မိမိပုံစံနှင့်မကိုက်
စတားဝါး ရုပ်ရှင်ဇတ်ဝင်ခန်းတစ်ခုတွင် နဂါးငွေ့တန်းကြီး၏ အစွန်းထောင့်တစ်နေရာ၌ ပုံသဏ္ဌာန် ဆန်းပြားသည့်သတ္တ၀ါများသည် စားသောက်လျက်၊ ဂီတဖျော်ဖြေမှုများ ခံစားလျက် ပျော်ရွှင်နေကြသည်။ လုခ်စကိုင်း ဝေါ့ကာနှင့်သူ့စက်ရုပ်၂ ရုပ်တို့ ထိုနေရာသို့ရောက်သွားသော် ဂြိုလ်သားများက ၎င်းတို့နှင့်မတူသည့် လူသားနှင့်စက်ရုပ်များကို ၀န်ဆောင်မှုမပေးနိုင်ဟု ခါးခါးသီးသီး ငြင်းသဖြင့် ဝေါ့ကာတို့ တအံ့တဩနှင့်လှည့်ပြန်ခဲ့၏။
ထိုထူးထူးဆန်းဇတ်ဝင်ခန်းလေးက အသင်းတော်မှ မိတ်ဆွေအချို့ကို သတိရစေပြီး၊ ကျွန်ုပ်တို့ ကမ္ဘာ ဂြိုလ်ပေါ်၌ ရင်ဆိုင်နေရသော အချင်းချင်းပေါင်းသင်းဆက်ဆံရေးကိုလည်း ဖော်ကျူးထားသည်။ ကျွန်ုပ်တို့သည် မိမိနှင့် စရိုက်တူသူများနှင့်သာ ဆက်ဆံရေးပြေလည်သည်။ အဆင်ပြေသည်။ အကယ်၍ သခင်ယေရှု သည်လည်း သူနှင့်ဂုဏ်ရည်တူသူများနှင့်သာ ပြေလည်မည်ဆိုပါက ကျွန်ုပ်တို့ ဘယ်အခြေအနေဆိုက် မည်နည်း။ အံ့ဩဖွယ်ဘုရားသခင်၏ ဂုဏ်တော်၊ အရာခပ်သိမ်းပြည့်စုံခြင်းများ ကိုယ်တော်ထံ၌ရှိပြီး ကျွန်ုပ်တို့နှင့် များစွာခြားနားသည်။ သို့သော်လည်း ကျွန်ုပ်တို့နှင့်အတူရှိပြီး ကျွန်ုပ် တို့အတွက် အသေခံရန် သခင်ကြွလာပါ သည်။
သခင်ယေရှု၏နောက်လိုက်များ၌ “ငါတို့နဲ့ ပုံစံမတူဘူး” ဟူသော…
တရားရုံးမှ မာရ်နတ်
စတီဗင် ဗင်းဆင့် ဘဲနက်သည် မာရ်နတ်နှင့်ဒယ်နီရယ် ၀က်ဘ်စတာ ၀တ္တုတိုကို ရေးသားသူဖြစ် သည်။ ထိုဝတ္တု၌ နယူအင်္ဂလန်မှ လယ်သမားကြီး ဂျေဘတ်စတုံးသည် စားဝတ်နေရေး ကျပ်တည်းလှ၍ ကြီးပွားချမ်းသာစေရန် သူ၏စိတ်ဝိညာဉ်ကို မာရ်နတ်ထံ ရောင်းချလိုက်သည်။ နောက်ဆုံးတွင် မာရ်နတ်က ဂျေဘတ်ထံ အကြွေးတောင်းရန် ရောက်လာတော့သည်။ သို့သော် ဂျေဘတ်က သူ့ကိုကာကွယ်ရန် ထူးချွန်သော ရှေ့နေဒယ်နီရယ် ၀က်ဘ်စတာ အားငှါးရမ်း လိုက်သည်။ ကျွမ်းကျင်လိမ္မာစွာဖြင့် အခြေအတင် ပြောဆိုမှုများအပြီး ၀က်စ်တာက အမှုနိုင်သွားပြီး ဂျေဘတ်သည် တမလွန်စီရင်ခြင်းဒဏ်မှ လွတ်မြောက် သွားတော့သည်။
အမှန်စင်စစ်ဤအကြောင်းအရာလေးက စိတ်ကူးယဉ်ပုံပြင်လေးသာဖြစ်သည်။ သို့သော် သမ္မာ ကျမ်းစာက စာတန်သည်ယုံကြည်သူကို တရားစီရင်သူဘုရားသခင်၏ရှေ့မှောက်၌အပြစ်တင် စွဲချက်တင်ရန် မှတ်တမ်းတင်ထားကြောင်းဖော်ပြပါသည်။ ယဇ်ပုရောဟိတ်မင်းယောရှုသည် ဘုရား သခင်ရှေ့တော်၌ ရပ်လျက်ရှိပြီး သူ့အပြစ်များကိုပုံဆောင်သည့်အနေဖြင့် ညစ်ပတ်ပေရေသော အ၀တ်အစားများကို ၀တ်ဆင် ထားသည်။ အနီးအနား၌မူစာတန်ကယောရှုအားအပြစ်တင်စွပ်စွဲနေပါသည်။ သို့သော်ဘုရားသခင်၏ ကောင်းကင်တမန်ကစာတန်ကိုဆုံးမပြစ်တင်ပြီး…
ဆံပင်ကိုဖြန့်ချလိုက်ပါ
ခရစ်တော် ကားစင်တင်သတ်ခြင်း မခံရမီ မာရိဟုခေါ်သော အမျိုးသမီးတစ်ဦးသည် ခရစ်တော်၏ ခြေထောက်ပေါ်သို့ တန်ဖိုးကြီးဆီမွှေးများ လောင်းချခဲ့သည်။ တစ်ဖန်အတင့်ရဲလှ စွာဖြင့် ခြေတော်ကိုသူမ၏ဆံပင်ဖြင့်သုတ်ပေးခဲ့သည် (ယော ၁၂း၃)။ ၁ ရာစုခေတ်က အရှေ့ အလယ်ပိုင်း ယဉ်ကျေးမှုအရ မိန်းမကောင်းမိန်းမမြတ်မျာက မိမိတို့ဆံပင်ကို အများတကာရှေ့ မည်သည့်အခါမျှ ဖြန့်ချလေ့မရှိပါ။ မာရိသည် ဆီမွှေးအတွက် သူတစ်သက်လုံး စုဆောင်းရသမျှ ငွေများကို အကုန်ခံသည်သာမက သူမ၏ဂုဏ်သိက္ခာကိုပါ ပေးဆပ်ခဲ့ရသည်။ မိမိကိုအခြားသူတို့ မည်သို့ထင်ထင် ကိစ္စမရှိ။ ၎င်းသည်စစ်မှန်သော ၀တ်ပြုကိုးကွယ်မှုပင် (၂ ရာ ၆း၂၁-၂၂)။ သခင် ယေရှုအား ကိုးကွယ်ရန် ဣနြေ္ဒကင်းမဲ့၍ အကျင့်ပျက်သူဟု အထင်ခံရလည်း မာရိခံနိုင်ပါသည်။
လူအချို့က ဘုရားကျောင်းသို့လာရာ၌ အခြားသူများမိမိကို အကောင်းမြင်စေရန်၊ အပြစ် ပြောဖွယ်မရှိအောင် သတိထားလျက်၊ ပြောစရာဖြစ်မှာစိတ်ပူလျက် ဘုရားကျောင်းသို့ရောက် သည်။ ဥပမာပြောရလျှင် ဆံပင်ကိုသေသေသပ်သပ်ထားသကဲ့သို့ တစ်ပါးသူရှေ့၌ တင့်တယ်၍…
လန်းဆန်း၍ ရှင်သန်သော
၉၂ ခုမြောက်သောဆာလံရေးသားသူ ဆာလံဆရာက “ထာဝရဘုရား၏ကျေးဇူးတော် ချီးမွမ်းရန်လျောက်ပတ်ပေ၏” ဟူ၍ အစပြုထားသည်။ ဘာအကျိုးရှိသနည်း။ သင်နှင့်ကျွန်ုပ် အတွက်အကျိုးရှိခြင်းပါ။ ကျေးဇူးတော်ချီးမွမ်းလျှင် စိတ်ဝိညာဉ်၏ကြောင့်ကြမှုများမှ သက်သာရာရ ပြီး နေ့ရက်တိုင်း၌ ဆုတောင်းလျက်ချီးမွမ်းစေသည်။ ချီးမွမ်းခြင်းက ကျွန်ုပ်တို့ကိုဝမ်းမြောက်စေ သောကြောင့် နံနက်တိုင်းကို ကျေှးှဇူးတော်ချီးမွမ်းလျက် ကြိုဆိုရမည်။ ချီးမွမ်းခြင်းက ကျွန်ုပ်တို့ကို အားငယ်မှုများမှလွတ်မြောက်စေပြီး လက်တော်ပြုသောအမှုများ၌ အားရရွှင်လန်းကာ ၀မ်းနည်း စရာများကိုကုစားပေးသည်(း၎)။ လက်တော်ပြုသောအမှုကား ကျွန်ုပ်တို့အတွင်း၌ လုပ်ဆောင်ပေး နေသော အမှုများပင်တည်း။
“ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တော်ပေါ်မှာ အာရဇ်ပင် ကဲ့သို့ ကြီးပွားလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်” (း၁၂-၁၄)ဟူသည့် ဥပမာအလင်္ကာဖြင့် ကျွန်ုပ် အကြိုက်ဆုံး ဖြစ်သည်။
ဆာလံသီချင်းများသည် ထည်ဝါခန့်ညားသောအလှအပနှင့် အာရဇ်သစ်ပင်၏မလျော့သော စွမ်းအားကိုပုံဆောင်သည်။ ၎င်းသည် ဘုရားသခင်၏အိမ်တော်တွင် စိုက်ပျိုးခြင်းခံရသူတို့၏…
မစမှုလိုအပ်နေသည်
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှကျွန်းစုသည် ဥရောပ၌နာဇီတို့၏ ဖိနှိပ်မှုကိုတော်လှန် ရင်း နောက်ဆုံးခြေကုပ်စခန်း ကျလုနီးပါးတောင့်ခံခဲ့ရသည်။ မဆုတ်မနစ်ထိုးစစ်ဒဏ်ခံရင်း စစ်ရှုံးလုနီးပါး အန္တရာယ်များကြား၌ စစ်လက်နက်ခဲယမ်း ပြတ်လပ်ကာ အောင်မြင်ရန်လမ်းစမရှိ ခဲ့ပါ။ ထို့ကြောင့်ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန် ချာချီ က ဘီဘီစီ ရေဒီယိုအသံလွှင့်ဌာနမှ “ကျုပ် တို့ကို လက်နက်ရိက္ခာပေးပါ။ တာဝန်ကို အဆုံးသတ်ထမ်းဆောင်ပါ့မယ်”ဟု တစ်ကမ္ဘာလုံးသို့ ပန်ကြားခဲ့သည်။ ပြင်ပမှအကူအညီမရလျှင် ရင်ဆိုင်နေရသည့်အခြေအနေကို ဆက်လက် တောင့်ခံနိုင်မည် မဟုတ်ကြောင်း ၀န်ကြီးချုပ် သဘောပေါက်ခဲ့သည်။
ဘ၀အသက်တာသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကြုံတွေ့ရသည့် ဘ၀ဒုက္ခများ ကိုရင်ဆိုင်ရန် ကျွန်ုပ်တို့၌အင်အားမလုံလောက် မပြည့်စုံပါ။ အခြား/ပြင်ပမှ အကူအညီလိုအပ်ပါ သည်။ ခရစ်တော်၏ကိုယ်၌ အင်္ဂါချင်းများအနေဖြင့် ခရစ်ယာန်ညီအစ်ကိုမောင်နှမများထံမှ မစ ကူညီမှုများ ရရှိနိုင်ပါသည် (ရော ၁၂း၁၀-၁၃)။ ၎င်းသည် အံ့ဖွယ်ရာဖြစ်သည်။ ကောင်းကင်ဘုံရှင် အဖဘုရားသခင်ထံမှလည်း အကူအညီ တောင်းခံရှာဖွေရပါမည်။ အဖဘုရားသခင်က သူ့ရှေ့တော် မှောက်သို့…
သာမန်လူငယ်လေး
စတိဗ်သည် သာမန်လူငယ်လေးတစ်ဦးမျှသာ ဖြစ်ပါသည်။ သူသည် ကျွန်မ တတ်ရောက် သောဘုရားကျောင်းတွင် ငြိမ်ဝပ်စွာအစေခံသည်။ ပွဲတော်အတွက် ပြင်ဆင်ပေးသည်။ ဆောင်းဥတု တွင်ဘုရားကျောင်းစင်္ကြံမှ နှင်းများဖယ်ရှားပေးသည်။ နွေဥတုတွင် မြက်ရိတ်ပေးသည်။ ဖခင်မရှိ သော ဆယ်ကျော်သက်ယောက်ျားလေးများကို သူအချိန်ပေးသည်။ အသင်းတော်ရှိ လူများအား ဘုရားသခင်သည် သူ့အပေါ်မည်ကဲ့သို့ကောင်းမြတ်ကြောင်းကို သူ့ပုံစံအတိုင်း အေးဆေးစွာ ပြောပြသည်ကိုမကြာခဏကြားရသည်။ ဆုတောင်းစည်းဝေး၌လည်း သူ့အကြောင်းထက် သခင် ယေရှု၏ ခွင့်လွှတ်ခြင်းနှင့်မေတ္တာအကြောင်း သူဝေငှခဲ့သူများအတွက် ဆုတောင်းပေးရန်သာ ပြောသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး ၁၀ ရှိ ဗတ္တံဇံဆရာယောဟန်အကြောင်းနှင့် ဆက်စပ် ပြီး စတိဗ်အကြောင်းကို ကျွန်မစဉ်းစားမိသည်။ လူများက “...ယောဟန်သည် နိမိတ်လက္ခဏာကို မပြ။ သို့သော်လည်း (သခင်ယေရှု)အကြောင်းကို ယောဟန် ပြောသမျှမှန်ပေ၏” (း၄၁)ဟု ဆိုကြ သည်။ ယောဟန်သည်သခင်ယေရှုပြုသကဲ့သို့ နိမိတ်လက္ခဏာများမပြုပါ။ မိမိအကြောင်းကိုလည်း မပြောခဲ့ဘဲ “ထိုသူ(သခင်ယေရှု)ကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်…
ပေါ့ဆသူ
ကျွန်မ၏သမ္မာကျမ်းစာလေ့လာသောအဖွဲ့လေး၌ သုတ္တံကျမ်းကိုလေ့လာစဉ် အဖွဲ့ခေါင်း ဆောင်က လူပျင်းဟုရေးသားဖော်ပြချက်ကို နှေးကွေးလေးလံသူ (sluggard)အစား ပေါ့ဆသူ (slacker)ဟုပြင်ဆင်ရန် အကြံပြုထားသည်။ ကျွန်မသည်ချက်ခြင်းပင် ပေါ့ဆသူဟုထင်ရသော လူအမျိုးအစား အားလုံးကိုတွေးတောမိသည်။
မိမိ၏သားသမီးများကို စည်းကမ်းချမှတ်ကာ ဆုံးမသွန်သင်ရန် ပျက်ကွက်သူများလော။ သို့မဟုတ် အိမ်မှုကိစ္စများကို မကူညီလိုငြင်းပယ်သော ယောက်ျားသားများလော။ သို့တည်းမဟုတ် မိမိ၏သင်ခန်းစာများကို လျစ်လျူရှုကာ အင်တာနက်ဂိမ်းများကို နေ့ရောညပါ ကစားသော ဆယ်ကျော်သက် ကျောင်းသားများလော။
ကျွန်မတို့က ရိုးသားသူများဖြစ်ပါက ဤအကြောင်းအရာများကို အလွယ်တကူ နားလည်ကြ ပါမည်။ “ဆုတောင်းခြင်း၌ ပေါ့လျော့သူ” (၁ သက် ၅း၁၇-၁၈)၊ “သမ္မာကျမ်းစာကို ဖတ်ရှုရာ၌ ပေါ့လျော့သူ” (ဆာ ၁၁၉း၁၀၃၊ ၂ တိ ၃း၁၆-၁၇)၊ “ ၀ိညာဉ်ရေးရာဆုကျေးဇူးကို အသုံးချရန် ပေါ့လျော့သူ” (ရော ၁၂း၄၀၈)၊ “ သက်သေခံခြင်း၌ ပေါ့လျော့သူ” (မ ၂၈း၁၉-၂၀၊ တ ၁း၈)များ…
ကြောက်ရွံ့ခြင်းအတွက်ကုထုံး
အမေရိကန်သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံရသော ဖရန့်ကလင် ဒီ ရူးစဗဲ့သည် ကြီးစွာ သောစိတ်ဖိစီးမှုနှင့်ရင်ဆိုင်နေရဆဲ တိုင်းသူပြည်သားများအား ၁၉၃၃ ခုနှစ်၌ ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့သည်။ ကြုံတွေ့ရသောစီးပွားရေးကပ်အပေါ် အကောင်းမြင်သဘောထားရှိရန် ရည်ရွယ်လျက် ကျွန်ုပ်တို့ကြောက်ရွံ့ရမည့် တစ်ခုတည်းသောကြောက်စရာမှာ ကြောက်ရွံ့ခြင်းပင် ဖြစ်သည်ဟု ဆိုခဲ့သည်။
အသက်တာ၌ ကြွယ်ဝမှု၊ ကျန်းမာရေး၊ ဂုဏ်အသရေ၊ ရာထူး၊ လုံခြုံမှု၊ မိသားစု၊ သူငယ်ချင်း စသည့် တစ်စုံတစ်ရာကိုဆုံးရှုံးသွားချိန်၌ စိုးရွံ့ကြောက်စိတ်တို့ဖြစ်ပေါ်လာသည်။ မိမိအတွက် အရေးကြီးဆုံးသောအရာများကို ကာကွယ်တတ်သည့် မွေးရာပါဗီဇစိတ်သဘောထားများ အထင် အရှား ပေါ်ထွက်လာသည်။
ထိုအခါ ဘုရားသခင်၏ဂရုပြုမှုနှင့်ထိန်းချုပ်မှုတို့အောက် အပ်နှံလိုက်ခြင်းထက် ကြောက်ရွံ့ မှုတို့နေရာယူသောအခါ စိတ်ပိုင်းဆိုင်ရာချိနဲ့ကာ ၀ိညာဉ်ရေးရာ၌ အားနည်းယုတ်လျော့လာသည်။ ခရစ်တော်အကြောင်း သူတစ်ပါးကိုပြောရန်ကြောက်ရွံ့လာမည်။ ကျွန်ုပ်တို့အသက်တာနှင့်စွမ်းရည် များကို တစ်ပါးသူများထံ ဆက်ပွားရန်စိုးထိတ်နေမည် (သို့) အသစ်သောအတွေ့အကြုံကို စွန့်စား ရယူရန်မ၀ံ့ရဲပြီ။ စိုးရွံ့သောဝိညာဉ်သည်ခံနိုင်ရည်မရှိ၊ ရန်သူကသမ္မာကျမ်းစာဝန်ခံချက်ကို အပေး အယူလုပ်အောင်၊ မိမိသဘောအတိုင်းလုပ်အောင်…
ဘုရားသခင်ထံမှ စကားတော်
အထင်ကရ တရားဟောဆရာနှင့် ဓမ္မပညာရှင် Helmut Thiclicke (၁၉၀၈-၁၉၈၆) သည် ဂျာမနီနိုင်ငံ၌ ၁၉၃၀ နှင့် ၁၉၄၀ နှစ်များအတွင်း နာဇီအစိုးရ၏ဖိနှိပ်ဆန့်ကျင်မှု အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ ခက်ခဲ၍စိတ်ရှုပ်စရာကောင်းသော ထိုအခြေအနေမျိုး၌ပင် ဘုရားသခင်၏ တည်ရှိခြင်းနှင့် ခရစ်သခင်၏တန်ခိုးတော်အကြောင်းကို မပြတ်ကြွေးကြော်နေဆဲပင်။ သူ့တရား ဟောချက်၌ မျက်မှောက်ခေတ်အဖြစ်အပျက်နှင့် ပြဿနာများအကြောင်းဟောကြားရာ “Thiclicke သည် `ဘုရားသခင်ထံမှလာသောစကားတစ်ခုခုမရှိဘူးလား´ဟူသည့်မေးခွန်းကို ဖြေနိုင်အောင် ရှာဖွေခဲ့သည်” ဟု ပညာရှင် ရောဘတ်စမစ် က ပြောခဲ့သည်။
ယနေ့ ကျွန်ုပ်တို့အယောက်စီတိုင်း ရှာဖွေနေသည်မှာ ထိုအရာလား။ ဘုရားသခင်ထံမှ မိန့်မြွက်ချက်များသည် ကျွန်ုပ်တို့ရင်ဆိုင်ရသည့် အခက်အခဲများဖြစ်စေ၊ ရရှိသောအခွင့်အလမ်းများ ဖြစ်စေ၊ ၎င်းတို့ကိုဖြတ်ကျော်ရန်အတွက် လိုအပ်သည့်ခွန်အားနှင့်လမ်းပြချက်လား။
၁ ရာ ၃ ၌ “ ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်နည်းပါး” သည့်အချိန်ကို ဖော်ပြထား သည် (း၁)။ ရှမွေလလေးအား ဘုရားသခင်စကားပြောသောအခါ၊ သူငယ်လေးသည် သူ့အား…
မေးခွန်းမေးခြင်း
ကျွန်မ စာသင်သောအခါ “ဆရာကိုမေးခွန်းမေးခြင်း” ဟူသည့်ဆောင်ပုဒ်ကို တစ်ခါတစ်ရံ အသုံးပြုသည်။ ဆရာ့ဂုဏ်ထိခိုက်အောင် သူတို့အားစိန်ခေါ်စေခြင်းမဟုတ်ဘဲ၊ မေးခွန်းမေးရန် တိုက်တွန်းခြင်းဖြစ်သည်။ ပညာရေးဆိုင်ရာပညာရှင်တစ်ချို့မှ ဆရာများသည် သတင်းအချက် အလက် ပေးဝေခြင်းထက် အဖြေများများဖြေဆိုခြင်းဖြင့် ထိရောက်သောသင်ကြားမှုကို ဖြစ်ပေါ်စေ ကြောင်းဆိုသည်။ သဘာဝအားဖြင့် လူသည် သူတစ်ပါးပြောပြချင်သောအရာထက် မိမိသိချင် သော အရာကိုပို၍ အလေးထားစိတ်ဝင်စားကြသည်။
ထိုသင်ကြားနည်းနှစ်မျိုးလုံးအတွက် အခြေအနေ၊ အချိန်အခါရှိသည်။ သို့သော်သမ္မာကျမ်း စာထဲ၌ မေးခွန်းမေးရန်တွန်းအားပေးထားသည့် သင်ကြားမှုမျိုးကိုတွေ့ရသည်။ အီဂျစ်ပြည်မှဣသ ရေလလူမျိုးတို့ မထွက်ခွာခင် ဘုရားသခင်က မောရှေအား ထိုလူမျိုးကိုမေးခွန်းမေးခွင့်ပေးသည့် အလေ့အကျင့်ကိုအစပြုလျက် သွန်သင်ရန် ညွှန်ကြားခဲ့သည်။ ပသခါပွဲကျင်းပရာ၌ ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ဘုရားသခင်၏ကယ်တင်ခြင်းအမှုကို အရွယ်ရောက်သူတို့အမှတ်ရစေရန်နှင့် နောင်လာနောင်သားတို့က ဘာကြောင့်ဤပွဲကိုကျင်းပရသနည်း ဟုမေးရန်ဖြစ်သည် (ထွ ၁၂း၂၆)။
“ဘာကြောင့်” ဟူသည့်မေးခွန်းက စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုဖော်ပြရန် ထူးမြတ်သောအခွင့်အရေးလည်းဖြစ်သည် (၁ ပေ ၃း၁၅)။ အခြားသူတို့…