စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ပုန်းစရာနေရာမရှိ

ညော်နံ့ရသည့်အတွက် မီးဖိုချောင်ထဲသို့ ကျွန်မအပြေးသွားလိုက်သည်။ မီးဖိုပေါ်၌ ဘာမှမရှိပါ။ ထိုကြောင့်တစ်အိမ်လုံး အနံ့လိုက်ခံကြည့်သည်။ တစ်ခန်းပြီးတစ်ခန်း၊ အပေါ်အောက်ပါမကျန် လိုက်လံဝင်ကြည့်သည်။ အနံ့ခံရင်း ကျွန်မရုံးခန်း အလုပ်စားပွဲသို့အရောက် စားပွဲအောက်မှ မျက်လုံးအ၀ိုင်းသားနှင့်အကူအညီတောင်းနေသည့် ပြန်လည်စိုက်ကြည့်နေသော ကျွန်မတို့၏ နံစော်နေသည့် ခွေးမလေးမဲဂီကိုတွေ့လိုက်သည်။ အပေါ်ထပ်၌ရှိစဉ်က ရခဲ့သော ညော်နံ့ကဲ့သို့အနံ့က မည့်သည့်အနံ့ဖြစ်ကြောင်း၊ ယခုမှ ထင်ထင်ရှားရှားသိပါပြီ။ ထိုအနံ့ဆိုးမှလွတ်မြောက်ရန် မဲဂီသည် အိမ်ထောင့်စွန်းသို့ ပြေးထွက်ခဲ့သော်လည်း သူ့ကိုယ်မှ ထွက်လာသည့်အနံ့ကြောင့် ပြေးမလွတ်ပြီ။
ခွေးမလေး မဲဂီ၏ အဖြစ်က စိတ်ညစ်ဖွယ်အခြေအနေများမှ လွတ်မြောက်ရန် ကျွန်မ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ခြင်းကို ပြန်ဆင်ခြင်သတိရမိစေသည်။ စင်စစ် ပြဿနာက ကျွန်မ ရင်ဆိုင်နေရသော အရာမဟုတ်ဘဲ ကျွန်မကိုယ်တိုင်က ပြဿနာအရင်းခံဖြစ်နေကြောင်း သိခဲ့ရသည်။ အာဒံနှင့် ဧ၀တို့ သူတို့အပြစ်ကိုဖုံးကွယ်ခဲ့သည့် (က ၃း၈) နည်းအတိုင်း ကျွန်မတို့လည်း ထိုလမ်းစဉ်အတိုင်း လိုက်နေသည်။ စိတ်ညစ်ဖွယ်ရာ အခြေအနေမှ…

ကိုယ်တော်တားမြစ်နေသလား

မာတီက “ဟုတ်ပြီး၊ လိုက်နာရမည့် စည်းကမ်းချက်တွေကတော့ တစ်ယောက်ယောက်က မလုပ်ရဘူး၊ မသွားရဘူးလို့ မပြောသရွေ့ အချိန်မရွေးလုပ်ချင်တာလုပ်လို့ရတယ်။ သွားချင်တာ သွားလို့ရတယ်” ဟု ပြောသည်။
ထိုစည်းကမ်းချက်မှာ ကန်နံဘေးရှိ သူငယ်ချင်း၏အိမ်သို့ ပထမဆုံး သွားလည်စဉ် လိုက်နာရန်ဖြစ်သည်။ မာတီနှင့်ဇနီး လင်းသည် သူတို့၏ဧည့်သည်များ စိတ်ကြိုက်လွတ်လပ်ပေါ့ပါးစွာ နေထိုင်စေသည်။ ဆိပ်ခံဗေါတံတားတွင် လှော်တက်လှေ၊ ရွက်လှေကို တွေ့ရ၍ ညနေခင်း၌ ပျော်ရွှင်ရလိမ့်မည်ကို သိလိုက်သည်။
မာတီက မလုပ်ရန်ပြောသော အရာတစ်ခုသာရှိသည်။ ကျွန်ုပ်တို့ နံဘေးမှဖြတ်ကူးသွားသော ငန်းများကို အစာမကျွေးရန်ပါ။ ကျွန်ုပ်တို့ နံဘေးမှ ဖြတ်သွားသော ငန်းများကိုအစာမကျွေးရန်ပါ။ အကယ်၍ ၎င်းတို့ကို တစ်ကြိမ်အစာကျွေးပြီး နောက်တစ်ကြိမ် မကျွေးတော့လျှင် ရန်မူတော့မည်ကို မာတီက သိသောကြောင့်ပါ။
အာဒံနှင့် ဧ၀တို့သည် ကမ္ဘာဦး အစပြုခဲ့သည့် အလှဆုံးနေရာ၌ နေထိုင်ခဲ့သည်။ ထို့ပြင် လွတ်လပ်ခွင့်ကိုလည်း ရရှိခဲ့သည်။ သို့သော်ဘုရားသခင်က…

ကယ်တင်ရှင်အတွက် သက်စွန့်ဆံဖျား

အခြေခံစစ်ရေး လေ့ကျင့်သည့်ကာလများအတွင်း ဒက်စ်မွန်ဒေါ့စ်၏ အပြုအမူက နည်းပြဆရာ နှင့် ရဲဘော်ချင်းတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ သူက အကြမ်းဖက်မှုနှင့်စစ်ကို ခိုင်မာစွာ ဆန့်ကျင်သူဖြစ်ခြင်းကြောင့် တိုက်ပွဲတွင် လက်နက်ပို့ပေးရန် ငြင်းသည်။ ထိုကြောင့် ရဲဘော်ချင်းက သူ့သတ္တိကို သံသယ၀င်လာသည်။ သို့သော်သူက ဆေးတပ်သားဖြစ်ပြီး၊ ခရစ်ယာန်လည်းဖြစ်လေရာ တိုက်ပွဲများကို ရင်ဆိုင်ရန်အရေးနှင့် စပ်လျဉ်း၍ သောကမရှိခဲ့ပါ။ သို့သော် သူ၏ရည်မှန်းချက်မှာ လူ့အသက်ကယ်ရန်ဖြစ်သည်။
သို့သော် ၎င်းတို့၏တပ်စိတ် အတိုက်ခံရသောအခါ ဒေါ့စ် အပေါ်သံသယအမြင်များပြောင်းသွား သည်။ ဒုတိယကမ္ဘာစစ်အတွင်း အိုကီနာဝါတိုက်ပွဲတွင် သူသည် စက်သေနတ်များပစ်ခတ်မှုကြား တွားသွားကာ ဒဏ်ရာရသူများကို လုံခြုံရာသို့ပို့ပေးသည်။ စိတ်ထဲမှလည်း “ဘုရားသခင်၊ ဒဏ်ရာရတဲ့ ရဲဘော် နောက်တစ်ယောက်လောက်ပဲ ကယ်တင်နိုင်ဖို့ ခွန်အားပေးပါ” ဟုဆုတောင်းသည်။ ဤသို့ဖြင့် သူသည် ဒဏ်ရာရစစ်သည်(၇၀)ကျော် ကုသမှုခံယူနိုင်အောင် တောင်အောက်သို့ပို့နိုင်ခဲ့သည်။ ဤသို့ အားထုတ်မှုကြောင့် ဒက်စမွန်ဒေါ့စ်သည် နိုင်ငံတော်၏အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရသည်။…

သေသည့်တိုင်သစ္စာရှိခြင်း

အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ရှိ The Walker Art Gallery တွင် ရှေ့ဟောင်းပွန်ပေမြို့တော်အား သစ္စာရှိစွာ မတ်တတ်ရပ်လျက်စောင့်ရှောက်နေသော ရောမစစ်သားပုံ ပန်းချီကားတစ်ချပ်ရှိသည်။ ရှေးဟောင်း သုတေသနပြုရှာဖွေတွေ့ရှိသော ရောမစစ်သားတစ်ဦး၏ ရုပ်ကြွင်းကို အခြေပြု၍ ထိုပန်းချီကားကို ရေးဆွဲထားခြင်းဖြစ်သည်။ အေဒီ ၇၉ ခုနှစ်က ဗက်စုဗီးယပ်စ် မီးတောင်ပေါက်ကွဲပြီး တစ်မြို့လုံးချော်ရည်များဖုံးလွှမ်းသွားကာ ထိုမြို့ရှိလူ သတ္တ၀ါအပေါင်းနှင့်တကွ ယဉ်ကျေးမှု အနုပညာ သုခုမများ တခဏချင်း၌ ပျောက်ကွယ်ခဲ့ရသည်။ “သေသည့်တိုင်သစ္စာစောင့်ခြင်း” ဆိုသည့် ပန်းချီးကားက မြို့စောင့်တပ်သားသည် တစ်မြို့လုံး မီးဝိုင်းပြီး အသက်အန္တရာယ်ကြုံရစဉ် ညဖက်အထိ ဆက်လက် တာဝန်ထမ်းဆောင်ကြောင်း သက်သေပြနေသည်။
ခရစ်တော်ကြောင့် ညှင်းဆဲနှိပ်စက်ခံနေရသည့် ပထမရာစု ကနဦး စမုရန အသင်းတော်အား သေသည့်တိုင် သစ္စာစောင့်ရန် စိန်ခေါ်ခံရသည်။ ၀ိညာဉ်ရေး၌ ၎င်းတို့၏ ဆက်ကပ်အပ်နှံမှုကို သခင် မသိဘဲမနေ (ဗျာ ၂း၉)။ ရင်ဆိုင်ခံစားရဦးမည့်…

ကြောက်စိတ်ဝင်ချိန်

ကျွန်တော်ငယ်စဉ်က အိပ်ခန်းထဲ၌ မီးမှိတ်လိုက်သောအခါ ကုလားထိုင်ပေါ် လွှားတင်ထားသည့်အ၀တ်များက နဂါးအသွင်သဏ္ဍာန်ပြောင်းကာ လှုပ်ရှားလာမှာကို ကျွန်တော်အလွန်ကြောက်ခဲ့သည့်အဖြစ်ကို ကျွန်တော်မမေ့နိုင်။ သောကဒုက္ခများက ဘ၀ကို ရိုက်ခတ်လာချိန်၌ ကြောက်ရွံ့စိတ်သည် ရှိအပ်သော မိတ်ဆွေမဟုတ်ကြောင်း အတွေ့အကြုံအရ နားလည်ခဲ့သည်။ ယေရှု၌မျက်မှောက်မပြုလျှင် ကြောက်ရွံ့စိတ်ကရှေ့မဆက်နိုင်အောင် ချိနဲ့စေသည်။ မှန်ရာကိုမလုပ်ရဲအောင် တွန့်ဆုတ်စေသည်။
လှေပေါ်မှ လွင့်စင်ပြုတ်ကျသွားမတတ် ပြင်းထန်စွာတိုက်ခတ်နေသည့် လေမုန်တိုင်းကို တပည့်တော်တို့ ရင်ဆိုင်နေရစဉ် သခင်ယေရှုက ရေပေါ်လမ်းလျှောက်လာရင်း “ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်” ဟုမိန့်တော်မူသည် (မ ၁၄း၂၇)။ တဖန် သခင် ကားတင်သတ်ခံရပြီးနောက် တပည့်တော်များမှာ ကြောက်လန့်စွာဖြင့် အခန်းပိတ်နေကြစဉ် ကိုယ်တော်သည်ကိုယ်ထင်ရှားပြလျက် “အဘယ်ကြောင့်တုန်လှုပ်ခြင်းရှိကြသနည်း။ အဘယ်ကြောင့် အထူးထူးအထွေထွေသောစိတ်ရှိကြသနည်း” (လု၂၄း၃၈)ဟု မိန့်တော်မူသည်။ ရှောင်လွဲမရသည့် စစ်ကြောမှုများကြုံရမည်ကို သိမှတ်နားလည်းလျက် “သင်တို့သည် လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ” ဟုမိန့်တော်မူသည် (ယော ၁၆း၃၃)။ ဆိုလိုရင်းက…

မွှေးရနံ့

ကေတီသည် မ၀ံ့မရဲနှင့် လင်းဒါဖိတ်ကြားသည့် အသင်းတော်လူငယ် မိဿဟာယသို့ တတ်ရောက်ခဲ့သည်။ ငယ်စဉ်ကတည်းက ဘုရားကျောင်းသို့ သူတစ်ခါမှ မရောက်ဖူးပါ။ ဗလင်တိုင်းနေ့ မိတ်ဆွေညစာစားပွဲတွင် လူအများစုက သူနှင့်သူစိမ်းများဖြစ်ပြီး ဘာလုပ်ရမှန်းလည်းမသိပါ။ သို့သော် လူတိုင်းက သူမအတွက် ဗလင်တိုင်း နှုတ်ဆက်လွှာများရေးထားသည်ကို တွေ့ရသောအခါ သူစိတ်ငြိမ်းစိတ်အေးသွားသည်။ ဗလင်တိုင်းကဒ်ကို လူတိုင်းအတွက် ရေးသားထားခြင်းဖြစ်ရာ လူငယ်အဖွဲ့သို့ အသစ်ရောက်လာသူ သူ့အတွက် အားလုံးက ၀ိုင်းစဉ်းစားပြီး ထိုသို့ပြုပေးသည်ဟု ကေတီ၏ နှလုံးသား၌ ခံစားလိုက်ရသည်။
ကေတီ၏နှလုံးသား၌ နွေးထွေးပျူငှာကြိုဆိုမှုကို ခံစားရပြီး အသင်းတော်ဝတ်ပြုစည်းဝေးသို့ လင်းဒါကထပ်မံ ဖိတ်ကြားသောအခါ သူလက်ခံခဲ့သည်။ သို့နှင့် အပြစ်များလှသော သူမအပေါ် ဘုရားသခင်၏မေတ္တာတော်အကြောင်း ကြားသိခဲ့ရပြီး ဘုရားသခင်၏ခွင့်လွတ်ခြင်းကို လှမ်းကိုင်စွဲခဲ့သည်။ လူငယ်အဖွဲ့က သူမကို ဘုရားသခင်၏မေတ္တာမွေးရနံ့ကို ပေးခဲ့ပြီး ဘုရားသခင်က သူ့ကို ယုံကြည်လာအောင် ကေတီ၏ နှလုံးသားကို ဖွင့်ပေးခဲ့သည်။
“ဘုရားသခင်သည် ငါတို့ကို…

အမွေအနှစ်

တစ်နေ့တွင် ကျွန်တော့် မိန်းမက ရုံးသို့ဖုန်းဆက်ကာ “တစ်ဖက်အိမ်မှာတစ်ခုခုဖြစ်နေပြီ။ ကားတွေအများကြီးရောက်နေတယ်” ဟုဆိုသည်။ ကျွန်တော်အိမ်နီးချင်းက ရဲဝန်ထမ်းဖြစ်သဖြင့် ကျွန်တော်အစိုးရိမ်ဆုံးအရာက မနှေးအမြန်ဖြစ်ပျက်လေပြီ။ ရဲဝန်ထမ်း ထရီဗာစလော့သည် တာဝန်ထမ်းဆောင်နေစဉ် ဘဏ်ဓါးပြနှစ်ဦးကို တားဆီးရာမှ ကျဆုံးသွားသောကြောင့် ကျွန်တော့်တို့ တစ်လမ်းလုံးတုန်လှုပ်သွားခဲ့သည်။
ထရီဗာအနေဖြင့် သူသေမည့် အချိန်အတွက် ပြင်ဆင်ချိန်မရှိခဲ့သော်လည်း သူအသင့်ရှိနေခဲ့ပါသည်။ ခရစ်တော်၌ ယုံကြည်ခြင်းက သူ့အတွက် လုံခြုံစိတ်ချရာဖြစ်ပြီး မှတ်သားလောက်သည့် ဂုဏ်အသရေနှင့် အမည်ကောင်းရှိသူဖြစ်သည်။ သူ့ဈာပန၀တ်၌ ရဲဝန်ထမ်းအရာရှိများ ရာနှင့်ချီ တက်ရောက်ကြပြီး သူ့လုပ်ဖော်ဆောင်ဖက် စုံထောက် ဘရန်ဒီ ဟူးဂျဲလ် က“ထရီဗာ ဟာ တကယ့်ပေးဆပ်ဝန်ထမ်းတဲ့ ရဲအရာရှိတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ ဇနီး ကင်းမ်အတွက် ချစ်ခင်ပွန်းကောင်း၊ ကိတ်လင်းနှင့်အက်ဘီတို့အတွက် ဖခင်ကောင်းဖြစ်တာကတော့ အဓိကပါဘဲ” ဟုပြောခဲ့သည်။ ထရီဗာ၏ဂုဏ်သတင်းများအနက် သူ၏မြင့်မြတ်သော ကိုယ်ရည်ကိုယ်သွေးနှင့် မိသားစုအပေါ် ချစ်ခြင်း၊ ဂရုစိုက်ခြင်းများက အဓိကပေါ်လွင်သည်။
ထရီဗာ၏ အသက်တာက…

ဦးနှောက်အသိမှ နှလုံးသားအထိ

ကျွန်မငယ်စဉ်က စန္ဒယားတီးသင်ပေးသည့် ဆရာမသည် သင်ခန်းစာအလွတ်မှတ်ခြင်းကို အလွန်အရေးထားပြီး ကျွန်မကိုလည်း သူ့နည်းတူ အရေးထားစေလိုသည်။ သီချင်းတေးသွားတစ်ပုဒ်ကို အမှားအယွင်းမရှိ တီးနိုင်ရုံဖြင့် မလုံလောက်သေး။ သီချင်း၊ တေးသွားများစွာကို အမှားအယွင်းမရှိ အလွတ်ရသည်အထိ လေ့ကျင့်ခဲ့ရသည်။ သူ့တပည့်များကို စန္ဒယားတီးခိုင်းလျှင် “မတီးနိုင်ဘူး” “သီချင်းစာအုပ်ပါမလာလို့ ဆောရီးပါ” ဟု ပြောစရာမရှိ၊ ဖြစ်နေရမည်ဟု သူကအကြောင်းပြသည်။
ငယ်စဉ်က ဆာ၁၁၉း၁၁ အပါအ၀င်ကျမ်းပိုဒ်များကိုလည်း ကျွန်မအလွတ်ကျက်မှတ်ခဲ့ပါသည်။ ထိုသို့ သာမန်ကျက်ထားရုံဖြင့် ဒုစရိုက်ကို ရှောင်နိုင်မည်ဟု ကလေးအတွေးဖြင့် ကျွန်မယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျမ်းပိုဒ်များစွာကို ကြိုးစားကျက်မှတ်ခဲ့သည်။ ဆုအဖြစ် ကျမ်းစာပုံပြင်စာအုပ်ကိုပင် ရဖူးသည်။
ကျမ်းစာကျက်မှတ်ခြင်းသည် ပျိုးထောင်အပ်သော အကျင့်ကောင်းတစ်ခုဖြစ်သော်လည်း ထိုသို့ကျက်မှတ်ခြင်းကြောင့် ဒုစရိုက်ကိုရှောင်နိုင်ခြင်းမဟုတ်ပါ။ ဦးနှောက်၌ ကျမ်းပိုဒ်များစွာရှိနေလည်း မိမိ၏အပြုအမူ သဘောထားများမှာ ထူးခြားပြောင်းလဲမှု မရှိနိုင်ကြောင်း မကြာမီက ကျွန်မသဘောပေါက်ခဲ့သည်။ ထို့ပြင် အပြစ်ဒုစရိုက်ကို အောင်နိုင်ရမည့်အစား ဦးနှောက်အသိဥာဏ်က အပြစ်ရှိကြောင်းခံစားရချက်ကိုသာ…

အချစ်ဇတ်လမ်းတစ်ပုဒ်

သမ္မာကျမ်းစာထဲမှ မုဆိုးမများသည် များသောအားဖြင့် ကြပ်တည်းသောဘ၀ကို ရင်ဆိုင်ရသူများ ဖြစ်သည်။ ရုသနှင့်သူ့ယောက္ခမနောမိတို့သည် ထိုအခြေအနေသို့ဆိုက်ခဲ့သည်။ သို့သော်သူတို့ကို လုံခြုံကွယ်ကာပေးမည့် ဘုရားသခင်၏အစီအစဉ်ရှိခဲ့ပြီး၊ ပို၍ကြီးမားသောအကြုံအစည်အတွက် ရုသသည် မရှိမဖြစ်လိုအပ်သည့် ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့သည်။
မြေပိုင်ရှင် သူဌေးကြီးဗောဇသည် ရုသ၏အဖြစ်သနစ်ကိုသိပြီး၊ ရုသကိုလည်းစုံမက်သည်(ရု ၂း၅-၁၂)။ သို့သော်တစ်ညတွင် သူလန့်နိုးလာချိန်၌ သူ့ခြေရင်း၌ အိပ်နေသည့်ရုသကို တွေ့လိုက်ရရာ သူအလွန်အံ့ဩသွားသည်(၃း၈)။ ဗောဇသည်သူမကို ရွေးပိုင်သော အမျိုးသားချင်းဖြစ်ပြီး ရွေးရန်ဆန္ဒ ရှိ၊မရှိကို သူ့အ၀တ်စွန်းနှင့်သူမကို ဖုံးခြင်းအားဖြင့်ပြရန် ရုသတောင်းဆိုခဲ့သည်။ ဤတောင်းဆိုမှုက အကာအကွယ်ပေးရန်ထက် လက်ထပ်ရန်တောင်းဆိုခြင်းပါ။ ဘောဇသည် သူမကိုလက်ထပ်ရန် သဘောတူခဲ့သည် (၃း၁၁-၁၄၊ ၄း၁၃)။
ပီပြင်လှပသော အချစ်ဇာတ်လမ်း မဟုတ်သော်ငြားလည်း ယေက္ခမ၏စကားကို လိုက်နာရန် ရုသရွေးချယ်ခဲ့ခြင်းကြောင့် ဘုရား၏ ရွေးချယ်ကယ်တင်ခြင်း အကြံအစည်တော်ရှိ အဖြစ်အပျက်များတစ်လျှောက် ရုသပါဝင်ခဲ့သည်။ ရုသနှင့်ဘောဇတို့၏အိမ်ထောင်မှ ဒါဝိဒ်မင်း၏ အဖိုးဖြစ်သူ ဩဗက်ကိုမွေးဖွားခဲ့သည်(၄း၁၇)။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လွန်ပြီးနောက် ထိုမျိုးဆက်မှ…

သင့်တင့်တရားမျှတမှုထက်ကျော်လွန်၍

၁၉ ရာစုက အင်္ဂလန်နိုင်ငံ၌ အလုပ်လုပ်ကိုင်ရသည့် အခြေအနေက အလွန်ဆိုးရွားသည်။ ယောက်ျား၊ မိန်းမ၊ ကလေးမျာသည် အန္တရာယ်များသည့်စက်ရုံ၌ တစ်နေ့လုံးအလုပ်လုပ်ပြီး ညမိုးချုပ်မှ ညစ်ပေသည့်တန်းလျားသို့ ပြန်လာရသည်။ စက်ရုံပိုင်ရှင်များက အလုပ်သမားများ၏ဘ၀ ဖူလုံရေးကို စောင်မမှု မရှိပါ။
သို့သော်ထိုအချိန်က ကဒ်ဘာရီ ချော့ကလက် ကုမ္ပဏီပိုင်ရှင်များကမူ တစ်မူထူးခြားသည်။ သူတို့က အကြမ်းဖက်မှုနှင့် စစ်ကိုဆန့်ကျင်သည့် Quakers ဘာသာရေးဂိုဏ်းဝင်လည်းဖြစ်၊ စီးပွားရေး ကျွမ်းကျင်သော ပါရမီရှင်များလည်းဖြစ်ရာ သူတို့ကို ၎င်းတို့၏အလုပ်သမား ၂၀၀ အတွက် လုပ်ငန်းခွင် အခြေအနေများကို မြှင့်တင်ပေးရန်အာရုံစိုက်ခဲ့သည်။
စက်ရုံထဲ၌ အပူငွေ့ပေးသည့် အ၀တ်လဲခန်း၊ မီးဖိုချောင်နှင့် အပန်းဖြေခန်းမများကို ထည့်သွင်း ဆောက်လုပ်သည်။ ၀ိညာဉ်ရေးရာအတွက် အလုပ်မစမီ ကျမ်းစာလေ့လာခြင်း အစီအစဉ်ဖြင့် အစပြု သည်။ ကော၎း၁ တွင် “သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူသည်ကို သိမှတ်၍ ဖြောင့်မတ်ခြင်းတရား၊ မျှတခြင်းတရားနှင့်အညီ…