စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

အစဉ်အသင့်ရှိနေခြင်း

ခွင့်ရက်ရှည်ဖြင့် သား အိမ်သို့ ပြန်လာစဉ် တစ်မနက်တွင် သူက ကျွန်တော့်ရုံးခန်း တံခါးကို ခေါက်ပြီး “ဘာလုပ်နေလဲ”ဟု မေးရာ၊ “ဆန်းဒေးစကူးလ်အတွက် ပြင်ဆင်နေတာ”ဟု ကျွန်တော်ပြန်ဖြေခဲ့သည်။ ကျွန်တော့် ရုံးခန်းထဲ အမြဲအချိန်ကုန်ခဲ့သည်ကို ပြန်တွေးရင်း “တစ်ခုခု အတွက် အမြဲတမ်း ကြိုတင်ပြင်ဆင်နေရသလိုပဲ” ဟု ကျွန်တော် ပြောခဲ့သည်။
အခြားသူများကို နှုတ်ကပတ်တော် ဝေမျှရသည့်အခွင့်ကို ပေးသနားသည့်အတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်သည်။ တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ရာကို အစဉ် ပြင်ဆင်ပေးရခြင်းက စိတ်ဖိစီးရသည်။သင်ခန်းစာ၊ တရားဟောချက်တစ်ခုခုကို မပြတ် ပြင်ဆင်ထား ရသည့် စိတ်ဖိစီးမှုနှင့် မိမိ၏ ဦးစားပေးမှုများကို ဟန်ချက်ညီအောင်ညှိရန် ခက်လှသည်။
ဤသို့ အစဉ်ကြိုတင်ပြင်ဆင်ရခြင်းကို ကျွန်တော်သဘောကျသောကြောင့် ထိုအချက်နှင့်ပတ်သက်ပြီး နှုတ်ကပတ်တော်၏သွန်သင်ချက်ကို လေ့လာကြည့်ရာ ကျွန်တော်တို့သည် အစဉ်အသင့်ရှိနေရန် ခေါ်ယူခြင်းခံရကြောင်း တွေ့ရှိခဲ့သည်။ ဘုရား သခင်ထံအပ်နှံထားသော နှလုံးသားသည် ကိုယ်တော့်အားအစေခံရန် ပြင်ဆင်ထား…

နှုတ်ကပတ်တော် ဆင်ခြင်ခြင်း

King James သည် ကျော်ကြားသော ကျမ်းစာဘာသာပြန်ဆိုသူတစ်ဦးဖြစ်ပြီး ထို ဘာသာပြန်ကျမ်းစာများကို သူ့အမည်ဖြင့် အစွဲပြု မှည့်ခေါ်သည်။ သမ္မာကျမ်းစာကို ပုံနှိပ်သည့် တစ်ချိန်တည်းမှာပင် ဆုတောင်း ပတ္ထနာလမ်းညွှန် စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ထို စာအုပ်ကို ဆုတောင်းဝတ်ပြုစည်းဝေးများတွင် ယနေ့တိုင် အသုံးပြုလျက်ရှိပြီး သမ္မာကျမ်းစာကို နှလုံးသွင်း ဆင်ခြင်ဖတ်ရှုရေး ပြည့်စုံကောင်းမွန် သော ဆုတောင်းချက်တစ်ချက်ပါဝင်သည်။
“မြတ်စွာသောဘုရားသခင်၊ အကျွန်ုပ်တို့ သင်ယူဆည်းပူးရန်အလို့ငှာ ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်သော ကျမ်းစာကို မှုတ်သွင်းရေးသားစေပါ၏။ ကျမ်းစာတော်မြတ်ကို ကျွန်ုပ်တို့ ကြားနာဖတ်ရှုမှတ်သားနာယူပြီး နာခံလိုက်လျှောက်ရန်၊ နှုတ်ကပတ်တော်၏ နှစ်သိမ့်သက်သာခြင်းနှင့် သည်းခံခြင်းအားဖြင့် မင်္ဂလာရှိသော ထာဝရအသက် မျှော်လင့်ခြင်းကို ဖမ်းဆုပ်ရယူရန်၊ ကျေးဇူးပြု၍ မစတော်မူပါ။”
အစောပိုင်းရာစုနှစ်ပေါင်းများစွာက ပရောဖက်ယေရမိသည်လည်း ကျွန်ုပ် တို့၏နှလုံးသားများကို သမ္မာကျမ်းစာအားဖြင့် ရွှင်လန်းအားရဝမ်းမြောက်စေရန် အလားတူ ဖော်ပြခဲ့သည်။ “ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို…

ရုန်းကန်ရမှုများမှ ထွက်ပေါ် လာသည့် တေးသီချင်းများ

ဂီတပညာရှင်သုံးဦးအကြောင်း ရိုက်ကူး ထားသော မှတ်တမ်းရုပ်ရှင်တွင် ဂျက်ဝှိုက်က သီချင်းကောင်းတစ်ပုဒ်ရေးစပ်နိုင်ရန် အဓိက ကျသောအချက် တစ်ချက်ကို ဖော်ပြသည်။
“သီချင်းကောင်းတစ်ပုဒ်ကို ရေးစပ်နိုင်ဖို့ ခင်ဗျားရဲ့ဘဝ၊ ခင်ဗျားရဲ့နှလုံးသားမှာ ဒုက္ခ ဝေဒနာတွေကို နက်နက်ရှိုင်းရှိုင်း ခံစားဖူးပြီးလား။ မခံစားဖူးသေးရင် ခံစားကြည့်ဖို့ လိုလိမ့်မယ်”ဟု ပြောသည်။ မိမိအတွက် အဓိပ္ပာယ်ရှိသည့် သီချင်းသည် မိမိ၏အနက်ရှိုင်းဆုံးခံစားချက်ကို ပေါ်လွင်စေသည်။ ကျမ်းစာ၏သီချင်းစာအုပ်ဟူ၍ မကြာခဏ ခေါ်ဆိုကြသော ဆာလံကျမ်းအများစု သည် ဘဝ၏ဒုက္ခဝေဒနာများကြားမှ ပေါ်ထွက် လာသည်။ ၄င်းကျမ်းများက ဘဝ၏စိတ်ပျက် စရာများ၊ ကြောက်စိတ်များကို ဖော်ကျူးထား သော်လည်း နှစ်သိမ့်မှုပေးသည့် ဘုရားသခင်၏ သစ္စာတည်သော ချစ်ခြင်းမေတ္တာတော်ကို အစဉ် ပြညွှန်လျှက်ရှိသည်။
ဆာလံ (၃၁) ၌ ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထို့ကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပင်ခြင်းအားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊…

မွမ်မာ၏စည်းကမ်းများ

မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာတစ်ခုမှ ခင်မင်စရာကောင်းသည့် မွမ်မာ အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ကျွန်တော်သိခဲ့ရသည်။ သူ့ဂေဟာတွင် ခိုကိုးရာမဲ့ မိဘမဲ့ကလေး တစ်ဒါဇင်ခန့်ရှိပြီး ၄င်းတို့အား နေစရာပေးပြီး၊ မေတ္တာဖြင့် လမ်းပြပြုစုပျိုးထောင်ပေးသည်။ ဂေဟာသို့ ကလေးငယ်တစ်ဦး ရောက်လာတိုင်း ပထမဆုံးလုပ်ရသည့်အလုပ်မှာ မွမ်မာ၏ စည်းကမ်းများကို ရှင်းပြရခြင်း ဖြစ်သည်ဟု သူမက ပြောပြသည်။ ထိုစည်းကမ်းများတွင် ဆောင်ရန် ရှောင်ရန်များ၊ ပညာမသင်ရသော ကလေးများအား စာသင်ပေးရင်း အလုပ်များ သော ဂေဟာတွင် အိမ်မှုဝေယျာဝစ္စများကို ကလေးများ ကူညီလုပ်ကိုင်ရန် စသည်ဖြင့်ပါရှိပြီး၊ ထိုသို့အားဖြင့် တစ်ဖက်မှလည်း ဂေဟာအတွက် အထောက်အကူဖြစ်စေကြောင်းပြောပြသည်။
ကလေးအချို့က မွမ်မာ၏စည်းကမ်းများသည် သူတို့၏ကစားချိန်ကို လုယူ သည်ဟု တွေးပြီး ပြစ်တင်နိုင်သည်။ သို့သော် အမှန်တရားကို လက်ခံရပါမည်။ ၄င်း စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်းဖြင့် စနစ်တကျသပ်ရပ်သန့်ရှင်းသောအိမ်၌ မွမ်မာမှစ၍ ကလေးငယ်များသည် ပျော်ရွှင်ဖွယ်…

ဆုတောင်းပေးပါ

ကျွန်မ တက်ရောက်နေသောကျမ်းစာ သင်တန်းသို့ မကြာမီက သာသနာပြုဆရာမ တစ်ဦး ရောက်လာခဲ့ပြီး နိုင်ငံခြားသာသနာပြု အဖြစ်သွားရာ၌ အိမ်အသုံးအဆောင်ပစ္စည်း များထုတ်ပိုးရခြင်း၊ မိတ်ဆွေများနှင့်ခွဲခွာရခြင်း၊ ဝေးလံသော နိုင်ငံရပ်ခြား၌ ပြန်အခြေချရခြင်း စသည်တို့ကို ပြောပြသည်။ ထိုသာသနာပြု နယ်မြေသို့ ရောက်သွားသောအခါ မူးယစ်ဆေး ကုန်သွယ်သည့်ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင် ရသည်။ လမ်းခရီးမှာ ကြမ်းတမ်းပြီးအန္တရာယ် များသည်။ ဘာသာစကားမတူ၍ ဆက်ဆံရေး ခက်ခဲပြီး တစ်သီးတစ်ခြား ဖြစ်ရသည်။ မတူညီသည့် အစာအိမ်ရောဂါ ဗိုင်းရပ်စ်ပိုး လေးမျိုး ကူးစက်ခံခဲ့ရသည်။ သူ့သမီးအကြီးဆုံးသည် ခနော်ခနဲ့လှေကားလက်ရမ်းမှ ပြုတ်ကျပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် သူတို့ အတွက် ဆုတောင်းပေးရန် လိုသည်။
တမန်တော်ကြီးရှင်ပေါလု၏ သာသနာပြုခရီးတွင် အန္တရာယ် အခက်အခဲ များနှင့်ကြုံတွေ့ခဲ့သည်။ သူသည် အကျဉ်းချခံရခြင်း၊ သင်္ဘောပျက်ခြင်းဘေးနှင့် ကြုံရသည်။ ရိုက်နှက်ခံရသည်။ သူ့စာတွင် သူ့အတွက်…

အဖိုးထိုက်တန်သည့်အရာ

ကျွန်တော်သည် ဘဝတစ်လျှောက်လုံး ပစ္စည်းအသစ်အဆန်းလေးများ ရှာဖွေ စုဆောင်းရခြင်းကို ၀ါသနာကြီးပြီး ကျွန်တော် အမြတ်တနိုး သိမ်းဆည်းထားသော ပစ္စည်း အများအပြားရှိသည်။ ၄င်းပစ္စည်းလေး များသည် တစ်ချိန်က အသုံးတည့်ပြီး အရေးပါခဲ့သော်လည်း ယခုတွင် ကျွန်တော့် အတွက် အသုံးပြုရန် အဆင်မပြေတော့ပါ။ သို့သော် ကျွန်တော့် ၀ါသနာအရ နောက်ထပ် ပစ္စည်းအသစ်အဆန်းလေးများကို ဆက်လက် ရှာဖွေဆဲပါ။
ကျွန်တော်တို့ အမြတ်တနိုးစုဆောင်း သောပစ္စည်းများစွာတွင် စင်စစ်အမှန်တကယ် တန်ဖိုးရှိသည့်အရာဟူ၍ မပါရှိသလောက်ပင်။ စင်စစ်အသက်တာ၌ အဖိုးထိုက်တန်ဆုံးအရာများသည် ရုပ်ပစ္စည်းများမဟုတ် ကြောင်း တစ်ချိန်တွင် ကျွန်တော်သိခဲ့ရသည်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာသော သူများနှင့် မိသားစုများသည် ကျွန်တော်တန်ဖိုးထားရသူများပါ။ “သူတို့မရှိရင် ငါဘယ်လိုလုပ်ရမလဲ” ဟုတွေးလိုက်မိသည့်အချိန်၌ သူတို့သည် ကျွန်တော့်ဘဝ အတွက် အမှန်အရေးပါသောသူများဖြစ်ကြောင်း သိလိုက်သည်။
ပေတရုက သခင်ယေရှုအား “ရွေးချယ်သော တိုက်ထောင့် အမြစ်ကျောက် မြတ် (၁ပေ…

မက်မောလောက်သည့်မက်လုံး

ကျွန်တော့်အီးမေးလ်ဝင်စာတွင် နေ့စဉ် မက်လုံးပေးသည့်စာများ များစွာ ဝင်သည်။ မကြာမီက တစ်ပတ်အတွင်း ဝင်လာသော မက်လုံးပေးသည့် ငွေပမာဏကို ပေါင်းကြည့်ရာ ဒေါ်လာ ၂၆ သန်းပင်ရှိသည်။ သို့သော် ဤမက်လုံးများသည် အတုအလိမ် အညာများသာ ဖြစ်သည်။ မက်လုံးပေးသည့် စာများတွင် ဒေါ်လာ ၁ သန်းမှ ၇ သန်း အထိ ပေးသောစာများ ပါဝင်သည်။ ၄င်းတို့ အားလုံးသည် မသမာသူတို့၏ လုပ်ရပ်များသာ ဖြစ်ပြီး ကျွန်တော့်ထံမှ ငွေညှစ်ရန် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် မက်လုံးဒဏ်ကို မခံနိုင်ကြပါ။ ဤမက်လုံးများက ကျွန်ုပ်တို့ကို ဒုက္ခရောက်စေသည့် အရာများသာဖြစ်သည်။ မျှော်လင့်ခြင်း အတုဖြစ်ပြီး ကျွန်ုပ်တို့ကို အမှောင်အိပ်မက်ဆိုး၌သာ အဆုံးသတ်စေ၏။
သို့သော် မက်မောလောက်သည့် စစ်မှန်သော မယုံနိုင်စရာ မက်လုံးတစ်ခုသာရှိသည်။ ၄င်းမှာ ဘုရားရှင်က စွန့်ကြဲသော မက်လုံးပေတည်း။ သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်တွင်…

သတင်းဆိုးကို ကျော်လွှားခြင်း

ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူ ပြသမည်နည်း (ဆာ ၄း၆) ဟု လူတို့ ပြောတတ်ကြသည်။ ဆာလံဆရာ ဒါဝိဒ်၏ အမြင်က ယနေ့ကမ္ဘာပေါ်၌ အဆိုးဖက် မှ တိုးပွားလာမှုကို ဖော်ပြနေပါသည်။ သတင်းစာခေါင်းကြီးပိုင်း၊ အင်တာနက်နှင့် ရုပ်မြင်သံကြားမှ သတင်းများကို ကြည့်မည် ဆိုလျှင် ရာဇဝတ်မှုများ၊ မတော်တဆ ထိခိုက် မှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ အကျင့်စာရိတ္တ အစွန်းရောက် ဆိုးသွမ်းမှု သတင်းများကိုသာ ဖတ်ရှုရသည်။ အလုပ်၌ဖြစ်စေ၊ အိမ်၌ ဖြစ်စေ၊ ကျွန်ုပ်တို့၏ စကားများကခက်ခဲမှု အကြောင်းချည်းသာဖြစ်ပြီး အခြားသူကို စိတ်ပျက်အားလျော့စေသည်။ ကောင်း သတင်းကို ဘယ်မှာကြားနိုင်မည်နည်း။ ဒါဝိဒ်သည် စိတ်သောကဒုက္ခများကြား၌ပင် ပူဆွေးမှုများကို သက်သာစေနိုင်သူ (း၁)၊ ဆုတောင်းသံကို နားညောင်းသောသူ (း၃) ဘုရားရှင်ထံတော်သာ မျှော်ကြည့်သည်။
ပြောင်းလဲသောအခြေအနေများကြားမှ ယာယီကောင်းကျိုးကို မျှော်လင့် ခြင်းထက် ဘုရားရှင်ထံမှ…

ကြောက်မက်ဖွယ်အချိန်များ

ကျွန်တော့်သားဦးလေး မွေးဖွားစဉ်က ကျွန်တော်၏ဇနီးသည် 'မာလင်း' သည် နာရီ ၃၀ ကျော်မျှ ဗိုက်နာသဖြင့် မိခင်ရောကလေးပါ အလွန် စိတ်ဖိစီး ခံစားခဲ့ရသည်။ သူ့ကို ပုံမှန် ကြည့်သည့် ဆရာဝန်မရှိသဖြင့် အစားထိုး ကြည့်ပေးခဲ့သည့် ဆရာဝန်ကလည်း သူ့ ကိုယ်ဝန်အကြောင်းကို ကောင်းစွာမသိပေ။ သို့ဖြစ်၍ ခွဲစိတ်မွေးဖွားရန် အချိန်အကြာကြီး ယူပြီးမှ ဆုံးဖြတ်ပြီး ခွဲစိတ်ရသဖြင့် မွေးကင်းစ သားငယ်မှာ အထူးမွေးကင်းစဆောင်သို့ အပို့ ခံရသည်။ ကလေးငယ်အတွက် မလိုအပ်သော ဖိစီးမှုအခြေအနေကို ရှောင်ရှားနိုင်ရန် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ။
ဘုရားကျေးဇူးတော်ကြောင့် “မက်” နေကောင်းလာသည်။ သို့သော် အထူး ကြပ်မတ်ခန်းတွင် သူ့ပုခက်အနီး စောင့်ကြည့် ခဲ့စဉ် အလွန်စိတ်ခြောက်ခြားခဲ့သည့် အချိန် ကိုဖြင့် သတိမရဘဲ မနေ။ သို့သော် ဘုရားသခင်ထံဆုတောင်းရင်း ကိုယ်တော်သည် အနီးတွင်ရှိကြောင်း ခံစားရသည်။
ဘဝ၌…

သင့်ကိုခေါ်နေသည်

ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးနှင့်
ကျွန်မတို့ လေဆိပ်လုံခြုံရေး ဂိတ်ကိုဖြတ်ကျော် လာပြီး လေယာဉ်စီးရမည့်ဂိတ်သို့ အသွား “အဲန်း စီးတပ်စ်” ဟူ၍ ကျွန်မနာမည် ခေါ်သံ ကို ကြားလိုက်ရသည်။ ထိုနာမည်မျိုးက နှစ်ယောက်မရှိနိုင်သောကြောင့် ကျွန်မကို ခေါ်ခြင်းသာ ဖြစ်ရမည်။ ကောင်တာ၌ကျွန်မ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့ခြင်း ဖြစ်မည်ဟုထင်ခဲ့ သည်။ သို့နှင့် လေဆိပ်အရာရှိ တစ်ဦးကို မေးမြန်းရာ သူက အနီရောင်ဖုန်းလိုင်းသို့ ဆက်သွယ်မေးမြန်းရန် ပြောသည်။ ထိုသို့ ဆက်သွယ်မေးရာ အော်ပရေတာက မခေါ်ကြောင်း ပြန်ဖြေသည်။ 'ကျွန်မ နာမည်ခေါ်တာ သေချာပါတယ်' ဟု ထပ်ပြောရာ သူက ဒုတိယအကြိမ် မခေါ်ကြောင်းသာ ဖြေခဲ့သည်။ ထိုနေ့က ဘာကြောင့် အခေါ်ခံရသည်ကို လုံးဝမသိခဲ့ပါ။
သူငယ်ရှမွေလသည်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက အခေါ်ခံ ခဲ့ရသည် (၁ ရာ ၃း၎)။ ထိုစဉ်က “ရှမွေလသည်…