စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

ဂရုပြုရန် ဆက်ကပ်ပါ၏

ကျွန်တော့် ဇနီး၏မိခင် သေဆုံးပြီး နောက် ပိုင်းလများတွင် ဆုံးပါးသွားသော မိခင်အတွက် မိသားစုနှင့် ထပ်တူခံစားလျက်၊ မိခင်ကို ဂရုစိုက်ပြုစုခဲ့ သည့် နာတာရှည် ဆေးရုံမှ ပေးပို့လာသည့် ကဒ်နှင့် စာများစွာကို လက်ခံရရှိသည်။ စာတစ်ေ စာင်က ကြေကွဲဝမ်းနည်းခြင်းနှင့် ပတ်သက်သော တည်ဆောက် စရာအေ တွးများကို ဖော်ပြ ထားသည်။ နောက်စာတ စ်စောင်ကမူ “သင်တို့၏မိခင် မွေးနေ့ရောက်တိုင်း ကျွန်ုပ်တို့ သူ့ကိုသတိရပြီး သင်တို့မိသားစုအတွက် ဆုတောင်းသတိရပါ၏။” ဟုဆိုသည်။ ၀မ်းနည်းကြေကွဲခြင်းဟူသည် ဆက်တိုက်ဖြစ်ပေါ်သော ဖြစ်စဉ်ဖြစ်ပြီး၊ အကူအညီနှင့် ပံ့ပိုးမှုများကို အဆက်မပြတ်လိုအပ်ကြောင်း ချစ်စရာ ကောင်းသော စောင့်ရှောက်မှုပေးသူများက သိသည်။ သူတို့ ပြုလေရာရာတွင် နက်နဲသော ဂရုဏာကို ပေါ်လွင်စေပါသည်။
ပေါလုက ၀ိညာဉ်သဘောရှိသော အသက်တာကို ဖော်ပြရာ၌ “ထမ်းရွက်စရာ ၀န်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို…

ထောင့်ကပ် ချောင်ပိတ်မိခြင်း

တစ်ခုသော တနင်္ဂနွေ နံနက်တွင် ဆရာ ဒီအယ်လ်မူးဒီက ချီကာကို မြို့အိမ်တစ်အိမ်သို့ ၀င်ပြီး ဥပုဒ်စာဖြေကျောင်းသို့ သွားရန် ကလေးများကို သွားခေါ်သည်။ ထိုစဉ် လူသုံးဦးက သူ့ကို အခန်းထောင့်၌ ချောင်ပိတ်ကာ ခြိမ်းခြောက်သည်။ “ဒီမှာ၊ ကျုပ်ဆုတောင်းဖို့အခွင့်ခဏပေးပါ” ဟု မူးဒီက ပြောလိုက်ရာ၊ သူတို့က သူ့ကို ဘုရားသခင်ထံ ဟစ်အော်ခွင့်ပြုလိုက်သည်။ မူးဒီက သူတို့အတွက် စိတ်အားထက်သန်စွာ ဆုတောင်းပေးရာ သူတို့ထွက်သွားကြတော့သည်။
ကျွန်တော်သာ မူးဒီ၏နေရာ၌ရှိနေပါက အကူအညီပေးရန် အော်ခေါ်ပြီး တံခါးပေါက်ကို ရှာကောင်းရှာမိမည်ပင်။ တပည့်တော်များကို သခင်ယေရှု မိန့်ကြားသည့် “သင်တို့ကို ကျိန်ဆဲသောသူများအား မေတ္တာပို့ကြလော့”(လု ၆း၂၈) ဟူသည့်စကားအတိုင်း ကျွန်တော် နာခံနိုင်ပါမည်လား။
မိမိကို နှောင့်ယှက်သူများအတွက် ဆုတောင်းပေးခြင်းသည် “မိမိကိုမုန်းသောသူတို့အား ကျေးဇူးပြုနိုင်သော နည်းတစ်နည်း” ဖြစ်သည်(း၂၇)။ ခရစ်ယာန်များ လူကောင်းများကို ဂရုဏာပြခြင်းသည် ထူးခြားသော အမှုမဟုတ်ပါ။…

သက်သက်လွတ်အစာကို ရှာဖွေခြင်း

ဂျိမ်းစ် မှာ နှလုံးရောဂါခံစားနေရပြီး သူ့ ဇနီးသည် ဘက်ကီမှာ ခင်ပွန်းနှင့် သူ့ကိုယ်သူကိုပါ ကောင်းမွန်စွာမစောင့်ရှောက်နိုင်တော့သဖြင့် သူတို့နေထိုင်ရန် ဘိုးဘွားရိပ်သာကို စတင်စုံစမ်းရှာဖွေကြသည်။ ကက်တီက ရိပ်သာ တစ်ခုစီသို့ ရောက်တိုင်း“အစားအသောက်က သတ်သတ်လွတ်လား” ဟု မေးသည်။ ဂျိမ်းစ် က အစာမျိုသည့်အခါ အခက်အခဲရှိသဖြင့် ဂျိမ်းစ်အတွက် သူစိတ်ပူခြင်းဖြစ်သည်။ ရိပ်သာအတော်များများ၌ သက်သက်လွတ် အစာမချက်၊ နောက်ဆုံး၌ သက်သက်လွတ်အစာရနိုင်သည့် ခရစ်ယာန် ဘိုးဘွားရိပ်သာတစ်ခုကို တွေ့ရှိခဲ့သည်။
သူတို့မှာ ယုံကြည်သူများမဟုတ်သည့်အပြင် တစ်ခါတစ်ရံ ခရစ်ယာန် အိမ်နီးချင်းများနှင့်ပင် ခရစ်တော်အကြောင်း အငြင်းပွားလေ့ရှိသည်။ သို့ငြားလည်းဟင်းသီးဟင်းရွက်ကို ကြိတ်စစ်၍ု ချက်ပြုတ်ပေးသော အစားအသောက်ကြောင့် ခရစ်ယာန်ဘိုးဘွားရိပ်သာကို ဂျိမ်းစ်နှင့် ဘက်ကီတို့ရွေးချယ်လိုက်သည်။ သူတို့ ဘုရားကျောင်းတတ်သည်။ ဧ၀ံဂေလိတရားကြားရသည်။ ရိပ်သာရှိ အလုပ်သမားများက သူတို့ကို ကောင်းစွာကြည့်ရှုကြောင်းခံစားကြရသည်။ ဤသို့ဖြင့်တစ်နေ့သောအခါတွင် ဂျိမ်းစ်က သူ့အသက်တာကို ခရစ်တော်ထံအပ်နှံလိုက်သည်။ ဘုရားသခင်က သူ့ကိုရှာဖွေနေသည်ဟု…

ဘယ်လောက်ဝေးဝေး ဘယ်အချိန်ဖြစ်ဖြစ်

ကျွန်တော်သည် နီပေါနိုင်ငံမှ သင်းအုပ်တစ်ဦးနှင့် နှစ်ပေါင်းများစွာ စာအဆက်အသွယ်ရှိပြီး သူသည် သူ့အသင်းသားများနှင့် ဝေးလံသော ဟိမ၀န္တာဒေသများသို့ သွားရောက်တရားဟောပြော ကာ အသင်းတော်များကို အစပြုတည်ထောင်သူဖြစ်သည်။ မကြာမီက သူလှည့်လည်တရား ဟောမည့် တစ်ပတ်တာ အစီအစဉ်ပေးပို့ပြီး ဆုတောင်းပေးရန် ပြောသည်။
သူ၏အစီအစဉ်မှာ တစ်ပတ်လုံးလုံး မော်တော်ဆိုင်ကယ်ဖြင့် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ခရီးနှင်ကာ မြို့အတော်များများ၌ တရားဟော၍ ဝေစာများဝေမည်ဖြစ်သည်။
ထိုမိတ်ဆွေသွားမည့် တောင်ပေါ်ခရီးစဉ်ကို စဉ်းစားရင်း စာရေး၍ မည်သို့ စီမံသနည်းဟု ကျွန်တော်မေးမိသည်။ “တောင်ပေါ်မှာ အသင်းသားများနှင့် အတူလမ်းလျှောက်ရတာ သိပ်ပျော်စရာ ကောင်းတယ်။ သူတို့မှာ ဆိုင်ကယ်မရှိဘူးလေ။ ဒါကြောင့် ကျွန်တော်တို့အားလုံး လမ်းလျှောက်ကြတယ်။ တကယ်ကောင်းချီးဖြစ်တဲ့အချိန်ပါဘဲ။ သွားရမယ်နေရာ အများကြီးကျန် သေးတယ်” ဟုစာပြန်ခဲ့သည်။ “ယေရှုသည် တရားဇရပ်တို့၌ ဆုံးမဩ၀ါဒပေးလျက် နိုင်ငံတော်နှင့် ယှဉ်သော ဧ၀ံဂေလိတရားကို ဟောလျက်…

ရန်သူ၏ လှည့်ဖျားခြင်းများ

ဘီစီ ၁၆ ရာစု က တရုတ်ဗိုလ်ချုပ် ဆွန်ဇု ရေးသားခဲ့သော “The Art of War” `စစ်ဆင်ရေး´ စာအုပ်သည် စစ်ရေးအယူအဆနှင့် ပတ်သက်၍ ရာစုနှစ်ပေါင်းများစွာ လမ်းညွှန် ဖြစ်သည်။ သို့သော်လည်း အမျိုးသား အမျိုးသမီးမြောက်များစွာတို့က အခြားသော ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အားကစားဏ္ဍများအတွက်ပါ ကျယ်ပြန့်စွာ အသုံးချကြသည်။ ဗိုလ်ချုပ် ဆွန်ဇု ၏ စစ်ရေးအကြောင်း ရေးသားထားချက်မှာ ခရစ်တော်၏ နောက်လိုက်များ အနေဖြင့် မိမိတို့၏ ၀ိညာဉ်ရန်သူ၏ဗျူဟာကို နားလည်အောင်မစသည်။ “စစ်ရေးစစ်ရာအားလုံး သည် လှည့်ဖျားမှုများ၌ အခြေပြုသည်။ ထို့ကြောင့် တိုက်ခိုက်နိုင်ငြားလည်း မတတ်နိုင်သည့်ပုံ ပေါ်နေရမည်။ တပ်အင်အားကို အသုံးပြုသည့်အခါ ငြိမ်နေသည့်ပုံ ပေါ်နေရမည်။ အနီးသို့ ချဉ်းကပ် ရောက်လာချိန်၌ ရန်သူ့အမြင်၌ အဝေး၌ရှိနေပုံ ပေါ်နေရမည်။ အဝေး၌ရှိလျှင် အနီး၌ရှိနေသည်ဟု…

သက်သေမခံရသည့်အချိန်

ကျွန်တော်နေထိုင်သည့် နယူးအင်္ဂလန်တွင် ဘေ့ဘောလ်အားကစားကို ဘာသာရေး လိုက်စားသည့်ပမာ လူတို့လိုက်စားသည်။ အလုပ်ခွင်၌ ဘောစတွန် ရက်ဒ်ဆော့ အသင်း အကြောင်း မပြောရ၊ ပြောလျှင် ဥပဒေကို ဆန့်ကျင်ခြင်းဟု ဆိုစေဦးတော့၊ ၎င်းတို့၏ ပရိသတ်များက သူတို့၏အသင်းကို အလွန်ချစ်သဖြင့် နှုတ်မပိတ်နိုင်ကြပါ။
သို့နှင့် ကျွန်ုပ်စိတ်နှလုံးထဲ၌ မေးခွန်းတစ်ခု ပေါ်လာပါသည်။ ခရစ်ယာန်တစ်ဦးက ဘုရား သခင်အကြောင်း မပြောသင့်သော အချိန်များရှိပါသလားဟု တွေးမိသည်။ မိမိ၏ယုံကြည်ခြင်းကို စိန်ခေါ်လာသောအခါ ရံဖန်ရံခါ တိတ်ဆိတ်စွာနေခြင်းက အကောင်းဆုံးတုန့်ပြန်မှု ဖြစ်သည်။ ကာယာဖ နှင့် ရင်ဆိုင်ရသည့် ပြင်းထန်သောအခြေအနေ၌ ပထမတွင် သခင်ယေရှုက နှုတ်ဆိတ်ခြင်းကို ရွေးချယ်ခဲ့သည်(မ ၂၆း၆၃)။ ကာယာဖ က အမှန်တရားကို စိတ်ဝင်စားမှုမရှိ ကြောင်း သခင်သိသည် (း၅၉)။ အခြားသူတစ်ဦး၏ စိတ်နှလုံးကို ကျွန်ုပ်တို့ အစဉ်နားမလည်နိုင် သဖြင့် အခြေအနေတစ်ခုစီ၌ ကျွန်ုပ်တို့သည်…

အပြင်ပန်းက ဆွဲဆောင်၊ အတွင်း၌ အဆိပ်ဖြစ်ခြင်း

ဩစတြေးလျလူမျိုးတစ်ဦး၏ လေ့လာချက်တစ်ခုအရ ရိုးရိုးစီးကရက်ဗူးများသည် ဆယ်ကျော်သက်များအတွက် သောက်ချင်စရာမကောင်း၊ ဆွဲဆောင်မှုနည်းသည် ဟုဆိုသည်။ ထိုကြောင့် ဩစတြေးလျအစိုးရက ကျန်းမားရေးသတိပေးချက်နှင့် ရောဂါဖြစ်နေသော အဆုတ်ပုံကို စီးကရက်ဗူး၌ ဖေါ်ပြထုတ်လုပ်ရန် ဆေးလိပ်ကုမ္ပဏီများအား ဥပဒေထုတ်ပြန်သည်။ စင်စစ် စီးကရက်၊ ဆေးလိပ်ကြောင့် အသေအပျောက်များရှိခဲ့သဖြင့် ထိုဥပဒေက ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူဦးရေကို လျော့ကျစေမည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ အပြင်ပန်းတွင် ဆွဲဆောင်မှုရှိပြီး အတွင်း၌ အဆိပ်ပါရှိခြင်းက စီးကရက်ဘူးတစ်ခုတည်း မဟုတ်ပါ။
ဓမ္မဟောင်းကျမ်းပါ သုတံ္တကျမ်းမှ ကျွန်ုပ်တို့အား မိမိ၏ ရွေးချယ်မှုများအတွက် ရေရှည်အကျိုးဆက်ရလဒ်ကို သေချာစွာစဉ်းစားရန် တိုက်တွန်းထားသည်။ “အဆုံး၌ကား” (သု ၂း၎၊ ၂၅း၈၊ ၂၉း၂၁) ဟူသည့် ထပ်ခါတလဲလဲ ဖော်ပြသော စကားစုက သတိပေးစကားဖြစ်ပြီး၊ နိဂုံး အဆုံးကို မျှော်ကြည့်ကာ မိမိအား ဆွဲဆောင်နေသည့်အရာမှာ အကြွင်းမဲ့ ၀မ်းမြောက်ခြင်းလား၊ ၀မ်းနည်းခြင်းလား၊ ဂုဏ်အသရေလား၊ အကျိုးနည်းစရာလား၊ သေခြင်းလား၊…

ကောင်းသော စပ်ဆိုင်သူ

၂၀၁၁ ခုနှစ် ဇွန်လက မြောက်ဒါကိုတာပြည်နယ် မီနော့မြို့တွင် ရေလွှမ်းမိုးမှုဘေးဒဏ် ခံရစဉ် အကူအညီ လိုအပ်နေသူများကို အနီးဝန်းကျင်မှ လူများက စောင်မကူညီခဲ့ကြသည်။ တစ်နာရီခန့်သွားရသည့် အရပ်ဒေသမှ လူများက မည်သူမျှမစေခိုင်းဘဲ အကူအညီပေးရန် ရောက်ရှိလာကြသည်။ အချို့က အိမ်ယာဆုံးရှုံးသူများ လိုအပ်သည့်ပစ္စည်းများကို ငှါးရမ်း ပေးသည်။ အချို့က မိမိတို့၏ ကားဂိုဒေါင်များကို ယာယီပစ္စည်းသိုလှောင်ရန် အသုံးပြုခွင့် ပေးကြသည်။ မြောက်ဒါကိုတာပြည်နယ်ရှိ လူများသည် ကောင်းသော စပ်ဆိုင်သူ၏ အဓိပ္ပါယ်ကို ဖော်ကျူးနေသည်။
ခရစ်တော်၏နောက်လိုက်များ အနေဖြင့် ကောင်းသောစပ်ဆိုင်သူဖြစ်ခြင်း —“အခြားသူများ အား မေတ္တာပြခြင်း” က အလိုအလျောက်ဖြစ်နေသင့်သည်(မ ၂၂း၃၉၊ ယော ၁၃း၃၅၊ ၁ယော ၄း၇-၁၁)။ သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ရုပ်ရှင်ဆန်ဆန် ကြီးကြီးကျယ်ကျယ် ကူညီရန် အခွင့် အရေး ကျွန်ုပ်တို့တွင် မရှိသော်လည်း ကျွန်ုပ်တို့ အနီးဝန်းကျင်၌ ရှိသော လူများအား…

မှန်ကန်စွာ ဆုံးဖြတ်ပါ

နိုင်ငံပိုင်သတင်းမဂ္ဂဇင်းများမှ ကျွန်မတို့မြို့ကို ပျောက်ကွယ်တော့မည့်မြို့ ၁၀ မြို့ အနက်မှ တစ်ခုအဖြစ် အွန်လိုင်းတွင် စာရင်းပြုစုဖော်ပြသဖြင့် မြို့နေလူထု က ဆတ်ဆတ်ခါအောင် နာကြ သည်။ မခံမရပ်နိုင်စွာဒေါ သဖြစ်ကာ ဖော်ပြချက်များမမှန်ကန်ကြောင်း မြို့သူမြို့သားများက ဆန့်ကျင်ဘက်အထောက်အထားများကို စာရင်းပြုစုတင်ပြကြသည်။ မြို့ခံတစ်ဦးက တစ်ဖက်သတ် ကောက်ချက်ချမှုကို မဟုတ်မမှန်ကြောင်းပြရန် ကြိုးပမ်းသည်။ မြို့လယ်ခေါင်တွင် လှည့်လည်ကာ မြို့၏ရှင်သန်တတ်ကြွမှု ပြယုဂ်ကိုဖော်ပြသည့် ဗွီဒီယိုတွင်ပါဝင်ရန် မြို့သူမြို့သားများကို စည်းရုံး သည်။ ထိုဗွီဒီယိုသည် နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိခဲ့ပြီး သတင်းတိုက်မှ ၎င်းတို့မှားကြောင်း ၀န်ခံခဲ့သည်။ သို့သော် “သုတေသန” ပြုသည့်အဖွဲ့က အခြေပြုစံသတ်မှတ်ချက် အနည်းငယ်သာ ရှိသော်လည်း နိဂုံးကောက်ချက်ချရန် စောင့်ကြည့်နေဆဲဖြစ်သည်။
၎င်းတို့၏ မဆင်မခြင် နိဂုံးဆွဲယူဖော်ပြချက်ကို လက်သင့်မခံနိုင်သော်လည်း ၎င်းတို့က မိမိကိုယ်ကို ခုခံကာကွယ်ပြောဆိုကြ၍ ကျွန်မ အနည်းငယ်အံ့ဩလျက် သတင်းအချက်အလက် အချို့ပေါ် အခြေခံပြီး မှားယွင်းစွာတလွဲကောက်ချက်ချခြင်းမှာ…

ရင်မှာသိုထားပြီ

ကျွန်ုပ်မွေးဖွားချိန်၌ ကျွန်ုပ်၏အဘိုး အာဘြံ ဇက် ဟက်စ် မှာ မျက်စိမမြင်တော့ပါ။ သူ့လက်ရာ လှပသော သစ်သားပန်းပွတ်ပစ္စည်းများကြောင့် သူကိုလူသိများပြီး၊ ကျမ်းပိုဒ် မြောက်များစွာကို အလွတ်ရွတ်ဆိုနိုင်သူအဖြစ်လည်း သိကြသည်။ သူနှင့်သူ့သူငယ်ချင်း “အယ်လီ” သည် ကျမ်းပိုဒ်များကို မကြာခဏ အပြန်အလှန် ရွတ်ဆိုဝေငှလေ့ရှိသည်။ အပြိုင်အဆိုင် ရွတ်ဆိုကြရာ၌ “အယ်လီ” က ကျမ်းညွှန်းရွှေကျမ်းချက်များကို ပိုရပြီး အဖိုးက ကျမ်းပိုဒ်များကို ပိုရသည်။
ယခုတွင် “မျက်စိမမြင်သောအဖိုး” ကို ကျွန်တော်တို့ မကြာမကြာသတိရမိသည်။ သူ့မျက်စိမမြင်တော့သည့် အချိန်မှစ၍ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်သည့် အလေ့အကျင့်က သူ့အတွက် အသက်သွေးကြောဖြစ်လာသည်။ ဘုရားသခင်၏ စကားတော်ကို အလွတ်ကျက်မှတ် ခြင်းက အဘယ်ကြောင့် အရေးကြီးပါသနည်း။
ဘုရားသခင်၏ စကားတော်များကို နှလုံးသားထဲတွင် ကျက်မှတ်သိုထားခြင်းဖြင့် ဘုရားသခင်ကိုနာခံနိုင်ကြောင်း ဆာလံ ၁၁၉ က လမ်းညွှန်သည်။ ပထမဦးစွာ စိတ်နှလုံး၌…