နှေးကွေးသော အနာပျောက်သည့်ဖြစ်စဉ်
အမေရိကန်တပ်မတော်သို့ကျွန်တော့် သား ‘မာ့ခ်’ ဝင်ရောက်ပြီး ၄ ပတ် အကြာတွင် သင်တန်းလေ့ကျင့်ရင်း ဒူး၌ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် သူ့ကိုတပ်မှ အနားပေး ခဲ့သည်။ သူ့အသက် ၁၉ နှစ်သာရှိသေးသည်။ ထိုအရွယ်၌ ဟိုနားဒီနား သွားလာရန် လမ်းလျှောက် ကြိမ်တုတ်ကို အတန်ကြာသုံးခဲ့ရသည်။
ဒဏ်ရာပြင်းထန်မှုကြောင့် အနာ ပျောက်ရန် ၂ နှစ်မျှ အနားယူလိုက်၊ လေ့ကျင့်ခန်း ယူလိုက်နှင့် အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင် ဒဏ်ရာရချိန်မှစ၍ တပ်ဆင်ထားရသည့် ဒူးထိန်း ကိရိယာကို ဖြုတ်ခွင့်ရခဲ့သည်။ အနည်းအကျဉ်း နာကျင်မှုကို ခံစားရဆဲဖြစ်သော်လည်း နှေးကွေး ကြာရှည်စွာ ဒဏ်ရာပျောက်အောင် အချိန်ယူခဲ့ခြင်း ကြောင့် သူ့ခြေကို အကောင်းပကတိ နဂိုအတိုင်း ပြန်လည်အသုံးပြုနိုင်ခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများ ပျောက်ကင်းရေးက မကြာခဏဆိုသလို ကျွန်ုပ်တို့ ထင်သည်ထက်ပို၍ နှေးကွေးကြာတတ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ဒဏ်ရာသည်လည်း…
ကြည့်ကောင်းသည်
ကျွန်မဆံပင်ကို ပြုပြင်အလှဆင်ပေး သူက ဆံပင်ညှပ်ပေးပြီးနောက် “ရှင့်ဆံပင်က တကယ် ကျန်းမာသန်စွမ်းတယ်” ကျွန်မတို့ဆိုင်က ထုတ်တဲ့ပစ္စည်းတွေသုံးလို့ မဟုတ်လား” ဟုဆိုရာ၊ “မဟုတ်ပါဘူး၊ ကျွန်မက ဈေးချိုပြီး အနံ့သင်းတဲ့ ဘယ်ပစ္စည်းမဆိုကိုပဲ သုံးတာပါ။ အင်း… ဒါပေမယ့်… ကျွန်မက အစာ ကောင်းကောင်းစားတယ်။ အဲဒါက ထူးခြားချက်ကို ဖြစ်စေတာလို့ ကျွန်မထင်တယ်”ဟု ပြန်ဖြေလိုက်သည်။
မိမိရုပ်ရည်၊ မိမိကိုယ်ကိုကြည့်ကောင်း အောင် ကျွန်မတို့ ပြင်ဆင်လုပ်ဆောင်မှုများကို တွေးရင်း၊ ဝိညာဉ်ရေးရာ၌လည်း ကြည့်ကောင်းအောင် ကျွန်မတို့လုပ်နေသည့် အရာ များကို သတိချပ်မိသည်။ ဤအကြောင်းကို သခင်ယေရှုက ယေရုရှလင်ရှိဘာသာရေး ခေါင်းဆောင်များအား မိန့်ကြားခဲ့သည် (မ ၂၃)။ ၎င်းတို့သည် ဘုရားသခင်ပေးသည့် ပညတ်များအပြင် ၎င်းတို့တိုးချဲ့ပြင်ဆင်မွမ်းမံထားသည့် ထုံးတမ်းဓလေ့စည်းမျဉ်းများ ကိုပါ ကျင့်ဆောင်ကြသည်။ ၎င်းတို့ အချင်းချင်းရှေ့၌ ကြည့်ကောင်းပုံပေါ်အောင်၊ သူတို့ အခြားသူများထက်သာပုံပေါ်အောင် ကြိုးစားကျင့်ကြံကြသည်။ သို့သော်၎င်းတို့၏…
အသစ်မွေးဖွားခြင်း
ကလေးငယ်များက ကျွန်ုပ်တို့ကို ပြုံးရယ်စေနိုင်သော အစွမ်းရှိသည်။ ကလေးငယ် များကိုမြင်ရလျှင်၊ သူ့အသံကြားရလျှင် လူများစွာတို့ မှာ မိမိလုပ်လက်စအလုပ်များရပ်ပြီး သူတို့ကို ငေးကြည့်ရသည်။ ကျွန်တော့်အဖေ သွားရောက် နေထိုင်သည့် ဘိုးဘွားပြုစုစောင့်ရှောက်ရေး ဂေဟာသို့သွားရင်းမှ ၎င်းအချက်ကို သတိပြုမိခြင်း ပါ။ ဘိုးဘွားအများစုက ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာရသူ၊ ဦးနှောက်ရောဂါ ခံစားရသူများ ဖြစ် သော်လည်း ကလေးငယ်တစ်ဦးပါရှိသည့် မိသားစု တစ်စု ရောက်လာချိန်တွင် သူတို့မျက်ဝန်း၌ ဝမ်းမြောက်မှုကို တွေ့ရပြီး အပြုံးက မလွဲမသွေ လိုက်ပါလာသည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ကြည်နူးစရာ ကောင်းလှသည်။
အဖိုးတန်သော၊ အလားအလာကောင်းများပြည့်သော အံ့သြစရာ အသက်သစ်၊ ဘဝသစ်ကြောင့် ကလေးငယ်က အပြုံးပန်းပွင့်စေခြင်း ဖြစ်ကောင်းဖြစ်မည်။ ကလေးငယ် ကို တွေ့ရခြင်းဖြင့် အံ့သြဖွယ် ဘုရားသခင်နှင့် ကျွန်ုပ်တို့အပေါ်ထားသည့် ကိုယ်တော်၏ မေတ္တာတော်ကို သတိရစေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို…
လက်တွေ့ကျင့်သုံးစရာ
လွန်လေသောနှစ်များစွာက “စကား ပြောခြင်း”ဟု ခေါင်းစဉ်တပ်ထားသည့် ဖိုင်တစ်ခုကို ကျွန်တော်ထားရှိပြီး အသုံးဝင်မည့် စာမူ၊ ဆောင်းပါး များ၊ ရည်ညွှန်းကိုးကားစာများ၊ သရုပ်ပြရှင်းလင်း ချက်များကို စုဆောင်းစုစည်းထားသည်။ ဖိုင်မှာ အတော်ပင်ထူလှသည်။ ဒိတ်အောက်သွားသော အချက်အလက်များကို ဖယ်ရှားရန် မကြာမီက ထိုဖိုင်ကို ပြန်လှန်လှောကြည့်မိသည်။သို့သော် ကျွန်တော် ပို့ချဟောပြောရာ၌ အသုံးမပြုခြင်းကြောင့် မဟုတ်ဘဲ ကျွန်တော်လက်တွေ့ မကျင့်သုံးခြင်း ကြောင့် ကျွန်တော်လွှင့်ပစ်ရန်ခက်ပြီ။ “ဒီအချက် အလက်တွေက ဟောပြောပို့ချဖို့ မဟုတ်ဘဲ လက်တွေ့ကျင့်သုံးဖို့ ဖြစ်တယ်” ဟု ဖိုင်ကိုပြန်ပိတ် ရင်း တွေးမိသည်။
တော၌ အနှစ် ၄၀ လှည့်လည်ခဲ့ပြီး ကတိထားတော်မူသော ပြည်သို့ဝင်ရန်အသင့်ဖြစ်နေသည့် လူပရိသတ်ကြီးကို မောရှေ မိန့်ခွန်းခြွေခဲ့သည်။ “အိုဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍ သင်တို့ ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည် အကြောင်း သင်တို့ကျင့်စရာဖို့ ငါသွန်သင်သောစီရင်ထုံးဖွဲ့ချက်တို့ကို…
အမေ ပန်းဝင်ပြီ
မိခင်၏ ကျန်းမာရေးက ပိုဆိုးလာသည်ကို ‘ဂျက်ဖ်’သိလိုက်ရချိန်တွင် ချက်ချင်းလေယာဉ်ဖြင့် ပြန်ရောက်လာသည်။ အမေ့အိပ်ရာနံဘေး၌ ထိုင် ကာ အမေ့လက်ကိုဆုပ်နယ်ပေးသည်။ ဓမ္မတေး သီဆိုပေးသည်။ နှစ်သိမ့်မစလျက် အမေ့ကို သူ ချစ်ကြောင်းပြသည်။ အမေဆုံးသွားချိန်တွင် အမေ သည် မိတ်ဆွေများအတွက် အလွန်တန်ဖိုးရှိသော မိခင်ကြီးဖြစ်ကြောင်း လူများစွာက ‘ဂျက်ဖ်’ ကို နှစ်သိမ့်ပြောပြကြသည်။ ဆုတောင်းအဖွဲ့များကို လည်း ဦးဆောင်ခဲ့သည်။ သူ့ဘဝမီးဇာကုန်ခါနီး အချိန်ထိ အရေးပါသောကဏ္ဍမှ ခရစ်တော်ကို အစေခံခဲ့သည်။ ခရစ်တော်အတွက် အမေက ရဲရင့် ခိုင်မာစွာ ပန်းဝင်ခဲ့သည်။
အမေ့အသက်တာကို ဂုဏ်ပြုသော အားဖြင့် ‘ဂျက်ဖ်’ သည် ၂၆.၅ မိုင် အပြေးပြိုင်ပွဲဝင်ခဲ့သည်။ ပြေးပွဲတစ်လျှောက် အမေ့ အသက်တာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရင်း၊ အမေ့ကိုဆုံးရှုံးရ၍ ကြေကွဲဝမ်းနည်း ရသည်။ သူပန်းဝင်ချိန်တွင် ကောင်းကင်သို့ ညွှန်ပြရင်း “အမေရောက်ရှိနေတဲ့နေရာ”ဟု ပြောခဲ့သည်။…
ထွက်ပေါက်
မကြာမီက လန်ဒန်၌ ရောက်နေခဲ့ရာ ကျွန်တော်သွားမည့်နေရာသို့ မြေအောက်ရထားစီး သွားရန် ဆုံးဖြတ်ပြီး လက်မှတ်ဖြတ်ကာ မြေအောက် ဥမင်လိုဏ်ခေါင်းအတိုင်း ဆင်းသွားလိုက်သည်။ သို့သော် ဘူတာမှအပြင်ပြန်ထွက်ရန် ထွက်ပေါက် မတွေ့ပါက လိုဏ်ခေါင်းအတွင်း သင်လမ်းပျောက် နေမည်ပင်။ ဘူတာရုံ၏ ဖွဲ့စည်းပုံစနစ်နှင့် အကျွမ်း မဝင်သူဆိုလျှင် ဘူတာအပြင်ထွက်ရန်အရေးက ဇောချွေးပြန်လောက်သည်။
ကျိုးတိုးကျဲတဲလူကြားထဲ တစ်ယောက် တည်းဂနာမငြိမ်ဖြစ်နေပါလျှင် သင်သည် လမ်း မပျောက်လိုကြောင်း သေချာပါသည်။ ထို့ကြောင့် ‘ထွက်ပေါက်’ဟူသည့် ဆိုင်းဘုတ်ကို မြင်လိုက်ရ သောအခါ ဝမ်းသာလိုက်ပါဘိ၊ ထိုလမ်းအတိုင်း စိတ်ချလက်ချ ထွက်လာနိုင်တော့သည်။
အပြစ်ထဲကျလွယ်၊ လိုက်ပါလွယ်သော ကျွန်ုပ်တို့ကို ရှင်ပေါလုက “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ၊ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်း နှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့် မည်” ဟုသတိပေးထားပါသည်။
အပြစ်သွေးဆောင်ခံရစဉ်…
ကတိတည်ဆဲ
ရှေးအခါက အရှေ့အလယ်ပိုင်းဒေသ များတွင် အားကြီးသူ (ဘုရင်/သခင်)နှင့် အားနည်း သူ (လက်အောက်ခံ)တို့ ပြုလုပ်သော စေ့စပ် ညှိနှိုင်း မှုကို စူဇာရန် သဘောတူညီချက်ဟုခေါ်သည်။ သဘောတူညီချက် အတည်ပြု အထမြောက်သည့် အနေဖြင့် တိရစ္ဆာန်ကိုသတ်ပြီး နှစ်ခြမ်းခွဲကာ ပူဇော်ပသကြသည်။ ထို့နောက် ယဇ်ကောင်နှစ်ခြမ်း ကြား လူသွားလမ်းဖော်ကာ မြေကြီးပေါ်တွင် စီချ ထားသည်။ အားကြီးသူ စူဇာရန်က ထို လမ်းကြားထဲ ဖြတ်လျှောက်ကာ သဘောတူညီချက်ကို သူ ထိန်းသိမ်းမည်ဖြစ်ကြောင်း ၊ သူ့ဘက်မှ ပျက်ကွက် လျှင် ထိုတိရစ္ဆာန်ကဲ့သို့ ဖြစ်မည်ဟု လူသိထင်ရှား ကြေညာသည်။
အာဗြံက ကိုယ်တော်၏ ကတိစကားကို မည်သို့တည်စေမည်နည်းဟုမေးရာ ဘုရားသခင်က အထက်ပါဓလေ့ကိုသုံး၍ အတည်ပြု ပေးခဲ့သည် (က ၁၅)။ ခွဲထားသောအသားအလယ်ကို မီးစွဲသောအခါ ဘုရားသခင်သည် ပဋိညာဉ်ကို တည်စေရန်မှာသူ့အပိုင်းဖြစ်ကြောင်း ကြေညာခြင်းဟု…
သခင်ယေရှုအကြောင်းပြောခြင်း
ဘေ့စ်ဘော တိုက်စစ်မှူးဟောင်း ‘တိုနီ ဂရပ်ဖနီနို’ က ဥရောပနိုင်ငံတစ်ခု၌ လုပ်ဆောင်နေသည့် အမှုတော်လုပ်ငန်းတစ်ခု အကြောင်း ဝေငှပြောပြသည်။ ၎င်းတို့သည် နှစ်စဉ် တစ်ပတ်တာ ဘေ့စ်ဘောသင်တန်းကို ဖွင့်လှစ် ပို့ချရာ သင်တန်းကာလ၌ ကျမ်းစာလေ့လာခြင်း အစီအစဉ်လည်း ပါဝင်သည်။ ယခင်နှစ်များက ဦးဆောင်သူများက သင်တန်းသားများ ဘုရားသခင် ကို ယုံကြည်လာရေး ဘုရားတည်ရှိကြောင်း ခိုင်လုံစွာ တင်ပြရန် အားထုတ်ကြိုးစားခဲ့သည်။ သို့သော် ၁၃ နှစ်အတွင်း လူ (၃) ဦးသာ ခရစ်တော် နောက်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ၎င်းတို့၏ချဉ်းကပ်ပုံ နည်းလမ်းကို ပြောင်းလိုက်သည်။ ခိုင်လုံသော အချက်အလက်များတင်ပြခြင်း၊ အချေအတင် ပြောပြီး အနိုင်ယူခြင်းထက် ရိုးရှင်းသော အံ့ဖွယ်သခင်ယေရှု၏အသက်တာနှင့် ၎င်း၏ သွန်သင်မှုကိုသာ ဝေငှပြောပြတော့သည်။ ရလဒ်အနေဖြင့် သင်တန်းသားများ ပို၍ လာရောက်နားထောင်ကြပြီး သခင့်နောက်လိုက်ရန် ရွေးချယ်မှု ပိုများလာသည်။…
ငါ့လိုလူတွေ
လွန်ခဲ့သော နှစ်များစွာက ဝတ်ပြု စည်းဝေးတစ်ခု၌ သင်းအုပ်ဆရာ `ရေး စတက်မန်´ သည် တရားဟောစင်မြင့်မှ ထိုနေ့အတွက် ဖတ်ရန် ကျမ်းချက် (၁ ကော ၆း၉-၁၀)ကို ဖတ်လိုက်သည်။ “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသော သူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ် မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင် အထက် လုယူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ”။
ထို့နောက် ပရိသတ်ကိုကြည့်လိုက်ပြီး နားလည်ရခက်သောအပြုံးနှင့် “ခင်ဗျားတို့ရဲ့ အတိတ်မှာ ခုနကဖတ်သွားတဲ့ အပြစ်တစ်ခု၊ ဒါမှ မဟုတ် နှစ်ခုသုံးခုလည်း ဖြစ်ရင်ဖြစ်မယ်ဗျာ၊ ဒီအပြစ်တွေလုပ်ခဲ့ဖူးတဲ့သူ ဘယ်နှစ်ယောက် များရှိမလဲ၊ ကျုပ်သိချင်လိုက်တာ၊ ရှိရင် မတ်တပ်ရပ်ပြပါလား”ဟု မေးလိုက်သည်။
ပရိသတ်များအလယ်၌ ဘုရားကျောင်းသို့ တစ်ခါမျှမရောက်ဖူးသော လူငယ်တစ်ဦးလည်းရှိနေသည်။…
နှလုံးသည်သာ ပဓာန
လူ့နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၇၀ မှ ၇၅ ကြိမ်အထိခုန်သည်။ ပျမ်းမျှ ၁၁ အောင်စ အလေးချိန်ရှိပြီး ကျန်းမာသောနှလုံးသည် တစ်နေ့လျှင် သွေးဂါလံ ၂၀၀၀ ကို မိုင် ၆ သောင်းမျှ ရှိသည့် သွေးလွှတ်ကြောတစ်လျှောက် နေ့စဉ် ညှစ်ထုတ်ပို့ပေးသည်။ ကုန်ကားတစ်စီးကိုမိုင် ၂၀ အထိမောင်းနှင်ရန် လုံလောက်သော စွမ်းအင်ကို နှလုံးမှ နေ့စဉ်ထုတ်ပေးသည်။ လူ့ဘဝသက်တမ်း တစ်ခုအတွင်း ထုတ်လုပ်သော စွမ်းအင်သည် လကမ္ဘာသို့ အသွားအပြန်သွားနိုင်မည့် စွမ်းအင် ပမာဏနှင့်ညီမျှသည်။ ကျန်းမာသောနှလုံးသည် အံ့သြဖွယ်ရာများကို ပြုလုပ်နိုင်သည်။ သို့သော် နှလုံး ချို့ယွင်းသွားပါက ခန္ဓာတစ်ခုလုံး သေဆုံးသွားမည်။
ဝိညာဉ်ဆိုင်ရာနှလုံးသားသည်လည်း ထို့အတူပင်ဖြစ်သည်။ နှလုံးသည် ကျွန်ုပ်တို့၏ ခံစားမှု၊ အတွေးနှင့်ဆင်ခြင်မှုများ၏ အချက်အချာဗဟိုဖြစ်ကြောင်း ကျမ်းစာ၌ ဆိုထားသည်။ ထို့ကြောင့် “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏ နှလုံးကို…