စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

အမြဲတမ်း

“အမြဲတမ်း”နှင့်“ဘယ်တော့မှ” ဟူသော စကားနှစ်ခွန်းကို ကျွန်တော် နှစ်ခြိုက်လှသည်။ ထို စကားလုံး၌ မျှော်လင့်စရာအကြောင်း များစွာရှိသည်။ အမြဲတမ်းပျော်ရွှင်ပြီး၊ ဘယ်တော့မှ မကျဆုံး သည့်ဘ၀ ပိုင်ဆိုင်ရေးကိုသာ ကျွန်တော်တွေးလိုသည်။ လက်တွေ့ဘ၀တွင်မူ အမြဲမပျော်ရွှင်နိုင်ပါ။ မျှော်လင့်ထားသောအရာများလည်း ဖြစ်မလာပါ။ ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ ယေရှုရှိကြောင်း ပေးထားသော ဂတိတော်ကို မဆင်ခြင်ပါက ထိုစကားနှစ်လုံးနှင့် အထိုက်အလျောက် ရုန်းကန်ကာ ဘ၀ရှင်သန်စရာအကြောင်းရှိသည်။
မိမိဖာသာ ဘ၀ရှင်သန်ဖို့အရေး စိုးထိတ်ပူပန်နေသူ တပည့်တော်များအား သခင်ယေရှုက “ငါသည်လည်း...သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်”(မ ၂၈း၂၀) ဟု ပြောခဲ့သည်။ ဟေဗြဲဩ ၀ါဒစာကို ရေးသားသူကလည်း “ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား” ဟု ဆိုခဲ့သော သခင်ယေရှု၏ ဂတိစကားကို မမေ့ရန်သတိပေးသည် (ဟေဗြဲ ၁၃း၅-၆)။ တမန်တော်ရှင်ပေါလုက လည်းထပ်မံ၍ သေခြင်း၏အလွန်၌ ယုံကြည်သူများသည် “သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရ ကြ”…

အကြွင်းမဲ့ သန့်စင်ပြီ

လွန်ခဲ့သည့်နှစ်က ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူယသည့် သူငယ်ချင်းက သူ့ရောဂါအခြေအနေကို ပြောပြသည်။ သူ့မျက်နှာပေါ်၌ မြင်ရသော အပြုံးက သူရခဲ့သည့် ၀မ်းသာစရာသတင်း၏ သက်သေပင်။ တစ်နှစ်တာအတွင်း ဆေးစစ်ချက်များက “ရောဂါ ကင်းစင်ပြီး” ဟူသည့် အဖြေသို့ ညွှန်ပြနေကြောင်း ဆရာဝန်မှ မှတ်ချက်ချ အတည်ပြုပေးသည်။ ဤစကားလေးက မည်သည့်ထူးခြားမှုကို ဖြစ်စေသနည်း။
ကျွန်တော်သူငယ်ချင်းအတွက်မူ လွန်ခဲ့သောကာလများအတွင်း သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော ရောဂါဆိုးကြီးသည် သူ့ခန္ဓာကိုယ်မှ လုံးဝရှင်းသွားပြီဟု အဓိပ္ပါယ် သက်ရောက်သည်။ သူ့ရောဂါ လုံးဝရှင်းသွားပြီဟု သိရ၍ အကျွန်ုပ်တို့လည်း ၀မ်းမြောက်သည်။
ဗာသရှေဘနှင့် မှားယွင်းဖောက်ပြန်ပြီးနောက် ဒါဝိဒ်မင်းသည် သူ့စိတ်နှလုံးကို သန့်စင်ရန် ဆန္ဒရှိခဲ့သည်။ သူ့အပြစ်မှ ကင်းစင်စေရန် သူမျှော်လင့်ပြီး “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံ တည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” ဟုတောင်းလျှောက်ခဲ့သည်။ သူနှင့် ကျွန်ုပ်တို့အတွက်သတင်းကောင်းမှာ ကျွန်ုပ်တို့၏ အပြစ်ကို…

အသက်တာပြောင်းလဲစေသော ရွေးချယ်မှု

သခင်ဘုရား ရှင်ပြန်ထမြောက်ရာနေ့သည် ၀တ်ပြုကိုးကွယ်ရန်နှင့် ငြိမ်ဝပ်စွာနေရန် ဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်ခြင်းကြောင့် ၁၉၂၄ ခုနှစ် အိုလံပစ်ပွဲတော်တွင် အပြေးချန်ပီယံ အဲရစ်လစ်ဒယ်သည် တနင်္ဂနွေနေ့၌ ကျင်းပမည့်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အလွယ်လေး ငြင်းပယ် ခဲ့သည်။
အိုလံပစ်ပွဲ မတိုင်မီနှစ်က ကျောက်မီးသွေးတွင်းလုပ်သားများရှေ့၌ သူ၏ယုံကြည်ချက်နှင့် ပတ်သက်၍ ပြောပြရန် တောင်းဆိုခံရရာ သူအလွန်စိတ်ဒုက္ခရောက်ရသည်။ “ကျွန်တော်ရဲ့ဘ၀ တစ်ခုလုံး ပြည်သူတွေကို အလုပ်အကျွေးပြုခဲ့တယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ဦးဆောင်မှုက ဆန့်ကျင်ဘက်လမ်းကြောင်းဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်ရှေ့ဆက်မသွားနိုင်ဘဲ ရပ်လိုက်တယ်။ ဒီအချိန်မှာဘဲ ခရစ်တော်ထံ အားလုံးပုံအပ်ဖို့ နောက်ဆုံးဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို အမှုတော်မှာ သူခိုင်းတယ်ဆိုရင် လိုအပ်တဲ့အစွမ်းသတ္တိအားလုံးကို သူထောက်ပံ့လိမ့်မယ်။ တကယ်ပါဘဲ။ ရှေ့ဆက်လှမ်းတော့ ဘုရားသခင်က အစွမ်းပေးပြီးသားပါပဲ” ဟု သူပြောကြားခဲ့သည်။
ထိုသို့ လူပရိသတ်ရှေ့ သူ့ယုံကြည်ချက်ကို ဝေမျှရန် ကမ်းလှမ်းချက်ကို လက်ခံပြီး နောက်တစ်နေ့မှာပင် အဲရစ်သည် တရုတ်ပြည်ရှိ…

အကျင့်ကျင့်သော ယုံကြည်ခြင်း

လေးဖက်နာရောဂါကြောင့် အီလီနွိုင်းမြို့၏ဆောင်းဒဏ်ကို မခံနိုင်သဖြင့် ရောဂျာသည် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ တစ်နေ့၌ သူ့အဖွားနှစ်သက်သော “သင်၏ဖြစ် တည်မှု” ဟူသည့်သီချင်းကို သူပြန်သတိရမိသည်။ “သင့်စကားသံထက် သင်၏ဖြစ်တည်မှုက ကျယ်စွာမြည်ဟီးသဖြင့် သင့်စကားကို လောကကြီးမှမကြားနိုင်။ သင့်စကားကိုနားမထောင်ဘဲ သင်မည်သို့ လျှောက်လှမ်းနေသည်ကိုသာ စောင့်ကြည့်နေ။ သင့်အပြုအမူကို သူတို့နေ့တိုင်း စစ်ကြောနေ” ဟူ၍ဖြစ်သည်။
သို့နှင့် မိုင်ဝက်အကွာအဝေးခန့်တွင် နေထိုင်သူ အိမ်ယာမဲ့များအားကျွေးမွေးပြုစုရန် ဤ သီချင်းက ရောဂျာကို နှိုးဆော်ခဲ့ပြီး၊ နံနက်တိုင်း မိသားစု(၄၅)စုကို ပူနွေးသောအစာများ ကျွေး မွေးခဲ့သည်။ နှစ်များကြာပြီးနောက် အိမ်ယာမဲ့ အမျိုးသမီးတစ်ဦးက ယေရှုကို ကယ်တင်ရှင် အဖြစ် သိကျွမ်းလာကာ ယေရှု၏မေတ္တာကို သူ့အားမိတ်ဆက်ပေးခြင်းအတွက် ရောဂျာကို ကျေးဇူးတင် စကားဆိုရန် သူ့ကိုလာရှာသည်။
ယာကုပ်ဩ၀ါဒစာ၌ အကျင့်အားဖြင့် မပြနိုင်သော ယုံကြည်ခြင်းသည် အသေဖြစ်ကြောင်း ရှင်းလင်းစွာ ပြောထားသည် (၂း၁၇)။ ဤနေရာ၌…

သတိပြုမိပါစေ

ဈေးဝယ်ပြီး ငွေရှင်းရန် တန်းစီစောင့်ဆိုင်းနေစဉ် မည်မျှကုန်ကျမည်ကို ခန့်မှန်း တွက်ချက်ရင်း တစ်ဖက်ကလည်း သားငယ်အားလည်း အဝေးသို့ ဟိုဟိုဒီဒီ လျှောက်မသွားအောင် ထိန်းနေစဉ် ကျွန်မရှေ့မှ အမျိုးသမီးသည် ၀ယ်ထားသမျှ ပစ္စည်းအားလုံးချန်ထားပြီး ထွက်ပေါက် သို့ တရွေ့ရွေ့ ထွက်သွားကြောင်း ကျွန်မ သတိပြုမိလိုက်သည်။ ကောင်တာမှ စာရေးက အမျိုး သမီး၌ ငွေရှင်းရန် ငွေမလောက်ကြောင်း ပြောပြသည်။ ကျွန်မသာ စောစောသတိပြုမိလျှင် ထို အမျိုးသမီးအား ကူညီပေးနိုင်မည်ဟု တွေးကာ မသက်မသာ ခံစားလိုက်ရသည်။
ရုသ၀တ္တု၌ ဘောဇသည် သူ့လယ်ကွက်၌ ကောက်သင်းကောက်နေသည့် ရုသ၏ သောက ဒုက္ခကို သတိပြုမိသည် (၂း၅)။ သူမသည် မကြာသေးမီက ယောက်ျားဆုံးသွားပြီး၊ သူနှင့်သူ့ ယောက္ခမနှစ်ဦးအတွက် ၀မ်းစာကို ရှာဖွေစားသောက်နေရကြောင်းလည်း ဘောဇ သိရှိရသည်။ သူ့ကို ကွယ်ကာရန် လိုအပ်ကြောင်း ဘောဇမြင်ပြီး သူ့အလုပ်သမားများအား…

သို့သော်လည်း ဘုရားသခင်သည်

ကျွန်မကောလိပ်ကျောင်း တက်စဉ်က ကျွန်မ၏သင်းအုပ်ဆရာ ဟောင်းဝပ်စပ်ဒင် ဟောကြားခဲ့သည့် မှတ်သားဖွယ် တရားဟောချက်များစွာအနက်၊ “သို့သော်လည်း ဘုရားသခင် သည်” ဟူသောခေါင်းစဉ်နှင့် တရားဟောချက်တစ်ပုဒ်မှာ စွဲကျန်နေပြီး၊ ကျမ်းစာ၌ “သို့သော်လည်း ဘုရားသခင်သည်” ဟူသောကျမ်းပိုဒ်ကို ဖတ်မိတိုင်း ခေတ္တရပ်၍ ဆင်ခြင်စရာ ဖြစ်ခဲ့သည်။
“သင်တို့သည် ကျွန်ုပ်ကိုညှင်းဆဲမည် ကြံစည်ကြသော်လည်း ဘုရားသခင်သည် ယနေ့ဖြစ်သည် အတိုင်း လူများ အသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည် ကြံတော်မူ၏” (က ၅၀း၂၀)။
“.... သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံသည် သူတို့၏ နေရာဖြစ်(သော်လည်း) ငါ့ကိုမူကား ဘုရားသခင် သိမ်းယူတော်မူသောကြောင့် ငါ၏၀ိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ ရွေးတော်မူမည်” (ဆာ ၄၉း၁၄-၁၅)။ “အကျွန်ုပ်၏ အသားနှင့် နှလုံးသည် ပျက်ကြပါ၏ သို့သော်လည်း ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ဖြစ်တော်မူ၏။” (ဆာ ၇၃း၂၆)။…

ပြန်လည်ခေါ်ယူသည့် သတိပေးချက်

၂၀၁၀ ခုနှစ်က မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီမှ အမျိုးမျိုးသောချို့ယွင်းချက်များ ကြောင့် မယုံနိုင်စရာ ကားအစီးသန်း ၂၀ ကျော်မျှကို ပြန်သိမ်းခဲ့သည်။ ထိုမျှလောက်များသည့် ချို့ယွင်းသောကားများ လမ်းမပေါ်တွင်ရှိနေခြင်းက ကြောက်ခမန်းလိလိအံ့ဖွယ်ပင်။ သို့သော် ကား ပိုင်ရှင်အချို့က ၎င်းကိုစိတ်မ၀င်စားခြင်းကစိတ်ပူစရာပါ။ ယဉ်လုံခြုံစိတ်ချရေး ဗဟိုဌာနမှ အမှု ဆောင်ဒါရိုက်တာတစ်ဦးက ယာဉ်ပိုင်ရှင်များအား “အခမဲ့ပြုပင်ပေးတာပါ။ ပြင်လိုက်တော့ အသက် အန္တရာယ်စိတ်ချရတာပေါ့”ဟု သတိပေးငြားလည်း လူ ၃၀% ခန့်မျှက ဘာမှအရေးယူဆောင်ရွက်မှု မရှိခဲ့ပါ။
ထို့နည်းတူ လူသားတစ်ရပ်လုံးအား “ပြန်လည်ခေါ်ယူသည့်သတိပေးချက်”ကို လူများစွာတို့ လျစ်လျူနေကြသည်။ ကားချို့ယွင်းချက်က ထုတ်လုပ်သူများ၏ အားနည်းချက်အမှား ဖြစ်သော် လည်း၊ လူသားမျိုးနွယ်၏ချို့ယွင်းချက်က ဖန်ဆင်းသူ၏ အမှားကြောင့်မဟုတ်ပါ။ ကိုယ်တော်၏ ဖန်ဆင်း ခြင်းက “အလွန်ကောင်းသည်” (က ၁း၃၁)။ သို့သော် လူတို့၏ဒုစရိုက်အပြစ်က ဖျက်ဆီး ၀င်ရောက်ခဲ့သည်။ ဘုရားသခင်က “သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍…

သတင်းဆိုး သတင်းကောင်း

မကြာသေးမီက အလွန်ခက်ခဲဆိုးဝါးသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီး တစ်ဦးနှင့် စကားပြောခဲ့ရသည်။ ခံစားရသည့် ဖိစီးမှုများကြောင့် သူ့ကျန်းမာရေး ထိခိုက်ကာ ဆရာ ၀န်ကို မကြာခဏသွားတွေ့ရသည်။ သို့ငြားလည်း ထိုနာကျင်ခံစားရသည့် အခြေအနေများသည် ဆရာဝန်အား ခရစ်တော်အကြောင်း ဝေငှပြောပြနိုင်သော အခွင့်အရေးအဖြစ် အသုံးချနိုင်ခဲ့ ကြောင်း အပြုံးဖြင့် သူမက ဆိုသည်။
ဖိလိပ္ပိဩ၀ါဒစာစောင်တွင် ရှင်ပေါလုသည် ထောင်ကျနေသည့် အခြေအနေဆိုးကို ဧ၀ံ ဂေလိတရား ဝေငှဟောကြားရန် အခွင့်အဖြစ် အသုံးချခဲ့ကြောင်း တွေ့ရသည်။ ယေရှုအကြောင်း ဟောပြောခြင်းကြောင့် ရှင်ပေါလု ဖမ်းဆီးချုပ်နှောင်ခံရသဖြင့် ဖိလိပ္ပိအသင်းသားတို့ ၀မ်းနည်း ခံစားရသည်။ သို့သော် ရှင်ပေါလုက သူချုပ်နှောင်ခံရခြင်းအမှုသည် ဧ၀ံဂေလိတရားကို ပြုစုရာ ရောက်ကြောင်း ပြောကြားခဲ့သည်။ ခရစ်တော်အကြောင်း ဟောပြောခြင်းကြောင့် သူအကျဉ်း ချခံရခြင်းဖြစ်ကြောင်း နန်းတော်တစ်ခုလုံးသိကြသည်။ သူ့ကို ၂၄ နာရီ မပြတ် စောင့်နေကြသည့်…

ဒဏ္ဍာရီမဟုတ်ပါ

ကျွန်တော်က သမိုင်းရာဇ၀င်အကြောင်းများကို စွဲမက်နှစ်ခြိုက်သဖြင့် အင်္ဂလန်ဘုရင်ကြီး အာသာ အကြောင်း အထူးတင်ဆက်မှုကို စိတ်ဝင်စားစွာ ကြည့်ရှုသည်။ ထိုတင်ဆက်မှု တစ်ခုစီ၌ ဘုရင်အာသာအကြောင်း၊ သူ၏ သူရဲကောင်းများနှင့် ၎င်းတို့၏ စားသောက်ပွဲကြီး အကြောင်းများ သည် ခိုင်လုံသော သမိုင်းအထောက်အထား၊ မျက်မြင်သက်သေများမရှိကြောင်း၊ သမိုင်းပညာရှင် တို့ ၀န်ခံပြောဆိုကြသည်။ ထိုအကြောင်းအရာကို ဒဏ္ဍာရီ(သို့) စိတ်ကူးယဉ်မှုဟု သာ အဖန် တလဲလဲ ရည်ညွှန်းသည်။ ထိုဇာတ်လမ်းသည် အခြားသောအကြောင်းအရာ ဇာတ်လမ်းများမှ ဟိုတစ်ချက် ဒီတစ်ချက် ကောက်နုတ်စုစည်းပြီး ရာစုနှစ်တစ်လျောက် ပြောဆိုလာ သည့် ဒဏ္ဍာရီ သာဖြစ်ဟန်တူသည်။
သို့သော် ဧ၀ံဂေလိ သတင်းကောင်းမှာ ဒဏ္ဍာရီ၌ အခြေမပြု မှန်ကန်ကြောင်း အတည် ပြုနိုင်သည့် အချက်အလက် အထောက်အထားများ၌ အခြေပြုသည့် တစ်မူထူးခြားသည့် ဇာတ်ကြီး ပါ။ လူသမိုင်း၌ အရေးကြီးဆုံးသော သခင်ယေရှု၏ ထမြောက်ခြင်းအကြောင်း…

အင်္ဂါဂြိုလ်

“အင်္ဂါဂြိုလ်မှ အဏုဇီဝရုပ်များက ကမ္ဘာဂြိုလ်ပေါ် ပြုတ်ကျလာပြီး...ထိုအဏုဇီဝ၏ မျိုးဆက် များ ယခုတိုင်ရှိနေသည်။ ထိုမျိုးဆက်မှာ ကျွန်ုပ်တို့ပင်ဖြစ်သည်။” ဟု အာကာသယာဉ်မှူး တစ်ဦး က အင်္ဂါဂြိုလ်၌ သက်ရှိတို့ အစပြုဖြစ်တည်ပုံနှင့် ကမ္ဘာဂြိုလ်သို့ ရောက်လာပုံကို ထင်ကြေးပေး သည်။
ကျမ်းစာမှ ရှင်းလင်းပြသည့် လူသတ္တ၀ါသက်ရှိအပင်များကို ဘုရားသခင်က အထူးဖန်ဆင်း ခြင်း အကြောင်းကို သိပံ္ပပညာရှင်အချို့က မယုံကြည် မလက်ခံဘဲ၊ ကမ္ဘာမြေမှ သက်ရှိများ၏ အစ ကို အာကာသပြင်ပ၌ ရှာဖွေကြသည်။ သို့သော် ထိုအဏုဇီဝများက အင်္ဂါဂြိလ်ပေါ်၌ မည်သို့ အစပြုရှင်သန်နိုင်ပါမည်နည်း။ ကမ္ဘာဂြိုလ်သည် သက်ရှိတို့ ရှင်သန်နိုင်မည့် အတုမရှိသော တစ်ခု တည်းသောကမ္ဘာမြေဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းကာ သက်ရှိများကို နေရာချထားခြင်းဖြစ် ကြောင်း ယုံကြည်လက်ခံရန် ဘာကြောင့် ခက်ခဲနေရသနည်း။ ဤမေးခွန်းက ပို၍ အရေးကြီးပါ သည်။
ဘုရားသခင်၏နှုတ်မိန့်ဖြင့်…