ရေတွက်သတ်မှတ်ပြီးနေ့ရက်များ
လေဆင်နှာမောင်းကျပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လူတစ်ဦးသည် အိမ်အပြင်ဘက်တွင်ရပ်လျက် အိမ်အပျက်အစီး များကို ကြည့်နေသည်။ အုတ်အကျိုးအပဲ့များ ကြား တွင် သူ့ဇနီးသည်၏ လက်ဝတ်ရတနာများနှင့် သူ စုဆောင်းထားသော အဖိုးတန်ပစ္စည်းများမှာ ပြန့်ကျဲ လျက်ရှိသည်။ သို့သော် ယိုင်နဲ့နေသောအိမ်ထဲသို့ ၀င်၍ ထိုပစ္စည်းများကိုရှာဖွေရန် သူစိတ်ကူးမရှိပါ။ “အသက်ထက် ဘယ်အရာကမှအရေးမကြီးဘူး” ဟု သူက ဆိုသည်။
အကျပ်အတည်းနှင့် ကြုံတွေ့ရချိန်တွင်မှ ဘ၀၌ အမှန်တကယ် အရေးကြီးသည့်အရာက ပို၍ ထင်ရှားလာတတ်သည်။
(၉၀)ခု မြောက်သောဆာလံမှ “မောရှေ၏ပတ္ထနာ” ၌ ဘုရားသခင်၏လူ မောရှေ သည် အသက်တာ၏ အစနှင့်အဆုံးကို ရှုမြင်ခဲ့သည်။ အသက်တာတိုတောင်းခြင်း (း၎ - ၆)နှင့် ဘုရား၏ဖြောင့်မတ်သောအမျက်ဒေါသ (း၇- ၁၁)ကို နားလည်သဘောပေါက်သည့် အတွက် “အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက် ကာလကို…
ဂရိမီး
‘ဂရိမီး’ဆိုသည်မှာ ဓာတုဆေးရည်တစ်မျိုး ဖြစ်ပြီး၊ ရှေးခေတ်စစ်ပွဲများတွင် ဘိုင်ဇင်တိုင်း အင်ပါယာက ရန်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည်။ အွန်လိုင်း ဖော်ပြချက်တစ်ခုအရ ထိုအစဉ်အလာမှာ အေဒီ ၆၇၂ က ပေါ်ထွက်ခဲ့ပြီး ကြီးမားသော အဖျက်အမှောင့်များကိုဖြစ်စေသည်။ အထူးသဖြင့် ရေပေါ်တွင် လောင်ကျွမ်းနိုင်ခြင်း ကြောင့် ရေကြောင်းတိုက်ပွဲများတွင် အသုံးပြုသည်။ ‘ဂရိမီး’၏ ဓာတုဖွဲ့စည်းမှုမှာ လျှို့ဝှက်ဆန်းကြယ် နက်နဲသည်။ တန်ဖိုးရှိသော စစ်လက်နက်တစ်မျိုး ဖြစ်ခြင်းကြောင့် ဖော်မြူလာကိုလည်း လျှို့ဝှက်ထား ခဲ့ပြီး၊ ၎င်းသည် သမိုင်းတစ်လျှောက် အပျက်အစီး များနှင့်အတူ ပျောက်ဆုံးသွားသည်။ သုတေသီများ က ကြိုးစား၍ ထိုဖော်မြူလာကို ဆက်လက် ဖော်ထုတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပါ။
ခရစ်တော်ကို ယုံကြည်သူများကြား ကြီးမားသော ပျက်စီးဆုံးရှူံးမှုကို ဖြစ်စေသည့် အရင်းအမြစ်တစ်ခု ကို လျှို့ဝှက်မထား၊ ဖွက်မထားပါ။ ရှင်ယာကုပ်က ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ပျက်စီးစေသည့်…
ဘုရားသခင်၏လမ်းလွှဲများ
ကျွန်တော်က စာအုပ်ကြီးအတိုင်း၊ တစ်လမ်းမောင်းသမားဖြစ်သောကြောင့် ကျွန်တော် ၏အစီအစဉ်များ လွဲချော်သွားလျှင် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရသည်။ အခြေမကျသော နာကျင်စရာဘ၀၏ ပြောင်းလဲမှုများက ပို၍ပင် ဆိုး ပါသည်။ သို့ငြားလည်း “ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည် လည်း သင်တို့၏အကျင့်နှင့် မတူ” (ဟေရှာ ၅၅း ၈) ဟု ကိုယ်တော်မိန့်ကြားပြီး၊ မိမိ၏အစီအစဉ်အတိုင်း၊ တစ်လမ်းမောင်း သွားနေပါက ရရှိမည့်အကျိုးထက်၊ ကျွန်ုပ်တို့၏အသက်တာအတွက် ပိုအကျိုးရှိစေရေး ကိုယ်တော်က သူလမ်းလွှဲပေးရန်လိုအပ်ကြောင်း သိသည်။
ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင်က သူ့ကို အီဂျစ်နိုင်ငံသို့ လမ်းလွှဲပို့ဆောင်ပြီး၊ ဘုရားသခင်၏လူများကို အစာငတ်မွတ်ခေါင်းပါးသည့်ဘေးမှ ကယ်တင် စေသည်။ မောရှေကိုလည်း ဖါရောဘုရင်၏အိမ်တော် စည်းစိမ်ချမ်းသာမှလွှဲဖည်ပြီး တော၌ ဘုရားသခင်နှင့်ရင်ဆိုင်တွေ့စေခဲ့သည်။ ကတိထားတော်မူရာပြည်သို့ လူမျိုးတော်ကို ပို့ဆောင်ရန် သူ့ကို ပြင်ဆင်ခဲ့သည်။ ယောသပ်နှင့်မာရိကိုလည်း အထူးခြားဆုံးလမ်းလွှဲဖြင့်…
နက်နဲသောသမ္မတရား
တစ်ခါတစ်ရံ အကန့်အသတ်မရှိသော ဘုရားသခင်က သူ၏အတွေးများကို အကန့်အသတ် ရှိသော လူသားများအား ဖွင့်ပြလိုက်သောအခါ ရလဒ်အဖြစ် နက်နဲရာများ ဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် ဆာလံကျမ်းတွင် အဖြေထက် မေးခွန်းကို ပိုမိုဖြစ်ပေါ်စေသည့် ကျမ်းတစ်ချက် ရှိသည်။ “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်း သူတို့၏ သေခြင်းအရာသည် အဖိုးကြီးလှ၏ (၁၁၆း၁၅)။”
ခေါင်းခါရမ်းလျက် ထိုသို့ဖြစ်နိုင်ပါမည်လား ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်က လောက အမြင်နှင့်ရှုမြင်သောအခါ ကျွန်တော့်သမီးငယ်မှာ အသက်(၁၇)နှစ်အရွယ်တွင် ကားတိုက်မှုဖြစ်ပြီး ခေါ်တော်မူခြင်းခံရသည်။ မည်သူမဆို မိမိချစ်ခင်ရသူများ ဆုံးပါးခဲ့ဖူးသည်။ ဤအရာကို “အဖိုးကြီးလှသည့် အမှုအဖြစ်ရှုမြင်ရန်” အလွန်ခက်ခဲသောအချိန်ကို ကျွန်တော်ဖြတ်သန်းခဲ့ဖူးသည်။
ထိုနက်နဲမှုကို ဖြည့်ကြည့်လျှင် အဖဘုရားအတွက် တန်ဖိုးရှိသောအရာသည် ကျွန်တော်တို့ ထင်မြင်ယူဆသကဲ့သို့ လောကနှင့်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများမဟုတ်ပါ။ ဤကျမ်းပိုဒ်တွင် ကောင်းကင်အခြေပြု ရှုမြင်သုံးသပ်မှု ရှိပါသည်။ ဥပမာ (ဆာ ၁၃၉း…
အားကိုးရာမဲ့ သောင်တင်နေစဉ်
ဓာတ်ငွေ့ဆိုင်၌ ယာဉ်မောင်းက ချန်မထားခဲ့ပါလျှင် တဲင်နဆီပြည်နယ် မင်ဖစ် ဒေသမှ မစ္စူရီ ပြည်နယ် လူးဝစ်ဒေသသို့ သွားလျှင် (၆) နာရီသာ ကြာမည်။ သို့သော် ခရီးသည် (၄၅) ဦး တင်ဆောင်လာသည့် ဘတ်စ်ကားမှယာဉ်မောင်းက နောက်ယာဉ်မောင်း မလာမီ ကားကိုချန်ပြီးထွက်သွားသဖြင့် ခရီးသည် များမှာ နောက်ထပ်(၈)နာရီ စောင့်လိုက်ရသည်။ ထိုနှောင့်နှေးမှုအတွက် ခရီးသည်များ စိတ်ရှုပ်လိမ့် မည်၊ ဘာဖြစ်လာမလဲဟု စိတ်မောလိမ့်မည်။ ကူညီ မည့်သူရောက်မလာမချင်း စိတ်မရှည်ဖြစ်လိမ့်မည်။
သူ မကျူးလွန်သောပြစ်မှုကြောင့် ယောသပ် ထောင်ထဲရောက်သွားသောအခါ အထက်ပါအတိုင်း ခံစားကောင်း ခံစားရမည် (က ၃၉)။ အကူအညီ ရနိုင်မည့် ဖလားတော်ဝန်က သူ့ကို မေ့လျော့သွားသည်။ “သို့သော်လည်း ထာဝရဘုရား သည် သူ့ဖက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့် ထောင်မှူးထံ မျက်နှာရစေတော်မူ၏” (က ၃၉း ၂၁)။…
အားကိုးရာမဲ့ သောင်တင်နေစဉ်
ဓာတ်ငွေ့ဆိုင်၌ ယာဉ်မောင်းက ချန်မထားခဲ့ပါလျှင် တဲင်နဆီပြည်နယ် မင်ဖစ် ဒေသမှ မစ္စူရီ ပြည်နယ် လူးဝစ်ဒေသသို့ သွားလျှင် (၆) နာရီသာ ကြာမည်။ သို့သော် ခရီးသည် (၄၅) ဦး တင်ဆောင်လာသည့် ဘတ်စ်ကားမှယာဉ်မောင်းက နောက်ယာဉ်မောင်း မလာမီ ကားကိုချန်ပြီးထွက်သွားသဖြင့် ခရီးသည် များမှာ နောက်ထပ်(၈)နာရီ စောင့်လိုက်ရသည်။ ထိုနှောင့်နှေးမှုအတွက် ခရီးသည်များ စိတ်ရှုပ်လိမ့် မည်၊ ဘာဖြစ်လာမလဲဟု စိတ်မောလိမ့်မည်။ ကူညီ မည့်သူရောက်မလာမချင်း စိတ်မရှည်ဖြစ်လိမ့်မည်။
သူ မကျူးလွန်သောပြစ်မှုကြောင့် ယောသပ် ထောင်ထဲရောက်သွားသောအခါ အထက်ပါအတိုင်း ခံစားကောင်း ခံစားရမည် (က ၃၉)။ အကူအညီ ရနိုင်မည့် ဖလားတော်ဝန်က သူ့ကို မေ့လျော့သွားသည်။ “သို့သော်လည်း ထာဝရဘုရား သည် သူ့ဖက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့် ထောင်မှူးထံ မျက်နှာရစေတော်မူ၏” (က ၃၉း ၂၁)။…
မိမိ၏အပြုအမူအားဖြင့်
တစ်ညတွင် ခရစ်ယာန် ဓမ္မဆရာတစ်ဦး သည် ဘုရားကျောင်းသို့ လမ်းလျှောက်လာစဉ် သူခိုးက သူ့ကို သေနတ်ဖြင့်ချိန်ပြီး ‘ပိုက်ဆံပေး၊ မပေးရင် အသက်ပါသွားမယ်’ ဟု ခြိမ်းခြောက်သည်။ ဆရာက သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်စဉ်၊ သူခိုးက ဆရာ၏အင်္ကျီကော်လာကို မြင်ပြီး ‘ခင်ဗျားက ခရစ်ယာန်ဘုန်းကြီးပဲ၊ နေပါစေ၊ ခင်ဗျား သွားတော့’ဟု ဆိုလိုက်သည်။ ဆရာက သူခိုး၏ ဘုရားတရားရိုသေမှုကို မျှော်လင့်မထား၍ အံ့ဩ သွားပြီး သူ့ကို သကြားချောင်းတစ်ချောင်းပေးရာ သူခိုးက “ကျုပ်ဝါတွင်းမှာ သကြားချောင်း မစားဘူး” ဟုပြန်ပြောလိုက်သည်။
ဝါတွင်းဥပုသ်စောင့်ပြီး သူခိုးက သကြားချောင်းမစားသော်လည်း ခိုးဝှက်မှု၌ ကျင်လည်သောဘ၀က သူ၏စရိုက်မှန်ကိုဖော်ပြနေသည်။ သုတ္တံကျမ်းရေးသားသူ၏ အဆို အရ လူ၏အပြုအမူသည် ၎င်း၏အကျင့်စရိုက်ကို ကောင်းကောင်းဖော်ပြနေကြောင်း၊ တစ်စုံ တစ်ဦးက မိမိသည် ဘုရားတရားကြည်ညိုသည်ဟုဆိုပါက သူ့စကားကို အပြောနှင့်ညီသည့် အပြုအမူအားဖြင့်သာ သက်သေပြရပါမည် (သု…
သင်ခန်းစာ
တစ်ခုသော နွေရာသီ၌ အထက်တန်း ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲသို့ ကျွန်မ သွားရောက်ခဲ့ရာ၊ တစ်စုံတစ်ယောက်က ကျွန်မကြောကို လာပုတ်သဖြင့် လှည့်ကြည့်လိုက် သည်။ ကျွန်မကြောကို ပုတ်သည့် အမျိုးသမီး၏ အမည်ကတ်ပြားမှနာမည်ကို တွေ့လိုက်ရသည်တွင် ကျွန်မ၏စိတ်အစဉ်က လွန်လေသောအချိန်တစ်ချိန် သို့ ပြန်လည်သွားသည်။ ကျွန်မ၏ လော့ကာ ဘီဒိုအံဆွဲထဲ၌ လာထည့်ထားသည့် စာအခေါက် လေးတစ်ခု၊ ထိုစာထဲတွင် ကျွန်မအား အရှက်ရ စေသော၊ စိတ်နှလုံးကြေကွဲစေသော ရက်စက်သော စကားလုံးများ ရေးသားထားသည်။
“ကိုယ်ခံစားရသလိုမျိုး သူများမခံစားရအောင် သူများကို ဘယ်လိုစာနာဆက်ဆံရ မလဲဆိုတာ ငါ့ကို သင်ပေးလိုက်တာပဲလေ” ဟု ကျွန်မ တွေးခဲ့ဖူးကြောင်း ပြန်သတိရမိသည်။ ဆယ်ကျော်သက်ဘ၀က အနာဟောင်းမှာ ပျောက်သွားပြီဟုကျွန်မထင်ခဲ့လည်း၊ ဟန်ဆောင် ပြုံးပြရင်း၊ စိတ်ရင်းနှင့်မဟုတ်သည့် လောကွတ်စကားများ ကျွန်မနှုတ်မှ ထွက်လာသည်။
သို့နှင့် ကျွန်မတို့စကားပြောရင်း ကြပ်တည်းခက်ခဲသောဘ၀ဖြင့် ကြီးပြင်းလာ ရမှု၊…
လုံလောက်ရုံမျှ
နေ့စဉ်ခွန်အားအတွက် စာမူများရေးသား ပေးရခြင်းကို ကျွန်မနှစ်သက်ပါသည်။ သို့သော် ထိုစာမူ တိုတိုလေး၌ ကျွန်မ ပြောလိုသမျှုကို ထိထိ
ရောက်ရောက် ဆက်သွယ်ပြောပြနိုင်ရန် ကိစ္စက အလွန် ခက်လှသည်ဟု မိတ်ဆွေများကို ပြောမိ ကြောင်းကိုဖြင့် ၀န်ခံပါသည်။ အင်္ဂလိပ်စာလုံး (၂၂၀)ထက် ပို၍ သုံးခွင့်ရလျှင် ကောင်းလေစွ။
ယခုနှစ် ကျွန်မ ကျမ်းစာဖတ်သည့် ဇယားအရ ရှင်မဿဲခရစ်ဝင်ကျမ်းကို ဖတ်ရာ၌ ခရစ်တော် စုံစမ်းခြင်းခံရသည့် အကြောင်းသည် တိုတောင်းကြောင်း (မ ၄း ၁ - ၁၁)၊ ပထမဆုံး အကြိမ် သတိပြုမိလိုက်သည်။ ကျမ်းတစ်အုပ်လုံးရှိ အဓိကအကျဆုံး အဖြစ်အပျက်များအနက် ဤ အဖြစ်အပျက်ကို ရှင်မဿဲက အင်္ဂလိပ်စာလုံး (၂၅၀) အောက် လျော့၍ ရေးသားခဲ့သည်။ တစ်ဖန် တိုတောင်းငြားလည်း တန်ခိုးပါထိရောက်သည့် ကျမ်းပိုဒ်တိုတိုများကို စဉ်းစားကြည့်မိသည်။ ဆာလံ…
တစိမ့်စိမ့် အရသာခံပါ
‘စားသောက်ရင်းပြေးလွှားရင်း’ လျှင်မြန်စွာ လှုပ်ရှားသွားလာနေသည့် ခေတ်ယဉ်ကျေးမှုတွင် မိတ်ဆွေများနှင့် ထမင်းအတူ စားသောက်ရန် လူ အနည်းငယ်သာ အချိန်ပေးနိုင်တော့သည်။
ဣသရေလ လူတို့သည်လည်း ဗာဗုလုန် တွင် နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးနောက် မြို့ရိုး နှင့် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် ယေရုရှလင်မြို့သို့ ရောက်လာကြသည်။ သူတို့ အားလုံးသည် စုဝေးလျက် ဧဇရ ဖတ်ပြသည့် ပညတ် တော်များကို ကြားနာကြသည်။ ထိုပညတ်များမှာ မောရှေမှတဆင့် ဘုရားပေးခဲ့သော ပညတ်တော် များဖြစ်သည် (နေဟမိ ၁း ၈)။ နာရီပေါင်းများစွာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ကြသည်။ သူတို့အကြားတွင်ရှိသော ဆရာများ က “ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာ ကို သေချာစွာ ဖတ်ရွတ်၍ အနက်ကို ပြန်သဖြင့် လူများနားလည်စေခြင်းငှါပြုကြ၏။”
၎င်းတို့၏ အပြစ်အားနည်းချက်များကြောင့် သူတို့ငိုကြွေးကြသောအခါ `ဧဇရ’…