အဲလ်ဘတ်လီ သည် နေ့စဉ်ခွန်အားလုပ်ငန်း နိုင်ငံတကာအမှုတော်၏ တာဝန်ခံ (Director of international ministries for RBC Ministries) အဖြစ် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး၊ စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည်။ သူ၏ ထက်သန်သော ဆန္ဒ၊ ရူပါရုံနှင့်စွမ်းအားများဖြင့် ကမ္ဘာတစ်လွှားအမှုတော်လုပ်ငန်းများ ကို တိုးချဲ့ခဲ့သည်။ ယခုလည်း RBC အမှုတော်၏ စီမံကိန်းအချို့ကို ကြီးကြပ်ပေးလျက်ရှိသည်။ မစ္စတာအဲလ်အတ်သည် စင်္ကာပူတွင် ကြီးပြင်းခဲ့ပြီး စင်္ကာပူဓမ္မကောလိပ်မှ သင်တန်းများကို တတ်ရောက်ခဲ့ကာ၊ ၁၉၇၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ စင်္ကာပူ ခရစ်တော်အတွက်လူငယ် Singapore Youth For Christ အတွက် အမှုထမ်းခဲ့သည်။ အမေရိကန် ပြည်ထောင်စုအင်ဒီယားနားပြည်နယ် တေလာတက္ကသိုလ်တွင် “လူငယ်များအား ဧ၀ံဂေလိပြုခြင်း” ဘာသာရပ်ကို သင်ကြားခဲ့သေးသည်။ အနုပညာနှင့် ပန်းချီကားများကို နှစ်သက်စုဆောင်းတတ်ပြီး၊ ဇနီးသည်မှာကက်သရင်းဖြစ်ကာ ကလေးနှစ်ယောက်ရှိသည်။