အကောင်းဆုံးရာသီ လာဦးမည်
ဘဝသည် ရာသီအလိုက် ပြောင်းလဲ သော မိုးလေဝသအခြေအနေနှင့် အလွန်တူ သည်။ မိမိကြိုက်ကြိုက်၊ မကြိုက်ကြိုက် နောက်အခြေအနေ တစ်ခုသို့ ပြောင်းလဲပုံ နည်းမျိုးစုံရှိသည်။ နောက်အခြေအနေသို့ ပြောင်းလဲစဉ် 'ဘာဖြစ်လာမလဲ'ဟု မသေချာမှု၊ စိုးရိမ်မှုများ မကြာခဏခံစားရသည်။
အထူးသဖြင့် ဘဝနေဝင်ချိန်ရာသီတွင် မိမိ တစ်ယောက်တည်း ကျန်ခဲ့မလား၊ ကျန်းမာရေး ကောင်းပါ့မလား၊ ပိုက်ဆံများ ကျန်ပါ့မလား၊ မိမိ၏စိတ်များလန်းဆန်း နေဦး မလား စသည့် အတွေးများ နှင့် ခြောက်ခြား နေ တတ်သည်။ ဘဝ၏ရာသီတိုင်း၌ ရွေးချယ်မှုများ ပြုလုပ်ရသကဲ့သို့ စိုးရိမ်စိတ်များနှင့် အချိန်ဖြုန်း မလား၊ ရှင်ပေါလု ပြောသကဲ့သို့ 'ယခု နေ့ရက်ကာလသည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်မလား' (ဧ ၅း၁၆) ကျွန်ုပ်တို့ရွေးချယ်ရပါမည်။
သင့်အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏သစ္စာရှိမှုကို သင် စိတ်ချ အားကိုးနိုင်ပါသည်။ “ငါသည်…
ချစ်မေတ္တာဖြင့် တို့ထိပါ
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်ုပ် သည် ဆိုးသွမ်းလူငယ် လေ့ကျင့်ရေးစခန်း၌ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးရာ ၄င်းတို့၏အပြုအမူ စိတ်ထားများကို ကိုင်တွယ်ရန် ခက်ခဲကြောင်း တွေ့ခဲ့ရသည်။ သူတို့သည် အိမ်မွေးတိရစ္ဆာန် များကို နှိပ်စက်သည်။ မကြာခဏ အချင်းချင်း ရန်ဖြစ်သည်။ ထို့ကြောင့် အေးဆေးသော စည်းကမ်းတိကျသော နည်းဖြင့် ကိုင်တွယ်ခဲ့ ရသည်။ ကျွန်တော် မကြာခဏ စိတ်အနှောင့် အယှက် ဖြစ်ရသော်လည်း ၄င်းတို့၏ ရုပ်ပိုင်း လိုအပ်မှုများကို အမြဲဂရုစိုက်ပေးသည်။
ကျွန်တော်က အပြင်ပန်း၌ သနားကြင်နာတတ်သော်လည်း စိတ်အတွင်း၌ မူ သူတို့ကို သည်းခံနေရသည်ဟု ခံစားရသည်။ ဤတွင် ကြင်နာတတ်သော ကောင်းကင်ဘုံရှင်အဖသည် နာခံမှုမရှိသည့် သားသမီးများကို မည်သို့ သတ်မှတ်သဘောထားသည်ကို ကျွန်တော် အလေးအနက် ဆင်ခြင်မိသည်။
အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလလူမျိုးများကို “ဘုရားသခင် သည် အနှစ်လေးဆယ်မျှလောက်သောကာလပတ်လုံး (သည်းခံလျက်) တော၌ ကျွေးမွေးတော်မူ၏”…
အဆုံးတိုင် သစ္စာရှိပါ
ဗြိတိန်၌ ကျင်းပသည့် 'ဆော်လမွန် ကီလ်ဒါ' မာရသွန်ပြေးပွဲတွင် အပြေးသမား တစ်ယောက်သည် ၃၂ ကီလိုမီတာ (မိုင်၂၀) ပြေးပြီးနောက် ပြေးလမ်းမှထွက်ကာ ပန်းတိုင် အနီးသို့ ကားဖြင့်သွားခဲ့သည်။ ထို့နောက်ပြိုင်ပွဲ ဆက်ဝင်ပြီး တတိယဆုကို တောင်းဆိုခဲ့သည်။ တာဝန်ရှိသူများက မေးမြန်းစစ်ဆေးရာ သူက “မောသောကြောင့် ဆက်မပြေးခြင်း” ဟု ဆိုခဲ့ သည်။
ကျွန်ုပ်တို့အများစုသည်လည်း ခရစ်ယာန် အသက်တာ၏ ယုံကြည်ခြင်း ပြေးပွဲကိုပြေးရင်း ခြေကုန် လက်ပန်းကျနေသည့် အားကစား သမားနှင့် တူပါသည်။ ဟေဗြဲသြဝါဒစာထဲတွင် “ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့” ဟု အားပေးထားပါသည် (၁၂း၁)။ အားမလျော့ဘဲ ပြေးခြင်းဆိုရာ၌ မိမိပြေးလမ်းတွင်ရှိနေသော အပြစ်များကိုရှောင်ရန်၊ မိမိကိုလေးလံစေသော ဝန်များ ကို လွှတ်ချရန် လိုအပ်ပါသည်။ ဖိစီးနှိပ်စက်မှုများရှိသည့်တိုင် ၄င်းကို ကျော်ဖြတ်ကာ ဆက်ပြေးရန်လိုသည် (၂ တိ…
ယခု ငါမြင်ပြီ
'ဒီပိုးရာ ကဲန်ဒရစ်' သည် မျက်မမြင် တစ်ဦးဖြစ်ပြီး ဇာတ်စင်ပေါ်၌ ဇာတ်ကောင် များ၏ လှုပ်ရှားမှုများနှင့် အပြင်အဆင်များကို နားလည်ရန် အမြဲကြိုးစားရသော်လည်း ဘရော့ဒ်ဝေး ပြဇာတ်ရုံကြီး၌ ကပွဲများကြည့်ရှု အားပေးရခြင်းကို နှစ်သက်သည်။
မကြာမီက “ဒီ-စခရစ်တစ်”စနစ်ဖြင့် စင်ပေါ်မှတင်ဆက်မှုများကို FM အသံဖမ်း စက်လေးဖြင့် ဖမ်းယူပြီး ထုတ်လွှင့်ပေးသည့် ကပွဲကို သွားကြည့်ခဲ့သည်။ တင်ဆက်မှု အချက်အလက်များကို ကပွဲ၏ အလင်းနှင့် အသံဘုတ်ပြား၌ ထည့်သွင်းထား၍ စင်ပေါ်၌ တင်ဆက်မှု စတင်သည်နှင့် အသံဖမ်းစက်မှ ဇာတ်စင်၏ အခင်းအကျင်းနှင့် လှုပ်ရှားမှုများကို ဇာတ်ရည်လည်အောင် ပြန်ထုတ်လွှင့်ပေး သည်။ The Columbus Dispatch စာအုပ် တွင် 'ဒီပိုးရာ'က “ပြီးခဲ့တဲ့အပတ်က နယူးရော့ခ် မှာ ဖျော်ဖြေပွဲကြည့်ခဲ့လားလို့မေးရင် ကြည့်ခဲ့တယ်လို့ဖြေရမှာပဲ။ ကျွန်မ တကယ်ပဲ အဲဒီပွဲကို ကြည့်ခဲ့တယ်” ဟု ရေးသားခဲ့သည်။…
မြေမှုန့်အနုပညာ
ဘုရားသခင်သည် အာဒံကို ဖန်ဆင်းရာတွင် မြေမှုန့်ကို အသုံးပြုခဲ့သည်(က၂း၇)။ သူ၏ ကုန်ကြမ်းများ ကုန်သွားမှာ စိုးရိမ်စရာမလို၊ “The Secret of the Dust” စာအုပ်ကို ရေးသားသူ 'ဟဲနာ ဟုမ်း'၏ အဆိုအရ သဲကန္တာရမှ တန်ပေါင်း ၁ ဘီလျံ မှ ၃ ဘီလျံ ခန့်ရှိ သဲများသည် နှစ်စဉ် ကောင်းကင်သို့ ပျံ့လွင့်သည်။ သဲ ၁ ဘီလျံ တန်ချိန်သည် အလုံပိတ်ကုန်တွဲရထားအဆင်း ၁၄ မီလျံနှင့် ညီမျှသည်။ ယင်းသဲများသည် ကမ္ဘာ့ အီကွေတာကို အကြိမ်ပေါင်း ၆ ကြိမ် လွှမ်းခြုံ နိုင်သည့် တန်ချိန်ဖြစ်သည်။
မြေမှုန့်ကို မည်သူမျှမဝယ်၊ မလိုချင် လောက်အောင် များနေပါသေးသည်။ ကျွန်မ အိမ်တွင် ဖုန်သဲများကို နေနိုင်သလောက် လျစ်လျူရှုထားသည်။ ဖုန်မထူသေးသရွေ့ စိတ်အနှောင့်အယှက်…
တစ်ယောက်ပြီး တစ်ယောက်
'ဆရာကြီး အက်ဒဝပ် ပေဆန်'သည် တစ်ချိန်က နာမည်ကြီး တရားဟောဆရာကြီးပါ။ မုန်တိုင်း ထန်သည့် တစ်နေ့၌ ဘုရားလာရှိခိုးသူ တစ်ဦးသာရှိပြီး၊ လအတန်ကြာတွင် ထိုသူက ဆရာကြီးထံဖုန်းဆက်ခဲ့သည်။ “အဲဒီနေ့ဝတ်ပြု ခြင်းက ကျွန်တော့်ကို ကယ်တင်ရှင်ထံ တွန်းပို့ခဲ့တယ်။ ကယ်တင်ခြင်းနဲ့ အပြစ် အကြောင်း ဆရာဟောတော့ ဘေးကို ကြည့်ပြီး ဆရာဘယ်သူ့ကို ဟောနေတာလဲလို့ ရှာကြည့် တယ်။ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတဲ့ အတွက် နှလုံးသားမှာ မြည်ဟီးတဲ့ စကားနဲ့ အသိစိတ်ရဲ့ စေ့ဆော်မှုကို နာခံဖို့ကလွဲပြီး အခြားရွေးစရာ မရှိတော့ဘူး” ဟုပြောခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို တစ်ယောက်ပြီးတစ်ယောက် ကယ်တင် နေသည်။ လူတစ်ယောက်ကို ပြောပြရန် အခွင့်ရခြင်းသည် သင်၏ သာသနာပြုကွင်း ပင် ဖြစ်သည်။ “ခရစ်တော်ကိုရရှိသည့် ဝိညာဉ်တိုင်းသည် သာသနာပြုများဖြစ်ပြီး၊ ခရစ်တော်ကို မရရှိသည့် ဝိညာဉ်တိုင်းသည်လည်း…
အံ့မခန်းထူးဆန်းစွာ ဖန်ဆင်းခံရ
မကြာမီက မျက်လုံး သွားစမ်းရာ ဆရာဝန်က ကျွန်တော်မမြင်ဖူးသည့် ကိရိယာ တစ်ခု ထုတ်လိုက်သဖြင့် ကျွန်တော်က 'ဘာလဲ' ဟု မေးလိုက်သည်။ “ဒီကိရိယာနဲ့ ခင်ဗျား မျက်လုံးအတွင်းပိုင်း အနောက်ခြမ်းကို ဓာတ်ပုံရိုက်မလို့” ဟု ပြန်ဖြေသည်။
ထိုကင်မရာကို တီထွင်ပေးခဲ့သူအား လေးစားကျေးဇူးတင်မိပါသည်။ သို့သော် ထို ဓာတ်ပုံမှ ဆရာဝန်သိရှိရမည့် အချက်အလက် များကို ကျွန်တော်ပို၍ စိတ်ဝင်စားပါသည်။ “ဒီ မျက်လုံးအနောက်ခြမ်းကို ကြည့်ခြင်းဖြင့် လက်ရှိခင်ဗျားရဲ့ အထွေထွေ ကျန်းမာရေး အခြေအနေကို ပိုပြီးအသေးစိတ်သိနိုင်တယ်” ဟု ဆရာဝန်ကပြောပြသည်။
ဆရာဝန်၏စကားကြောင့် ကျွန်တော် အံ့သြမိသည်။ မျက်လုံးကိုကြည့်ပြီးလူတစ်ဦး၏ ကျန်းမာရေးကို ခြုံ၍ တိုင်းတာသိနိုင်ခြင်းက အံ့သြစရာပါ။ ဘုရားသခင်သည် သူဖန်ဆင်းသည့် ခန္ဓာကိုယ်ထဲ ဤသို့ အသေးစိတ် အချက်အလက်များကို ထည့်သွင်းခဲ့ရာ ကိုယ်တော်အဘယ်မျှလောက် ဂရုစိုက် အလေးထားသည်ကို သိနိုင်ပါသည်။ ဘုရားသခင်၏ဖန်ဆင်းနိုင်စွမ်းကို…
ဆင်းရဲဒုက္ခကာလတစ်လျှောက် ခိုင်ခံ့မြဲမြံစေခြင်း
အသင်းတော် ဝတ်ပြုစည်းဝေးများတွင် ကောင်းချီးပေးခြင်းဖြင့် အဆုံးသတ်လေ့ရှိပြီး၊ အများအားဖြင့် ရှင်ပေတရုသြဝါဒစာ ပထမ စောင်၏ အဆုံးကို ကိုးကားထားခြင်းဖြစ်သည်။ “ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည် ခိုင်ခံမြဲမြံစေ တော်မူလိမ့်မည်။” (၁ ပေ ၅း၁၀)။ သို့သော် တစ်ခါတစ်ရံ 'ခဏဆင်းရဲခံပြီးသော'ဟူသည့် အချက်ကို ချန်လှပ်ထားကြသည်။ အဘယ့် ကြောင့်နည်း။ 'ဆင်းရဲခံခြင်း' ဟူသည့် ကိစ္စက ပြောရန် မကောင်းခြင်းကြောင့် ဖြစ်လိမ့်မည်။
သို့ငြားလည်း ဆင်းရဲဒုက္ခကြုံရလျှင် ကျွန်ုပ်တို့ အံ့သြစရာအကြောင်းမရှိပါ။ ဆင်းရဲဒုက္ခကြုံခြင်း အကြောင်းကို ကောင်းကောင်း နားလည်သဘောပေါက်သူ ရှင်ပေါလုက “ယေရှုခရစ်၏ တရားတော် နှင့်အညီ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှင်းဆဲခြင်းကို ခံရကြလိမ့်မည်” (၂ တိ ၃း၁၂)…
မှုန်ရီမှိုင်းသောအခြေအနေ
အဖြစ်အပျက်များက မိမိအထင်အတိုင်း တသမတ်တည်းဖြစ်မနေ(ပြောင်းလဲတတ် ကြောင်း) နွေဦးရာသီအားဖြင့် ဘုရားက သတိပေးသည်။ ရက်သတ္တပတ်အနည်းငယ် အတွင်း မျှော်လင့်ချက်မဲ့ပြီး သေနေသကဲ့သို့ ဖြစ်နေသည့်အရာများ အသက်ဝင်လာသည်။ မှုန်ရီသော ကွင်းပြင်၊ တောင်ကတုံးမြေက အရောင်အသွေး စုံလင်သည့် မြေယာဖြစ်လာ သည်။ တစ်ဆောင်းလုံး အရွက်မဲ့ပြီး ထိုးထိုး ထောင်ထောင် အကိုင်းများသာရှိသည့် သစ်ပင် များမှာ မြစိမ်းရောင်ခြုံလွှာပမာ ရွက်နုသစ်များ ဖြင့် လှပနေတော့သည်။ ဆောင်းအအေးဒဏ် ကြောင့် ညှိုးနွမ်းခြောက်သွေ့ပြီး မြေခခဲ့သည့် ပန်းပင်များမှာလည်း သေခြင်းကို ဖီဆန်ပြီး မြေကြီးထဲမှ ဖြည်းဖြည်းချင်းထိုးထွက်လာသည်။
ကျမ်းစာတော်၌လည်း မျှော်လင့်ချက်မဲ့သည့် အခြေအနေများကို ဖတ်ရပါ သည်။ ဥပမာ 'စုံလင်ဖြောင့်မတ်သူ' (ယောဘ ၂း၃) ဟု ဘုရားသခင်ခေါ်ဆိုသည့် ယောဘအမည်ရှိ သူဌေးကြီးဆိုပါစို့။ ကပ်ဘေးများကျပြီး သူ့အတွက် အရေးပါသည့် အရာမှန်သမျှကိုဆုံးရှုံးခဲ့ရသည်။ “ငါ့နေ့ရက်တို့သည် .... မျှော်လင့်ခြင်းမရှိဘဲ…
အိမ်၏နှစ်သိမ့်သက်သာရာ
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၌ လူ့ စွမ်းအား အရင်းအမြစ်ဌာန၏ အရာရှိအဖြစ် ကျွန်တော်လုပ်ကိုင်ခဲ့စဉ်က ဝန်ထမ်းများသည် တစ်နေ့တာ အလုပ်ချိန်အပြင် အသွားအပြန် ၂ နာရီမျှ အချိန်ကုန်သဖြင့် ကြားရက်၌ အိမ်မပြန်ဘဲ မိုတယ်၌ နေထိုင်နိုင်အောင်စီစဉ် ပေးသည်။ နေ့စဉ်နိစ္စဓူဝ သွားလာသူများ အတွက် ကြိုပို့ဖယ်ရီ စီစဉ်ပေးသည်။ ဝန်ထမ်း အားလုံးနီးပါးက ကြိုပို့နှင့်အလုပ်ဆင်းရန် ရွေးချယ်သည်။
ထိုအခါ ဝန်ထမ်းထဲမှ စိတ်တိုစိတ်ဆတ် ဆုံး ဝန်ထမ်းတစ်ဦးမှာ ၄င်း၏ နဂို ကိုယ်နှုတ်အမူအရာများ ပြောင်းလဲခဲ့သည်။ ကုမ္ပဏီမှ စီစဉ်ပေးမှု နှင့် သူ၏ရွေးချယ်မှုကို ကြိုပြောမထားဘဲ၊ အိမ်သားများ မမျှော်လင့်ဘဲ အံ့သြသွားအောင်လုပ်ရန် ရည်ရွယ်ခဲ့သည်။ ပထမဆုံး သူကြိုပို့ စီးပြီး အိမ်ပြန်သည့်နေ့က သူ့မိန်းမနှင့် သား ၄ ယောက်တို့ အလွန်အံ့သြဝမ်းသာ သွားကြောင်း ပြောပြသည်။ နောက်ပိုင်း၌သူ့ဇနီးက ကုမ္ပဏီပိုင်ရှင်ထံ ဖုန်းဆက်၍…