ကျေးဇူးတော်ကြွယ်ဝသည့်နေရာ
အမေရိကန်ပြည်ထောင်စု၊ တန်နက်စီ ပြည်နယ်၊ မန်မ်ဖစ်ဒေသရှိ ကျေးဇူးတော်ကြွယ်ဝ သည့် စံအိမ်ကြီး (The Graceland Mansion) သည် လူအများလာရောက်လည်ပတ်ကြည့်ရှုသည့် နေရာတစ်နေရာဖြစ်သည်။ ၎င်းကို ၁၉၃၀ ပြည့်လွန် နှစ်များတွင် တည်ဆောက်ခဲ့ပြီး မူလပိုင်ရှင်၏ အဒေါ်ဖြစ်သူ ဂရေ့စ်၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ သည့်နောက်တွင် ၎င်းသည် ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ် ပရက်စလေ ၏ အိမ်အဖြစ် ထင်ရှားခဲ့သည်။
ကျေးဇူးတော် ကြွယ်ဝသည့်နေရာ (Graceland) ဟူသောအမည်ကို ကျွန်တော် နှစ်သက်သည်။ ဘုရားသခင်သည် ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပြီး ကိုယ်တော်နှင့် ဆိုင်သူအဖြစ် ကျွန်တော့်ကို ရွေးနုတ်လျက် ထိုအံ့ဖွယ်နေရာသို့ ပို့ဆောင်ပေးသည်။ ကိုယ်တော်သည် ကျွန်တော့်ကို အပြစ်ဒုစရိုက်အမှောင်ထုမှ ထုတ်ဆောင်ခဲ့ပြီး သူ၏ ကျေးဇူးကရုဏာ ကြွယ်ဝသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ရှင်ပေါလုက `တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ကျေးဇူးတော်၏အကျိုးသည် လူများတို့၌…
ခိုလှုံရာမြို့
ဩစတြေးလျနိုင်ငံရှိ မြို့တစ်မြို့သို့ ကျွန်တော်တို့ရောက်ရှိလာစဉ် မြို့အဝင်၌` ခိုလှုံခွင့် ရှာနေသူအားလုံးကို ကျွန်ုပ်တို့မြို့မှ ကြိုဆိုပါ၏´ ဟု ရေးသားထားသော ဆိုင်းဘုတ်က ဆီးကြိုနေ၏။ ထိုသို့ရေးထားပုံက ဓမ္မဟောင်းကျမ်းတွင် ဖော်ပြ ထားသော ခိုလှုံရာမြို့များနှင့် ဆင်တူနေသည်။ ဓမ္မဟောင်းခေတ်တွင် မရည်ရွယ်ဘဲ မတော်တဆ လူသတ်မှုကျူးလွန်မိသူများအား နေထိုင်ခိုလှုံခွင့် ပေးရန်နှင့် အကာအကွယ်ပေးရန် ခိုလှုံရာမြို့များ တည်ဆောက်ခဲ့ကြသည်။ ထိုသို့ မှီခိုရာမြို့များ တည်ဆောက်ရန် ဘုရားသခင်က မိမိလူများကို စေခိုင်းခဲ့သည် (တော ၃၅း၆)။
သို့သော် ထိုအယူအဆက ရှေးခေတ် ဣသရေလလူတို့အတွက် သာမန်ကျင့်ဝတ်မျှသာ မဟုတ်ပါ။ ထိုမှီခိုရာမြို့များသည် လူသားများ အတွက် ဘုရားသခင်၏နှလုံးသားကို ထင်ဟပ် ဖော်ပြခဲ့သည်။ ဘဝ၏ဆုံးရှုံးမှုများ၊ နှလုံးသား နာကျင်ကြေကွဲမှုများနှင့် အရှုံးများ ခံစားရစဉ် ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့ ပြေးဝင်ခိုလှုံရာ ငြိမ်ဝပ်ရာနေရာဖြစ်လိုသည်။ `အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်း…
ရှိသည့်အတိုင်းပင်
ဂီတပဒေသာပွဲတွင် အဖွဲ့ခေါင်းဆောင် က သူတို့တင်ဆက်မည့်သီချင်း `Just As I Am´ ကို မိတ်ဆက်ပေးရာ ကျွန်မအတွေး၌ အမှတ်တရ ချိုချိုများပြည့်လျှံသွားသည်။ လွန်ခဲ့သောနှစ်များစွာ က ကျွန်မတို့၏သင်းအုပ်ဆရာက တရားဟော အပြီး၊ ကျွန်မတို့က ဤတေးသီချင်းကို သီဆို နေစဉ် ဆရာက မိမိတို့ကျူးလွန်သော အပြစ်များ အတွက် ခရစ်တော်ပေးသော ခွင့်လွှတ်ခြင်းကို လက်ခံယူလိုကြောင်း ပြသသည့်အနေဖြင့် ရှေ့သို့ ထွက်လာရန် လူများကို ဖိတ်ခေါ်စမြဲဖြစ်သည်။
သို့သော် ယခုတွင် တေးဂီတအဖွဲ့ ခေါင်းဆောင်က ကျွန်မတို့ ဤတေးကိုသီဆိုရန် သင့်လျော်သော အခြားအချိန်တစ်ချိန် အကြောင်း ကို ဆင်ခြင်စရာအချက်တစ်ချက်အဖြစ် အကြံပြု ဝေငှသည်။ သူ့အနေနှင့် တစ်နေ့တွင် သူကွယ်လွန်ပြီး သခင့်ကို ဖူးတွေ့ရချိန်တွင် ကိုယ်တော့်ကို ကျေးဇူးတင်လျက် ဤသီချင်းကို ချီးမွမ်းသီဆိုလိုကြောင်းဆိုသည်။
`ရှိသည့်အတိုင်း ကုသိုလ်မရှိ၊ ပြစ်မှားသူဖို့ သွေးတော်သွန်းပြီ။…
မိသားစု အမှတ်အသား
အိုင်ယာလန်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းရှိ အာရန်ကျွန်းစုသည် လှပသော အနွေးထည် လုပ်ငန်းကြောင့် ထင်ရှား ကျော်ကြား သည်။ သိုးမွေးဖြင့်ရက်သော အထည်ဒီဇိုင်း အမျိုးမျိုးမှာ လက်ရာမြောက်လှသည်။ဒီဇိုင်းအများစုသည် ရိုးရာဒဏ္ဍာရီများနှင့် ဆက်နွယ်ပြီး၊ အချို့မှာ ပုဂ္ဂိုလ်ရေးနှင့် ဆက်နွယ်သည်။ ကျွန်းရှိမိသားစု တစ်ခုချင်းစီတွင် သိသာထင်ရှားသော မိသားစုပိုင် အမှတ်အသားရှိသည်။ သို့ဖြစ်၍ ပင်လယ်ပြင်တွင် တံငါသည်တစ်ဦး ရေနစ်သေဆုံးသွားပါက သူဝတ် ထားသောအနွေးထည်ရှိ မိသားစုအမှတ်အသားကို စစ်ကြည့်ရုံနှင့် မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ် နိုင်ကြောင်း ပြောစမှတ်ရှိသည်။
၁ယော တွင် တမန်တော် ရှင်ယောဟန် က ဘုရားသခင်၏မိသားစုဝင် ဆိုသူတို့တွင်ရှိရမည့် အမှတ်အသားများကို ဖော်ပြထားသည်။ ၁ ယော ၃း၁ ၌ သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ဟု ပြောပြီး ရှင်ယောဟန်က ကျွနု်ပ်တို့သည် ဘုရားသခင်၏မိသားစုဝင်…
ရဲဝံ့စွာတိုးဝင်နိုင်သော
ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေနှင့် မိုင်ဝက်အကွာခန့်တွင် ဒီရေ အတက်အကျရှိသော မွန့် စိန့် မစ်ချယ် ကျွန်းလေးတည်ရှိပြီး ထိုကျွန်းပေါ်ရှိ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် အဆောက်အအုံများက ဓမ္မပရိသတ် ဘုရားဖူးများ ကို ရာစုနှစ်များစွာ ဆွဲဆောင်ခဲ့သည်။ ကျွန်းသို့ သွားသော တာဘောင်လမ်း မဆောက်လုပ်မီက ကျွန်းသို့သွားသောလမ်းသည် အန္တရာယ်များသော လမ်းအဖြစ် နာမည်ဆိုးဖြင့် သတင်းကြီးခဲ့သည်။ ဘုရားဖူးအချို့လည်း အသက်ဆုံးခဲ့ရသည်။ရေကျ ချိန်တွင် သဲသောင်ပုံကြီးနှင့် ဝန်းရံထားပြီး၊ ရေတက် ချိန်တွင်မူ ရေပတ်လည်ဝိုင်းထားသည်။ ကျွန်းသို့ သွားရောက်ရခြင်းက ကြောက်စရာဖြစ်သည်။
ဓမ္မဟောင်းခေတ်က ယုဒလူများ အတွက် ဘုရားသခင်ထံပါး ချဉ်းကပ်ရခြင်းသည် ကြောက်စရာပါ။ သိနတောင်၌ ဘုရားသခင်က မိုးချုန်းသံကဲ့သို့သော အသံနှင့်မိန့်ကြားရာ လူများက ထံတော်ပါးချဉ်းကပ်ရန် ကြောက် ကြသည် (ထွ ၁၉း၁၀-၁၆)။ ယဇ်ပုရောဟိတ်မင်းမှတစ်ဆင့် ဘုရားသခင်ထံ ဝင်ရောက်ခွင့် ရသောအခါ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရကြ၏…
ရဲရင့်ခြင်းသတ္တိရှိခြင်း၊ မပြောင်းလဲတည်ကြည်ခြင်း
၁၉၆၀ မှ ၁၉၆၈ ခုနှစ်အထိ Atlanta Constitution သတင်းစာ၏ စာတည်း၊ ပူလဇ်ဇာ စာပေဆုရ ဆရာကြီး ယူဂျင်း ပတ်တာဆန် (Eugene Patterson)၏ နာရေးသတင်းကို ဖတ်ရှုစဉ် အချက်နှစ်ချက်ကြောင့် ကျွန်ုပ်အံ့အားသင့်ရသည်။ ပထမအချက်မှာ လူမျိုးတိုင်း တန်းတူအခွင့်အရေး ရရှိရေးကို လူအများက လက်မခံ၊ ဆန့်ကျင်သည့် ခေတ်ကာလတွင် ဆရာ ယူဂျင်းသည် ပြည်သူ့ အခွင့်အရေးအတွက် မကြောက်မရွံ့ နှစ်ပေါင်း များစွာ ရပ်တည်ဟောပြောခဲ့သည်။ ဒုတိယအချက် မှာ ပြည်သူ့အခွင့်အရေးအတွက် နေ့စဉ် ရှစ်နှစ်တိုင် သတင်းဆောင်းပါးတစ်ပုဒ်စီ မပျက်မကွက် ရေးသားခဲ့သည်။ တွက်ကြည့်လျှင် သူရေးသည့် သတင်းဆောင်းပါးပေါင်း ၂,၉၂၂ ပုဒ် ရှိသည်။ သတ္တိရှိခြင်း၊ မယိမ်းယိုင် တည်ကြည်ပြတ်သားမှုရှိခြင်းတို့က သူ့ဘဝအတွက် အကျိုးကြီး စေသည့် သော့ချက်များပင်ဖြစ်သည်။
ထိုအရည်အသွေးများကို တမန်တော်ကြီးရှင်ပေါလုထံ၌လည်း တွေ့ရသည်။ ရှင်ပေါလုသည်…
ဘုရား၏ရှုထောင့်အမြင်
နွေဦးအားလပ်ရက်ရ၍ နယူးယောက် မြို့သို့ ဂျေးဆန် အလည်ခရီးထွက်ခဲ့သည်။ နေ့လည်ခင်းတစ်ခုတွင် သူနှင့်မိတ်ဆွေအချို့မှာ ကားငှားပြီး အင်ပါယာစတိတ်အဆောက်အအုံသို့ သွားခဲ့သည်။ ဂျေးဆန်အတွက် မြေပေါ်တွင် ကားစီး ရသည်မှာ ပရမ်းပတာနှင့် အန္တရာယ်များလွန်းသည်။ သို့သော် မိုးမျှော်တိုက်ပေါ်ရှိ ရှုခင်းကြည့်သော နေရာမှ မြို့လမ်းမများကို ငုံ့ကြည့်လိုက်ရာ အံ့မခန်းသောစည်းစနစ်ကျသည့် အသွင်အပြင်နှင့် ဒီဇိုင်းကို မြင်လိုက်ရသည်။ ရှုထောင့်အပြောင်း အလဲက အမြင်ကို အလွန်ကွာခြားသွားစေသည်။
ဟဗက္ကုတ်လည်း ထိုသင်ခန်းစာကို သင်ယူခဲ့ရသည်။ သူသည် ဘဝအသက်တာကို လောကအမြင်နှင့် ကြည့်သောအခါ လူမှုအသိုင်းအဝိုင်းထဲ မကောင်းမှုဒုစရိုက်တို့ စိမ့်ဝင် ပျံ့နှံ့နေသည်ကို ဘုရားသခင် စိတ်မဝင်စား၊ လျစ်လျူရှုထားသည်ဟု သူ ထင်မိသည် (ဟဗ ၁း၂-၄)။ သို့သော် ဘုရားသခင်က သူ့အား ဘုရား၏အမြင်ကို ပေးသနားပြီး အသက်တာသည် မိမိထင်မြင်သည်ထက် ပို၍အဓိပ္ပာယ်ရှိကြောင်းပြခဲ့သည်။ လူသားများ၏ လုပ်ရပ်က ဘုရားသခင်၏ ရည်ရွယ်ချက်ကို…
မိမိလက်ဖြင့် လုပ်ဆောင်သောအမှု
နွေဦးမှ နွေရာသီသို့ ကူးပြောင်းချိန်၊ ကောက်ပဲသီးနှံများ စတင်သီးပွင့်နေသည့်ကာလ၊ ကျွန်မတို့စီးနင်းလာသော မီးရထားမှာ မြေဆီ သြဇာကောင်းလှသည့် အနောက်မီရှီဂန်ကမ်းခြေကို ဖြတ်ပြီး ခုတ်မောင်းနေသည်။ နံနက်ခင်းမြူနှင်း ကြားတွင် ခြံလုပ်သားများမှာ ဒူးထောက်လျက် ဝင်းမှည့်ချိုမြိန်သည့် စတော်ဘယ်ရီသီးများကို ခူးဆွတ်နေကြသည်။ ဘလူးဘယ်ရီချုံပင်လေးများ မှာလည်း ကောင်းကင်မှ နေရောင်ခြည် နှင့် မြေကြီးမှ အာဟာရဓာတ်များကို စုပ်ယူစားသုံးနေကြသည်။
ရင့်မှည့်သော သီးနှံစိုက်ခင်းများ၊ လယ်ကွင်းများ တစ်ခုပြီးတစ်ခုဖြတ်ကျော်ပြီးနောက် သံချေးတက်နေသည့် စွန့်ပစ်သံသတ္တုအပုံကြီးသို့ ရောက်လာသည်။ ထိုးထိုးထောင်ထောင်နှင့် လိမ္မော်ရောင် သံတိုသံစသတ္တုစများ၏ စူးရှ မာကြောပုံက နူးညံ့ စိမ်းလန်းသည့် စိုက်ခင်းများနှင့် လားလားမှ မဆိုင်ပေ။ သတ္တုများမှ ဘာမှ မထွက်လာ။ အခြားတစ်ဖက်တွင်မူ သစ်သီးများမှာ ကြီးထွားလာသည်။ မှည့်လာသည်။ ပြီးနောက်တွင် ဆာလောင်နေသည့် လူများအတွက် အာဟာရဖြစ်စေပါသည်။
အသီးများနှင့် သံသတ္တုများ၏ ကွာခြားဆန့်ကျင်ပုံက ရှေးဟောင်း ဒမာသက်မြို့…
ဇက္ခဲကို လိုက်လို့ရှာ
အဲလ်ဖ် ကလာ့ခ် သည် မြို့တွင်း လမ်းမထက်၌ ဇက္ခဲကို ရှာနေသည်။ ကျမ်းစာထဲမှ ဇက္ခဲ မဟုတ်ပါ။ သူ့ကို ယေရှုရှာတွေ့ခဲ့ပြီး ဖြစ်သည်။ အဲလ်ဖ် နှင့် သူ့မိတ်ဆွေအချို့တို့က လုကာ ၁၉ မှ သခင်ယေရှု ပြုသကဲ့သို့ မြို့ပြ သာသနာဖြင့် အစေခံအမှုဆောင်နေခြင်းဖြစ်သည်။ မြို့တစ်မြို့လုံးသို့ ထိုအကြံဖြင့် မွှေနှောက်သွားလာ ကာ အကူအညီလိုအပ်သူများကို ရှာဖွေပြီး မစရန် ဖြစ်သည်။
အဲလ်ဖ် က သူနေထိုင်သည့် ရပ်ကွက် အနီးဝန်းကျင်၌ သွားလာကာ တစ်အိမ်တက်ဆင်း တံခါးခေါက်ပြီး “ကျွန်တော့်နံမည် အဲလ်ဖ် လို့ခေါ်ပါ တယ်။ ကျွန်တော် ကူညီဆုတောင်းပေးနိုင်တဲ့ကိစ္စ တစ်ခုခုရှိပါသလား” ဟု အတွင်းမှ ချောင်းကြည့် နေသူအား မိတ်ဆက်ကာ အစချီသည်။ သခင် ယေရှုက အခွန်ခံဇက္ခဲကို စတင်ဆက်သွယ်သကဲ့သို့ လိုအပ်သော အကြံဉာဏ်၊ စိတ်ဝိညာဉ်…
ကြယ်များကို သမုတ်တော်မူသည်
ချီလီနိုင်ငံရှိ အတာကမာ သဲကန္တာရ၏ ကုန်းမြင့်၌ တပ်ဆင်ထားသည့် ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုတ်မှတစ်ဆင့် နက္ခတ်တာရာ လေ့လာသူများ တစ်ခါမှမမြင်ဖူးသည့် မြင်ကွင်းကို မြင်ရသည်။ သတင်းထောက် Luis Andres Henao က နိုင်ငံများစွာမှ သိပ္ပံပညာရှင်များသည် နဂါးငွေ့တန်းများနှင့် ကြယ်စုများ မွေးဖွားရာ အအေးလွန်ဓာတ်ငွေ့နှင့်ဖုန်မှုန့်များမှအစ မဟာ ပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာသော ဧရာမ စွမ်းအားထိ စကြဝဠာ၏အစ သဲလွန်စကို ရှာဖွေနေ သည်ဟု အေပီ သတင်းစာ၌ ရေးသားခဲ့သည်။
သမ္မာကျမ်းစာကမူ ကြယ်များကို ရေတွက်၍ အသီးအသီးတို့ကို အမည်ပေးသမုတ် တော်မူသည့် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်တော် အနန္တကို ချီးမွမ်းထားသည် (ဆာ ၁၄၇)။ ထိုသို့ ကြီးမြတ်သော စကြဝဠာ ဖန်ဆင်းရှင်ဘုရားသခင်သည် သူစိမ်းတစ်ရံဆံလျက် လျစ်လျူသောဘုရား မဟုတ်ဘဲ “စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့၏အနာကို ကုတော်မူသည့်…