နံဘေးနားမှာ ယှဉ်လျက်
ကျွန်တော်တို့၏ မိသားစုဓာတ်ပုံစာအုပ်၌ ကျွန်တော်၏ လေးနှစ်သမီးလေးသည် ကျွန်တော့် အနီးတွင် ကစားစရာတူတစ်ချောင်းဖြင့် အိမ်နံရံကို လိုက်လံပြင်နေသည့်ပုံရှိသည်။ ထိုနေ့က ဘေးချင်းယှဉ်လျက် ကျွန်တော်တို့ အလုပ်လုပ်ခဲ့၏။ ကျွန်တော်လုပ်သမျှအားလုံး သူလိုက်တုပြီး လုပ်သည်။ သူလည်းအိမ်ကိုအမှန်အကန်ပြင်သည်ပေါ့။ ငြီးငွေ့ဖွယ်အိမ်၏ဝေယျဝစ္စများလုပ်ဆောင် ရာ၌ ကျွန်တော်က ၀မ်းမြောက်ခဲသော်လည်း ဓါတ်ပုံထဲ၌သမီးကပျော်ရွှင်နေကြောင်း ထင်ရှားစွာ တွေ့ရသည်။
ကျွန်ုပ်တို့၏ကလေးများသည် ကျွန်ုပ်တို့၏အပြောအဆိုနှင့်အပြုအမူများကို ကြည့်ပြီး အတု ယူတတ်ကြသည်။ မိဘများထံမှမြင်တွေ့ရသမျှ ပုံရိပ်များနှင့် ဘုရားသခင်ကို ပုံဖော်တတ်ကြသည်။ မိဘများက သူတို့ကိုမျက်နှာထားတင်းတင်းဖြင့် ညှာတာမှုမရှိ ဆက်ဆံလျှင် ဘုရားသခင်ကိုလည်း ထိုအတိုင်းမြင်သည်။ သူတို့နှင့်ဝေးဝေးနေပြီး အေးစက်စက်ဆက်ဆံလျှင် ဘုရားသခင်လည်း ထိုအတိုင်းဖြစ်မည်ဟု ယူဆကြမည်။ ဘုရားသခင်ကို သားသမီးတို့ရှင်းလင်းစွာ မြင်နိုင်အောင် ပုံဖော်ပေးရေမည့် အရေးကြီးသည့်တာဝန်တစ်ရပ်ကို မိဘတို့အား အပ်နှံထားသည်။ အထူးသဖြင့် အခြေအနေပေါ်မူမတည်သည့် ဘုရားသခင်၏မေတ္တာကို သားသမီးတို့ သိမြင်ခံစားရနိုင်ရေးက အဓိကဖြစ်သည်။
ကျွန်ုပ်နှင့်ဘုရားသခင်၏ ဆက်ဆံရေး၌လည်း ထိုကဲ့သို့သော မိသားစုပုံရိပ်ရှိကြောင်း တွေးကြည့်၍ရသည်။…
ခြေလှမ်းများရပ်ဆိုင်းသွားခြင်း
ကျွန်တော်သည်များသောအားဖြင့်ဘ၀၌ဆုံးရှုံးမှုများအကြောင်းကိုရေးသားသောကြောင့် ဘ၀ခရီးတစ်လျှောက် ခက်ခဲရုန်းကန်ရသူ အမြောက်အမြားနှင့်သိကျွမ်းခွင့်ရရှိခဲ့၏။ ကျွန်တော့် မိတ်ဆွေသစ်တစ်ဦးမှာ(၂၁)နှစ်အရွယ်သမီးငယ်ဆုံးရှုံးခဲ့ရသူ မိခင်တစ်ဦးဖြစ်သည်။ ၂၀၀၉ ခုနစ် ခန့်က သမီး ရုတ်တရက်ဆုံးသွားရာ ထိုမိခင်မှာ အလွန်တုန်လှုပ်ခြောက်ခြားစွာခံစားခဲ့ရသည်။ သူမက “စိတ်နဲ့ကိုယ်မကပ်တော့ဘူး။ နှလုံးသားက ကြေမွှကုန်ပြီ။ ရင်ထဲမှာနာကျင်လှတယ်”ဟု ပြောပြသည်။
စင်စစ်ဆုံးရှုံးမှုကိုရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့အမှန်ပင် ချိနဲ့တုံ့ဆိုင်းသွားသည်။ မိသားစု ၀င် တစ်ဦးဦးကိုဆုံးရှုံးရခြင်း၊ သားသမီးတို့ ဘုရားသခင်နှင့် မိသားစုကို ကျောခိုင်းစွန့်သွားခြင်း၊ ခန္ဓာပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ချို့ယွင်းလာခြင်းစသည်တို့ တစ်ခုခုဖြစ်နိုင်သည်။
တေးဂီတပညာရှင် ဂျဲရမီ ခဲမ့် သည် ၂၀၁၀ ခုနှစ်က ဇနီးသည်သေဆုံးသွားပြီးနောက် သူ ရေးစပ်ခဲ့သော သီချင်း၌ အဖြေတစ်စုံတစ်ရာကို ကျွန်တော်တွေ့ရှိခဲ့သည်။ ခြေလှမ်းတို့ ပြိုယိုင်လဲ ချိန် ၌ “ဘုရားသခင်သည် ငါတို့ခိုလုံရာဖြစ်၍ ....ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော် မူကြောင်း” (ဆာ ၄၆း၁)သတိရပါဟု ရေးခဲ့သည်။ ထိုအကြောင်းပြချက်က ခြေလှမ်းတို့…
ထပ်ပေးပါဦး
ကျွန်မ၏သမီးလေးသည် ယခု စကားစတင်ပြောစပြုပြီး “ထပ်ပေးဦး” ဆိုသည့်စကား တစ်ခွန်းကို မှတ်ထားသည်။ ပေါင်မုန့်ယိုသုတ်ကို လက်ညိုးထိုးကာ “ထပ်ပေးဦး” ဟုတောင်းသည်။ ၀က်ရုပ်စုဗူးထဲသို့ထည့်ရန် ဖခင်ကအကြွေစေ့ပေးသောအခါ သူ့လက်ကလေးကိုခံကာ “ထပ်ပေး ပါဦး” ဟုဆိုသည်။ တစ်နေ့ဖခင်က အလုပ်သွားရန် အိမ်မှထွက်သောအခါ သူ့ဖခင်ကို သူ့အနား ရှိစေလိုသော ရည်ရွယ်ချက်ဖြင့် “ဖေဖေ့ကို ပေးဦး”ဟု ပြောလေသည်။
ကျွန်မ၏သမီးငယ်လေးနည်းတူ ကျွန်မတို့အများစုသည် ဘေးဝန်းကျင်ကို မျှော်ပြီး “ပေးဦး” ဟု ထပ်ထပ်တောင်းလေသည်။ သို့သော် ရလေ၊ လိုလေ အိုတစ္ဆေဆိုရိုးကဲ့သို့ ဘယ်တော့မှ လိုဘ မပြည့်စုံနိုင်ပေ။ ထိုမရောင့်ရဲနိုင်သော စိတ်ကိုဖြိုဖျက်ရန် ခရစ်တော်၏တန်ခိုးတော်မစမှုကို ခံယူရ ပါမည်။ သို့မှသာ ရှင်ပေါလုနှင့်အတူ “ငါသည်တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသော စိတ်ရှိအံ့သောငှါ သင်မိပြီ”ဟု ဆိုနိုင်ပေမည်။(ဖိ ၄း၁၁)။
ထိုကျမ်းပိုဒ်၌ “သင်မိပြီ” ဟူသောစကားအားဖြင့် ရှင်ပေါလုသည် အခြေအနေတိုင်းကို အပြုံးဖြင့် ရင်ဆိုင်ခဲ့ခြင်းမဟုတ်ကြောင်း…
မိတ်ဆွေသူငယ်ချင်း ရှိခြင်း၏ အကျိုး
Cicero သည် ရောမအင်ပါယာမှ အကျော်ကြားဆုံး တွေးခေါ်ပညာရှင်များအနက် တစ်ဦး ဖြစ်ပြီး ထက်မြက်သော အဟောပြောကောင်းသူ၊ ရှေ့နေ၊ နိုင်ငံရေးသမား၊ ဘာသာဗေဒပညာရှင် နှင့် စာရေးဆရာလည်းဖြစ်သည်။ သူ၏ရှင်းလင်းထိမိသော အရေးအသားနှင့်လက်တွေ့ကျသော ပညာစကားများကို ယနေ့ထိတိုင် ကိုးကား အသုံးပြုရဆဲဖြစ်၏။
ဥပမာအနေဖြင့် မိတ်ဆွေရှိခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ “မိတ်ဆွေများကြောင့် ပျော်ရွင်စရာပွားများ၍ စိတ်ဆင်းရဲမှုလျော့ပါသွား၏။ ၀မ်းမြောက်မှုကို နှစ်ဆပွားများစေပြီး ၀မ်းနည်း မှုကို လွင့်ပါးစေ၏” ဟုရေးသားခဲ့သည်။ အသက်တာလမ်းခရီး၌ မိတ်ဆွေများကြောင့် နှစ်ဆသော အကျိုးကျေးဇူးကို ခံစားရသည်။
နှစ်ပေါင်းတစ်ထောင်အစောပိုင်းက ရှောလမုန်မင်းကြီးသည် မိတ်ဆွေတို့၏တန်ဖိုးနှင့် ပတ်သက်၍ ဒေသနာကျမ်း၌ “လူသည်တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက် ထူလိမ့်မည်။ တစ်ယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ ” (၄း၉-၁၀)ဟု ရေးသားထာခဲ့သည်။ စင်စစ်မိတ်ဆွေမရှိသောဘ၀က အထီးကျန်ဆန်ပြီး ခံနိုင်ရည် နည်းသည်။
ရောမပညာရှင်ကြီးနှင့် ရှောလမုန်မင်းတို့၏စကားက မှန်ပေသည်။…
ချိုးငှက်ကဲ့သို့ အတောင်ရစေသား
ဒါဝိဒ်ကြီး သက်မချကာ“ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍ ငြိမ်ဝပ်လျက် နေလိမ့်မည်” (ဆာ ၅၅း၆)ဟု မြည်တမ်းခဲ့သည်။ ကျွန်တော်သာ ဆိုလျှင် Saw-tooth တောင်တန်းများကြား (သို့) မီးပြတိုက်၌ သွားရောက်ကာနေမည်။ ၀န်ထုပ်များ လေးလံလာလျှင် ကျွန်တော်လည်းပဲ အဝေးသို့ ပျံထွက်သွားကာ အေးရာအေးကြောင်းနေလိုသည်။
ဒါဝိဒ်သည် သူကြုံတွေ့ရသောအခြေအနေများအကြောင်း ပွင့်လင်းစွာရေးသားခဲ့သည်။ ရုန်းရင်းခတ်မှုများ၊ ဖိစီးမှုများ၊ ဘက်ပေါင်းစုံမှပြဿနာများ၊ မိတ်ဆွေဟောင်းများ၏သစ္စာဖေါက်မှုကို (၅၅း ၈-၁၄)ကြုံတွေ့ရသည်။ ကြောက်ရွံတုန်လှုပ်မှုများ၊ နာကျင်ထိတ်လန့်မှုများ၊ စိုးရိမ်ကြောင့်ကြ မှုနှင့် စိတ်ပူပန်မှုတို့က သူ့ကိုလွှမ်းမိုးထားသည် (း၎-၅)။ ထိုအမှုများကြောင့်သူအဝေးတစ်နေရာသို့ ပျံထွက်သွားလိုသည်မှာ မဆန်းပေ။
သို့သော်လွတ်မြောက်ရန်ကား မဖြစ်နိုင်ပေ။ သူ၏ကြမ္မာကို သူရှောင်ကွင်းလိုပါသော်လည်း မရှောင်ရှားနိုင်ပါ။ သူလုပ်နိုင်သောတစ်ခုတည်းသောအရာမှာ သူ့အခြေအနေအလုံးစုံကို ဘုရား သခင်ထံ အပ်နှံရန်သာဖြစ်သည်။ “ငါမူကား ဘုရားသခင်ကို ပတ္ထနာပြု၍ ထာဝရဘုရားသခင်သည် ကယ်တင်တော်မူမည်။ ညဦးအချိန်၊ နံနက်အချိန်၊…
အဖြေမရသော ဆုတောင်းချက်
တမန်တော်ရှင်ပေါလု၌ ရှိရှိသမျှအရာများထက် လိုလားတောင့်တသောဆန္ဒတစ်ခုမှာ သူထိတွေ့သိရှိခဲ့ရသော ကယ်တင်ရှင်အား သူ့ဂျူးလူမျိုးများကိုလည်း ရရှိပိုင်ဆိုင်စေလို၏။ သူက “ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။ အကြောင်း မူကား ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက် ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကိုခံချင်လောက်အောင်စိတ်ရှိ၏” (ရော ၉း၂-၃)ဟု ပြောခဲ့၏။ သူနှင့် သူဟောပြောသော ခရစ်တော်အကြောင်းကို သူ့အမျိုးသားချင်းဂျူးများက ဤမြို့၌ဟောပြောလည်း ပယ်ကြ၊ ဟိုမြို့မှာ သွားပြောလည်း ငြင်းကြလေသည်။
ရှင်ပေါလု၏အသက်တာ၌ သူဆုတောင်းသော်လည်း အဖြေမရ၍ ဤအခြေအနေကြား ရုန်းကန်ရပုံ အရေးကြီးသည့်ကဏ္ဍအပိုင်းကို သူရေးသားသည့်စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး ရောမသြ၀ါဒစာ၌ ထည့်သွင်းဖော်ပြထားသည် (ရော ၉၊၁၁)။ သူ၏ပူပန်မှုများမှ ထွက်ပေါ်လာသော ဘေးထွက်အကျိုးတစ်ခုကို သူဖော်ပြခဲ့သည်။ ယေရှုကို ဂျူးလူမျိုးများလက်မခံ၊ ငြင်းပယ်မှုကြောင့် အခြားလူမျိုးများ လက်ခံနိုင်ရန်အခွင့်ဖြစ်ပေါ်လာသည်။ ဘုရားသခင်သည်ဂျူးလူမျိုးများကို ငြင်းပယ်လိုက်ခြင်းမဟုတ်ပါ။ အခြားလူမျိုးများကဲ့သို့ သူတို့၌တန်းတူအခွင့်အရေးများရှိသည်။ ဘုရားသခင်သည် သူ၏သနားကြင်နာမှုအ၀န်းအ၀ိုင်းကို…
ကျွန်မတို့၏သူငယ်ချင်းသည် ကွန်ပြူတာကျွမ်းကျင်သူဖြစ်သည်။ တစ်ညကသူ့အိမ်သို့ ကျွန်မတို့မိသားစု သွားရောက်လည်ပတ်စဉ် ကွန်ပြုတာဖန်သားပြင်၌ တင်ထားသော ကျမ်းပိုဒ်လေး ကိုသတိပြုမိသည်။ “ကိုယ်မျက်စိနှင့်ပဋိညာဉ် ၀န်ခံခြင်းကိုပြုပြီ” (ယောဘ ၃၁း၁)။ ကွန်ပြူတာရှေ့ တစ်ဦးတည်းရှိနေချိန်၌ လွယ်လင့်တကူဖွင့်ကြည့်နိုင်သော မဖွယ်မရာရုပ်ပုံများ၏ အန္တရာယ်ကို သူကောင်းစွာသိရှိကြောင်း ထင်ရှားလေသည်။
ထိုသတိပေးကျမ်းပိုဒ်မှာ ယောဘ၀တ္တုမှယူထားခြင်းဖြစ်ပြီး “ငါသည် အပျိုကိုမျှမကြည့်ရှု မည် အကြောင်း”ဟု အစချီထားသည်။ ကျွန်မတို့အများစုကဲ့သို့ ယောဘသည်သူ့ကိုယ်သူ တဏှာ တပ်မက်ခြင်းနှင့် ကင်းအောင်နေရန် ကတိပြုထားသည်။ သူတိုင်တည်ပြောဆိုသောစကားကို ဆင်ခြင်ရင်း “ဘုရားသခင်သည် ငါသွားသောလမ်းကို မြင်တော်မူသည်မဟုတ်လော” (း၎)ဟု ဆိုထားသည်။ ဘုရားသခင်မြင်ကြောင်း (ဟေဗြဲ ၄း၁၃)ကျမ်းစာမှ အသေအချာဆိုထားခြင်း ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ ပြန်၍အစစ်ဆေးခံကြရမည်။ ထို့ကြောင့် ယုံကြည်သူများသည် “မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်း”စွာနေထိုင်ရမည် (၁ သက် ၄း၃)။ ကိုယ်ကျင့် တရားနှင့် ပတ်သက်၍ ကန့်သက်ချက် ဘယ်အတိုင်းအတာရှိသလဲဟု…
အားနည်းချွတ်ယွင်းသော...
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက အားနည်းချက်ရှိသူအဖြစ် သရုပ်ဆောင်ရခြင်း မျိုးကို သူနှစ်သက်ကြောင်း၊ အမှားမကင်းသည့်သရုပ်ဆောင်ကို လူအများက စာနာပြီးရင်းနှီးကြ သည်ဟု မှတ်ချက်ပေးသည်။ ၎င်းကိုကျွန်ုပ်တို့သည်သဘောတူမည်ပင်။ မိမိလည်း အမှားမကင်းပါ ဟု သိမှတ်သဖြင့် မပြည်စုံသူများကိုနားလည်ရန် လွယ်ပါသည်။ သမ္မာကျမ်းစာ၌ လှည့်စားတတ်သူ၊အားနည်းသူ၊ မယုံကြည်ရသူ၊ အမျက်ထွက်သူများအကြောင်းကို ဘုရားသခင်က ထည့်သွင်းထား သည်။ ဥပမာ -ယာကုပ်သည်ကောင်းချီးရယူရန် ဖခင်ကိုလှည့်စားခဲ့သည် (က ၂၇း၁-၂၉)။ ဂိဒေါင် သည်လည်း ဘုရားသခင်အပေါ်စိတ်ချယုံကြည်မှုမရှိ။ ကိုယ်တော်ကပြုပါမည်ဟုပြောထားသည့် ကိစ္စနှင့်စပ်လျဉ်း ၍ ဘုရားသခင်၏စကားတည်၊ မတည် နှစ်ကြိမ်တိုင်တိုင် သက်သေတောင်းခဲ့ သည် (သူကြီး ၆း၃၉)။ တစ်ဖန်ရှင်ပေတရုကလည်း သူအသက်လုံခြုံရေးအတွက် ကြောက်ပြီး သူ့မိတ်ဆွေ သူ့သခင်ကို မသိပါဟု ငြင်းခဲ့သည်။ (မာ ၁၄း၆၆-၇၂)။
သို့သော်လည်း ၎င်းတို့၏ဇာတ်လမ်းအဖြစ်အပျက်ကို အဆုံးထိဖတ်ရှုကြည့်လျှင် ၎င်းတို့ သည် ဘုရားသခင်၏မစမှုဖြင့် ၎င်းတို့၏အားနည်းချက်၊ အပြစ်များကို…
အသက်ရှင်ခြင်း၊ သေခြင်း၌ ဘုရားသခင်ကို ချီးမြှောက်ခြင်း
မိမိအသက်ရှင်စဉ် တက်ကြွလျက် ခွန်အားနှင့်ပြည့်စုံချိန်များ၌ မိမိအသက်တာအားဖြင့် မည်သို့ ဘုရားသခင်ဘုန်းတော် ထင်ရှားစေနိုင်မည်နည်းဟု များသောအားဖြင့် ကျွန်ုပ်တို့တွေးတတ် ကြပုံရသည်။ သို့သော်မိမိ၏သေခြင်းအားဖြင့် ဘုရားသခင်ကို မည်သို့ချီးမြှောက်နိုင်မည်ကိုလည်း စဉ်းစားသင့်ကြောင်းကျွန်ုပ်တွေးမိသည်။
သခင်ယေရှုကို သုံးကြိမ်တိုင်ငြင်းခဲ့ပြီးနောက် (ယော ၁၈း၁၅-၂၇)၊ သူ့မေတ္တာကိုပြန်လည် အတည်ပြုရန် ပေတရုကြီးအား သခင်အခွင့်အရေးတစ်ခုပေးခဲ့သည်။ သခင်က သူ့အားသင်သည် ငါ့ကိုချစ်သလော့ဟု သုံးကြိမ်မေးခဲ့သည်။ ထို့နောက်ရုတ်ခြည်းဆိုသလိုပင် ဘာမှမဆီမဆိုင် “ငါ အမှန်အကန်ဆိုသည်ကား သင်သည်ပျိုသောအသက်ရှိစဉ် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်သို့ သွားလာတတ်၏။ သင်သည်အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင် သူတစ်ပါးသည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိသောအရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူသော် အဘယ်သို့ သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အရိပ်ကို ပေး တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ငါ့နောက်သို့လိုက်လော့ဟု ပေတရုအား မိန့်တော်မူပြန်၏။” (း၁၈-၁၉)။ သူမသွားလိုသောအရပ်သို့ အခြားသူများကသူ့ကိုဆောင်သွားလိမ့်မည်။ သို့သော်လည်း အခြားရွေးစရာမရှိသော ဤသေခြင်းနည်းလမ်းအားဖြင့် ဘုရားသခင်၏…
ကိုယ်တော်ကောင်းမြတ်တော်မူ
ဂျိုးဝဲလ်နှင့် လောရင်းတို့ဇနီးမောင်နှံသည် ၀ါရှင်တန်ပြည်နယ် အက်မန်မြို့လေးမှ မီချီဂန်သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့သည်။ မပြောင်းရွှေ့မီ နောက်ဆုံးသော အထူးအမှတ်တရ အနေဖြင့် သူတို့ အကြိုက်ဆုံးကော်ဖီဆိုင်မှ ကော်ဖီမှုန့်ဝယ်သည်။ ထို့နောက် သူတို့အကြိုက်ဆုံး စာအုပ်ဆိုင်သို့ ၀င်ကာ သူတို့အကြိုက်စာသားများ ရေးသားထားသည့်စတစ်ကာနှစ်ခုဝယ်သည်။ ထိုစာသားများက သူတို့ခွဲခွါသွားတော့မည့်မြို့နှင့်ပတ်သက်ပြီး ရေးသားထားသည့်စာသားများပါ။
ရက်သတ္တပတ်နှစ်ပတ်အကြာ မိုင်ပေါင်း ၃၀၀၀ ခရီးနှင်ပြီးနောက် မီချီဂန်နယ်ထဲ ၀င်ခဲ့ပြီ။ ဆာကလည်းဆာ၊ သူတို့ပြန်ရောက်လာခြင်း အထိမ်းအမှတ်လည်းလုပ်လို၍ စားသောက်ဆိုင် ရှိမည့်နေရာကိုစုံစမ်းရာ မိုင်အနည်းငယ်လှည့်ပြန်သွားရသည့်စားသောက်ဆိုင်တစ်ခုကို ရောက်သွားသည်။ ဆိုင်မှ စားပွဲထိုးမလေးအဲမာက သူတို့ဝါရှင်တန်မှလာကြောင်း သိရသောအခါ စိတ်လှုပ်ရှားစွာဖြင့် “ဘယ်မြို့ကလာတာလဲ”ဟုမေးသည်။ “အက်မန်မြို့ကပါ”ဟု ဖြေရာ သူက “ကျွန်မရဲဇာတိမြို့ပဲ”ဟု ပြောလိုက်သည်။သူတို့လည်းဝမ်းသားအားရနှင့် သူတို့ဝယ်လာသည့် စတစ်ကာတစ်ခုကိုလက် ဆောင်ပေးလိုက်သည်။ ထိုအမှတ်တရကို ၀ယ်လာသည်ဆိုင်က သူမ၏ အမေဆိုင်ဖြစ်နေသည်။ ထိုပစ္စည်းအမေမှတဆင့် ဂျိုးဝဲလ်တို့ဇနီးမောင်နှံဆီသို့ ထိုမှတဆင့် မိုင် ၃၀၀၀ ခရီးနှင်ပြီး သမီးလက်ထဲရောက်ရှိခဲ့သည်။
တိုက်ဆိုင်မှု သက်သက်လား၊…