သကြားချိုချို
သူ့ကို လိုအပ်ချိန်၌ မေရီပေါ့ပင်း ဘယ် ရောက်နေပါလိမ့်။ ကလေးထိန်း နာနီ မေရီပေါ့ပင်း ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျပါ။ သို့သော် ကြည့်ရသည်မှာ ပျော်ရွှင်စရာကောင်း သည်။ သူရှိနေ၍ ကလေးများကို သွန်သင်ကြည့်ရှု ရန် ကိစ္စပူစရာမလိုပြီ။ ထိုသို့ အဆင်ပြေမှုများ ဆောင်ကြဉ်းပေးသူကို တောင့်တခြင်းက အရင်က ခေတ်ကောင်းကို တောင့်တနေသကဲ့သို့ ဖြစ်နေပုံ ပေါ်ပါသည်။ စင်စစ် ကျွန်မအမှန် တောင့်တမျှော်လင့် သည်က လက်တွေ့ကျပြီး အကောင်းမြင်တတ်သူ၊ အနာဂတ်အတွက် ရူပါရုံရှိသည့် လူသားများကိုပါ။ အဆိုးဖက်မှ ကျွန်မတို့မြင်သမျှကို အကောင်းမြင် တတ်အောင် ပြသပေးနိုင်သူ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ဆန်းသစ်နိုင်စွမ်းရှိသူ၊ “သကြားချိုချိုဖြင့် ဆေးခါးမျို နိုင်ကြောင်း” သတိပေးမည့်သူကို ကျွန်မအလွန်လိုအပ်ပါသည်။
အလားတူ အမှန်တရားကို ဖော်ကျူးလျက် ဒါဝိဒ်က “ထာဝရဘုရား၏ စီရင် တော်မူချက်တို့သည် …ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏” ဟု…
အထင်မှားခံရသည်
ကျွန်တော့်ညီထွေး စကော့ မွေးဖွား လာချိန်တွင် ကျွန်တော်က အထက်တန်းကျောင်း ဒုတိယနှစ်ကိုပင် တက်ရောက်နေပါပြီ။ ဤသို့ အသက်ကွာမှုကြောင့် ညီလေးကောလိပ် စတက် ချိန်တွင် စိတ်ဝင်စားဖွယ် အခြေအနေဖြစ်ပေါ်ခဲ့၏။ သူ ပထမဆုံး ကောလိပ်တက်သည့်နေ့တွင် ကျောင်းပရိဝုဏ်သို့ ညီလေးနှင့်အတူ အမေနှင့် ကျွန်တော်လည်း လိုက်သွားသည်။ လူအများက ကျွန်တော်တို့အား စကော့ ခရောက်ဒယ်၏ အဖေနှင့်အဖွားဟု ထင်မှတ်ကြသည်။ ထို အထင်မှားမှုကို ပြင်မရခဲ့ပါ။ ကျွန်တော်တို့ ဘာပဲ ပြောပြော၊ ဘာပဲလုပ်လုပ်၊ ဤသို့အထင်မှားခံရ သည့် ရယ်စရာတော်စပ်မှုက အတည်ဖြစ်ပြီး အမှန်တကယ် ညီအစ်ကိုတော်စပ်မှုကို လူတို့မယုံ၊ အမှန်တကယ်တော်စပ်မှုက ပျောက်သွားသည်။
သခင်ယေရှုက သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဖာရိရှဲတို့အား မေးမြန်း ခဲ့သည်။ “သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင် ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြ၏”…
ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်
စစ်ဘေးခံရသောနိုင်ငံမှ ရွှေ့ပြောင်းလာ သော စစ်ပြေးဒုက္ခသည်များ၏ ရင်နင့်ဖွယ်အခက် အခဲအကြောင်း တင်ပြထားသည့် ရုပ်မြင်သံကြား သတင်းမှ ၁၀ နှစ်အရွယ် စစ်ပြေးသမီးငယ်လေး တစ်ဦး၏စကားကြောင့် ကျွန်တော် ရင်နင့်ခံစားသွား ရသည်။ သူတို့၏ မွေးရပ်ဇာတိသို့ ပြန်ရန် ဖြစ်နိုင်ချေ မရှိသလောက်ဖြစ်သော်လည်း သူ့စကားက သူ၏ ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်ကို ပြနေသည်။ “သမီး တို့တွေ အိမ်ပြန်ရရင် အိမ်နီးချင်းတွေဆီ သွားလည် မယ်။ သူငယ်ချင်းတွေနဲ့လည်း ကစားမယ်”။ “သမီး တို့မှာ အိမ်မရှိတော့ဘူးလို့ အဖေက ပြောတယ်။ အဲဒီတော့ သမီးက ပြန်ဆောက်ကြမှာပေါ့လို့ ပြော လိုက်တယ်”ဟု ခိုင်မာပြတ်သားစွာ ပြောခဲ့သည်။
အထူးသဖြင့် ဘဝ၌ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တစ်ပါးသူကို ချစ်ခြင်းစိတ်တို့ဖြင့် အမြစ်စွဲတည်နေလျှင် ဘဝကို အရှုံးမပေးဘဲ ရပ်တည်နေနိုင်မည့် နေရာတစ်နေရာစာ ရှိပါသည်။ ရုသဝတ္ထုကို ကြေကွဲဝမ်းနည်းခံစားနေရသည့်…
အသစ်တစ်ဖန်အစပြုခြင်းများ
ဘဝသစ်တစ်ဖန်အစပြုခြင်းမှာ အမှန် ဖြစ်နိုင်ပါသည်။ အလယ်တန်းကျောင်းတက်နေစဉ် ၌ပင် လူဆိုးဂိုဏ်းဝင်ဖြစ်သွားသော ဘရိုင်းယန် ဆိုသူ ချာတိတ်လေးကို မေးကြည့်လိုက်ပါ။ သူသည် အသက် ၁၂ နှစ်တွင် အိမ်မှ ထွက်ပြေးပြီး ၃ နှစ်မျှ လူဆိုးဂိုဏ်းနှင့် မူးယစ်ဆေး၏ ကျေးကျွန်ဖြစ်ခဲ့ သည်။ ထို့နောက် လူဆိုးဂိုဏ်းမှထွက်ပြီး အိမ်ပြန် ရောက်ခဲ့သော်လည်း မူးယစ်ဆေးရောင်းဝယ်မှုဖြင့် ကျောင်းထုတ်ခံရပြန်၍ ဘဝရှင်သန်ရန် အတော် ခက်ခဲသွားသည်။ အခြားကျောင်း၌ ကျောင်းပြန် တက်ရာ ဆရာမတစ်ဦးက စရိုက်ဟောင်း၌ ထပ်မံကျင်လည်မည့်အစား သူ့အတွေ့အကြုံများ ကို ရေးသားရန် သူ့ကိုစိတ်ခွန်အားပေးတိုက်တွန်း ခဲ့သည်။ ထိုစိန်ခေါ်မှုကိုရင်ဝယ်ပိုက်ရင်း ယခုအချိန်တွင် လန်းဆန်း တက်ကြွသော ဘဝသစ်ကို ဘရိုင်းယန် ခံစားနေပါပြီ။
တိုင်းတစ်ပါးသို့ ကျွန်ပြုခေါ်ဆောင်ခံရသော ယုဒလူများအား ဘဝသစ်တစ်ဖန် အစပြုခြင်းအကြောင်း ဆင်ခြင်စဉ်စားရန် ပရောဖက်ဟေရှာယမှတစ်ဆင့် ဘုရားသခင် အားပေးခဲ့သည်။ ဘုရားသခင်က “ဖြစ်ဘူးသောအမှုတို့ကို…
ဘုရားသခင်သည် တန်ခိုးမကြီးပေဘူးလား
တစ်ရက်တွင် ကျွန်တော့်၏ ၃ နှစ်အရွယ် မြေးမလေး ကေတီ က “မေမေနဲ့ဖေဖေ နှစ်ယောက် စလုံးရဲ့ ညီမတွေ ဆုံးသွားပြီ။ ဘုရားသခင်က သူနဲ့ အတူရှိနေဖို့ သူတို့တွေကို ကောင်းကင်ကိုခေါ် ဆောင်သွားတယ်။ ဘုရားသခင်ဟာ တန်ခိုးမကြီးပေ ဘူးလား”ဟု ဓမ္မအတွေးဆန်သည့် စကားဆိုသဖြင့် သူ့မိဘများ အံ့သြသွားရသည်။
ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော် သည် ဆန်းကြယ်လှသော်လည်း ကလေးငယ် တစ်ဦး နားလည်နိုင်အောင် ရိုးစင်းလှပေသည်။ ကေတီ၏အတွေးနုနုတွင် ဘုရားသခင်က အံ့ဖွယ် နိမိတ်တစ်ခု ပြုလုပ်ခြင်းသည် သူတန်ခိုးကြီးခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ အသေးစိတ်ကို နားမလည်ငြားလည်း ဘုရားသခင် သည် သူ့အဒေါ်နှစ်ဦးကို ကောင်းကင်သို့ခေါ်ဆောင် သွားခြင်းက အံ့သြဖွယ်ကိုပြုနေခြင်းဟု သူနားလည်ထားသည်။
ခေတ်မီတိုးတက်သောကမ္ဘာကြီးထဲ၌ အေးဆေးစွာအချိန်ယူပြီး “ဘုရားသခင် တန်ခိုးကြီးလိုက်တာ”ဟူ၍ ဘယ်နှစ်ကြိမ်အံ့သြမိန်းမောဖူးသနည်း။ ခဏခဏ အံ့သြ ခံစားမည် မထင်ပါ။…
မတည်ငြိမ်သော နောက်လိုက်များ
လူထု၏ အမြင်သဘောထားက ပြောင်းလွယ်ပါဘိ။ ပဿခါပွဲ ခံယူရန် ယေရုရှလင်မြို့သို့ သခင်ယေရှုကြွလာရာ တစ်မြို့လုံးက သူ့ကို ဘုရင်အဖြစ် ချီးမြှောက် ကြိုဆိုခဲ့သည် (ယော ၁၂း ၁၃)။ သို့သော် ထိုသီတင်းပတ်အကုန်တွင် သူ့ကို ကားတင် သတ်ရန် တောင်းဆိုခဲ့ကြသည် (၁၉း ၁၅)။
ကျွန်မလည်း ထိုပရိသတ်ထဲတွင် မိမိ ကိုယ်ကို ထည့်တွက်ရပါမည်။ အားကစားပွဲ၌ နိုင်နေသည့် အသင်းကို အားပေးရန်နှစ်သက်ပြီး ထိုအသင်းရှုံးတော့မည်ဆိုပါက ကျွန်မလည်း စိတ်ယိုင်လာတော့သည်။
စိတ်လှုပ်ရှားဖွယ် လှုပ်ရှားမှုအသစ်များ ၌ ပါဝင်လှုပ်ရှားရန် ကျွန်မ ဝါသနာပါသည်။ ထိုလှုပ်ရှားမှုက အခြားတစ်နေရာသို့ ချဉ်းနင်းသွားလျှင် ကျွန်မက အခြားလှုပ်ရှားမှုသို့ စိတ်ပြောင်းသွားသည်။ ကိုယ်တော်က မဖြစ်နိုင်သောအမှုများပြုစဉ် နောက်တော် လိုက်ရခြင်းကို နှစ်ခြိုက်ရပြီး၊ ကိုယ်တော်ကခက်ခဲသော အမှုတစ်စုံတစ်ခုပြုရန် စေခိုင်း လျှင် ကျွန်မကုတ်ချောင်းကုတ်ချောင်း ဖြစ်သွားသည်။ လူပရိသတ်ကြား၌ အများနှင့်…
ကိုယ်ကျိုးနည်းစေသည့် ချို့ယွင်းချက်
ဇာတ်လမ်းတစ်ခုတွင် အဓိက
ဇာတ်ကောင် မင်းသားကို ကျရှုံးစေသည့် အကျင့်စရိုက် တစ်ခုခုကို ကိုယ်ကျိုးနည်းစေ သည့် ချို့ယွင်းချက် ဟုခေါ်သည်။အသက် ၁၆ နှစ်၌ ယုဒဘုရင်အဖြစ် တင်မြှောက်ခံရသည့် သြဇိမင်း၌ ထို ချို့ယွင်းချက်ရှိသည်။ သူသည် နှစ်ပေါင်းများစွာ ထာဝရဘုရား၏မျက်နှာကို ရှာခဲ့ပြီး ထိုသို့ပြုသမျှ ကာလပတ်လုံး ဘုရားသခင်သည် သူ့အား အောင်မြင်မှုများ ပေးခဲ့သည်။ 'ထိုသို့ တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍ သတင်းတော်သည် အနှံ့အပြား ကျော်စော၏' (၆ရာ၂၆း၎-၅)။ “သြဇိမင်းသည် တန်ခိုးကြီး သောအခါ ကိုယ်အကျိုး နည်းအောင် ထောင်လွှားသော စိတ်ထသဖြင့်” (း၁၅-၁၆) အခြေအနေများ ပြောင်းလဲသွားသည်။
သြဇိမင်းသည် ပေါ်ပေါ်ထင်ထင်ပင် ထာဝရဘုရားကို ပြစ်မှား၍ မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကိုမီးရှို့ခြင်းငှာ ထာဝရဘုရား၏ ဗိမာန်တော် ထဲသို့ ဝင်လေ၏(း၁၆)။ မာန်ထောင်လွှားခြင်းကြောင့် ဘုရား၏ပညတ်ချက်က အခြားသူအတွက်ဖြစ်ပြီး…
ငြိမ်ဝပ်လျက် နေကြလော့
ကျွန်တော့်၏ မိတ်ဆွေ“အဲလ် လူးဝစ်” သည် ထူးထူးခြားခြားဘဝကို လိမ္မာစွာ ရှုမြင် တတ်သူ ဖြစ်သည်။ သူ့ကို “နေကောင်းလား” ဟု နှုတ်ဆက်လျှင်“ကောင်းတယ်” ဟုပြန်ဖြေ မည်ဟုထင်လည်း သူက “ကိုယ်တော့်ကို ခေါ်နိုးရတယ်” ဟုဖြေသည်။ “ဘာအဓိပ္ပာယ် လဲ”ဟုမေးရာ၊ သူက “ကျမ်းစာ မဖတ်ဘူးလား” ဟု နောက်ပြောင်ရင်း “တပည့်တော်တွေ ဒုက္ခရောက်တဲ့အခါ ကိုယ်တော့်ကို ခေါ်နိုးရ တယ်လေ၊ ကျွန်မလည်း ကိုယ်တော်ဆီ ပြေးရ တာပဲ” ဟု ရှင်းပြသည်။
ပြေးစရာမရှိ ဒုက္ခပြဿနာထဲ ချောင်ပိတ်သည့် အခြေအနေ၌ ကျွန်တော်တို့ ဘာလုပ်တတ်သနည်း။ အသက်အန္တရာယ် စိုးရိမ်ရသည့် မုန်တိုင်းထဲရှိနေစဉ် တပည့်တော်တို့ သခင့်ထံ ချဉ်းကပ်သကဲ့သို့ ကျွန်တော်တို့လည်း ယေရှုဆီသို့ ပြေးကောင်းပြေးမည် (မာ ၄း ၃၅ - ၄၁)။ သို့ငြားလည်း တစ်ခါတစ်ရံ၌ လက်တုံ့ပြန်ရန်…
ဘုရားသခင့်ဘုန်းတော် ထင်ရှားဖော်ပြခြင်း
ကျွန်တော်သည် ကလေးဘဝကပင် ဘတ်စကတ်ဘော ဝါသနာအိုးဖြစ်ပြီး “ဒက်ထွိုက် တိုင်းဂါးစ်” အသင်းကို အထူး အားပေးခဲ့သည်။ သို့သော် မကြာမီကပြိုင်ပွဲ ရာသီတွင် တိုင်းဂါးစ်အသင်း၏ကစားပုံ ညံ့ဖျင်းပြီး၊ ပြိုင်ပွဲအစမှာပင် စံချိန်ကျခဲ့၍ ကျွန်တော် အလွန်စိတ်ပျက်ပြီး နေမထိ ထိုင်မသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ကျွန်တော် နေသာထိုင်သာရှိအောင် ၄ ရက်မျှ “တိုင်းဂါးစ်” အသင်းနှင့်ပတ်သက်၍ ဘာမှ နားမထောင်ဘဲ နေလိုက်သည်။
ထိုလေးရက်အတွင်း မိမိအကျွမ်းဝင် စွဲလန်း သောအရာကို စွန့်လွှတ်ရန် အလွန်ခက်ခဲ ကြောင်း ကျွန်တော်ဆင်ခြင်မိသည်။ သို့သော် လည်း ကျွန်တော်တို့စွန့်လွှတ်ရန် ဘုရားသခင် အလိုတော်ရှိသည့် အချိန်ရှိတတ်ပါသည်။
ဥပမာ - မိမိကိုလွှမ်းမိုးနေသည့် ကိစ္စတစ်ခုခု၌ ကျွန်တော်တို့ပါဝင် ပတ်သက်နေပြီး ထိုကိစ္စကို ကန့်သတ်ရပ်တန့်လိုက်ခြင်းက အကောင်းဆုံးဟု ကျွန်ုပ်တို့ သဘောပေါက်သည် (၁ ကော ၆း ၁၂)။ သို့မဟုတ်…
ကိုယ်ကျိုးစွန့်မှု အစစ်အမှန်
အဲရစ်သည် လူကောင်းတစ်ဦးဖြစ်သည်။ ရဲအရာရှိတစ်ဦးအနေဖြင့် သူ့အလုပ်ဝတ္တရား များနှင့်စပ်လျဉ်း၍ ရပ်ကွက်ဒေသအတွက် ဝန်ဆောင်မှုပေးသည်ဟု ခံယူသည်။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ အကြွင်းမဲ့သန္နိဋ္ဌာန်ချထား သည်။ ဤစိတ်ဆန္ဒရှိကြောင်း သူ၏ လော့ကာ ဗီဒိုတံခါးပေါ်၌ ကပ်ထားသည့် ယော ၁၅း၁၃ ကျမ်းပိုဒ်က သက်သေဖြစ်သည်။
ထိုကျမ်းပိုဒ်၌ “ကိုယ်အဆွေတို့အဘို့ အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ” ဟု သခင်မိန့်ကြားခဲ့သည်။ ထိုစကားလုံး များက အလွန်မြင့်မြတ်သည့်စိတ်ကူးသက်သက်မဟုတ်ပါ။ ရဲအရာရှိတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ရင်း အသက်ပေးရသည်အထိ အဲရစ်၏ခံယူချက်က အသက် ကိုပင် ရင်းလိုက်ရပါသည်။ ၄င်းသည် မှန်သော နှလုံးသား၏ကိုယ်ကျိုးစွန့်မှု အစစ် အမှန်၊ တကယ့်ဘဝကို ဖော်ထုတ် ပြသခြင်းဖြစ်သည်။
ယော ၁၅း၁၃ မှ လေးနက်သောစကားကို မိန့်ကြားပြီး နာရီပိုင်းအတွင်း၌ပင် သခင်ယေရှုက လက်တွေ့သက်သေပြခဲ့သည်။ အထက်ခန်း၌ ကိုယ်ကျိုးစွန့်ခြင်း အကြောင်းပြောပြီး…