ဘုန်းဂုဏ်တော်ကို အသစ်ရှုမြင်ခြင်း
Good Morning America ရုပ်သံအစီအစဉ်ကို ကြည့်ရှုသူထောင်ပေါင်းများစွာက နှစ်စဉ်နွေရာသီ၌ “အမေရိကန်၏ အလှဆုံးအရပ်ဒေသ” ကိုမဲပေးရွေးချယ်ကြရာ၊ ကျွနှ်ပ်ဇာတိ မီချီဂန်ပြည်နယ်ရှိ Sleeping Bear Dunes ကမ်းခြေကို ၂၀၁၁ ခုနှစ်အတွက် အလှဆုံးနေရာဟုကြေငြာသောအခါ ကျွနှ်ပ်ကြည်နူးပျော်သွားသည်။ အမှန်ဝန်ခံရလျင် ဆုရရှိသွားသောနေရာမှာ ကျွနှ်ပ်အိမ်အနောက်ဖက် နေရာဖြစ်မည်ဟု မျှော်လင့်မတားပါ။ ယင်းအဖြစ်ကြောင့် ကျွန်တော်တို့ဇနီးမောင်နှံ နိုင်ဂါရာရေတံခွန်သို့ သွားရောက်လည်ပတ်စဉ်အချိန်ကို ပြန်သတိ ရမိသည်။ ရေတံခွန်ကိုခံစားနေရသည့် ကမ္ဘာလှည့်ခရီးသွားတို့၏ အပြုအမူကိုကြည့်ပြီး အနီးအနားတွင် နေထိုင် သူတစ်ဦးက “ထူးဆန်းတာဘာမှမရှိပါဘူး။ ကျုပ်နေ့တိုင်းတွေ့မြင်နေတာပဲ” ဟုမှတ်ချက်ချသည်။
တစ်ကြိမ်တစ်ခါက မိမိကိုကြည်နူးဝမ်းမြောက်စေသည့်နေရာ၊ အတွေ့အကြုံများ၊ မိမိနှင့်ကျွမ်းဝင်ရင်းနှီး သည့်အရာများကို ကျွနှ်ပ်တို့ရိုးအီသွားတက်သည်။ မိမိဝန်းကျင်ကိုလည်း သာမန်ကာလျံကာ ရှုမြင်သည်။ မိမိ၏ ဘေးပတ်လည်တွင် ဘုရားသခင်၏ဘုန်းတော်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြနေလည်း နေ့စဉ်ဘဝ၌အလုပ် များမြောင်မှုက မြင်ကွင်းကိုပိတ်ဆို့နေသည်။ ဘဝအသက်တာ၌ ကိုယ်တော်ပြုပေးသည့် အံ့ဖွယ်အမှုများကို တန်ဖိုးမထား၊…
အဟောအပြောကောင်းနည်းနှိမ့်ချ၏။
တစ်ပါးသူကို မိမိ၏ ယုံကြည်မှုအကြောင်းရှင်းပြ၊ ပြောပြပြီး မိမိ၏အပြော၌ မျောပါသွားအောင် ဆွဲဆောင်နိုင်သူများကို ကျွန်ုပ်လေးစားပါသည်။ အချို့က ယင်းစွမ်းရည်ကို “စကားပြောကောင်းခြင်း” သို့ “ဝေါဟာရများကို ကောင်းစွာအသုံးချခြင်း” ဟုဆိုကြသည်။ အချို့ကလည်း ယင်းကို “ကျလောက်အောင် အပြောကောင်းခြင်း” ဟုဆိုသည်။
အာပေါလု၌ ထိုစွမ်းရည်မျိုးရှိသည်။ သူသည် “နှုတ်သတ္တိပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏” (တ၁၈း၂၄)။ သူသည် ခရစ်တော်အကြောင်းကို မှန်ကန်စွာ သင်ကြားပေးသော်လည်း ဗတ္တိဇံဆရာယောဟန်၏ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကိုသာ ဟောပြောသည် (း၂၅၊ ၁၉း၎)။ အာပေါလုသည် ယေရှု၏ သွန်သင် ချက်ကိုသိသော်လည်း ယေရှု၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်းကို မသိခြင်းဖြစ်မည် (တ ၂)။ သူ၏ သွန်သင်မှုက မစုံလင်၊ အကြောင်းမှာ နေ့စဉ်ခွန်အားရရှိရန် အတွက်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝရမည့်အကြောင်းကို သူမသိသေး၍ ဖြစ်သည်။
သို့နှင့်ရှင်ပေါလု၏ မိတ်ဆွေ…
ယုံကြည်စိတ်ချနိုင်သောမေတ္တာ
“မင်းကို ငါမချစ်တော့ဘူး” ဆိုသော စကားက လူတစ်ဦးအတွက် နားမချမ်းသာဆုံး၊ စိတ်မချမ်းသာဆုံး စကား ဖြစ်ကောင်းဖြစ်မည်။ ထိုစကားက ဆက်ဆံရေးကို အဆုံးသတ်စေသည်။ ၀မ်းနည်းကြေကွဲစေသည်။ ပြီးနောက် စိတ်ကူးအိမ်မက်များကို ပြိုကွဲစေသည်။ သစ္စာဖောက်ခံဖူးသူများက နောက်ထပ်နာကျင်မှု မခံစားရအောင် အခြားသူ တစ်ဦးဦး၏ မေတ္တာကိုမယုံတော့ရန်၊ ဘုရားသခင်၏ မေတ္တာကိုပင် မယုံရန် ယတိပြတ် ဆုံးဖြတ်ကြသည်။
ကျွန်ုပ်တို့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာနှင့်ပတ်သက်၍ ထူးခြားမှတ်သားဖွယ်ရာမှာ သူ့မေတ္တာ ဘယ်ခါမှ မကုန်ဆုံးကြောင်း ကိုယ်တော် ကတိပေးထားခြင်းဖြစ်သည်။ ပရောဖက်ယေရမိမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာအခြေအနေကို ကြုံတွေ့ခဲ့ရ၍ စိတ်ဓာတ်ကျ စိတ်ထိခိုက်ခဲ့ရသည် (ယေမြည် ၃း၁၃-၂၉)။ ဘုရားသခင်၏ မေတ္တာဆီသို့ လှည့်ပြန်ရန် သူအကြိမ်ကြိမ် သတိပေးခဲ့လည်း သူ့လူမျိုးများက ငြင်းဆန်သည်။ ယေရမိက `ငါသည် ထာဝရဘုရားသခင် ရှေ့တော်၌ အစွမ်းသတ္တိနှင့်မြော်လင့်စရာအကြောင်း ပျက်လေပြီ´ ဟုဆိုခဲ့သည် (း၁၈)။
သို့ငြားလည်း အမှောင်မိုက်ဆုံးအချိန်၌…
ကျေးဇူးတော်ချီးမွမ်း
မီရှီဂန်ပြည်နယ်၊ လန်းစင်းဒေသတွင် ဆောင်းတွင်း၌ နေသာသည့်နေ့ များများစားစားမရှိပါ။ သို့သော် မနှစ်က နေသာသည့်နေ့များကို ဘုရားသခင်က ပေးသနားခဲ့သည်။ ကျွန်တော်မှ လွဲ၍ လူတိုင်းလိုလိုက ဘုရားသခင်ကို ကျေးဇူးတင်ကြသည် ရုံး၌ လူတစ်ဦးက “သာယာတဲ့နေ့ကိုရထားတာပဲ။ ဒါဘုရားဆီက လက်ဆောင်ပဲ” ဟုပြောရာ ကျွန်တော်က “ဟုတ်တယ်။ ဒါပေမဲ့ ဒီတစ်ပတ်တော့ နှင်းကျနောက်ကျပြီး” ဟု တုံ့ပြန်လိုက်သည်။ ကျေးဇူးမသိတတ်လေခြင်း။
ရှင်ပေါလု ရေးသောစာများ၌ စာဖတ်သူများအား ကျေးဇူးသိတတ်ခြင်းသဘောကို ပျိုးထောင်ရန် အားပေးခဲ့သည်။ သူသည် အခြားသော ဓမ္မသစ်ကျမ်းရေးသားသူများထက် ပို၍ ကျေးဇူးတော်ချီးမွမ်းခြင်း အကြောင်းရေးသားခဲ့သည်။ သူရေးခဲ့သည့် Thanksgiving ဟူသည့် ကျေးဇူးတော်ချီးမွမ်းသည့် စကားလုံး၂၃ ကြိမ်မှ ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်း သင်ခန်းစာအချို့ကို သင်ယူနိုင်ပါ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည် အမြဲပင်ဘုရားသခင်ထံသို့ ဦးတည်ပြီး လူထံသို့ဦးတည်ခြင်း လုံးဝ မဟုတ်ပါ။ လူသည် ဘုရားသခင်ပေးသော လက်ဆောင်များဖြစ်ပြီး ၄င်း၏…
သီးနှံရိတ်သိမ်းရာနေ့
ဆောင်းဦးအချိန် နေ့လည်ခင်းတစ်ခု၌ ကောက်ရိတ်စက်ကြီးများ တန်းစီရပ်ထားသော လယ်ကွင်းမှ ကားဖြတ်မောင်းသွားရာ အ၀ါရောင်သတိပေးဆိုင်းဘုတ်ပေါ်မှ “သီးနှံရိတ်သိမ်းနေသည်” ဆိုသော စာတန်းကို ဖတ်ရသည်။ လယ်ကွင်းဆီသို့ ဝေ့ကြည့်လိုက်ရင်း လွန်ခဲ့သောလများက ပြောင်းစေ့သေးသေးလေးများကို လယ်သမားများ စိုက်ပျိုးခဲ့ကြောင်း ချက်ချင်းသိလိုက်သည်။ အကြောင်းမှာ ရင့်မှည့်နေသော ပြောင်းစိုက်ခင်း ဧကပေါင်းများဆီသို့ ရိတ်သိမ်းစက်များမောင်းချသွားရန် ပြင်ဆင်နေသည် မဟုတ်ပါလား။
ပြောင်းစိုက်ပါက ပြောင်းသီးနှံကို ရိတ်သိမ်းရမည်ဖြစ်ကြောင်း သိသာထင်ရှာနေလည်း တခါတရံ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေး အသက်တာ၌ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း၏ ဆက်နွယ်မှုကို လက်မခံ ငြင်းပယ် တတ်ကြသည်။ တမန်တော်ရှင်ပေါလုက “အလွဲမယူကြနှင့်။ လူသည် မျိုးစေ့ကြဲသည်အတိုင်းအသီးအနှံကို ရိတ်ရလိမ့်မည်” ဟုရေးသားခဲ့သည် (ဂလာ၊၆း၇)။ မိမိ၏ဇာတိ အလိုဆန္ဒပြည့်စေရေးအတွက်သာ အသက်ရှင်ခြင်းက ယိုယွင်းပျက်စီးခြင်းကိုသာ ဦးတည်သွားမည်။ မိမိမပိုင်သောအရာကို လိုချင်တပ်မက်စိတ်၊ ကိုယ်သာပဓာန တစ်ကိုယ်ကောင်းစိတ်၊ အလွဲသုံးစားမှုများတို့ပင် ထွက်ပေါ်လာမည် (၅း၁၉-၂၁)။ ၀ိညာဉ်တော် နှင့်အတူ…
စောင့်ကြည့်ခြင်းနှင့်စောင့်စားခြင်း
ဟေရှာယ အခန်းကြီး ၁၈ တွင် တစ်ကမ္ဘာလုံးတွင် ဘုရားသခင်၏ လူမျိုးတော်ကို စစ်တိုက်ရန် ပြင်ဆင်နေကြပုံပေါ်နေကြောင်းဖတ်ရှုရသည်။ ထိုအခြေအနေတွင် အနန္တတန်ခိုးရှင်၏ တုံ့ပြန်မှုက `ငါသည် (ငြိမ်ဝပ်စွာ) ကျိန်းဝပ်၍ ငါနေရာမှ ကြည့်ရှုမည်´ (း၎) ဟု မိန့်တော်မူသည်။ ဘုရားသခင်ငြိမ်နေခြင်းက တစ်ဖက်မှ လျှံဝှက်ကြံစည်မှုကို လက်ခံသည့် သဘောပေါ်ကောင်းပေါ်နေမည်။ သို့သော် ထိုသို့မဟုတ်ပါ။ ထိုတုန့်ပြန်ပုံက ဘုရားသခင်သည် သူ့အချိန်၌ သူ့အကြံအစည်အတိုင်း အချိန်မှန်၊ အချိန်မှီဆောင်ရွက်မည်ဖြစ် ကြောင်း သတိပေးချက်ဖြစ်၏။
ဟောဟန် ၁၁း၃၉ တွင် လာဇရုသေဆုံးပြီးနောက် ယေရှုက အဘယ်ကြောင့် (၄)ရက်စောင့်ခဲ့သနည်း။ သတိမထား၊ မသိလိုက်ခြင်းလား၊ စင်စစ်သခင်ဂရုစိုက်ပါသည်။ သခင်က သူ လှုပ်ရှားရမည့် အချိန်မှန်၊ သူ သွန်သင်လိုသည့် သင်ခန်းစာအတွက် အချိန်မှန်ကို စောင့်နေခြင်းဖြစ်သည်။
ကျမ်းစာထဲတွင် ဘုရားသခင်ဖက်မှ `နှောင့်နှေးဆိုင်း´ ထားမှုများကို ကျွန်ုပ်တို့ဖက်က ကြည့်လျှင်…
မသုံးရသေးသော ဂီယာများ
ကျွန်တော်ပထမဦးဆုံးပိုင်ဆိုင်သည့် စက်ဘီး၌ ဂီယာတစ်ခုရှိသည်။ ကျွန်တော်အမြန်သွားမလား၊ အနှေးသွားမလား၊ တောင်ပေါ်တတ်မလား၊ တောင်အောက်ဆင်းမလား၊ ထိုဂီယာကို ဘက်စုံသုံးနိုင်သည်။ နောက်ဒုတိယ စက်ဘီးတွင်မူ ဂီယာ(၃)ခုပါသည်။ မြေညီလမ်းအတွက်၊ ကုန်းတက်အတွက်၊ ကုန်းဆင်းအတွက် ဖြစ်သည်။ တတိယမြောက်စက်ဘီးတွင် ဂီယာ(၁၀)ခုပါပြီး ပို၍ရွေးချယ်စရာများပါသည်။ ဂီယာအများကြီး ပါသော်လည်း၊ စက်ဘီးတိုင်း ဂီယာအားလုံးကိုအသုံးမပြုပါ။ အချို့ဂီယာက တောင်တတ်ရန်အစမှာ အသင့်တော်ဆုံးဖြစ်ပြီး၊ အချို့ကအရှိန်မြန်ရန်၊ အချို့က စိန်ပြေနပြေစီးရန်ဖြစ်သည်။ ဂီယာအားလုံးကို အသုံးမပြုခြင်းကြောင့် ထိုဂီယာများကို မလိုအပ်ဟုမဆိုနိုင်ပါ။
ဝိညာဉ်ရေးရာ ဆုကျေးဇူးနှင့် စွမ်းရည်များသည်လည်း ထိုသဘောအတိုင်းဖြစ်ပါသည်။ တစ်ချိန်က လုပ်ခဲ့ဖူးသည့် အလုပ်ကို ယခုတွင် အသုံးခံခွင့်မရဟု ကျွန်မခံစားရချိန်၌ အသုံးမ၀င်၊ အသိအမှတ်ပြုမခံရလေ ခြင်းဟု ဖြစ်နေမည့်အစား ယခုလက်ရှိအသုံးပြုနိုင်သည့် ဂီယာလေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက် သည်။ အဘယ်ကြောင့်ဆိုသော် လတ်တလော၌ ယခုမလိုအပ်သေးသည့် စွမ်းရည်များသည် နောင်ဘယ်တော့ မှ မလိုအပ်ဟု မပြောနိုင်ပါ။…
မကြာမီသေးက ဘုရားသခင်ကျွန်ုပ်အတွက် ဘာပြုခဲ့သလဲ
မိမိပြုမိမှားခဲ့သည့်အရာအတွက် ဘုရားသခင်က ဘယ်လိုမှခွင့်မလွတ်ဟု တထစ်ချ ယုံကြည်နေသူတစ်ဦးကို ကျွန်တော်တွေ့ဖူးသည်။ အဖိုးအိုတစ်ဦးက သူ့ကိုခေါ်ယူစောင့်ရှောက်ထားပြီး နှစ်အတန်ကြာတွင် ထိုလူရွယ်သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသည်သာမက နှုတ် တော်ထွက်စကားကို ဆာငတ်စွဲလန်းသောကြောင့် ကျွန်တော်ဝမ်းမြောက်ခဲ့ရသည်။ နောက်သုံးနှစ် အကြာတွင် သူနှင့်စကားပြောဖြစ်ရာ၊ စိတ်ဓါတ်နိုးကြားတတ်ကြွမှုကို ညည်းတွားမြည်တမ်းခြင်းများက နေရာယူသွားကြောင်း ကျွန်တော်သတိထားမိ၏၊ “ဘုရားသခင်ဟာ သူ့သားသမီးတွေ ဒုက္ခဆင်းရဲနဲ့ ချောင်ပိတ်ရုန်းကန်နေရချိန်မှာ ဘာဖြစ်လို့ လူဆိုးတွေကို အောင်မြင်ကောင်းစားခွင့်ပေးထားတာလဲ၊ ကျွန်တော် နားမလည်နိုင်ဘူး” ဟုဆိုသည်။ (သူအပါအ၀င်ဟုလည်း ဆိုချင်ပုံရသည်။) သူ၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ၀မ်းမြောက်ခြင်းကိုညည်းတွားခြင်း က ၀ါးမြိုသွားခြင်းဖြစ်သည်။
ခရစ်တော်၏ ကျေးဇူးတော်ကို သူအဘယ်မျှလိုအပ်သည်ကို ကျွန်ုပ်တို့မေ့တတ်သကဲ့သို့ သူလည်း မေ့သွားခြင်းပါ။ ခရစ်တော်ကို သူပထမဦးဆုံးအကြိမ်လက်ခံယုံကြည်စဉ်က ရရှိခံစားခဲ့ရသည့် ကျေးဇူးတရားများ က ယခုပျောက်ဆုံးလေပြီ။ ဤအဖြစ်က သခင်ယေရှုသည့် စပျစ်ဥယျာဉ်၌ လုပ်ဆောင်သူတို့ အကြောင်းပုံဥပမာ ကို သတိရစေပါသည်(မ၂၀း၁-၁၆)။…
အစဦးမတိုင်မီ
ကျွန်တော့်သား စတိဗ် ဆယ်ကျော်သက်အရွယ်က “အဖေ တကယ်လို့ဘုရားက ထာဝရကာလပတ်လုံး တည်ရှိခဲ့တယ်ဆို စကြ၀ဠာကြီးကို မဖန်ဆင်းခင်က ဘုရားသခင် ဘာလုပ်နေလဲ” ဟုမေးပါသည်။ ကျွန်တော် မိဘ ဖြစ်ထိုက်မဖြစ်ထိုက် စစ်ကြောလိုက်သည့် မေးခွန်းပင်။ ကောင်းကင်နှင့်မြေကြီးကို ဘုရားမဖန်ဆင်းမီ ကမ္ဘာကြီး၌ ဘာဖြစ်ခဲ့သလဲ (က ၁း၁)။ ၄င်းမတိုင်မီ ဘုရားသခင်၏ ထူးခြားသော ဂုဏ်တော်များအနက် တစ်ခုဖြစ်သည့် “ဥာဏ်ပညာတော်၊ အမြော်အမြင်” သည် တည်ရှိကြောင်း ကျွန်ုပ်တို့သိသည်။ ဥာဏ်ပညာတော် အမြော်အမြင်ကို သု ၈း၂၃ တွင် လူပုဂ္ဂိုလ်အသွင်ဖြင့် “မြေကြီးမဖြစ်မီ … ငါသည် ဘိသိက်ခံပြီး” ဟူ၍ ကိုယ်စားပြုထားသည်။
ကမ္ဘာမြေကြီး သူ့နေရာနှင့်သူ မရှိခင်ကတည်းက ကျေးဇူးတော်အားဖြင့်ရသည့် ခရစ်တော်၏ ကယ်တင်ခြင်းအစီအစဉ်ကိုလည်း ကျွန်ုပ်တို့သိသည်။ (၂တိ ၁း၉) ၌ “ရှေးကာလမရောက်မီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်” ဟူ၍…
မပို-မလို
ကျမ်းစာမှ သတင်းစကားများကို တလွဲခံယူမိရန် လွယ်ကူကြောင်း ရေးသားချက်ကို ကျွန်တော် မကြာမီက ဖတ်ခဲ့ရသည်။ ဘုရားသခင်ဆိုလိုသည့် အကြောင်းအရာကို ပြောပြသွန်သင်ရန် အခွင့်ပေးရမည့် အစား လူအချို့က မိမိ၏ယုံကြည်ခံယူချက်သည်မှန်ကန်ကြောင်း ကျမ်းစာက ထောက်ခံသည့် သဘော ဆွဲယူရန် ကြိုးစားသည်။ အကြောင်းကိစ္စတစ်ခုကို အချို့ကကျမ်းစာကိုသုံးကာ တစ်ဖက်သတ်ကာကွယ်ပြီး အချို့က ထိုကိစ္စကို ကျမ်းအထောက်အထားဖြင့် ထိုးနှက်သည်။ ထိုလူနှစ်စုလုံးသည် မိမိ၏ အမြင်ရှုထောင့် ကို ပံ့ပိုးရန် ကျမ်းစာကို ကိုးကားခြင်း ဖြစ်သောကြောင့် မည်သူမျှမမှန်နိုင်ပါ။
ကျမ်းစကားများကို ထပ်မံဖြည့် ထပ်မနုတ်ဘဲ အရှိအတိုင်းပြောရန် အလွန်အရေးကြီးပါသည်။ အကယ်၍ မှားပြီးတလွဲခံယူမိမည်ဆိုလျှင် တစ်ဆင့်ပြန်တင်ပြမှုလွဲမှားပြီး ဘုရားသခင်၏ သဘောတော်များကိုပါ မှားပြီးဖော်ပြမိလိမ့်မည်။ ထို့ကြောင့် ရှင်ပေါလုက တိမောသေကို “သင်မူကား ၀န်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကိုမှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့” ဟု စိန်ခေါ်ခဲ့သည်။ ရှက်ကြောက်စရာမရှိဘဲ…