စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ admin

သဲရဲတုိက္မ်ား

ကျွန်ုပ်ကလေးများငယ်စဉ်က ကျွန်ုပ်တို့မိသားစုသည် ဖလော်ရီဒါရှိ မိဘများထံ မိသားစု အားလပ်ရက် အပန်းဖြေခရီးထွက်ကြသည်။ မီရှီဂန်ဒေသ၏ လေအေးဒဏ်မှ ခေတ္တခဏ သက်သာခွင့် ရပြီး နွေးနွေးထွေးထွေးနေရခြင်းကြောင့် အထူးကြည်နူးစရာကောင်းလှ သည်။ တွေးရင်းနှင့်ပင် ကမ်းခြေ တွင် စာအုပ်ကောင်းတစ်အုပ်နှင့် ဇိမ်ကျလိုလှပြီ။ သို့သော် ကျွန်တော့် ကလေးများ၏အကြံက တစ်မျိုးပါ။ သဲရဲတိုက်တည်ဆောက်ရာ၌ ကျွန်ုပ်ကို ကူညီစေချင်ကြသည်။ စိတ်မပါစွာဖြင့် ကူညီပေးခဲ့သော်လည်း သဲရဲတိုက်ဆောက်လုပ်ခြင်း၌ အာရုံနစ်မြုပ်သွားသည်။ အချိန်နာရီပေါင်းများစွာ ယူနေရပါသလားဟု သတိ မပြုမိ၊ လှပသောရဲတိုက်တစ်ခု ဖန်တီးရာတွင် ပင်ပင်ပန်းပန်းလုပ်ခဲ့သမျှ ခဏသာတည်ပြီး ဒီရေ တက်လာလျှင် အားလုံး ပျောက်ကွယ်သွားမည်ဟုလည်း မတွေးမိခဲ့ပါ။

ဘ၀တွင်လည်း ထိုအမှာမျိုးကို ကျွန်ုပ်တို့ မကြာခဏပြုလုပ်မိသည်။ မိမိ၏အချိန်နှင့် စွမ်းအား မြောက်မြားစွာကို စည်းစိမ်ဥစ္စာရှာဖွေခြင်းဟူသည့် ကိုယ်ပိုင် “ရဲတိုက်ငယ်လေးများ” တည်ဆောက်ရာတွင် အသုံးပြုကြပြီး ပြီးမြောက်အောင်မြင်ခြင်း၌ ပီတိဖြစ်နေကြသည်။ ထိုအရာများအားလုံးက လုပ်ရကျိုး…

မည်သည့်အခါမျှ အလုပ်မများ

ကျွန်ုပ်၏ညီမနှင့်ခင်ပွန်းတို့၏ အိမ်၌ တက္ကသိုလ်ကျောင်းသူများ ငှားရမ်းနေထိုင်ကြသည်။ တစ်ညတွင် သူခိုး ကပ်သဖြင့် ကျောင်းသူ အမျိုးသမီးငယ် က ဖောက်ထွင်းမှု  ဖြစ်ပွားနေကြောင်း ရဲကို အကြော င်းကြားရာ ဖုန်းလက်ခံသူက လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ “ခင်ဗျား မနက်ကျမှ ထပ်ဆက်ရလိမ့်မယ်။ ကျွန်တော်တို့ အခု အလုပ်အရမ်းများနေတယ်”ဟု တုံ့ပြန်ခဲ့ သည်။ ထိုတုံ့ပြန်မှုက အလွန်စိတ်တိုစရာပါ။ ရဲကို အကြောင်းကြားခြင်းဖြင့် လုပ်သင့်သော အရာကို ပြုလုပ်ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် အကူအညီရရန် တောင်းပန်ချက်မှာ လျစ်လျူခံရသည်။ ထိုကဲ့သို့ မိမိကိုစိတ်မ၀င်စားခြင်းမျိုးက စိတ်မချမ်းသာဖြစ်ရသည် သာမက ၀မ်းနည်းစရာပါ။

သို့သော် ဘုရားသခင်ထံ ဆုတောင်ခြင်းဖြင့်ချဉ်းကပ်ပါက မည်သည့်အခါမျှ လျစ်လျူရှုခံရမည် မဟုတ်ပေ။ ဘုရားသခင် နားထောင်နေသည်ဟု ကျွန်ုပ်တို့ အမြဲမခံစားရသော်လည်း ကိုယ်တော် နားထောင်နေပါသည်။ ကိုယ်တော်က ဂရုစိုက်သည်။ ကိုယ်တော် အဖြေပေးပါလိမ့်မည်။ ကျွန်ုပ်တို့ နှလုံးသားကို သောကရောက်စေသော…