လက်ကိုဖွင့်၍ မတွန့်တိုပဲ ကူညီပါ
အိုးအိမ်မဲ့သူတစ်ဦးသည် ကျွန်မတို့၏ ဒေသခံစာကြည့်တိုက်၌ အချိန်ဖြုန်းလေ့ရှိသည်။ တစ်နေ့တွင် ကျွန်မစာရေးရင်း နေ့လည်စာအဖြစ် ကြက်ဆင်သားနှင့် အသားညှပ်ပေါင်မုန့် တစ်ဝက် စားပြီးသောအခါ ထိုအိုးအိမ်မဲ့လူ၏ မျက်နှာကို စိတ်ထဲ မြင်ယောင်လာမိသည်။ မိနစ်အနည်းငယ် အကြာတွင် ကျွန်မ မစားရသေးသော အပိုင်းကို သူ့အား ပေးရာ ထိုသူ လက်ခံခဲ့သည်။
ကျွန်မကြုံခဲ့ရသော ဤအဖြစ်အပျက်လေး အားဖြင့် ကျွန်မတို့အား အဖဘုရားသခင် ပေးသမျှ အရာများဖြင့် အကြောင်းမလှသူများအား ပို၍ ကူညီရန် လိုအပ်ကြောင်း ပြန်လည်ဆင်ခြင်မိသည်။ နောက်ပိုင်း၊ ဤအကြောင်းအရာကို ဆင်ခြင်ရင်း ဆင်းရဲသားများ၏လိုအပ်မှုကို ဖြည့်ဆည်းရန် မောရှေ၏ ညွှန်ကြားမှုများကို စဉ်းစားဆင်ခြင်မိသည်။ မောရှေက ဣသရေလလူများအား “ဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ၊ လက်ကိုလည်း မပိတ်ရ၊ လက်ကို ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်” ဟု (တရား…
မျက်မှောက်ခေတ်၏ သဘောထား
ခေတ်ကာလတိုင်း၌ သူ့ခေတ်နှင့်သူ လူ့ဘောင်ယဉ်ကျေးမှုကို လွှမ်းမိုးသော အတွေး အခေါ်၊ စိတ်ကူးစိတ်သန်းနှင့် တန်ဖိုးထားမှုများရှိ သည်။ ခေတ်တခေတ်၏စိတ်ဓာတ်၊ သဘောထား ခံယူချက်က လူထုတစ်ရပ်လုံးကို လွှမ်းမိုးသွားသည့် သဘောရှိပြီး၊ (စာရိတ္တ အကျင့်စရိုက်ဆိုးများနှင့် ပတ်သက်၍ မထူးဆန်းတော့သည့်ပမာ) နောက်ဆုံး ခေတ်၏ တန်ဖိုးထားမှု အခြေအနေကို လက်ခံလိုက် ရတော့သည်။
ရှင်ပေါလုက ထိုယိုယွင်းမှုကို “လောကီ တရား” ဟုခေါ်ဝေါ်သုံးနှုန်းထားသည်။ ဧဖက်မြို့မှ ယုံကြည်သူများ၏ အသက်တာအကြောင်း ဖော်ပြ ရာ၌ ၄င်းတို့သည် ခရစ်တော်နှင့်မတွေ့မီက“လောကီ တရားသို့လိုက်၍... ဒုစရိုက်အပြစ်၌ ကျင်လည်ကြ ၍... ထိုဒုစရိုက်အပြစ်၌ သေလျက်နေသည်”ဟု ဆိုခဲ့သည်။ ထိုသို့လိုက်ပါခြင်းဖြင့် စာတန်၏ဆိုးညစ်သော တန်ဖိုးထားမှုနှင့်ခံယူချက်များ ကြောင့် ဘုရားသခင်ကို မကိုးစား၊ အမှီမပြုသော ဘ၀ပုံစံဖြစ်သွားသည်။
ဤလောကကမ္ဘာ၌ ရှင်သန်နေထိုင်ရန် သခင်အလိုရှိပါသည် (ယော ၁၇း၁၅)။ ထို့ကြောင့် လောက၏လွှမ်းမိုးမှုနှင့်မလွတ်ကင်းနိုင်ပါ။ သို့ငြားလည်း…
မျှော်လင့်ခြင်းကို လိုအပ်သည်။
အာဒံနှင့်ဧ၀အတွက်မျှော်လင့်ခြင်း မလို အပ်ပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့လိုသော အရာဘာမှမရှိ၊ ၄င်းတို့သည် ပျော်ရွှင်ကြည်နူးစွာ ဖြင့် အဖဘုရားသခင်ပေးသနားသည့် ကောင်း သော အရာများကို ရရှိခံစားလျှက် ကျေနပ်စွာ ဘ၀အစပြုခဲ့သည့်နည်းတူ၊ ဘ၀သည် ဤအတိုင်း ဆက်လက်ဖြစ်နေမည်ဟု ထင်နေသည်။သို့သော် ကောင်း၊ မကောင်း ခွဲခြားသိနိုင်သောဥာဏ်ကို ထာဝရဘုရားမပေးပဲ ထိမ်ချန်ထားသည်ဟု မြွေ၏ လှည့်ဖြားစကားကို ယုံ၍ မြွေ၏လှည့်ဖြား မှုနောက် လိုက်မိသောကြောင့် ဆိုးဝါးသော အခြေအနေသို့ ရောက်ခဲ့ကြသည်(ကမ္ဘာ၊၂း ၁၇, ၃း ၅)။ မြွေ၏ဖြားယောင်း လှည့်ဖြားမှုအောက်သို့ ဧ၀ တစ်ခါတည်းကျသွားသည့်နည်းတူ အာဒံလည်း လှည့်စားမှုနောက်ပါသွားသည်(၃း ၆)။ သူတို့လိုချင်သော “အသိဥာဏ်” ကိုသူတို့ရရှိခဲ့သည်။ သို့သော်လည်း သူတို့၌ရှိသော “အပြစ်ကင်းခြင်း” ကို သူတို့ဆုံးရှူံးခဲ့ရသည်။ အပြစ်ကင်းခြင်းသဘောကို ဆုံးရှူံးခဲ့သောကြောင့် ၄င်းတို့အတွက် မျှော်လင့်ခြင်း လိုအပ်လာသည်။ ၄င်းတို့၏…
ဘုရားသခင်အတွက် ကျွန်ုပ်တို့သည် အရေးပါသူလား။
“ကိုယ်တော်၏ မိုးကောင်းကင်ကို........ အကျွန်ုပ် ဆင်ခြင်သော် လူသည် အဘယ်သို့သော သူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူ ရသနည်း။” ဟု ဆာလံဆရာက ရေးသားခဲ့သည် (ဆာ ၈း၃-၄)။ ဓမ္မဟောင်းကျမ်းပါ အကြောင်းအရာ များက ဤမေးခွန်းနှင့် ဆက်စပ်နှီးနွယ်နေပါသည်။ အဲဂုတ္တပြည်၌ ညှင်းဆဲကျွန်ပြုခံရသည့် ဟေဗြဲလူ များက ဘုရားသခင်သည် ၄င်းတို့ကို စိတ်ဝင်စား ကြောင်း မောရှေစိတ်ချသလို ၄င်းတို့က မယုံနိုင်။ ဒေသနာဆရာ၏ “ဘာအရေးပါလို့လဲ” ဟူသော မေးခွန်းက အထက်ပါမေးခွန်းထက် ပိုဆိုးသည်။ ညီလာခံတစ်ခု၌ “ငါသည် ကိုယ့်လက်ဝါး၌ သင့်ကိုစာထိုးပြီ” (ဟေရှာ ၄၉း၁၆) ခေါင်းစဉ်ဖြင့် ပို့ချရန် ကျွန်တော်ဖိတ်ကြားခံရစဉ် အထက်ပါ မေးခွန်းနှင့်သံသယကို သဘောကျလျက် စိတ်ဝင်စားသွားသည်။ ဗာဗုလုန်သို့ ကျွန်ပြု ဖမ်းဆီးခေါ်ဆောင်ခံရမည်ဟု ပရောဖက်ဟေရှာယကြိုတင်ဟောကြားချက်ကြောင့် ဟေဗြဲ လူတို့၏သမိုင်းကြောင်း၌ နိမ့်ပါးသောအခြေအနေသို့ကျပြီး ဆင်းရဲသောကရောက်ကြ သည်။ သူတို့က…
ကျွန်ုပ်တို့၏ဆုတောင်းချက် ဘုရားရှင်၏အလိုတော်
လက်ရေးဆုတောင်းချက်လေးက ဖြစ်နိုင်ချေမရှိဟု ထင်ရပြီး ကြေကွဲဖွယ် မေတ္တာရပ်ခံထားသည်။ “ကျေးဇူးပြုပြီး ဆုတောင်းပေးပါ။ ကျွန်မရဲ့ဘက်စုံအာရုံကြောစနစ်ပျက်စီးပြီး ကြွက်သားအားနည်းတယ်၊ အစာမျိုချဖို့ ခက်တယ်၊ ပိုပြီး နာလာတယ်၊ အမြင်အာရုံလျှော့လာတယ်။” ထိုအမျိုးသမီး၏ရုပ်ခန္ဓာပိုင်းမှာ ယိုယွင်းနေပြီး၊ ဆုတောင်းပေးရန် တောင်းပန်းနေလည်း သူစိတ်ပျက်နေကြောင်း ခံစားရသည်။
သို့သော် ခန္ဓာပျက်စီးယိုယွင်းမှုများကို အောင်နိုင်သော ခွန်အားမျှော်လင့်ချက်ရှိသည်။ “မင်္ဂလာရှိသော ကယ်တင်ရှင်သည် အကြွင်းမဲ့ထိန်းချုပ်တော်မူကြောင်း ကျွန်မသိပါတယ်။ သခင်ရဲ့အလိုတော်က ကျွန်မအတွက်အရေးကြီးဆုံးပဲ” ဟု ဆက်ရေးထားသည်။
ကျွန်ုပ်၏ဆုတောင်းပေးမှုကို သူလိုအပ်ကောင်းလိုအပ်မည်။ သို့သော်သူ၌ရှိသော ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားထားသည့်စိတ်ကို ကျွန်ုပ်လိုအပ်နေပါသည်။ ရှင်ပေါလုက “ကိုယ်၌စူးသောဆူး” ဟုခေါ်သော သူ့အခက်အခဲများမှ သက်သာခွင့်ရရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ရာ၊ ဘုရားသခင်က သူ့ကိုသင်ကြားခဲ့သော အမှန်တရားကို ထိုအမျိုးသမီးက အကောင်းဆုံး ထင်ဟပ်ပြလေပြီ (၂ကော ၁၂း၇)။ ရှင်ပေါလုတောင်းခံခဲ့သော သက်သာခွင့်သည် မဖြစ်နိုင်သည်သာမက ကောင်းကင်ဘုံရှင်အဖကလည်း တောင်းဆိုမှုကို လုံးဝပယ်ချသည်။ ရှင်ပေါလု၏အစဉ်သဖြင့်…
ဂုဏ်ရှိသောအသက်တာ
၂၀၁၀ ခုနှစ်တွင် ကျွန်တော်တို့ညီအစ်ကိုများ အဖေ၏ (၉၀)နှစ်မြောက်မွေးနေ့ ဂုဏ်ပြုပွဲလုပ်ခဲ့သည်။ စားကောင်းသောက်ဖွယ်များ ပြင်ဆင်ပြီး မိတ်ဆွေရောင်းရင်းများနှင့်အတူ လွတ်လပ်ဖော်ရွေစွာ မိတ်သဟာယဖွဲ့ကာ မွေးနေ့ပွဲကို ကျင်းပခဲ့သည်။ ဧည့်ခန်းတွင် ဆွေမျိုးမိသားစု၊ အသိမိတ်ဆွေ၊ သူငယ်ချင်းများက ဘင်ဂျို၊ မယ်ဒလင်၊ တယော၊ ထောင်၍ တီးရသောဘေ့စ်ဂီတာ၊ အိုင်းရစ်ဗုံတို့ကို တစ်နေ့ခင်းလုံးတီးခတ်သီဆိုကြသည်။ ကိတ်မုန့်အကြီးကြီးတစ်လုံးကိုလည်း ပြင်ဆင်ထားပြီး ယင်းကိတ်မုန့်ပေါ်တွင် “ပျော်ရွှင်ဖွယ် နှစ်(၉၀)ပြည့်မွေးနေ့” “ထာဝရဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။”(ဆာ ၁၁၂း၁) ဟုရေးသားထားသည်။
နောက်ပိုင်းတွင် ဆာ ၁၁၂း၁ ကို ကျွန်တော်လေ့လာသည့်အခါတွင် ယင်းကျမ်းပိုဒ်သည် အဖေကိုပုံဖော်နေသလိုဖြစ်နေခြင်းကြောင့် ကျွန်တော်စွဲမှတ်သွားသည်။ အဖေသည် နှစ်ပေါင်း(၅၀)ကျော် ဘုရားသခင်နှင့်အတူ ဘ၀ကိုလျှောက်လှမ်းခဲ့ပြီး ယခုတွင်မူ ကိုယ်တော်နှင့်အတူ ကောင်းကင်အိမ်တွင်ရှိနေပါသည်။ အဖေ့ဘ၀တွင် အခက်အခဲများရင်ဆိုင်ခဲ့ရသည်။ မှားယွင်းမှုများလည်းရှိခဲ့သည်။ သို့သော်သူသည် ခိုင်မြဲ မပြောင်းလဲသော ယုံကြည်ခြင်းကြောင့် ကောင်းချီးများစွာခံစားခဲ့ရသည်။ ဤဆာလံကျမ်းက…
နယ်လှည့်စာကြည့်တိုက်
အီလက်ထရောနစ်နည်းပညာများ မပေါ်မီက ကျွန်တော်၏လူငယ်ဘ၀ နွေရက်ရှည်ကာလတွင် နယ်လှည့်စာကြည့်တိုက် အစီအစဉ်က ကျွန်တော့်အတွက်ဝမ်းသာစရာပါ။ ကားကြီးဖြင့် ဒေသန္တရ စာကြည့်တိုက်မှစာအုပ်များအပြည့် တင်ဆောင်လှည့်လည်ပြီး လမ်းပန်ဆက်သွယ်ရေး ခက်ခဲသည့် ဒေသရှိလူများအတွက် စာအုပ်ငှါးရမ်းပေးသည်။ ဤအစီအစဉ်ကြောင့် ကျွန်တော်လည်း စာအုပ်ဖတ်ပြီး နွေရက်များကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ရခဲ့သည်။ စာအုပ်ဖတ်ခြင်းကို ၀ါသနာပါနှစ်သက်အောင် မျိုးစေ့ချပေးခဲ့သည့် နယ်လှည့်စာကြည့်တိုက် အစီအစဉ်ကို ကျေးဇူးတင်နေမိပါသည်။
တမန်တော်ကြီးရှင်ပေါလုသည် စာဖတ်ဝါသနာပါသူ၊ ဘ၀၏နောက်ဆုံးနေ၀င်သည့် နေ့ရက်အထိ စာပေများကို လေ့လာသူဖြစ်ကြောင်း ဓမ္မပညာရှင်အချို့ ပြောကြသည်။ သူ၏နောက်ဆုံးပေးစာတွင် “တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သောဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့် သားရေစာကို၎င်း၊ သင်သည်လာသောအခါယူခဲ့လော့”ဟု တိမောသေထံ ရေးခဲ့သည် (၂တိ ၄း၁၃)။ သူတောင်းသည့်စာအုပ်မှာ ဓမ္မဟောင်းကျမ်း(သို့) သူရေးသည့်စာအချို့ဖြစ်ကောင်းဖြစ်မည်။
ရှင်ပေါလုက အပျော်ဖျော်ဖြေရေးသက်သက်၊ စူးစမ်းမှုသက်သက်မက အားထုတ်လျက် ပညာကိုလိုက်စားရှာဖွေကြောင်း နားလည်ရပါသည်။ ခရစ်တော်အကြောင်း သိလိုစိတ်က သူ့ကို တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ သူ၏ပန်းတိုင်မှာ…
ပို၍တိုး၍
စီးပွားရေးအရ စိန်ခေါ်မှုများရှိသော မျက်မှောက်ကမ္ဘာတွင် “နည်းသည်ထက် နည်းလာရေး” ဟူသည့် လှုံ့ဆော်သံကို ကြားနေရသည်။ ငွေကြေးသုံးစွဲရာ၌ ၀င်ငွေထွက်ငွေ ကိုက်ညီမှုရှိပြီး သက်သာချွေတာရန် အစိုးရကို တောင်းဆိုကြသည်။ ကုန်ခမ်းတော့မည့် သံယံဇာတများ လျှော့ချသုံးစွဲရန်၊ စွမ်းအင်များကို လျှော့သုံးရန် လူများကို တိုက်တွန်းသည်။ ၎င်းသည် နာယူသင့်သော အကြံကောင်းများဖြစ်သည်။ ယုံကြည်ခြင်းနယ်ပယ်တွင်မူ ချစ်ခြင်းမေတ္တာ၊ ကျေးဇူးဂရုဏာတော်နှင့် ခွန်အားများမှာ ကုန်ခမ်းသွားခြင်းမရှိပါ။ ထိုကြောင့် ခရစ်တော်၏နောက်လိုက်များအနေဖြင့် မိမိ၏အသက်တာတွင် ကိုယ်တော်၏မေတ္တာကို အစဉ်တိုး၍ပြသရန် တိုက်တွန်းထားသည်။
သက်သာလောနိတ်ရှိ ယုံကြည်သူတို့ထံ တမန်တော်ရှင်ပေါလုရေးသားသော ပထမစာစောင်တွင် သူက တိုးပွား၍ ကြွယ်ဝပြည့်စုံစွာ ဘုရားသခင်နှစ်သက်အောင်ပြုရန် (၄း၁) တိုက်တွန်းပြီး၊ အချင်းချင်းချစ်လျက်မေတ္တာပြခြင်းအတွက်လည်း ချီမွမ်းအားပေးကာ၊ သူတို့အားညီအစ်ကိုချင်းပမာ တိုး၍ချစ်ခြင်း မေတ္တာပွားများထားရှိရန် မှာကြားသည်။(း၁၀)
တရွေ့ရွေ့တိုးသောမေတ္တာစိတ်ကို တဖြည်းဖြည်းလျော့ပါးလာသည့် မိမိ၏ကိုယ်ပိုင်အား အစွမ်းဖြင့် မရနိုင်ပါ။ ၎င်းသည် မကုန်ခမ်းနိုင်သည့် ဘုရားသခင်၏အရင်းအမြစ်မှ လာခြင်းဖြစ်သည်။…
ချစ်ခြင်းမေတ္တာ နည်းလမ်းရှာ
လွန်ခဲ့သောနှစ်များစွာက ကျွန်တော်တွေ့ခဲ့ဖူသည့် ကာတွန်းပုံတွင် တွန့်ကြေနေသော ညအိပ်ဝတ်စုံနှင့်စိတ်တိုင်းမကျဖြစ်နေသည့် မျက်နှာပုပ်သိုးသိုး သက်ကြီးပိုင်းလူကြီး တစ်ယောက်သည် တံခါးဝ၌ မတ်တပ်ရပ်နေပြီး ညရေးညတာလုံခြုံအောင် အိမ်တံခါးသော့များကို တစ်ထပ်ပြီးတစ်ထပ် လေးဆင့်ခတ်အပြီးတွင် တံခါးအောက်ခြေရင်း၌ စာအိတ်အဖြူလေးတစ်လုံးညှပ်နေသည်ကို သတိထားမိလိုက်သည်။ စာအိတ်ပေါ်တွင် အသည်းပုံ စတစ်ကာကြီးကြီး တစ်ခုကို ကပ်ထား၏။ ချစ်သူများနေ့၌ အချိန်အခါဖြစ်၍ ချစ်ခြင်းမေတ္တာက နည်းလမ်းရှာ၍ ရွာလည်လာခြင်းပါ။
ချစ်ခြင်းမေတ္တာကသာလျှင် လူတစ်ဦး၏ နှလုံးသားကို ပြောင်းလဲစေနိုင်ပါသည်။ ရုရှားစာရေးဆရာ ဒက်စ်တိုစကီး၏ The Brothers Karamzov စာအုပ်တွင် ဘုရားသခင်၏မေတ္တာကို အတိုက်အခံလုပ်သည့် စိတ်ခက်ထန်သော အဆိုးမြင်ဝါဒီ အိုင်ဗင် အကြောင်းကိုပြောပြထား၏။ တစ်ချိန်တွင် အစ်ကိုကြီး အိုင်ဗင်၏ အတိုက်အခံအပြုအမူကြောင့် ယုံကြည်ခြင်းအားကြီးသူ ညီငယ် အောလ်ယိုစ်ရှား က စိတ်မသက်သာဖြစ်ရင်းမှ ကိုယ်ကိုကိုင်းညွှတ်ပြီး၊ အိုင်ဗင်ကို နမ်းလိုက်သည်။ ဤသာမန်မေတ္တာပြမှုလေးက အိုင်ဗင်၏နှလုံးသားကို တောက်လောင်သွားစေပါသည်။
ဘုရားသခင်၏ မေတ္တာကို…
ကြောက်စိတ်ဝင်လာသော်
ကျွန်မ၏ သမီးက “အမေ၊ ပိုးကောင်ကြီး” ဟုအော်လိုက်သည့်အတွက် သူမ ညွှန်ပြရာသို့ ကြည့်လိုက်ရာ အိမ်မွေးတိရစ္ဆာန်ဆိုင်၌သာ တွေ့ဖူးသည့် ပင့်ကူကြီးကို တွေ့လိုက်သည်။ ၎င်းကို အိမ်ထဲသို့ လုံးဝအ၀င်မခံ၊ သို့သော်လည်း ၎င်းကို ထိပ်တိုက်တွေ့ရသောအခါ ကျွန်မမှာ ခြေတစ်လှမ်းပင် မရွှေ့နိုင်။ ကျွန်မ၏ သွေးခုန်နှုန်းများ မြန်ဆန်လာသည်။ တံတွေးမျိုချပြီး ကိုယ့်ကိုယ်ကို အားပေးနေသော်လည်း ကြောက်စိတ်ကြောင့် ကျွန်မနေရာမှ မရွှေ့နိုင်ဘဲ ဖြစ်သွားသည်။
ကြောက်စိတ်က အားကြီးလှပါသည်။ အကျိုးအကြောင်း ဆီလျော်စွာ၊ ယုတ္တိတန်စွာ တွေးခေါ်နိုင်မှုကို လွှမ်းမိုးပြီး၊ အကြောင်းမဲ့၊ ဆင်ခြင်တုံတရားမရှိသော မဆင်မခြင် အပြုအမူတို့ကို လုပ်မိစေသည်။ ကျေးဇူးတော်ကြောင့် ခရစ်ယာန်များအနေဖြင့် လူများ၊ အခြေအနေများ၊ ပင့်ကူများစသည့် ဘယ်အရာကိုမျှ ကြောက်နေစရာမလို၊ မိမိတို့ အပြုအမူတို့ကို လွှမ်းမိုးအောင် အခွင့်ပေးစရာမလိုပါ။ အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်ကို ခိုလှုံပါမည် (ဆာ ၅၆း၃)…