နေစရာ စားစရာပေးမည်
မကြာသေးမီက အင်္ဂလန်သို့ ခရီး
သွားရာတွင် ကျွန်ုပ်တို့ ဇနီးမောင်နှံသည်
Stratford-upon-Avon အရပ်ရှိ ဝီလျံရှိတ်စပီးယား ၏ ဇနီး အဲန်း ဟဲသာဝေး၏ နေအိမ်သို့သွားရောက် လည်ပတ်ခဲ့သည်။ အိမ်မှာ နှစ်ပေါင်း(၄၀၀)ကျော် သက်တမ်းရှိပြီး၊ အဲန်းကလေးဘဝ မိသားစုနှင့်အတူ နေထိုင်ခဲ့သောအိမ်ဖြစ်သည်။
ဧည့်လမ်းညွှန်က ပျဉ်ချပ်ဘုတ်ပြား ကျယ်များဖြင့် ပြုလုပ်ထားသော စားပွဲတစ်ခုကို ပြသခဲ့သည်။ စားပွဲ၏မျက်နှာပြင်တစ်ဘက်ကို အစားအသောက် စားသောက်ရန် အသုံးပြုပြီး၊ အခြားတစ်ဖက်ကို အစားအစာများ ခုတ်ထစ်ရန် အသုံးပြုသည်။ အင်္ဂလိပ်လူမျိုးတို့၏ လူမှုဘဝ၌ board (ပျဉ်ချပ်) ဆိုသည့် အသုံးအနှုန်းက အစားအစာ၊ နေအိမ်၊ ရိုးသားမှု၊ အခွင့်အာဏာတို့နှင့် ဆက်နွယ်လာပြီးကွဲပြားသော စကားအသုံးအနှုန်းများပေါ်ထွက်လာသည်။ တည်းခိုခန်းတစ်ခုတွင် `room and board´ ဟုဆိုလျှင် အိပ်စက်ရန်နှင့် စားသောက်တည်းခိုရန်အတွက်ဖြစ်သည်။ တည်းခိုခန်းများ တွင် တည်းခိုသူများ ဖဲကစားစဉ် ဖဲလိမ်မရိုက်ကြောင်း သေချာစေရန်…
အဆုံးမှကြည့်သော အမြင်ရှုထောင့်
အကျိုးအမြတ်များသော Richard LeMieux ၏ ပုံနှိပ်တိုက်လုပ်ငန်းမှာ လည်ပတ်ပြီး တစ်နှစ်အတွင်း ပြိုလဲသွားသည်။ မကြာမီ သူ၏ စည်းစိမ်ဥစ္စာများပျောက်ကွယ်ခဲ့ပြီး စိတ်ဓာတ်ကျ သွားသည်။ တဖြည်းဖြည်းနှင့် LeMieux သည် အရက်စွဲပြီး သူ့မိသားစုက သူ့ကို စွန့်ပစ်ခဲ့သည်။ ဘဝ၏အဆိုးရွားဆုံးအချိန်တွင် သူသည် အိုးအိမ်မဲ့ လျက် စိတ်ကြေကွဲပြီး ခိုကိုးရာမဲ့ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအဆိုးရွားဆုံးအချိန်အတွင်း ဘုရားသခင်ထံ သူလှည့်ပြန်ခဲ့သည်။ နောက်ပိုင်း တွင် သင်ယူရရှိခဲ့သော သင်ခန်းစာများကို စာအုပ် တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။
ဘုရားသခင်သည် ဣသရေလလူတို့ အား အိမ်ရာမဲ့မှု၊ မရေရာမသေချာမှု၊ ဘေးအန္တရာယ် များနှင့်တွေ့ကြုံစေပြီးနောက် ဣသရေလလူမျိုးတို့ သည် အဖိုးတန် ဝိညာဉ်ရေးသင်ခန်းစာများ သင်ယူရရှိခဲ့ပြီး၊ သူတို့ကြုံရသည့် ခက်ခဲမှုများက သူတို့ကို နှိမ့်ချစေခဲ့သည် (တရား ၈း၁-၁၈)။
သူတို့၏လိုအပ်မှုများကို ဘုရားသခင်ထောက်ပံ့မည်ဖြစ်ကြောင်း သူတို့သင်ယူ ရရှိခဲ့သည်။ သူတို့ဆာလောင်သောအခါတွင်…
သတိနှင့်လျှောက်လှမ်းခြင်း
ဂျမေကားတွင် ကျွန်ုပ်သွားရောက် လည်ပတ်ချင်ဆုံးသောနေရာမှာ “ဒွန်း” မြစ် ရေတံခွန်များတည်ရှိသည့် အံ့ဩမဆုံးနိုင်သော ရင်သပ်ရှုမောဖွယ် ရှုခင်းများလွှမ်းသည့် “Ocho Rios” ဒေသဖြစ်သည်။ ရေတံခွန်များက ကျောက်ဆောင် ကျောက်တန်းများတစ်လျှောက် စီးဆင်းကြပြီး၊ ကာရစ်ဘီယံပင်လယ်ထဲသို့ စီးဝင် သွားသည်။ စွန့်စားသူများကမူ ရေတံခွန်များရှိရာ တောင်ကို တက်ကြသည်။ ကျောက်ဆောင်လုံးများ ပေါ်မှ တွားတက်ရမည်ဖြစ်ပြီး၊ ခရီးကြမ်းသော်လည်း ရွှင်လန်းစေသည်။ မတ်စောက်သော အနေအထား ကြောင့် အတက်နှေးပြီး၊ ရေစီးကြောင့် ခြေချော် နိုင်သည်။ အန္တရာယ်အနည်းငယ်ရှိသည်။
တောင်ထိပ်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိရန်အတွက် တတ်ရောက်သူများသည် ခြေလှမ်းတိုင်းကို သတိထားရမည်ဖြစ်သည်။ သတိမထားပါက ချော်ကျပြုတ်ကျလိမ့်မည်။ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေး အဓိကအချက်များမှာ အာရုံစိုက်ရန်နှင့် သတိရှိရန် ဖြစ်သည်။
ရှင်ပေါလုက ဧဖက် ၅း၁၅ တွင် “စေ့စေ့မြေ့မြေ့” ကျင့်ဆောင်ရန် ပြောထားသည်။ ကျွန်ုပ်တို့ မည်ကဲ့သို့…
သားပိုက်ကောင်နှင့်အီမျူးငှက်
သြစတြေးလျနိုင်ငံ၏ ဒေသခံသတ္တဝါ နှစ်ကောင်ဖြစ်သော သားပိုက်ကောင်နှင့်အီမျူးငှက် တွင် တူညီသောအချက်တစ်ခုရှိသည်။ ၎င်းမှာ တစ်ခါတစ်ရံသာ သူတို့နောက်ပြန်ဆုတ်ကြသည်။ သားပိုက်ကောင်မှာ သူတို့၏ခန္ဓာကိုယ် ပုံပန်း သဏ္ဌာန်နှင့် ရှည်လျားသန်မာသောအမြီးကြောင့် ရှေ့သို့ခုန်နိုင်သော်လည်း နောက်သို့အလွယ်တကူ ပြန်မဆုတ်နိုင်ပေ။ အီမျူးငှက်များမှာသန်မာသော ခြေထောက်များကြောင့် လျင်မြန်စွာပြေးသွားနိုင် သော်လည်း ၎င်းတို့၏ ဒူးခေါင်းရှိအဆစ်များ ကြောင့် နောက်ပြန်ဆုတ်ရန် ခက်သွားပုံရသည်။ သြစတြေးလျနိုင်ငံသည် အစဉ်အမြဲရှေ့သို့ ချီတက် နေပြီး တိုးတက်လျက်ရှိသည့် သင်္ကေတအနေဖြင့် သြစတြေးလျတပ်ဖွဲ့ဝင်တို့၏ ဒိုင်းလွှားပေါ်တွင် ထို တိရစ္ဆာန်နှစ်မျိုးလုံးကို တွေ့ရသည်။
တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိ မြို့သားတို့ထံ ယုံကြည်ခြင်းအသက်တာ အကြောင်း စာရေးသားရာ၊ သူ့စာတွင် နောက်မဆုတ်သော သဘောကို ပြောဆိုထားသည်။ “ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသော အမှုတစ်ခုဟူမူကား၊ နောက်ကျ သောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သော…
နှင်းကဲ့သို့ဖြူစင်စေသော
နှင်းတဖွဲဖွဲကျသော နေ့တစ်နေ့တွင် ကျွန်မသားငယ်ကို ကျောင်းမှသွားကြိုပြီး အိမ်ပြန် လာသည်။ ဝါဂွမ်းပမာနှင်းများက တစတစနှင့် လျှင်မြန်စွာကျလာသည်။ မကြာမီ ကားလမ်းပိတ် ကုန်သည်။ ကားထဲမှနေ၍ နှင်းကြောင့် ပြောင်းလဲ သွားသောမြင်ကွင်းကို ကြည့်မိသည်။ အမဲရောင် မြေသားက အဖြူရောင်သို့ ပြောင်းသွားသည်။ အဆောက်အအုံများ၏အစွန်း ထောင့်နေရာများ၊ ကားများ၊ သစ်ပင်များ၌ နှင်းများဖုံးလွှမ်းသွားသည်။
နှင်းများက အရာအားလုံးကို ဖုံးလွှမ်း သွားသကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော်က ကျွန်မတို့၏ အပြစ်များကို ဖုံးပေးသည့် ဝိညာဉ်ရေးရာ သမ္မာတရားကို ကျွန်မ သတိရမိ သည်။ သို့သော် ကျေးဇူးတော်က အပြစ်ကို ဖုံးပစ်သည်သာမက ဖျောက်ပစ်ပေးသည်။ ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင်က ဣသရေလလူတို့အား “လာကြ၊ တရား စီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူလိမ့် မည်” (ဟေရှာ ၁း၁၈)ဟု မိန့်တော်မူသည်။ ဘုရားသခင်သည်…
ဂျော်ဒင်၏ အသက်တာခရီး
ဂျော်ဒင် ကာစတိုရာ သည် မွေးရာပါ မျက်မမြင်ဖြစ်သော်လည်း ပြီးပြည့်စုံသောဘဝကို သူမခံစားရအောင် ထိုအားနည်းချက်က မဟန့်တား နိုင်ပါ။ Can You See How I See? ဆိုသည့် သတင်းမှတ်တမ်းရုပ်ရှင်က သူ့ဘဝဇာတ်ကြောင်း ကို ရိုက်ကူးထားသည်။ သူမသည် ကျောင်းတွင် ပညာထူးချွန်သူဖြစ်ပြီး အခြားသူ၏ အကူအညီ အနည်းငယ်ဖြင့် ပျော်ရွှင်စွာ စက်ဘီးစီးနိုင်သည်။ နှင်းလျှောစီးနိုင်သည်။ သူမ၏အမြင်အာရုံနှင့် ပတ်သက်၍ ဂျော်ဒင် ဤသို့ပြောပါသည်။ “ကျွန်မရဲ့ မျက်မမြင်ဘဝကို ပြန်ပေးလို့ရတယ်ဆိုရင်တောင် ကျွန်မ ပြန်ပေးမှာမဟုတ်ဘူး၊ ဘုရားသခင်ဟာ ကျွန်မတို့ အယောက်စီတိုင်းကို သူ့ရည်ရွယ်ချက် အတိုင်း ဖန်ဆင်းထားတယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မမျက်စိကွယ်ခြင်းဟာလည်း ကျွန်မဘဝမှာ ရင်ဆိုင်ရမဲ့အမှုတစ်စိတ်တစ်ဒေသဖြစ်မယ်လို့ ထင်ပါတယ်”။ ယခုတွင် သူမသည် ကွန်ပျူတာသိပ္ပံတက္ကသိုလ်ကျောင်းသူဖြစ်ပြီး၊ သူ့အိပ်မက်မှာ မျက်မမြင်များ အတွက် အထောက်အကူပြုမည့် ကွန်ပျူတာဆော့ဖ်ဝဲကို တီထွင်ရန်ဖြစ်သည်။
ဤဘဝကို…
အခိုးခံရသောရတနာကို ပြန်ရှာဖွေခြင်း
J.R.R Tolkien ရေးသည့် The Habbit စာအုပ်တွင် လူပုလေးများသည် သူတို့ထံမှ ကြောက်စရာနဂါးကြီး စမော့ဂ် ခိုးယူသွားသောရတနာကို ပြန်လည်လုယူရန် စုရုံးခဲ့သည်။ အန္တရာယ်များ၍ ပြင်းထန်သော တိုက်ပွဲဖြစ်လည်း ဒုတိယခေါင်းဆောင် ဘာလင် က ခေါင်းဆောင်ကြီး သောရင် အပေါ်အကြွင်းမဲ့ စိတ်ချ အားကိုးမှုရှိကြောင်းပြခဲ့သည်။ `ကျုပ် ရှေ့ကသွားတဲ့ သူတစ်ယောက်နောက်ကိုဘဲ လိုက်မယ်၊ ဘုရင်လို့ ကျုပ်ခေါ်နိုင်တဲ့သူ တစ်ယောက်ဘဲ ရှိတယ်´ ဟုဆိုခဲ့သည်။အန္တရာယ် ကြီးသော်လည်း ခေါင်းဆောင်အပေါ် ယုံကြည် စိတ်ချမှုက ထမ်းဆောင်ရမည့် တာဝန်အတွက် အားတစ်ရပ် ဖြစ်ခဲ့သည်။
သခင်ယေရှု ဤလောက၌ ကျင်လည်စဉ် ရန်သူစာတန်လက်မှ အဖိုးတန် ပျောက်ဆုံးဝိညာဉ်များကို ကယ်တင်မည့် နိုင်ငံတော်နှင့်ယှဉ်သောအမှုတော်၌ ပါဝင်မည့် သူများကို စုစည်းခဲ့သည်။ ၄င်းတို့ကို ခေါ်ယူရာ၌ `ငါ့နောက်သို့ လိုက်ကြလော့´ (၄း၉)ဟုသာ မိန့်ကြားသည်။ ၄င်းတို့ အတွက်…
အခက်အခဲကျရှုံးမှုများ
စီးပွားပျက်ကပ်ဆိုက်ပြီးနောက်ပိုင်း နှစ်အတန်ကြာသည့်တိုင် စတော့ဈေးကွက်၌ရင်းနှီး မြှုပ်နှံသူများ၏ယုံကြည်မှုပြန်ရရန် အလွန်ရုန်းကန် ခဲ့ရသည်။ ၁၉၅၂ ခုနှစ်တွင် `ဟယ်ရီ မာကိုဝစ်´သည် ရင်းနှီးမြှုပ်နှံသူများအား အခြားသောကုမ္ပဏီများ နှင့်အလုပ်ရုံစက်ရုံများတွင် ရှယ်ယာဝင်ရန် အကြံပြု ခဲ့သည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ၎င်းတို့ အတွက် မရေရာသောအခြေအနေတွင် အထောက် အကူ ဖြစ်စေကြောင်း သီအိုရီကို တင်ပြထုတ်ဖော် ခဲ့သည်။ မာကိုဝစ်နှင့် သူ့အပေါင်းအပါနှစ်ဦးတို့မှာ ထိုသီအိုရီကို ဖော်ထုတ်နိုင်ခြင်းအတွက် ၁၉၉၀ တွင် စီးပွားရေးသိပ္ပံ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသည်။
ထိုကဲ့သို့ ထိပ်ထိပ်လန့်လန့်နှင့် ရင်းနှီးမြှုပ်နှံရသူများနည်းတူ ခရစ်တော် နောက်လိုက် ကျွန်ုပ်တို့သည်လည်း ဘဝ၌ အခက်အခဲအရှုံးများနှင့် ရင်ဆိုင်ရပြီးနောက် မှင်သက်လျက် ကျရှုံးမှုများကို မည်သို့ပြန်တည်ဆောက်ရမည်ကိုမသိ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေကြောင်း ကိုယ့်ကိုယ်ကိုသိသည်။ ရှေ့ဆက်ရမည့် ဘဝအသက် ရှင်သန်မှုတွင် အတိတ်မှအရှုံးကို ပြန်ကုစားရန် မဟာအကြံတစ်ခုခု၊ လုပ်ရှားမှုတစ်ခုခု ထွက်ပေါ်လာချိန်…
မင်္ဂလာရှိသော သတိမေ့လျော့ခြင်း
ကျွန်မရုံးခန်းက အောက်ထပ်မှာရှိပြီး ပစ္စည်းတစ်ခုခုယူရန် အပေါ်ထပ်သို့ မကြာခဏ တက်ရသည်။ သို့သော် အပေါ်ရောက်မှ ဘာလာယူလဲ မသိတော့ဘဲ မေ့သွားသည်။ သုတေသီပညာရှင် ဂေဘရယ် ရက်ဗဲန်စကီး က ထိုလက္ခဏာအတွက် ဖြေရှင်းချက်ထုတ်ခဲ့သည်။ သူမက တံခါးပေါက်များသည် `အဖြစ်အပျက် ကိစ္စတစ်ခုခု၏ အကန့်အသတ်ဘောင်´ အဖြစ်ရှိ နေကြောင်း အဆိုပြုခဲ့သည်။
လက်တွေ့စမ်းသပ်စစ်ဆေးမှု ၃ ကြိမ် ပြုလုပ်ပြီးနောက် တံခါးဖွင့်လိုက်ကြောင်း အသိက မှတ်ထားသော အချက်အလက်ကို ပိတ်လိုက်ပြီဟု ဦးနှောက်သို့သတင်းပေးသည် ဟူသောသီအိုရီကို အဆိုပြုဖော်ထုတ်ခဲ့သည်။ ထိုကြောင့် အပေါ်ထပ် သို့ရောက်ပြီးမှ မေ့သွားသောအရာကို ပြန် စဉ်းစားရခြင်းကို ကျွန်မစိတ်အနှောက်အယှက်ဖြစ်ရသည်။ သို့သော် သတိမေ့ခြင်းသည် ကောင်းကြီးတစ်ပါးလည်းဖြစ်သည်။ ညအချိန်တံခါးပိတ်ပြီး အိပ်စက်အနားယူသောအခါ ထိုနေ့အတွက်စိတ်သောကပူပန်မှုများကို ပိတ်ပြီးမေ့လျော့သွားသောကြောင့် မင်္ဂလာ တစ်ပါး ဖြစ်သည်။
သခင်ယေရှုက သူ့ကိုယ်သူ `တံခါးဝ´ (ယော ၁၀း…
နှစ်သိမ့်သက်သာမှုပေးရန် စေစားခံရခြင်း
ဂျေး မူဗနေးနှင့် ပေါလ် ဒီအင်ဂျင်လီစ် တို့ရေးသားသည့် Dear Mrs.Kennedy စာအုပ်၌ အမေရိကန်သမ္မတ ကနေဒီ လုပ်ကြံခံရပြီး နောက်တစ်ပတ်အတွင်း သူ့ဇနီး ဂျက်ကလင်း ထံသို့ ကမ္ဘာအရပ်ရပ်မှပေးပို့သော စာများစွာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ စာအချို့မှာ အစိုးရအရာရှိများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ ရင်းနှီးသောမိတ်ဆွေများထံမှ ဖြစ်ပြီး၊ စာအချို့မှာ အစိုးရအရာရှိများ၊ ရင်းနှီးသောမိတ်ဆွေများထံမှ ဖြစ်ပြီး၊ စာအချို့မှာ ‘မဒမ် ကနေဒီ၊ ဝါရှင်တန်မြို့’ ‘ အမေရိကနိုင်ငံ၏သမ္မတကတော်’ စသည်ဖြင့် ပြည်သူများပေးပို့သည့် စာများဖြစ်သည်။ ထို စာအားလုံးသည် သူမ၏ဆုံးရှုံးမှုကြီးအတွက် ဝမ်းနည်းမှုကို ဖော်ပြသော စာများဖြစ်သည်။
အခြားသူများဝေဒနာခံစားရနေချိန်တွင် ကျွန်ုပ်တို့ ကူညီလိုပါသည်။ ဤ အခြေအနေတွင် ရှင်ပေါလုက “ငါ့တို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်ကို “သနားခြင်းကရုဏာ၏အဖ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်”ဟု သရုပ်ဖော်ထား ကြောင်း သတိချပ်ပါ။ ကောင်းကင်ဘုံရှင်အဖသည် မစအားပေးမှုနှင့်ဝေဒနာကို ငြိမ်းစေ သော အနှိုင်းမဲ့ကရုဏာ၊…