဦး ဟု ဆိုလိုက်သည်။ ထို့နောက် တွဲအရှေ့ဘက်သို့ ပြန်သွားပြီး၊ ပန်းသီးကို လက်ကိုင်ပဝါဖြင့် ပြောင်လက်နေအောင်သုတ်ကာ စင်္ကြံတစ်လျှောက် လျှောက်လာပြီး ပန်းသီးက အလွန်ချိုပြီးအရသာ ရှိကြောင်း၊ သန့်ရှင်းလတ်ဆတ်ကြောင်းပြောရင်းနှင့် စားပြနေတော့သည်။ ဝယ်သူများ စားချင်အောင်၊ ဝယ်ချင်အောင် ပန်းသီးကို ဆွဲဆောင်မှုရှိအောင် လုပ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူငယ်လေးအား ထိုသို့စမ်းလုပ်ရန် ပြောလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ပန်းသီးများအားလုံး ရောင်းထွက်သွားသည်။
ခရစ်တော်၏သတင်းစကားကို တစ်ပါးသူတို့အား ကျွန်ုပ်တို့ဝေငှရာတွင် စိတ်ဝင်စားစရာကောင်းအောင် လုပ်ဆောင်ရန်၊ ထိုသတင်းကောင်းသည် မိမိ၏…
မည်သည့်ထိခိုက်နစ်နာမှုကိုမျှ မပြုရ
ရှေးဂရိသမားတော်ကြီး ဟစ်ပိုကရေး တီးစ် အား လူများစွာတို့က အနောက်တိုင်း ဆေးပညာ၏ ဖခင်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဆေးကုသရာ၌ အကျင့်တရားကောင်းမွန်ရန် အရေးကြီးကြောင်း သူသိနားလည်သည်။ ထို့ကြောင့် ယနေ့ မျက်မှောက်ခေတ်ထိတိုင် ဆရာဝန်များ၏ ကျင့်ဝတ်လမ်းညွှန်အဖြစ် ကိုင်စွဲ အသုံးပြုနေရသည့် `ဟစ်ပိုကရေးတီးစ် အဓိဋ္ဌာန်´ ကို ရေးသားခဲ့ခြင်းကြောင့် ချီးကျူးလေးစားခံရသူ ဖြစ်သည်။ ထိုသစ္စာအဓိဋ္ဌာန်၏ အဓိကသော့ချက် တစ်ချက်မှာ `မည်သည့် ထိခိုက်နစ်နာမှုကိုမျှ မပြုရန်´ ဖြစ်သည်။ ဆိုလိုရင်းမှာ သမားတော် တစ်ယောက်သည် လူနာအကျိုးရှိမည့်အရာကိုသာ လုပ်ဆောင် ရန်ဖြစ်သည်။
ကျွန်ုပ်တို့ အခြားသူများနှင့် ပတ်သက်ဆက်ဆံနေရသော နေ့စဉ်အသက်တာ များတွင်လည်း ထိုနိယာမသည် သက်ရောက်အကျုံးဝင်သည်။ ဓမ္မသစ်ကျမ်းတွင် သွန်သင် ထားသော အချင်းချင်းချစ်ရမည်ဆိုသော ပညတ်တော်၏အဓိကအချက်မှာ စေတနာ မေတ္တာဖြစ်သည်။ ဘုရားသခင်၏နည်းဥပဒေသများကို ဆင်ခြင်သော် ကျမ်းစာပါမိန့်မှာချက် များ၏နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ချစ်ခြင်းမေတ္တာပင်ဖြစ်ကြောင်း ရှင်ပေါလု…
လမ်းဘေးတစ်နေရာမှ အကူအညီ ရခဲ့ခြင်း
ကျွန်တော့် အသိတစ်ဦးသည် အင်္ဂလန် ဘုရင်မကြီး၏မြို့ပြင်နန်းစံရာ ဘာမော်ရယ် ခြံမြေ အနီး၌ သူ့မိတ်ဆွေများနှင့် အမဲလိုက်ထွက်ခဲ့သည်။ လမ်းလျှောက်ရင်းနှင့် သူ့ခြေကျင်းဝတ်ပြင်းထန်စွာ ခေါက်သွားပြီး မည်သို့မျှ ဆက်မသွားနိုင်တော့ပါ။ ထို့ကြောင့် သူ့မိတ်ဆွေများကို ဆက်သွားကြရန်၊ သူကမူ ကားလမ်းဘေးတွင် သူတို့အပြန်ကို စောင့်နေမည်ဟု ပြောလိုက်သည်။
ထိုနေရာတွင် ထိုင်နေစဉ် ကားတစ်စီး ရောက်လာကာ အရှိန်လျော့ရပ်လိုက်ပြီး ကား မောင်းသူ အမျိုးသမီးက အကျိုးအကြောင်းမေး သည်။ သူက အကြောင်းစုံရှင်းပြပြီး မိတ်ဆွေများ အပြန်ကို စောင့်နေကြောင်းပြောရာ သူမက `ကားပေါ် တက်ပါ၊ ရှင်တည်းတဲ့နေရာအထိ ကျွန်မ ပြန်ပို့ပေးမယ်´ ဟု ခေါ်လိုက်သည်။ သူက ထော့နဲ့ထော့နဲ့နှင့် ထသွားပြီး၊ ကားတံခါးကို ဖွင့်လိုက်မှ ထိုအမျိုးသမီးသည် ဘုရင်မကြီး အဲလစ်ဇဘတ်ဖြစ်ကြောင်း သိလိုက်ရသည်။
အင်္ဂလန်ဘုရင်မကြီးထံမှ အကူအညီရလိုက်၍ ထိတ်လန့်သွားသကဲ့သို့၊ ကျွန်ုပ်တို့ကို အကူအညီပေးရန် ကမ်းလှမ်းနေသူရှိနေခြင်းက…
အထက်မှလာသောပညာ
“ကီရာဝီမော့” တစ်ယောက် သိပ္ပံ လက်တွေ့စမ်းသပ်မှုကို သိပ္ပံခန်းထဲ၌သာ ပြုလုပ် ခဲ့ပါလျှင် အဆင့် အေ ရကောင်းရလိမ့်မည်။ ယခုတွင် ပေါက်ကွဲမှုကို ဖြစ်စေခြင်းအတွက် အရေးယူ ခံလိုက်ရသည်။ ဆရာမထံမှ ခွင့်ပြုချက် တောင်းခံရန် စီစဉ်ခဲ့သော်လည်း သူမ၏ အတန်း
ဖော်များက အတန်းအပြင်ဘက်၌ လုပ်ပြရန် သွေးဆောင်ခဲ့၍၊ သူက ပလတ်စတစ်ပုလင်းထဲသို့ ဓာတုပစ္စည်းများရောစပ်ထည့်လိုက်ရာ ဓာတ်ပြု ပေါက်ကွဲပြီး ကျောင်းသား အချို့ကို အထိတ်တလန့် ဖြစ်စေခဲ့တော့သည်။
ဓမ္မဟောင်းကျမ်းတွင်လည်း ထိုကဲ့သို့ အပေါင်းအဖော်များ၏ ဖိအားပေးမှုမျိုးကို ဖော်ပြ သည့် ဇာတ်လမ်းရှိသည်။ ဒါဝိဒ်နှင့်သူ့လူများက ရှောလု၏ရန်မှလွတ်အောင် ဂူအတွင်း ပုန်းအောင်းနေစဉ် ရှောလု ဂူအတွင်းဝင်လာသည် (၁ရာ ၂၄)။ ထိုအခါ ဒါဝိဒ်၏လူများက ဘုရားသခင်သည် ရှောလုကို သူတို့လက်ထဲသို့အပ်ပြီဟုပြောကာ ရှောလုကိုသတ်ရန် သူ့ကို တိုက်တွန်းခဲ့သည် (း၎၊ ၁၀)။…