စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

သခင့်ဘုန်းတော်အတွက်

အသက်တာ၏ ခက်ခဲချိန်များအတွင်းအခြားသူများနှင့်အတူ ဘ၀ကို ရင်ဆိုင်ကျော်လွှားခြင်းဖြင့် သင် ခန်းစာများစွာ ရယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ မိတ်ဆွေ စမ် တစ်ယောက် ကင်ဆာရောဂါသည် ဘ၀ဖြင့် ဘ၀ခရီးနှင်ရချိန်တွင် စမ် နှင့်သူ၏ဇနီး ကယ်ရယ်တို့နှင့်အတူ ထိုအခြေအနေကို ကျွန်ုပ်တို့ ရင်ဆိုင်ခဲ့သည်။ စမ်မှာ ဝေဒနာကို ခံစားရင်း၊ ကုသမှုခံယူရင်း ဘ၀ကို ရုန်းကန်ရစဉ် ကျွန်ုပ်တို့မှာ သူ့အတွက် တစ်နှစ်နီးပါးမျှ ဆုတောင်းပေးခဲ့ရသည်။ ရောဂါရှင်းပြီဟု ထင်ရချိန်တွင် အခြားသော ဆေးစစ်ချက်များအရ အခြားအင်္ဂါများသို့ ကင်ဆာအမြစ်များကူးကုန်ကြောင်းသိရသည်။
စိတ်ပျက်စိတ်ဓါတ်ကျမှုကို အတိုင်းသား မြင်နေရသည်။ ယခင်နှစ်ကဲ့သို့ပင် စမ် တစ်ယောက် ဆေး သွင်းရင်း၊ ဝေဒနာခံစားရင်း၊ ဆေးဒဏ်ခံရင်း ရုန်းကန်ရပြန်သည်။ ဒုတိယအကြိမ်ဆေးကုသမှုခံယူရစဉ် စမ် က သူရင်ဆိုင်ခဲ့ရသည့် အဖြစ်မှန်ကို ဝေငှပါသည်။ သူ့စကားက ကျွန်ုပ်တို့အားလုံးအတွက် သင်ခန်းစာဖြစ်ပါသည်။ “ဒီအခြေအနေတစ်လျှောက်လုံးမှာ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားပြီး အခြားသူတွေကို…

မနာလိုငြူစူစိတ်ဖယ်ရှား

ဆိုင်ရှင်နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်အမင်း ပြိုင်ဆိုင်ကြသည်။ တစ်ဦးနှင့်တစ်ဦး ချောင်းမြောင်း ရန်စောင်ရင်း အချိန်ကုန်ရသည်။ တစ်ဦးက ဖောက်သည်တစ်ဦးရလိုက်ပါက မော်ကြွားအောင်ထူသော အပြုံး ဖြင့် တစ်ဖက်ကို ကြည့်သည်။
တစ်ညတွင် အိပ်မက်၌ ဆိုင်ရှင်တစ်ဦးထံသို့ ကောင်းကင်တမန်တစ်ပါးရောက်လာပြီး “လိုရာဆုတောင်း ပါ။ ဒါပေမဲ့ သင်ဘာဘဲတောင်းတောင်း၊ သင်တောင်တဲ့ဆုရဲ့နှစ်ဆကို သင့်ပြိုင်ဖက်ရရှိမယ်” ဟုဆိုသည်။ ထို သူသည် မျက်မှောင်ကုတ်ကာ စဉ်စားလိုက်ပြီး၊ “ကျုပ်မျက်လုံးတစ်ဖက် ကန်းအောင်လုပ်ပေးပါ” ဟု ပြောလိုက် သည်။ အဆိုးဝါးဆုံးသော သ၀န်တို ငြူစူမှုပါတကား။
မိမိကိုယ်ကို ပျက်စီးစေသည့် မနာလိုခြင်းသဘောများက ကောရိန်သုအသင်းတော်ကို တစ်စစီဖြိုဖျက် နိုင်သော အစွမ်းရှိသည်။ ကောရိန်သုမှ ယုံကြည်သူများသည် ဧ၀ံဂေလိတရားကို ခံယူကြသော်လည်း၊ ၄င်းတို့၏ နှလုံးသားကို ပြောင်းလဲပေးရန် သန့်ရှင်းသော ၀ိညာဉ်တော်ကို အခွင့်မပေးပါ။ ထို့ကြောင့် ရလဒ်အနေဖြင့် ၄င်းတို့မှာ အချင်းချင်းအပေါ် ငြူစူလျက်စိတ်ဝမ်းကွဲသည့်…

လူတိုင်းယခုရယူနိုင်ပြီ

၁၉၄၀ ပြည့်နှစ် နောက်ပိုင်း၌ တွေ့ရှိခဲ့သည့် ပင်လယ်သေမှ ကျမ်းစာလိပ်များတွင် ရှေးအကျဆုံးလက် ဖြင့် ရေးကူးသည့် ဟေဗြဲကျမ်းစာ (ဓမ္မဟောင်း) ကျမ်းလည်းပါဝင်သည်။ ထိုကျမ်းစာလိပ်များကို ဆယ်စုနှစ် ပေါင်းများစွာ သေချာစွာ ထိန်းသိမ်းထားပြီး ပညာရှင်အချို့သာ ကိုင်တွယ် သုံးစွဲခွင့်ရှိသည်။ ၄င်းရှေးဟောင်း ကျမ်းစာလိပ်များကို ထိန်းသိမ်းခြင်းအပြင် အများပြည်သူတို့လည်း ကြည့်ရှုလေ့လာနိုင်အောင် အစ္စရေးနိုင်ငံ ရှေး ဟောင်းအမွေအနှစ်ထိန်းသိမ်းရေး အာဏာပိုင်များက ဂူဂဲအင်တာနက်နှင့်ပူးပေါင်းကာ နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိသည့် ကျမ်းစာလိပ်များကို ဓါတ်ပံရိုက်ပြီး အင်တာနက်စာမျက်နှာပေါ်တင်ခဲ့၍ လူတိုင်းကြည့်ရှု နိုင်လေပြီ။
ပညာရှင်များနှင့် စူးစမ်းလိုသော ကျောင်းသားများအတွက် ၄င်းသည်သတင်းကောင်းပေ။ ထိုမျှမက သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့ လက်ရှိပိုင်ဆိုင်သော အဖိုးတန်ရတနာများရှိကြောင်းကိုလည်း သတိရစေပါသည်။ ၁၁၉ ခုမြောက်သော ဆာလံကျမ်းတစ်ပိုဒ်လုံးတွင် ဆာလံဆရာက ထာဝရဖြစ်သော အသက်တာကို ပြောင်းလဲ စေသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချီးမွမ်းမြွက်ဆိုသည်။…

ယေရှုကို ကျွန်ုပ်တွေ့မြင်သည်

လွန်လေသောနှစ်များစွာက ဘာမှမတတ်နိုင်သည့် အခြေအနေအရပ်ရပ်ကြောင့် ကျွန်ုပ် အလုပ်ပြုတ်ခဲ့ သည်။ ထို့ကြောင့် ကိုယ့်အသုံးစားရိတ်အတွက် လစာနည်းသည့် အလုပ်နှစ်ခုကို ပြောင်းလုပ်ရသည်။ သည့်တိုင် လစဉ် အသုံးစရိတ် ကာမိသည့် ၀င်ငွေရရှိရန် အလွန်ခက်ခဲဆဲ။
ထိုအချိန်၌ ယခင်က သူငယ်ချင်းနှစ်ဦးဖြစ်သည့် ဂျိုးဝဲလ်နှင့်ဒေ့ဗ်တို့နှင့် အဆက်အသွယ်ပြန်ရသည်။ ဂျိုးဝဲလ်က ဆင်ခြေဖုံးဒေသတစ်ခုတွင် သင်းအုပ်ဆရာဖြစ်နေပြီး ဒေ့ဗ်ကမူ နိုင်ငံခြားသာသနာပြုဆရာဖြစ်ပြီး ထိုအချိန်က ခေတ္တပြန်ရောက်ရှိနေခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးက ကျွန်တော်၏ အခက်အခဲကို နားလည်ပြီး ကျွန်တော့်ကို ငွေကြေးထောက်ပံ့ကာ အခန်းငှားရမ်းခများချေပေးသည်။ ကျွန်တော့်စိတ်၌ အလွန်ခံစားရလျက် သူငယ်ချင်းနှစ်ဦး၏ လုပ်ရပ်ကို ဆင်ခြင်လိုက်တိုင်း “ယေရှုခရစ်တော်ကိုကျွန်ုပ်မြင်သည်” ဟု မိမိကိုယ်မိမိ ပြောမိသည်။
ကျွန်တော့်မိတ်ဆွေများ၌ ယေရှုကို တွေ့ရသကဲ့သို့ အခြားသူများကလည်း ကျွန်ုပ်တို့၌ ယေရှုကိုတွေ့ နိုင်ပါသည်။ ရှင်ပေါလုက “ဘုန်းအသရေကိုမျှော်လင့်ခြင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်” အကြောင်းကို ပြောထားသည် (ကော…

ဒုက္ခပြဿနာများ … များ

ဘောလုံးပွဲအပြီး၌ ရီလေးက ရန်စသဖြင့် ရီလေးနှင့်အာဗရီတို့ရန်ဖြစ်ကြသည်။ ဆရာမက ရန်ပွဲကို ဖြန်ဖြေခဲ့ပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ ပို့လိုက်သည်။ “ဒီလိုပဲ၊ ခါတိုင်းလို ပြဿနာတက်နေကျပါ။ ဒါပေမဲ့ ဒီတစ်ခါ ဒီလောက်ပြဿနာကြီးတက်လည်း ဘုရားသခင်က ကျွန်တော်တို့နှင့်အတူ အမြဲရှိနေတယ်” ဟု သူ သဘောပေါက်ခဲ့သည့် သင်ခန်းစာကို အာဗရီက နောက်ပိုင်းတွင် ပြောခဲ့သည်။
ဣသရေလလူတို့သည်း ပြဿနာတက် အခက်ကြုံနေရသည်။ သို့သော်လည်း ၄င်းတို့၏ ခေါင်းဆောင် သစ်ကြီးကို ဘုရားသခင်က “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျင်းပစ်၍မထား” ဟု ကတိပေးသည်။ ကတိ ထားတော်မူသောပြည်သို့ ၀င်ရောက်ကာနီးတွင် မောရှေ သေဆုံးသွားရာ၊ ယောရှုက ခေါင်းဆောင်မူတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယခုကြုံရသော ပြဿနာမှာ ရန်သူတပ်များက ၄င်းတို့ကို ၀န်းရံစစ်ချီလာခြင်းပါ (၈း၃၊ ၉း၁-၂)။ ဘုရားသခင်အတူ မပါရှိပါက ထိုပြည်ကို မပိုင်ဆိုင်နိုင်ပါ။
ယေရှုက ခါနန်ပြည်ကို…

အာကာသထဲကစကားလုံးများ

အမှန်ဝန်ခံချက် - အာကာသယာဉ်မှူး “ရက်ဝေါဟင်း” က အတ္တလန္တိတ် လွန်းပျံယာဉ်၏ နောက်ဆုံး ခရီးစဉ်၌ အာကာသထဲသို့ Our Daily Bread စာအုပ်ယူသွားကြောင်း၊ ကျွန်မသိရစဉ် ကျွန်မရေးထားသော ဘယ်အကြောင်းကို ဖတ်နေမည်လဲဟု ကျွန်မမှန်းဆကြည့်မိသည်။ ကျွန်မရေးသောစာကို အာကာသထဲတွင် ဖတ်ရှုသည်ဟူသော အတွေးက မြို့ငယ်လေးတွင်နေထိုင်သော ကျွန်မအတွက် အတော့်ကို အံ့သြကျေနပ်စရာ ကောင်းနေသည်။
ထိုအတွေးနှင့် ကျေနပ်နေစဉ် နောက်ထပ်အတွေးတစ်ခုက ၀င်လာသည်။ ဘာကြောင့်ထိုအရာကို ကြီးကျယ်သောကိစ္စအဖြစ် ယူဆရပါသနည်း။ ကျွန်မဆုတောင်းသည့်အခါတိုင်း ကျွန်မ၏ စကားလုံးများကို ကောင်းကင်ဘုံမှ ကြားနာပြီးဖြစ်သည်။ စကြ၀ဠာကို ဖန်ဆင်းသော ဘုရားသခင်သည် ကျွန်မစကားကို နား ထောင်လျက်ရှိခြင်းကို ကျွန်မအခွင့်အရေးယူပြီး အလေးမထားသကဲ့သို့ ဖြစ်နေပါသလား။ ကျွန်မသည် ခရစ် တော်အားဖြင့် ဘုရားသခင်ထံသို့ဖြစ်နေပါသလား။ ကျွန်မသည် ခရစ်တော်အားဖြင့် ဘုရားသခင်ထံသို့ လွတ်လပ်စွာနှင့်ရဲရင့်စွာ တိုးဝင်၍ အသနားတော်ခံရသောအခွင့်ရပြီဖြစ်သည်။ (ဧ…

မီးထဲတွင်မပြိုလဲဘဲတည်နေခြင်း

အဖိုး၏အမိုးဖွင့်ကားပေါ်တွင် ကျွန်တော်ကို စောင်ဖြင့်ထုတ်ထားပြီး ကျွန်တော်တို့အိမ် မီးလောင်သွား သည်ကို ကြည့်နေခဲ့ရသည်။ ကျွန်တော့်အစ်ကိုနှင့်ကျွန်တော်၊ နောက်ကျွန်တော့်ခွေးကလေးကို ဘေးလုံခြုံရာသို့ သယ်ဆောင်သွားချိန်၌ ကျွန်တော်က နှစ်ခြိုက်စွာအိပ်ပျော်လျက်ရှိသည်ဟု အမေကပြန်ပြောပြသည်။ ကျွန် တော်နိုးလာပြီး မီးတောက်ကြီးကို မြင်ရချိန်တွင်မူ ဘေးလွှတ်ရာသို့ ရောက်နေပြီးဖြစ်သည်။ ထိုစဉ်က ကျွန်တော့် မှာ သိချင်စိတ်အလွန်များပြီး ငယ်လွန်းသဖြင့် ကြောက်ရမှန်းပင်မသိပါ။
ထိုနေ့ညမှ အဖြစ်အပျက်များစွာကို ကျွန်ုပ်ပြည်လည်သတိရမိသည်။ ကားထဲမှပင်၊ ပြင်းထန်မှသော မီး အပူကို ခံစားရသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုကိုတွေ့ရပြီး၊ မိမိချစ်ရသူများဘေးကင်း၊ မကင်း ထပ်တလဲလဲစစ်ကြည့်ကြသည်။ ထိုနောက်ရုန်းရင်းဆန်ခတ်အခြေအနေများထဲမှ အဖေသည် အဖိုးကိုရှာရန် မီးထဲသို့ပြေးဝင်သွားပြီး (အိမ်ထဲတွင်မရှိဘဲအပြင်၌ရှိနေသော) အဖိုးက အဖေ့ကို ပြန်လည်ခေါ်ရန် ချက်ချင်း ပြေးလိုက်သွားသည်ကို တွေ့ရသည်။ ထိုအဖြစ်အပျက်ကို မြင်သူတိုင်းက သူတို့၏ ရဲရင့်မှုကြောင့် စိတ်လှုပ်ရှား ခံစားခဲ့ရသည်။
ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အကြောင်းကို…

အတင်းတစ်ခု၏ ဖြားယောင်းမှု

မဲမှောက်သော ဇာတ်ရုံတစ်ခုတွင်ပြဇာတ် (သို့) ရုပ်ရှင်တစ်ခုခုကို ကြည့်နေစဉ် ရုတ်တရက် လူတစ်ဦး၏ စမက်ဖုန်းမှ ဖြတ်ကနဲလင်းလားပြီး ၀င်လာသောစာကိုဖတ်ရှု၍ အချိန်ယူကာ စာပြန်ကောင်း ပြန်လိမ့်မည်။ အလေးအနက်မထားမှုများ- အင်တာနက်က ဦးနှောက်များကို ဘယ်လိုဖြစ်အောင် လုပ်နေ သနည်းဟူသည့် စာအုပ်၌ `နီကိုနလပ်ကား´ က အချင်းချင်းချိတ်ဆက် ဆက်သွယ်ထားသော ကမ္ဘာကြီး၌ `အခြားတစ်နေရာရာတွင် ကျွန်ုပ်တို့သိရမည့် အချက်အလက်သတင်းတစ်ခုခုရှိကောင်း ရှိနေမည်´ ဟုခံစား ရချက်ကို `မဟုတ်ဘူး´ဟု ငြင်းလိုက်ရန် ကြာလေခက်လာသည်ဟု ဆိုပါသည်။
ရှမွေလသည် သူ၏နာမည်ခေါ်သံကို ကြားပြီး၊ ၄င်းသည် တဲတော်၌ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နေသော ယဇ်ပုရောဟိတ် ဧလိ၏အသံဟုထင်ခဲ့သည်။ ထိုစဉ်က သူသည် သူငယ်လေးတစ်ဦး သာဖြစ်သည်။ (၁ရာ ၃း၁-၇)။ ဘုရားသခင်ရှမွေလကို ခေါ်ကြောင်း ဧလိသိသောအခါ မည်ကဲ့သို့ပြန်လည် တုံ့ပြန်ရမည်ကို သင်ပြပေးခဲ့သည်။ သူ့အမည်ကို တတိယအကြိမ် ထာဝရဘုရားခေါ်သောအခါ…

သူတို့ကို မှန်အောင်ပြင်ပေးပါ

ယေဇ ၄၃-၄၅
သမားတော် ခရစ်ယာန် သီလရှင်လိုရီဂေါ့လိုင်းဘ်က “ကလေး၏ ပျော်ရွှင်မှုကို ဦးစားပေးလွန်းသော မိဘများသည် သားသမီးများကို မပျော်ရွှင်နိုင်သောလူငယ်များ (အရွယ်ရောက်သူများ) ဖြစ်လာအောင် လုပ်နေခြင်းပင်ဖြစ်သည်” ဟုဆိုသည်။ ထိုမိဘများသည် သားသမီးကို အလိုလိုက်၊ လက်တွေ့လောက ဘ၀၌ ရှင်သန်တတ်အောင် မသင်ပေး၊ သားသမီးများအမှားလုပ်ပါက မသိကျိုးကျွံပြု၊ မပဲ့ပြင်ကြပေ။
ဓမ္မရာဇ၀င်ပထမစောင်၌ ယဇ်ပုရောဟိတ်ကြီး ဧလိ၏ မသိကျိုးကျုံလှစ်လှူရှုမှုကို ဖတ်ရှုရသည်။ သားများငယ်စဉ်က ဧလိသည် မည်ကဲ့သို့သော ဖခင်ဖြစ်သည်ကို ကျွန်ုပ်တို့မသိပါ။ သို့သော် အရွယ်ရောက် သောသားများက ဘုရားသခင်၏ဗိမာန်တော်တွင် အမှုဆောင်ရာ၌ ၄င်းတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ မှန်ကန်စွာဆုံးမရန် ပျက်ကွက်ခဲ့သည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်သူ၊ လောဘကြီးပြီး၊ အဓမ္မ ဆန်သည်။ ဘုရားသခင်၏ စကားတော်များနှင့် လူတို့လိုအပ်ချက်ထက် မိမိ၏ လိုအပ်ချက်ကို ဦးစားပေး သူများဖြစ်သည်။ ပထမတွင် သူတို့ကို ဧလိပြစ်တင်ကြိမ်းမောင်းသော်လည်း သူတို့နားမထောင်ကြပါ။…

တာဝန်အရမှမွေ့လျော်ခြင်းသို့

ကျွန်ုပ်ဇနီး၏ အလုပ်များလှသောအချိန်ဇယားကြောင့် မြေးများအား တစ်ပတ်လျှင် အချိန်အနည်း ငယ်သာ ပေးနိုင်သည်။ သို့သော်လည်းဖြစ်နိုင်ပါက အချိန်ဇယားကို သူပြန်ညှိပြီး မြေးများကို အချိန်များများ ပိုပေးသည်။ ၄င်းသည် တာဝန်ဝတ္တရားကြောင့်မဟုတ်ဘဲ သူတို့ကိုချစ်သောကြောင့်ဖြစ်သည်။ သူမကို မြေးများနှင့်အတူမြင်ရချိန်၌ ပျော်ရွှင်အားရသည် ဟူသောစကား၏ အဓိပ္ပါယ်ကို သဘောပေါက်သိနားလည် မိသည်။
ဆာလံ ၁၁၉ ၌ ဒါဝိဒ်က ဘုရားသခင်၏ စကားတော်များ၌ “မွေ့လျော်ကြောင်း” ပြောထားပြီး “မွေ့လျော်သည်”ဟူသော စကားကို (၈) ကြိမ်သုံးထားသည် (း၁၆၊၂၄၊၃၅၊၄၇၊၇၀၊၇၇၊၉၂၊၁၇၄)။ “အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။ ….. ကျွန်ုပ်သည် နှစ်သက် သော ပညတ်တော်တို့၌ မွေ့လျော်ပါ၏။ ” ဟုဆိုရာ၌ ၄င်းသည် သူ၏ ဆန္ဒအရ တမင်ပြုလုပ်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ဘုရားသခင်၏ စကားတော်များကို သူမြတ်နိုးသဖြင့် စကားတော်များ၌ မွေ့လျော်ခြင်းက သူ့အတွက်…