မည်သူချီးမြှောက် ဂုဏ်ပြုခံရမည်နည်း
ထူးချွန်ပါရမီရှင် ခရစ် လန်ဂင် သည် သိပ္ပံ ပညာရှင် အိုင်းစတိုင်း ထက် အိုင်ကျူဉာဏ်စွမ်း ပိုထက်သည်။ ကာယဗလမောင် မောင်စတာဖာ အစ္စမေး ၏ လက်မောင်းက ၃၁ လက်မ ပတ်လည် အရွယ်ရှိပြီး ပေါင် ၆၀၀ အလေးကို မနိုင်သည်။ ကွန်ပျူတာပညာရှင် ဘီလ်ဂိတ် သည် ကုဋေချီ၍ ချမ်းသာကြွယ်ဝသည် ဟုခန့်မှန်းကြသည်။ ထိုသို့ သူမတူသောစွမ်းရည်နှင့် ပိုင်ဆိုင်မှုများရှိသဖြင့် မိမိကိုယ်ကို ထင်သင့်သည်ထက်ပို၍ ထင်သင့် ကြောင်း ၎င်းတို့ သွေးဆောင်ခံရနိုင်သည်။ သို့သော် မိမိ၏ ထက်မြက်မှု၊ သန်မာအားရှိမှု၊ ကြွယ်ဝမှု ကြောင့် ဂုဏ်အသရေကို အရူးအမူး မရယူသင့်ပါ။ မည်သည့် အောင်မြင်မှု ကြီးငယ်မဟူတွင် “ဘယ်သူ ချီးမြှောက်ဂုဏ်ပြုခံရမလဲ”ဟူသည့် မေးခွန်းကို ဖြေဆိုအပ်သည်။
ဘုရားသခင်သည် တရားစီရင်လျက် ဣသရေလလူတို့အား ပရောဖက် ယေရမိအားဖြင့် “ပညာရှိသောသူသည်…
ကျေးဇူးတင်၍ ကျသောမျက်ရည်
ပွဲတော်မင်္ဂလာဝတ် ခံယူဝတ်ပြု စည်းဝေးချိန်၌ သင်းအုပ်နှင့်သင်းထောက်များက ရှေ့သို့ထွက်၍ ပွဲတော်မုန့်နှင့်စပျစ်ရည်ကို ခံယူရန် ဖိတ်ခေါ်သည်။ ၎င်းတို့က သခင်ခရစ်တော်၏ ပေးဆပ်ပူဇော်မှုသည် ကျွန်တော်ကျွန်မတို့အတွက် ဖြစ်ကြောင်း ပွဲတော်ခံယူသူ အယောက်တိုင်းကို ပြောကြားသည်။ လုပ်ရိုးလုပ်စဉ်ဖြစ်သော်လည်း ဤသို့ ပြောကြားခြင်းကြောင့် ကျွန်ုပ်စိတ်၌အထူး ခံစားရသည်။ မုန့်နှင့်စပျစ်ရည်ခံယူပြီး မိမိနေရာသို့ ပြန်ထိုင်ကာ ဖြည်းညှင်းဆိတ်ငြိမ်စွာ စီတန်းသွား နေသူများကို ကြည့်မိသည်။ လူများစွာတို့၏ မျက်ဝန်း၌ မျက်ရည်စများတွေ့ရ၍ နှလုံးသား၌ ခံစားရပြန်သည်။ ၎င်းသည် ကျေးဇူးတင်၍ကျသော မျက်ရည်များပင်။
ကျေးဇူးတော်မျက်ရည် ကျရသည့် အကြောင်းရင်းမှာ ပွဲတော်မင်္ဂလာကြောင့်ပင် ဖြစ်သည်။ တမန်တော်ရှင်ပေါလုက အောက်မေ့ဖွယ် နောက်ဆုံးညစာအကြောင်း ကောရိန်သုအသင်းတော်သို့ သွန်သင်ရာ၌ “အကြောင်းမူကား သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကိုသောက်သောအခါခါ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော် မမူမီတိုင်အောင် (ကြွေးကြော်ခြင်း) ဖြစ်၏” (၁ ကော ၁၁း၂၆)ဟု တန်ခိုးနှင့်ပြည့်စုံသည့်…
ကျွန်ုပ်ကို ပြောင်းလဲစေသူ
၂၀၁၁ ခုနှစ်တွင် ကွန်ပျူတာကို အစဦး တီထွင်ခဲ့သူ စတိဗ် ဂျော့ဘ်စ် ကွယ်လွန်သွားရာ၊ ကမ္ဘာတစ်ဝှမ်းမှ လူတစ်သန်းကျော်သည် အင်တာ နက်မှ သူ့အတွက် ဝမ်းနည်းစကားများပေးပို့ ခဲ့သည်။ ဂျော့ဘ်စ် သည် သူတို့၏ဘဝကို ပြောင်းလဲ စေခဲ့ကြောင်း ဖော်ပြချက်က အဓိကတူညီနေသည်။ ဂျော့ဘ်စ်၏ ဖန်တီးတီထွင်နိုင်စွမ်းကြောင့် သူတို့၏ ဘဝရပ်တည်မှု တစ်မူထူးပြီး ခြားနားခဲ့သည်။ ဂျော့ဘ်စ် ကို တန်ဖိုးထားမြတ်နိုးလျက် ၎င်းတို့၏ ဝမ်းနည်းမှုကို ဖော်ပြကြသည်။ ကွန်ပျူတာတစ်ခု တွင်မူ iSad ဟု စာလုံးမဲကြီးဖြင့် ရေးသားထားသည်။
ကျေးဇူးတင်သိတတ်သည့် စိတ်ထား ခံစားချက်နှင့်စပ်လျဉ်း၍ ဆာလံ ၁၀၇ တွင် အတိအကျ ဖော်ကျူးထားသည်။ “ရန်သူ၏လက်မှ ထာဝရဘုရားနုတ်၍ အရှေ့အနောက်တောင်မြောက် အရပ်ရပ်ထဲက စုသိမ်းသောသူတည်း ဟူသော ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ” (း၂)။ ဤဆာလံကျမ်းတွင် ဘုရား သခင်ကယ်နုတ်ခဲ့သည့်…
ခိုနားရာသစ်ပင်
ကျွန်မရုံး၏ အရှေ့ဘက်လယ်ကွင်းထဲ၌ အထီးတည်းရှိနေသည့် တစ်ပင်တည်းသော သစ်ပင်ကြီးက ပဟေဠိဆန်လှသည်။ လယ်သမား တို့သည် ထိုနေရာ၌ သစ်ပင်ဧကပေါင်းများစွာကို ခုတ်ထွင်ရှင်းလင်းကာ ပြောင်းစိုက်ပျိုးခဲ့ကြသည်။ သို့သော် အကိုင်းအခက်ဝေဆာသော ထိုအပင် တစ်ပင်တည်း ကျန်ရှိနေသည်။ ထိုအပင်ကို ချန်ထား ရသည့်အကြောင်းရင်ကိုသိမှ ပဟေဠိအဖြေညှိနိုင် တော့သည်။ ရှေးယခင်က လယ်သမားတို့သည် ၎င်းတို့နှင့် ၎င်းတို့၏တိရစ္ဆာန်များအတွက် ပူပြင်း ခြောက်သွေ့သော နွေရာသီတွင် အရိပ်ခိုနားနေရန် သစ်တစ်ပင်ကို ချန်ထားလေ့ရှိသည့် ထုံးစံရှိကြခြင်း တည်း။
တစ်ခါတစ်ရံ မိမိတစ်ဦးတည်း ကျန်ရစ်အသက်ရှင်နေရသည့်အကြောင်းရင်းကို မသိနိုင်သည့်အခြေအနေမျိုး ကျွန်ုပ်တို့ရင်ဆိုင်နေရသည်။ တိုက်ပွဲ၌မကျဘဲ ကျန်ရစ်သည့် တပ်မတော်သား၊ ချောက်ချားဖွယ်ရောဂါနှင့်နပန်းလုံးပြီး ပြန်လည်နာလန်ထူလာနိုင်သော လူမမာများ၊ သူများသေပြီး ငါဘာလို့မသေလဲဟု တွေးရခက်စွာနှင့် နားမလည်နိုင်ပါ။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ သည့် ဣသရေလလူတို့အနက် အချို့တို့ကိုရွေးကောက်လျက် ချန်ထားသည်။ ထိုကျန်ကြွင်း သူများသည် ကိုယ်တော်၏ဥပဒေသပညတ်တော်များကို…
သခင်အလိုတော်ရှိလျှင်
မော်လီသည် ဖခင်၏ အကူအညီရယူလို ပါသော်လည်း အကူအညီတောင်းရန် ကြောက်နေ သည်။ သူ့ဖခင်က ကွန်ပျူတာဖြင့် အလုပ်လုပ်နေ စဉ် အနှောင့်အယှက်ပေးခြင်းကို မကြိုက်သော ကြောင့်ပါ။ “အဖေ ငါ့ကို စိတ်ဆိုးလိမ့်မယ်”ဟု တွေး ကာ အဖေ့ထံမှ အကူအညီမတောင်းတော့ပါ။
သခင်ယေရှုထံ တိုးဝင်ချဉ်းကပ်ရာ၌ ထိုကဲ့သို့ ကြောက်ရွံ့စိုးရိမ်စရာမလိုပါ။ (မ ၈း၁-၄) တွင် နူနာစွဲသူတစ်ဦးသည် သူလိုအပ်သောအရာ အတွက် တွန့်ဆုတ်ဆိုင်းငံ့မနေဘဲ သခင်ယေရှုထံ တိုးဝင်တောင်းလျှောက်ခဲ့သည်။ သူ့ရောဂါကြောင့် သူစိတ်ပျက်အားလျော့နေသည်။ ထို့ပြင် လူ့အသိုင်း အဝိုင်းမှ ဖယ်ကြဉ်ခံရ၍ စိတ်ဒဏ်ရာရပြီး သောကရောက်နေသည်။ သခင်ယေရှုက မြောက်မြားစွာသောလူအုပ်ကြား၌ အလုပ်များနေရာ၊ ထိုလူနူသည် လူအုပ်ကြားမှသခင့်ထံ အရောက်သွားခဲ့ပြီး မိမိပြောလိုသောအရာကို တောင်းလျှောက်ခဲ့သည်။
ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ထိုလူနူသည် သခင့်ထံသွား၍ ပျပ်ဝပ်ကိုးကွယ်ခဲ့ ကြောင်း ဖော်ပြထားသည်။ သခင်၏အစွမ်းတန်ခိုးကို ယုံကြည်လျက်၊ မစတာ၊ မမစတာ…
နောက်ကျသွားပြီ
စာသင်နှစ်တိုင်းလိုလို ဖြစ်နေကျ ကိစ္စ တစ်ခု။ မောင်မယ်သစ်လွင် ပထမနှစ်ကျောင်းသား များအား စာအရေးအသား ဘာသာရပ်အတွက် စာရေးတင်ရမည့်စာစဉ်(assignment)များပြီးမှသာ အတန်းအောင်မည်ဟု ကျွန်တော် မကြာခဏ ပြောပါသော်လည်း၊ အချို့က ကျွန်တော့်စကားကို မယုံ၊ စာသင်နှစ် နောက်ဆုံးရက်ရောက်မှ စာမပြီးသည့်အကြောင်းပြချက်မျိုးစုံနှင့် ကသုတ်ကရက် ထိတ်ပြာစွာ အီးမေးပို့လာကြသည်။ “ဆောရီး ပဲကွယ်၊ နောက်ကျသွားပါပြီ၊ မင်းစာမေးပွဲ ကျပါတယ်” ဟု မပြောချင်သော်လည်း ထိုစကားကို ပြောရပါတော့သည်။
ပထမနှစ် ကျောင်းသားများအတွက် ကျောင်းလခ ဒေါ်လာနှစ်ထောင် အလကားဖြစ် သွားပြီဟု သဘောပေါက်လိုက်ရခြင်းက ဆိုးပါသည်။ သို့သော် ဘဝ၏နောက်ဆုံးသော၊ နောက်ဆုံးအချိန်၌ ရောက်ရှိလာမည့် အပြစ်ဒုစရိုက်နှင့် စပ်လျဉ်း၍ ဘုရားနှင့်ဆိုင်သောအမှုကို အလေးမထားခြင်းက ပို၍အရေးကြီးပါသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် မယုံကြည် မလက်ခံဘဲ သေဆုံးသွားသူသည် သခင်မပါသော ထာဝရကာလကို ရင်ဆိုင်ရမည်။
“သင်တို့ကို ငါအလျှင်းမသိ၊…
မုန်တိုင်းကြားက ခရစ်တော်ရှင်
အသက် ၂၇ နှစ်တွင် ပန်းချီဆရာ ‘ရမ်းဘရန့်’က (မာကု ၄)မှ အဖြစ်အပျက်ကို အခြေခံပြီး “ဂါလိလဲ မုန်တိုင်းထဲမှ ခရစ်တော်” ဟူသည့် ပန်းချီကားကို ရေးဆွဲခဲ့သည်။ သူ၏ တစ်မူထူးသည့် အလင်းအမှောင်အယူအဆနှင့် စုတ်ချက်လက်ရာက ပြင်းထန်သောမုန်တိုင်းကြား ပျက်စီးခြင်းဘေး ရောက်တော့မည့် လှေငယ်လေး သဏ္ဌာန်က အထင်းသားပေါ်လွင်နေသည်။ တပည့်တော်များက လှိုင်းလေကြား ရုန်းကန်နေ ရပြီး သခင်ယေရှုကမူ ဘာမှမဖြစ် အေးဆေးပင်။ ထိုလှေ၌ (၁၃) ယောက်မြောက် တပည့်တော် တစ်ဦး ပါဝင်နေပြီး အနုပညာ ကျွမ်းကျင်သူ ပညာရှင်များက ၎င်းသည် ‘ရမ်းဘရန့်’နှင့် ဆင်တူ သည်ဟု ဆိုကြသည်။
တပည့်တော်များသည် ယေရှုမည်သူဖြစ်သည်၊ သူဘာပြုနိုင်သည်ကို ကောင်းကောင်း သဘောပေါက်သွားသည်ဟု ရှင်မာကုခရစ်ဝင်ကျမ်း၌ ဖော်ပြထားသည်။ နစ်မြုပ်လုနီးပါး လှေငယ်လေးကို ၎င်းတို့ ထိတ်ပြာစွာနှင့် ကြိုးစားထိန်းနေကြစဉ် ယေရှုက အိပ်ပျော်နေသည်။…
သံသယမေးခွန်းများ
အမေရိကန်ပြည်တွင်းစစ် ပြီးသည့် နောက်တွင် ယူနီယံတပ်မှဗိုလ်ချုပ် လျူ ဝေါလစ် သည် ရထားဖြင့်ခရီးသွားစဉ် ဗိုလ်ကြီး ရောဘတ် အင်ဂါစောလ် ဆိုသည့်ပုဂ္ဂိုလ်နှင့် ဆုံခဲ့ရသည်။ ဗိုလ်ကြီး အင်ဂါစောလ်သည် ၁၉ ရာစုခေတ် ၏ ထင်ရှားသော ဘုရားရှိလား၊ မရှိလား သံသယရှိသူဖြစ်ပြီး၊ ဗိုလ်ချုပ် ဝေါလစ် မှာမူ ယုံကြည်သူ ဖြစ်သည်။ ၎င်းတို့နှစ်ဦး စကားစမြည် ပြောကြရင်း ၎င်းတို့၏ ယုံကြည်ခံယူချက် ခြားနား သည့် အကြောင်းရောက်လာသည်။ ဗိုလ်ကြီး မေးလာသည့် မေးခွန်းများ၊ သံသယဖြစ်ဖွယ် အချက်များကို ဗိုလ်ချုပ်က သူ မဖြေနိုင်ကြောင်း သိ သည်။ မိမိ၏ယုံကြည်ခြင်းနှင့် စပ်လျဉ်း၍ သေချာ ဂဃနဏမသိသည့် သူ့အဖြစ်ကို အရှက်ရပြီး ဗိုလ်ချုပ် ဝေါလစ် သည် နှုတ်ကပတ်ကျမ်းစာကို မွှေနှောက်စူးစမ်းပါတော့သည်။ နောက်ဆုံးရလဒ်ကား သမိုင်းတွင်ခဲ့သော “ဘင်ဟား—ခရစ်တော်အကြောင်း ဇာတ်လမ်း”…
ချစ်တတ်အောင်သင်ယူပါ
၁၇၂၁ ခုနှစ်က ဂရင်းလဲန်း ဒေသသို့ သာသနာပြုအဖြစ် ‘ဟဲန်စ် အက်ဂ်ျ’ သွားရောက် ခဲ့စဉ်က “Inuit” ဘာသာစကားကို သူနားမလည် ခဲ့ပါ။ သူ့စိတ်ထားက ဗိုလ်ကျခြယ်လှယ်တတ်သူ ဖြစ်ပြီး လူတို့အပေါ် အကြင်နာ ကရုဏာပြနိုင်ရန် အလွန်ကြိုးစားခဲ့ရသည်။
၁၇၃၃ တွင် ဂရင်းလဲန်း တစ်ခုလုံး ကျောက်ရောဂါကပ်ဆိုက်ရာ “Inuit” လူမျိုးသုံးပုံ နှစ်ပုံခန့် သေကြေပျက်စီးခဲ့ပြီး၊ ‘အက်ဂ်ျ´ ၏ ဇနီး မှာလည်း အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည်။ ဤသို့ ရောဂါဝေဒနာကို မျှဝေခံစားခဲ့ရ၍ ‘အက်ဂ်ျ’၏ သရဲသဘက်ကဲ့သို့သော စိတ်ထားက အရည်ပျော်ပြောင်းလဲခဲ့ပြီး၊ ထိုလူမျိုးစုတို့အား မမောနိုင်မပန်းနိုင် ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးပိုင်းဆိုင်ရာ မစလျက် အစေခံအမှုဆောင် တော့သည်။ ယခုတွင် သူ့အသက်တာက သူဝေငှပြောပြသည့် ဘုရားမေတ္တာအကြောင်း ကို ပို၍ထင်ရှားကောင်းမွန်စွာဖော်ကျူးခဲ့ပြီး၊ ဘုရားသခင်က သူတို့ကိုလည်း ချစ်ကြောင်း “Inuit” လူမျိုးစုတို့ သဘောပေါက်ခဲ့သည်။…
အောက်ဆင်းလာပါ
ဗီဒီယိုရိုက်ကွက်လေးတွင် ခွေးမလေး ‘ဒေစီ’ က လှေကားထိပ်မှအောက်သို့ မဆင်းရဲပါ။ အောက်မှလူများက အားပေးရင်း ဆင်းလာရန် အော်ခေါ်နေကြသော်လည်း ‘ဒေစီ’ မရဲပါ။ တကယ်ဆင်းချင်ရှာသော်လည်း ကြောက်စိတ်နှင့် တွန့်နေရှာသည်။ သို့နှင့် အကောင်ကြီးသည့် ခွေးလေး ‘စိုင်မွန်’ က လှေကားထိပ်သို့ တက်သွားပြီး ပြန်ဆင်းပြကာ ဘာမှမခက်ဟု သင်ပြသည်။ ‘ဒေစီ’ မရဲသေးပါ။ ‘စိုင်မွန်’ ထပ်လုပ်ပြသည်။ ဤတစ်ကြိမ်တွင်မူ သူဖြည်းဖြည်းဆင်းပြသည်။ သို့သော် ‘ဒေစီ’ ကြောက်နေဆဲပါ။ တတိယအကြိမ် ‘စိုင်မွန်’ သင်ပြပေးပြန်သည်။ နောက်ဆုံးတွင် ‘ဒေစီ’သည် ခြေတစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ ဆင်းလာသည်။ ‘စိုင်မွန်’ က နောက်မှကပ်ပြီး လိုက်ဆင်းသည်။ ‘ဒေစီ’ လှေကားအောက်သို့ ရောက်သွားချိန်တွင် အားလုံးဝိုင်း၍ သြဘာပေးကြလေသည်။
တပည့်တော်ဖြစ်ခြင်း သဘောတရားကို ဖော်ကျူးနေသည့် ပြကွက်လေး ဖြစ်ပါသည်။ အခြားသူများကို အပေါ်တက်တတ်အောင် ကျွန်မတို့ အချိန်ကုန်ခံ…